Facebook

Wednesday, January 23, 2013

မန်ဘာအသစ်များ ဆက်လက်ကြိုဆိုခြင်း - နေ့စွဲ - 2013 Jan 23


န်ဘာအသစ်များ ဆက်လက်ကြိုဆိုခြင်း


``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုကူညီရေး အသင်း

နေ့စွဲ - 2013 Jan 23


1. အသင်းဝင်အမှတ် AR10381 ဖြင့် SINGAPORE နိုင်ငံ SINGAPORE/ SINGAPORE မှ ကိုငြိမ်းထက်ဝေ ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ ကိုလင်းမင်းအောင် [Limit / Lin Min Aung] ဖြစ်ပါတယ်။

2. အသင်းဝင်အမှတ် AR10382 ဖြင့် ရန်ကုန်တိုင်း/ သာကေတ မှ ကိုအောင်ကျော်ဖြိုး [ခွန်အောင်ခမ်း] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ မသိင်္ဂီနွယ် [Thain Gi] ဖြစ်ပါတယ်။

3. အသင်းဝင်အမှတ် AR10383 ဖြင့် မွန်ပြည်နယ်/ မော်လမြိုင် မှ ကိုမင်းထွန်းထွန်းနိုင် [Tun Naing] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုအေးကိုကို [Aye Ko Ko] ဖြစ်ပါတယ်။

4. အသင်းဝင်အမှတ် AR10384 ဖြင့် မွန်ပြည်နယ်/ မော်လမြိုင် မှ ကိုချစ်ဝေစိုး [soethar] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ မသိင်္ဂီနွယ် [Thain Gi] ဖြစ်ပါတယ်။

5. အသင်းဝင်အမှတ် AR10385 ဖြင့် ရန်ကုန်တိုင်း/ လှိုင် မှ ကိုထွန်းနန္ဒာ (CKE) [pyay ti oo] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုအေးကိုကို [Aye Ko Ko] ဖြစ်ပါတယ်။

6. အသင်းဝင်အမှတ် AR10386 ဖြင့် ရန်ကုန်တိုင်း/ ဒဂုံဆိပ်ကမ်း မှ မမေသက်ထား [chit may gyi] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်ကို ထပ်မံ အကြောင်းကြားပေးပါမယ်။

7. အသင်းဝင်အမှတ် AR10387 ဖြင့် ပဲခူးတိုင်း/ နေပြည်တော် မှ ဦးသက်ခိုင်ဦး ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်ကို ထပ်မံ အကြောင်းကြားပေးပါမယ်။

8. အသင်းဝင်အမှတ် AR10388 ဖြင့် ရန်ကုန်တိုင်း/ အင်းစိန် မှ မကြည်ကြည်လှိုင် (Gandamar Wholesale) ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ မသိမ့်သိမ့် [Ma Theint Theint] ဖြစ်ပါတယ်။

9. အသင်းဝင်အမှတ် AR10389 ဖြင့် ရန်ကုန်တိုင်း/ အင်းစိန် မှ ကိုသိန်းထွန်း (Gandamar Wholesale) ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ မသိမ့်သိမ့် [Ma Theint Theint] ဖြစ်ပါတယ်။

10. အသင်းဝင်အမှတ် AR10390 ဖြင့် ရန်ကုန်တိုင်း/ မရမ်းကုန်း မှ ဒေါ်ငွေငွေချို (Gandamar Wholesale) ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ မသိမ့်သိမ့် [Ma Theint Theint] ဖြစ်ပါတယ်။

11. အသင်းဝင်အမှတ် AR10391 ဖြင့် SINGAPORE နိုင်ငံ SINGAPORE/ SINGAPORE မှ မခင်သက်ဇွန် ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ ကိုလင်းမင်းအောင် [Limit / Lin Min Aung] ဖြစ်ပါတယ်။

12. အသင်းဝင်အမှတ် AR10392 ဖြင့် ရန်ကုန်တိုင်း/ ထောက်ကြန့် မှ ကိုဝေလင်းခိုင် [Wai Gyi] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုစိုင်းမျိုးသက်ဦး [Mr Jugger] ဖြစ်ပါတယ်။

