Facebook

မုဒိတာစကား-ဆုံးမစကားများ

{UNICODE}
ပရဟိတ - ဆိုတာ

 ပရ - သူတစ်ပါး။ ဟိတ -အကျိုး။ ပရဟိတ - သူတစ်ပါးအကျိုး။ ပရဟိတ - ဆိုတာ သူတစ်ပါးအကျိုးကို ဆောင်ရွက်ရင်း ကိုယ်ကျိုးလည်းပြီးတဲ့ အင်မတန်မွန်မြတ်သော အလုပ်တစ်ခုဖြစ်တယ်။ မိမိအတွက် ခန္တီ - မေတ္တာ - ကရုဏာ - မုဒိတာ - ဥပေက္ခါဆိုတဲ့ ပါရမီတွေလည်း ဖြည့်ကျင့်ပီးသွားရာရောက်တယ်။ သူတော်ကောင်းတွေ ချီးမွမ်းတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်တယ်။ သူတစ်ပါးအကျိုးကို ရွက်ဆောင်ရင်း ကိုယ့်ပါရမီလည်းဖြည့်ကျင့်ရာရောက်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ လုပ်ငန်းတစ်ခုလို့ဆိုရမယ်။ (“ဌေး”သာမဏေကျော်ဆရာတော်) - 2012 July 28



အရုဏ်သစ် ဆို တာ

 အရုဏ်သစ် ဆို တာ နေ့သစ်အနာဂတ် ကို ခွန်အားနဲ့ မွေးဖွား ပေးမဲ့ အစ ပါ။ တိုးတက်ပွင်းလန်းလာတော့ မဲ့ မြန်မာ့အရုဏ်သစ် အတွက် လူငယ်တွေ စုစည်းပြီး မြန်မာ့အရုဏ်သစ် ဆိုတဲ့ ပရဟိတအသိုက်အဝန်းလေး တစ်ခု ဖန်တီးတည်ထောင်ခဲ့ပါပြီ။ မြန်မာပြည်အတွက် ပိုမို ငြိမ်းချမ်းကောင်းမွန်တဲ့ အနာဂတ် နှစ်ကာလတွေ ရာစုတွေ ကို ဖန်ဆင်းဖို့ အတွက် ကျွန်တော်တို့ ရဲ့ မေတ္တာလက်များ ကရုဏာနှလုံးသားများ နဲ့ အတူတစ်ကွ လက်တွဲဝန်းရံ ရုန်းကန်တည်ဆောက်ကြပါစို့။

 မှ --- ကိုလင်းထက်ဆွေ(ခ) ကိုအောင်ကျော်မိုး - 2012 Jun 18


မြန်မာ့ အရုဏ်သစ်

 မြန်မာ့ အရုဏ်သစ်၊ ပျိုးလုလု ရောင်နီ၊

 လင်းလက်တော့မည့် နံက်ခင်း၊ တေးသီနေသော ငှက်ကလေးများ

 မြင်ရတော့မည့်အချိန်။

 မျိုးဆက်သစ်တို့အတွက်၊ ကောင်းမွေကို လက်ဆင့်ကမ်းနိုင်ဘို့

 လက်ကမ်းကြိုလင့်တဲ့ ကဏ္ဍတစ်ခုမှာ၊ တစ်ထောင့်တစ်နေရာက

 တို့များ တတ်အားသမျှ ကြိုးပမ်းကြပါစို့ ...။

 မှ --- /လူစိမ်း @ ဧးသိမ်း/ - 2012 Jun 18


မိမိတို့သည် ပေးရန်မေ့နေတတ်ကြသည်

 နောက် ကျွန်တော် အားသန်တာ ကစ်ခုက သွေးလှူတာဘဲ။ သွေးလှူဖို့ အတွက် လုပ်ချင်တယ်ဗျ။ (အဆိုပြုချက်)

 ****လူ့ဘဝ တွင် လူတွေသည် လိုအပ်ချက်များ များပြားလှလေရာမှ မိမိတို့သည် ပေးရန်မေ့နေတတ်ကြသည်။ ****

 မိမိ တတ်နိုင်သည့်ဘက်မှ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ရင်တောင် ကျေနပ်မိပါတယ်။

 မှ --- လွမ်းနေသူ - 2012 Jun 18


အသေအချာ ယုံကြည်မိတယ်

 ပရဟိတ ဆိုတာ ကိုယ်ကျိုးမငဲ့တဲ့ အလုပ်တဲ့ . . . ဦးကျော်သူက ကျနော်ကိုလွန်ခဲ့တဲ့ လေးလလောက်