13. အသင်းဝင်အမှတ် AR10393 ဖြင့် ရန်ကုန်တိုင်း/ လမ်းမတော် မှ ကိုသန်မာလတ် [သန်မာ] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုဖြိုးတင့်နိုင် [Ko Phothakyar] ဖြစ်ပါတယ်။

14. အသင်းဝင်အမှတ် AR10394 ဖြင့် ရန်ကုန်တိုင်း/ ကြည့်မြင်တိုင် မှ မရည်နန္ဒာအောင် [angel rain] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုဖြိုးတင့်နိုင် [Ko Phothakyar] ဖြစ်ပါတယ်။

15. အသင်းဝင်အမှတ် AR10395 ဖြင့် ရန်ကုန်တိုင်း/ မရမ်းကုန်း မှ မနီနီဝင်း [nail] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ မသိမ့်သိမ့် [Ma Theint Theint] ဖြစ်ပါတယ်။

16. အသင်းဝင်အမှတ် AR10396 ဖြင့် ရန်ကုန်တိုင်း/ တောင်ဥက္ကလာ မှ ကိုကျော်မင်းခေါင် [min khaung] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ မသိင်္ဂီနွယ် [Thain Gi] ဖြစ်ပါတယ်။


အမှုဆောင်များစာရင်း https://docs.google.com/spreadsheet/ccc?key=0Au8_XYy82xrgdFJMbGprY0Zmbk4tTWJySjZvdzdVMGc

အမှုဆောင်နှင့် အလှမ်းဝေးသူများ၊ ရပ်ဝေးမှ ငွေလှူဒါန်းလိုသူများအတွက် https://docs.google.com/spreadsheet/viewform?formkey=dHlKbk81Q0tWZU5Qb2tBUE5aVnBKYUE6MA

မြန်မာ့အရုဏ်သစ် ဂိုဂယ်မေးလ်ဂရု https://groups.google.com/forum/?hl=en&fromgroups#!forum/Myanma_ArunThit_Org

Sunday, January 20, 2013

26-1-2013 မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ဆရာကြီး ဦးဖုန်းမြင့်အောင်၏ သုခမေတ္တာ မိဘမဲ့ ကျောင်းအား အနွေးထည်နှင့် ငွေကြေးသွားရောက်လှူဒါန်းခြင်း


မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ဝင်များခင်ဗျာ ... ဒီတစ်ခေါက် အဖွဲ့၏ ခြေလှမ်းသစ်အဖြစ်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ဆရာကြီး ဦးဖုန်းမြင့်အောင်၏ သုခမေတ္တာ မိဘမဲ့ ကျောင်းကလေးအား အနွေးထည်နှင့် ငွေကြေးသွားရောက်လှူဒါန်းမည် ဖြစ်ပါတယ်။ အနွေးထည်များကို အလှူခံရရှိထားပြီး ဖြစ်ပြီး အလှူငွေကို အသင်းမှ မတညိ၍ ထပ်မံကောက်ခံရရှိသည်များ ဖြည့်စွက်လှူဒါန်းသွားမည် ဖြစ်ပါတယ်။ လှူဒါန်းမည့်အဖွဲ့ စတင်ထွက်ခွာမည့် နေ့မှာ ၂၅ ရက်နေ့ ဖြစ်ပါတယ်။ ခရီးစရိတ်ကို အသင်းအနေဖြင့် မစိုက်ထုတ်ပဲ လိုက်ပါမည့်သူများ *အားလုံး မိမိစရိတ်ဖြင့်သာ ကျခံသွားကြမည် ဖြစ်ပါတယ်။ ထို့ကြောင့် လိုက်ပါမည့် ဗော်လန်တီယာများ ရှိပါက အားနာနာနဲ့ပဲ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ။

ကားလက်မှတ်ကြိုတင် စီစဉ်ရမည် ဖြစ်ပါသဖြင့် ရန်ကုန်မှ လိုက်ပါမည့် သူများ ဇန် (၂၂) ရက်နေ့ နောက်ဆုံးထား၍ ကိုဖိုးသကြား https://www.facebook.com/Phothakyar002 ကို အကြောင်းကြားပေးကြပါ။ မန္တလေးမှ လိုက်ပါမည့် သူများ ကိုဇော်မင်း Goodluck Zaw https://www.facebook.com/goodluck.zaw ကို အကြောင်းကြားပေးကြပါ ခင်ဗျာ။

- ဆက်လက်အလှူခံခြင်း ကိစ္စ -
သုခမေတ္တာ မိဘမဲ့ ကျောင်းကလေးအတွက် ထည့်ဝင်လှူဒါန်းလိုသူများ နီးစပ်ရာ အမှုဆောင်မှတဆင့် အချိန်မီ ထည့်ဝင်ပေးနိုင်ပါကြောင်း နှိုးဆော်ပါရစေခင်ဗျာ... ကျေးဇူးတင်ပါတယ်။

- သုခမေတ္တာ မိဘမဲ့ ကျောင်း မိတ်ဆက် -
ဆရာကြီး ဦးဖုန်းမြင့်အောင်သည် မန္တလေးမြို့ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းမှ အငြိမ်းစား ကျောင်းဆရာတစ်ဦး ဖြစ်ပါသည်။ မိဘမဲ့ကလေးများအား စောင့်ရှောက်လိုသော စေတနာဖြင့် မန္တလေးမှ မိမိပိုင်မြေကွက်ကလေးအား ရောင်းချကာ ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာလေးတွင် မိဘမဲ့ကျောင်းကလေး ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျောင်းတွင် ရှမ်းပြည်နယ်မှ မိဘမဲ့ ပအိုဝ့်ကလေး (၅၉)ယောက်ကို စားဝတ်နေရေး စောင့်ရှောက်ပေးရုံမက အထက်တန်းကျောင်းတစ်ကျောင်းတွင် အပ်နှံကာ ပညာသင်ကြားပေးလျှက် ရှိပါသည်။ လက်ရှိ ထိမ်းသိမ်းစောင့်ရှောက် ထားသော မိဘမဲ့ကလေးဦးရေမှာ (၆၈) ဦးဖြစ်ပါသည်။ တနေ့တာ စားနပ်ရိက္ခာစရိတ်မှာ ကျပ် ၈၅,၀၀၀/- ဟု ကြားသိရပါသည်။

- Our Event in Fan page -
https://www.facebook.com/events/494758657243774/

Saturday, January 19, 2013

စေတနာပါပါ လုပ်ဆောင်နိုင်ပါစေ

၁)
မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် အလှူဒါနကောင်းမူ၌ မွေ့လျော်ပျော်ပိုက်ကြသည်
အလှူဒါနနှင့်ပတ်သက်သော ဆိုရိုးစကားများတွင်"မရှိလို့မလှူ မလှူလို့မရှိ"ဟူသောစကားမှာ လူသိများပါတယ်
သို့တစေ 'မရှိလို့မလှူ"ဟူသောစကားမှ ၀တ္တုဒါနကိုသာ ရည်မျှော်၍ ဆိုခြင်းဖြစ်ပြီး "စေတနာဒါန"ကိုမူ လျစ်လျူရူထားခြင်းဖြစ်သည်ဟု သဘော၇ပါတယ်
အလျူဒါနတွင် ၀တ္တုဒါနနဲ့ စေတနာဒါနဟူ၍ နှစ်မျိုးရှိပါတယ်
ဝတ္တုဒါနဟူသည် လှူဖွယ်ဝတ္တုပစ္စည်းကိုဆိုလိုခြင်းဖြစ်ပြီး ။ စေတနာဒါနဟူသည်မှာ အလျူရှင်၏ရင်တွင်း၌ရှိသော လှူဒါန်းပေးကမ်းစွန့်ကြဲလိုသော စေတနာကိုဆိုလိုခြင်းဖြစ်တယ်