 မှာ မှော်ဆရာမန်ဘာတွေနဲ့ ပရဟိတအသင်းထောင်မယ်လို့ အကြံတောင်းတုန်းက ပြောခဲ့တဲ့စကား။


 အဲ့တုန်းက အကြောင်းအမျို်းမျိုးကြောင့် ပျက်ခဲ့ရတယ်။ ကျနော် အရည်အချင်းမပြည့်စုံတာ ဖြစ်မှာ

 ပေါ့။ အခုတော့ အဲ့ဒီဆန္ဒအားလုံးပြည့်ဝပါပြီ။ ကျနော်ဦးဆောင်စရာမလိုပဲ . . . ကျနော့်ထက်

 အသက်ရော၊ ဝါရော၊ သိက္ခါရော၊ အသိညဏ်ရော ကြီးတဲ့ အကိုကြီးတွေ ဦးဆောင်တာဖြစ်တဲ့

 အတွက် ဒီပရဟိတ အသင်းလေးဟာ လိုအပ်နေတဲ့ ကွက်လပ်လေးတွေကို တကယ်ဖြည့်ဆည်းပေး

 နိုင်တဲ့ လူမူ့ရေးအဖွဲ့အစည်းတခု ဖြစ်လာမှာ အသေအချာ ယုံကြည်မိတယ် .။


 အသင်းအမူ့ဆောင်တွေ က အသင်းရဲ့နာမည်ကို စဉ်းစားကြတုန်းက၊ ကျနော် ဘောပင်နဲ့စာရွက်

 လေးကို ကိုင်ပြီး စဉ်းစားတယ်။ ဒုက္ခဆိုတာ အမှောင်နဲ့တူတယ် . . . ကယ်ဆယ်ခြင်းခံရတယ်၊

 ကူညီခြင်းခံရတယ်ဆိုတာ အလင်းရောင်ပေးတာနဲ့တူတယ်။ တညတာလုံးမှောင်မိုက်ခဲ့သမျှ၊

 အမှောင်နဲ့အတူကြောက်ရွံ့ခဲ့သမျှ ဟာ အရုဏ်တက်လာတာနဲ့ အတူ၊ အလင်းရောင်သစ်တွေ

 ရောက်လာတာနဲ့အတူ နေထိနှင်းလို ကွယ်ပျောက်သွားလိမ့်မယ်ဆိုတဲ့အတွေးကိုရတယ်။


 အမှတ်တရ ...ကိုမာဃ (မှင်အနက်)၊ ကိုလူစိမ်း (မှင်အပြာ)၊ ကိုအောင်ကျော်မိုး (စာမှားပြင်ပေးခဲ့)


 ဒါနဲ့ စာရွက်ပေါ်မှာ အရုဏ်သစ် လို့ ချရေးမိတယ်။ မြန်မာလူမျိုးတွေရဲ့ မြန်မာ့အရုဏ်သစ်ဟာ

 ဖြည်းဖြည်းချင်း ထွန်းတောက်လာမယ်လို့ မျှော်လင့်ကြိုးစားရင်း . . . . . . . . . . . . . . . . . .။


 မှ --- မာဃလုလင် - 2012 Jun 18


Transparency, responsibility , accountability

 စေတနာကိုအရင်းခံ၍ လူမှုရေးလုပ်ငန်းများတွင် အားတက်သရောပါဝင်နကြေသော အသင်းဝင်များအားလုံးနှင့် အမှုဆောင်များကို ချီးကျူးလေးစားမိပါသည်။ အများနှင့်ဖွဲ့စဉ်းထားသော အသင်းအဖွဲ့ဖြစ်သောကြောင့် လုပ်ဆောင်ချက်များအားလုံးတွင် Transparency, responsibility , accountability ရှိရန်လိုအပ်ပါသည်။ ကျေးဇူးတင်ပါတယ်။ မသိင်္ဂီသူဇာညွန့် - 2012 Aug 24