ဤဒါနနှစ်မျိုးတွင် ကမ္မပထမြောက်မူ၌မူ"စေတနာဒါန"က လိုရင်းဖြစ်ပါတယ်

ဝတ္တုဒါနထက် ပိုမို၍ အဓိကကျသော ဒါနပြုလိုသည့် စေတနာကောင်း မိမိ၏အတွင်းသန္တာန်၌ သန့်သန့်စင်စင် ဖွံ့ဖွံ့ဖြိုးဖြိုး တည်ကိန်းရှင်သန်နေ၇န်သာ လိုပါသည်
ညောင်စေ့လောက်လှူသော်လည်း ညောင်ပင်ကြီးလောက်ရသည် ဟူသော ဆိုရိုးစကားမှာ စေတနာဒါန၏ အကျိုးကျေးဇူးကို ဖော်ကျူးထားခြင်းပင် ဖြစ်ပါသည်
မည်သည့်အ၇င်းအနှီးမှ မလိုသော အိုးခွက်ပန်းကန်ဆေးကြောသည့်ရေကို စွန့်ပစ်ရာ၌ပင် ထိုရေထဲ၌ရောပါလာတတ်သော ထမင်းလုံးနှင့် ဟင်းအစအနမှားကို ရေမြောင်းထဲမှ ပိုးမွှားများ စားကြပါစေဟူသော စေတနာကောင်းထားလျှင် ယင်းသည်ပင် ကုသိုလ်ကောင်းမူဖြစ်သော စေတနာဒါနပင်ဖြစ်ကြောင်း မြတ်ဘုရား၏ အဆုံးအမတော်က ထင်ထင်ရှားရှားပြညွှန်တော်မူထားပါသည်
ဒါနကောင်းမူတစ်ခု၏ ဂုဏ်အင်နှင့် အာနိသင်သည် ၀တ္တုဒါနထက် စေတနာဒါနအပေါ်၌သာ တည်မှီပါသည်
မချမ်းသာမကြွယ်ဝသဖြင့် မလှူနိုင်ဟု ငေးမှိုင်ဖွယ်မလို အထက်ပါဘုရားရှင်၏ အဆုံးအမတော်ကို ထာဝစဉ်နှလုံးသွင်းဆင်ခြင်၍ အမျှော်နှင့်တောင့်တမူလုံးဝကင်းစင်လျက် လွတ်လွတ်စွန့်လွှတ်သော တစ်နိုင်တစ်ပိုင် ဒါနကောင်းမူကို စွမ်းနိုင်သမျှ ပြုသွားခြင်းဖြင့် သူတစ်ပါး ကောင်းကျိုးဆောင်နိုင်သော ဘ၀ကောင်းဘ၀မွန် တစ်ခုကို လှပစွာထုဆစ် ပုံဖော်နိုင်ပါသည်။
(the flower news) 
Ma Sandar Aung မှ မျှဝေပါသည်

၂)
တကယ်တော့ လှူတယ်ဆိုတာ ကိုယ်ပိုင်ပစ္စည်းကို စွန့်လွှတ် ပေးကမ်းရတာ၊ စွန့်လှူရတာဖြစ်ပါတယ်။ ကိုယ်တိုင် စွန့်လွှတ်ပေးကမ်းကြည့်မှ နှမြောတွန့်တိုတဲ့ မစ္ဆရိယစိတ်ကို တိုက်ထုတ်ပြီးမှ စင်ကြယ်တဲ့ အလှူဒါနဆိုတာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
ထိုသို့ လှူဒါန်း၊ စွန့်ကြဲ၊ ပေးကမ်းကြရာတွင် စိတ်ထားတတ်သော အနေထားပေါ်မူတည်၍ အမျိုးမျိုး လှူဒါန်းနေကြသည်ကို မိမိတို့ ပတ်ဝန်းကျင်၌လည်း လက်ရှိတွေ့မြင်နေကြရသည်။ ဤနေရာတွင် သဒ္ဓါ ပညာအတွဲညီစွာ လှူဒါန်းတတ်ရန် အလွန်အရေးကြီးပေသည်။ လှူဒါန်း၊ စွန့်ကြဲ၊ ပေးကမ်းခြင်းသည် သဒ္ဓါဖြစ်၍ တကယ်လိုအပ်သော နေရာများကို ရွေးချယ်လှူဒါန်းတတ်ခြင်းသည်၊ အများအကျိုးကို ရှေးရှုနိုင်သော ပညာ၊ ထိုနှစ် ခု အတွဲ ညီမှသာလျှင် မြင့်မြတ်သော ဒါနဖြစ်ပေမည်။
ဆွမ်းတစ်နပ်ဖြစ်ဖြစ်၊ ကျောင်းအလှူဖြစ်ဖြစ်၊ တရားအလှူဖြစ်ဖြစ် စေတနာသုံးတန် ပြဋ္ဌာန်း၍ တဏှာစွဲကင်းကာ ကျွတ်ကျွတ်လွတ်လွတ် လှူဒါန်းရန်အရေးကြီးပါသည်။ထို အလှူဒါနဟာလဲ အလွန် မွန်မြတ်ပါတယ်၊ အနှောင်အ ဖွဲ့ ကင်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ချို့က အားနာလို့ လှူတယ်၊ တစ်ချို့က ရင်းနှီးလို့ လှူလိုက်ရတယ်။ စတဲ့အကြောင်းတွေ တစ်ခုမှ ငြိမနေပါဘူး။ အထက်တန်းစား ဒါန ဖြစ်ဖို့ ဆိုရင်
(၁) အလှူပေး ပုဂ္ဂိုလ်ဟာ မလှူမီ သီလနဲ့ ပြည့်စုံနေရမယ်။
(၂) အလှူခံ ပုဂ္ဂိုလ်ကလည်း သီလနဲ့ ပြည့်စုံနေရမယ်။
(၃) လှူဖွယ်ပစ္စည်း ၀တ္ထုက တရားသဖြင့် ရှာလို့ရတဲ့ သန့်ရှင်းစင်ကြယ်တဲ့ ပစ္စည်း ဖြစ်ရမယ်။
(၄) လှူစဉ်အခါ စိတ်ကြည်လင်နေရမယ်။
(၅) နိဗ္ဗာန် ဆိုတဲ့ အကျိုးရလာဒ်ကို သိမြင်ပြီး လှူရမယ်။
(၆) အလှူရဲ့ ရှေ့ပိုင်းမှရော နောက်ပိုင်းမှာပါ ပူပန်စိတ် လုံးဝ မပါစေရပါဘူး။
အဲဒီ အလှူမျိုးဟာ အကျိုးကြီးတဲ့ အထက်တန်းစား ဒါန အလှူမျိုး ဖြစ်ပါတယ်။
ထိုကဲ့သို့ လှူဒါန်းရတဲ့ အလှူဒါနကြောင့် လူ၊ နတ်တို့မှာဖြစ်တဲ့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကျန်းမာခြင်း၊ ဘုန်းတန်ခိုးကြီးခြင်းစသောအကျိုးတရားများရရှိပိုင်ဆိုင်သူများဖြစ်ကြရမှာ အမှန်ပါပဲ။
ဒါနဆိုတဲ့ အခြေခံအဆင့်မှသည် ရုပ်ချော၊ ရုပ်ဆိုး၊ ဆင်းရဲ၊ ချမ်းသာစတဲ့ အဆင့်အတန်းတွေ ကင်းဝေးရာ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာအကျင့်တရားများကို ကျင့်ကြံနိုင်ကြပါစေလို့ ဆုတောင်းရင်း မိမိတို့ လစဉ် ပြုလုပ်နေကြသော ဒါနကောင်းမှု အလုပ်ကို သဒ္ဓါ၊ ပညာယှဉ်ပြီး လှူဒါန်းကြဖို့ နိဗ္ဗန် အကျိုးမျော်၍နိုးဆော်၊ ပူဇော်အပ်ပါသည်။
ကိုးကား - ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး ၏ ဒါနသုံးပါးတရားတော် ။ http://www.anantametta.org

ပြင်ဦးလွင်တွင် ပြုလုပ်မည့်၂၀၁၃ နှစ်ဦးဆောင်းတွင်းအမှီ ကာလဒါနအလှူ


  • ပြင်ဦးလွင
  • ၁) ဒီနေ့ ကျွန်တော်တို့ စက်ရုံမှ ကိုးရီးယား မန်နေဂျာက ဒုတိယံပိ နှစ်ကြိမ်မြောက် ပေါ့ပါးပြီး နွေးထွေးသော စောင် အထည် တစ်ရာ ခန့်မှန်းတန်ဘိုး (၄၀၀၀×၁၀၀)=၄၀၀၀၀၀ ကျပ်တန်ဘိုးရှိ စောင်များ ထပ်မံလှုဒါန်းထားပါသည်။ အဆိုပါ စောင်များကို ယခုနှစ် ဆောင်းတွင်းအမီ လှုဒါန်းပါရန် တိုက်တွန်းထားပါသည်။ - ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