{Zawgyi One}

ပရဟိတ - ဆုိတာ
ပရ - သူတစ္ပါး။ ဟိတ -အက်ိဳး။ ပရဟိတ - သူတစ္ပါးအက်ိဳး။ ပရဟိတ - ဆုိတာ သူတစ္ပါးအက်ိဳးကုိ ေဆာင္ရြက္ရင္း ကုိယ္က်ိဳးလည္းျပီးတဲ့ အင္မတန္မြန္ျမတ္ေသာ အလုပ္တစ္ခုျဖစ္တယ္။ မိမိအတြက္ ခႏၱီ - ေမတၱာ - ကရုဏာ - မုဒိတာ - ဥေပကၡာဆုိတဲ့ ပါရမီေတြလည္း ျဖည့္က်င့္ပီးသြားရာေရာက္တယ္။ သူေတာ္ေကာင္းေတြ ခ်ီးမြမ္းတဲ့ လုပ္ငန္းတစ္ခုလည္းျဖစ္တယ္။ သူတစ္ပါးအက်ိဳးကုိ ရြက္ေဆာင္ရင္း ကုိယ့္ပါရမီလည္းျဖည့္က်င့္ရာေရာက္တဲ့အတြက္ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္တဲ့ လုပ္ငန္းတစ္ခုလုိ႔ဆုိရမယ္။ (“ေဌး”သာမေဏေက်ာ္ဆရာေတာ္) - 2012 July 28


အရုဏ္သစ္ ဆို တာ
အရုဏ္သစ္ ဆို တာ ေန႕သစ္အနာဂတ္ ကို ခြန္အားနဲ႕ ေမြးဖြား ေပးမဲ႕ အစ ပါ။ တိုးတက္ပြင္းလန္းလာေတာ႕ မဲ႕ ျမန္မာ့အ႐ုဏ္သစ္ အတြက္ လူငယ္ေတြ စုစည္းၿပီး ျမန္မာ့အ႐ုဏ္သစ္ ဆိုတဲ႕ ပရဟိတအသိုက္အ၀န္းေလး တစ္ခု ဖန္တီးတည္ေထာင္ခဲ႕ပါၿပီ။ ျမန္မာျပည္အတြက္ ပိုမို ၿငိမ္းခ်မ္းေကာင္းမြန္တဲ႕ အနာဂတ္ ႏွစ္ကာလေတြ ရာစုေတြ ကို ဖန္ဆင္းဖို႕ အတြက္ ကၽြန္ေတာ္တို႕ ရဲ႕ ေမတၱာလက္မ်ား ကရုဏာႏွလံုးသားမ်ား နဲ႕ အတူတစ္ကြ လက္တြဲ၀န္းရံ ရုန္းကန္တည္ေဆာက္ၾကပါစို႕။
မွ --- ကိုလင္းထက္ေဆြ(ခ) ကိုေအာင္ေက်ာ္မိုး - 2012 Jun 18

ျမန္မာ့ အ႐ုဏ္သစ္
ျမန္မာ့ အ႐ုဏ္သစ္၊ ပ်ိဳးလုလု ေရာင္နီ၊
လင္းလက္ေတာ့မည့္ နံက္ခင္း၊ ေတးသီေနေသာ ငွက္ကေလးမ်ား
ျမင္ရေတာ့မည့္အခ်ိန္။
မ်ိဳးဆက္သစ္တို႕အတြက္၊ ေကာင္းေမြကို လက္ဆင့္ကမ္းႏိုင္ဘို႕
လက္ကမ္းႀကိဳလင့္တဲ့ က႑တစ္ခုမွာ၊ တစ္ေထာင့္တစ္ေနရာက
တို႔မ်ား တတ္အားသမွ် ႀကိဳးပမ္းၾကပါစို႕ ...။
မွ --- /လူစိမ္း @ ဧးသိမ္း/ - 2012 Jun 18

မိမိတုိ႔သည္ ေပးရန္ေမ့ေနတတ္ၾကသည္
ေနာက္ ကြ်န္ေတာ္ အားသန္တာ ကစ္ခုက ေသြးလွဴတာဘဲ။ ေသြးလွဴဖုိ႔ အတြက္ လုပ္ခ်င္တယ္ဗ်။ (အဆုိျပဳခ်က္)
****လူ႔ဘ၀ တြင္ လူေတြသည္ လုိအပ္ခ်က္မ်ား မ်ားျပားလွေလရာမွ မိမိတုိ႔သည္ ေပးရန္ေမ့ေနတတ္ၾကသည္။ ****
မိမိ တတ္နိဳင္သည့္ဘက္မွ အုတ္တစ္ခ်ပ္ သဲတစ္ပြင့္ ျဖစ္ရင္ေတာင္ ေက်နပ္မိပါတယ္။
မွ --- လြမ္းေနသူ - 2012 Jun 18