    ၂) ယခုအချိန်မှ စတင်ပြီး 26 ရက်နေ့ ပြင်ဦးလွင်တွင် လုပ်မည့် အလှူကိစ္စအတွက် လိုက်ပါမည့်သူများ ဖိတ်ခေါ်အပ်ပါသည်။ 25 ရက်နေ့တွင် ရန်ကုန်မှ ကိုဖြိုးတင့်နိုင်ကို 26 ရက်မနက်ခင်းတွင် မန္တလေးဂိတ်တွင် သွားရောက်ကြိုပြီးနောက် သတ်မှတ်သောနေရာ ပြင်ဦးလွင်( နေရာမသိသေး)သို့ ကျွန်တော့်အိမ်မှ Light Truck လေးနဲ့ သွားမည်ဟု စဉ်းစားထားပါသည်။ လိုက်မည့်သူများ စာရင်းပေးပါရန် ...
    သွားလှူရမည့် နေရပ်နှင့် လုပ်ငန်းစဉ်များကို အထက်လူကြီးများမှ ဆက်လက်ညွှန်ကြားပါရန် ...
    ဓာတ်ပုံမှတ်တမ်းယူရန်အတွက် ကိုဖိုးသကြားခေါ် ကိုဖြိုးတင့်နိုင်ပါလာပြီဖြစ်၍ အထူး မပြောလိုတော့ပါ။ :D - Goodluck Zaw

    ၃) မြန်မာ့အရုဏ်သစ်ပရဟိတ အဖွဲ့ မှ... မြန်မာပြည်အလည်ပိုင်း ပြင်ဦးလွင်တွင်ပြုလုပ်မည့်... အလှူသို့... မန်းလေးမှ မြန်မာ့အရုဏ်သစ် မန်ဘာများလဲ ဖြစ်နိင်ရင် အတူတကွ... ပါဝင်စေချင်ပါတယ်ခင်ဗျာ... ကြိုဆိုပါတယ်...... - Phyo Tint Naing (ခ) ဖိုးသကြား

    ၄) မန္တလေးမှ လိုက်မယ့်မန်ဘာများ ဒီအောက်မှာ စာရင်းပေးပါ။ ထွက်မယ့်အချိန် 8 နာရီ ၉ နာရီခန့် ဖြစ်မည်ဟု ထင်ပါသည်။ အခြေအနေအားလုံးကို အခြားအမှုဆောင်များနှင့် တိုင်ပင်ပြီးတော့ အကြောင်းပြန်တင်ပေးပါမည်။ အခုအချိန် သေချာတာကတော့ ဘာမှ မသိသေးဘူးဆိုတာတစ်ခုတော့ သေချာပါသည်။ - Goodluck Zaw

    ၅) ပြင်ဦးလွင်သို့ လိုက်ပါအားဖြည့်ကြမည့် အမှုဆောင်များ (အကြမ်း)
    ၁ ။ ကိုဖြိုးတင့်နိုင်
    ၂။ ကိုဂျက်ဂါ ( အခုလေးတင်မှ ဖုန်းလာသည်)
    ၃။ GLZ
    ၄။ မသီဂီ င်္ ( မသေချာသေး မောင်လေးမှင်နဲ့ တိုင်ပင်ဦးမည်ဟု ဆိုသတတ် )
    ၅ ။ လိုက်နိုင်မည့်သူ ဆက်ရေးပေးပါ

    ၆) 26 ရက်နေ့ အလှူအတွက် လိုက်ပါလိုသူများအတွက် စားရေးသောက်ရေး နေထိုင်ရေးတို့အတွက် ကျွန်တော်မှ တာဝန်ယူပေးပါမည်ဖြစ်ပါကြောင်း။ ကိစ္စပြီးပါက ပြင်ဦးလွင်မှာ အချိန်ရရင် ရသလောက် ရသလောက် လည်ပတ်ဖို့ရာ လိုက်ပို့ပေးဖို့ စိတ်ကူးထားပါကြောင်း။ ဒါကြောင့် မနက်အစော ထွက်ချင်သည်။ မန်းမှ လိုက်နိုင်သည့်မန်ဘာများ ရှိလျှင်လည်း 24 ရက်ညပိုင်းအမှီ နောက်ဆုံးထားပြီး စာရင်းပေးကြပါရန်။ ဒါမှ 25 ရက်နေ့မှာ လိုအပ်တာ စဉ်းစားလို့ရမှာဖြစ်ပြီး 26 ရက်နေ့ မနက် ရန်ကုန်မှအမှုဆောင်များကိုသွားကြိုအပြီး စောစောထွက်နိုင်မည်ဖြစ်ပါကြောင်း - Goodluck Zaw

    ၇) လားရှိုးမှ အစ်မမစန္ဒာလည်း ဆိုင်ကယ်နဲ့ လာမယ်လို့ ထင်မြင်ယူဆနေကြောင်းပါ။ - Goodluck Zaw

    ၈) (၁) မဟာ အံထူးကံသာ မရောက်ခင် လမ်းဘေးကိုဝင်သွားတဲ့ မျက်မမြင်ကျောင်း
    (၂) နောင်ချို၊ မသန်မစွမ်းခရစ်ယောန်ကျောင်း နောင်ချိုမြို့အထွက်
    (၃) ပြင်ဦးလွင် အနီးစခန်း၊ ဒိုးပင်အောင်ကံသာပရဟိတကျောင်း(ဘုန်းကြီးသင်)
    (၄) ပြင်ဦးလွင်မြို့ ရွှေစင်မင်း သီလရှင်သင်ပညာရေးကျောင်း
    (၅) ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာ ဦးဖုန်းမြင့်အောင် သုခမေတ္တာမိဘမဲ့ကျောင်း
    ကိုဇော်ရေ သိသလောက်လေး တင်ပေးလိုက်ပါတယ် — with Goodluck Zaw. - Ucs Jugger

    ဆက်လက်တင်ပြပါမည်။

ဂျပန်နိုင်ငံရောက် ကိုညွှန့်ရွှေ၏ ကမကထပြု လှူဒါန်းငွေများ ကြေငြာအပ်ပါတယ်


အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ....ပရဟိတ အဖွဲ့သူ အဖွဲ့သားများ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ.... စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း များနဲ့ ပြည့်စုံပါစေ.........
အလှူငွေစာရင်းများကိုကြေငြာပေးပါ့မယ်ရှင့်.........

ကျမတို့ မြန်မာ့အရုဏ်သစ် ပရဟိတလူမှုကူညီရေးအသင်းအတွက် မတည်ငွေအဖြစ် မြန်မာ့အရုဏ်သစ် အဖွဲ့ဝင် ဂျပန်နိုင်ငံရောက် ကိုညွှန့်ရွှေ  မှ ကမကထပြု ကောက်ခံပေးသော အလှူငွေများကို သမီး မခင်သီတာညွှန့်ထံမှတဆင့် ယနေ့နံနက် ၉ နာရီ တိတိတွင် လက်ခံရရှိပါသည်...
ဗောက်ချာအမှတ် ၃၅၆၄ - ကိုညွှန့်ရွှေမှ အလှူငွေ ၅၀,၀၀၀/- ကျပ်
ဗောက်ချာအမှတ် ၃၅၆၅ - ကိုစန်းမောင်မှ အလှူငွေ ၅၀,၀၀၀/- ကျပ်
ဗောက်ချာအမှတ် ၃၅၆၆ - ကိုတတိုင်းမွှေးမှ အလှူငွေ ၃၀,၀၀၀/- ကျပ်
ဗောက်ချာအမှတ် ၃၅၆၇ - なかざとう ゆきお さまနကဇတိုး ယုခိအိုစံမှ အလှူငွေ ၂၀,၀၀၀/- ကျပ်
စုစုပေါင်း ၁၅၀,၀၀၀/- ကျပ်တိတိ ဖြစ်ပါတယ်ရှင့်...

သာဓု..သာဓု..သာဓု..ပါ ရှင် အခုလိုလှူဒါန်းရတဲ့ အတွက် ဘာသာသာသနာအကျိုးကို ဆထက်တစ်ပိုးဆောင်ရွက်နိုင်ပြီး....... ဘ၀မှာတောင်းတလိုက်ရုံနဲ့ ဆန္ဒအားလုံးပြီးပြည့်ပါစေ....by မသိင်္ဂီနွယ်