အေသအခ်ာ ယံုၾကည္မိတယ္
ပရဟိတ ဆိုတာ ကိုယ္က်ိဳးမငဲ႔တဲ႔ အလုပ္တဲ႔ . . . ဦးေက်ာ္သူက က်ေနာ္ကိုလြန္ခဲ႔တဲ႔ ေလးလေလာက္
မွာ ေမွာ္ဆရာမန္ဘာေတြနဲ႕ ပရဟိတအသင္းေထာင္မယ္လို႕ အၾကံေတာင္းတုန္းက ေျပာခဲ႔တဲ႔စကား ။

အဲ႔တုန္းက အေၾကာင္းအမ်ိ္ဳးမ်ိဳးေၾကာင့္ ပ်က္ခဲ႔ရတယ္ ။ က်ေနာ္ အရည္အခ်င္းမျပည္႕စံုတာ ျဖစ္မွာ
ေပါ့ ။ အခုေတာ႕ အဲ႔ဒီဆႏၵအားလံုးျပည္႕၀ပါျပီ ။ က်ေနာ္ဦးေဆာင္စရာမလိုပဲ . . . က်ေနာ္႕ထက္
အသက္ေရာ ၊ ၀ါေရာ ၊ သိကၡာေရာ ၊ အသိညဏ္ေရာ ၾကီးတဲ႔ အကိုၾကီးေတြ ဦးေဆာင္တာျဖစ္တဲ႔
အတြက္ ဒီပရဟိတ အသင္းေလးဟာ လိုအပ္ေနတဲ႔ ကြက္လပ္ေလးေတြကို တကယ္ျဖည္႕ဆည္းေပး
နိဳင္တဲ႔ လူမူ႕ေရးအဖြဲ႕အစည္းတခု ျဖစ္လာမွာ အေသအခ်ာ ယံုၾကည္မိတယ္ .။

အသင္းအမူ႕ေဆာင္ေတြ က အသင္းရဲ႕နာမည္ကို စဥ္းစားၾကတုန္းက ၊ က်ေနာ္ ေဘာပင္နဲ႕စာရြက္
ေလးကို ကိုင္ျပီး စဥ္းစားတယ္ ။ ဒုကၡဆိုတာ အေမွာင္နဲ႕တူတယ္ . . . ကယ္ဆယ္ျခင္းခံရတယ္ ၊
ကူညီျခင္းခံရတယ္ဆိုတာ အလင္းေရာင္ေပးတာနဲ႕တူတယ္ ။ တညတာလံုးေမွာင္မိုက္ခဲ႔သမွ် ၊
အေမွာင္နဲ႕အတူေၾကာက္ရြံ႕ခဲ႔သမွ် ဟာ အရုဏ္တက္လာတာနဲ႕ အတူ ၊ အလင္းေရာင္သစ္ေတြ
ေရာက္လာတာနဲ႕အတူ ေနထိႏွင္းလို ကြယ္ေပ်ာက္သြားလိမ္႔မယ္ဆိုတဲ႔အေတြးကိုရတယ္ ။


အမွတ္တရ ...ကိုမာဃ (မွင္အနက္)၊ ကိုလူစိမ္း (မွင္အျပာ)၊ ကိုေအာင္ေက်ာ္မိုး (စာမွားျပင္ေပးခဲ့)

ဒါနဲ႕ စာရြက္ေပၚမွာ အရုဏ္သစ္ လို႕ ခ်ေရးမိတယ္ ။ ျမန္မာလူမ်ိဳးေတြရဲ႕ ျမန္မာ႔အရုဏ္သစ္ဟာ
ျဖည္းျဖည္းခ်င္း ထြန္းေတာက္လာမယ္လို႕ ေမွ်ာ္လင့္ၾကိဳးစားရင္း . . . . . . . . . . . . . . . . . . ။

မွ --- မာဃလုလင္ - 2012 Jun 18

Transparency, responsibility , accountability
ေစတနာကိုအရင္းခံ၍ လူမႈေရးလုပ္ငန္းမ်ားတြင္ အားတက္သေရာပါဝင္ေနၾကေသာ အသင္းဝင္မ်ားအားလံုးႏွင့္ အမႈေဆာင္မ်ားကို ခ်ီးက်ဴးေလးစားမိပါသည္။ အမ်ားႏွင့္ဖြဲ႔စဥ္းထားေသာ အသင္းအဖြဲ႔ျဖစ္ေသာေၾကာင့္ လုပ္ေဆာင္ခ်က္မ်ားအားလံုးတြင္ Transparency, responsibility , accountability ရွိရန္လိုအပ္ပါသည္။ ေက်းဇူးတင္ပါတယ္။ မသိဂၤ ီသူဇာညြန္႕ - 2012 Aug 24

1 comment: