Facebook

Showing posts with label Archive စာအဟောင်းများ. Show all posts
Showing posts with label Archive စာအဟောင်းများ. Show all posts

Saturday, August 25, 2012

မြန်မာ့အရုဏ်သစ်၏ သဘောထား




          ``လဲနေသူ ထူပေးပါ`` ဆိုသော မြန်မာ့ဆိုရိုးစကားလေးရှိသည်။
 လူသားအချင်းချင်း ယိုင်းပင်းကူညီ စေလိုသော စိတ်ဓါတ်များဖြစ်ပေါ်စေရန် တိုက်တွန်းထားသဖြင့် ကျွန်တော်လည်း သဘောကျပါသည်။ သို့သော်  လဲနေသူတိုင်းထူပေးသင့်ပါသလား ?  ဆိုသည့် အတွေးလေးလည်း ဝင်လာပါသည်။ ကျွန်တော့်အမြင်အားဖြင့် လဲနေသူသည် သူ့ခွန်အားဖြင့် ပြန်လည် ရုန်းထနိုင်ပါက ထို လဲနေသူကို ထူပေးရန်မသင့်ပါ။ မလိုအပ်ပါ။ ထိုကဲ့သို့သော သူ့ခွန် သူ့အားဖြင့် ပြန်ထနိုင်သူကို တလွဲစေတနာဖြင့် ထူပေးလိုက်ပါက--

၁။ သူ့ကိုယ်သူ အားကိုးချင်သောစိတ် ပျက်စီးသွားမည်---

၂။ အခက်ခဲကို ရုန်းကန်လှုပ်ရှားခြင်းမှ ရသော အစွမ်းအစများ မရနိုင်---

၃။ အရာရာ သူတစ်ပါးကို အားကိုးလိုသော ပျော့ညံ့ သိမ်ဖျင်းသည့်စိတ်ဓါတ်ဖြစ်လာမည်--

၎။ လဲကျ၍ နာကျင်ခြင်းနှင့် ပြန်လည်ထရာ၌ ခက်ခဲပင်ပန်းမှုကို မသိ၍ အကြိမ်ကြိမ် ပြန်လည် လဲကျတတ်သည်-

၅။ အထူးသဖြင့် မိမိသည်သာ အားကိုးရာ ဆိုသည့်အသိဥာဏ်ပျက်စီးမည်-- စသောဆိုးကျိုးများ ရသွားနိုင်သည်။

               ချိုမြိန်သော အဆိပ်ကို တိုက်ကျွေးရာရောက်မည်။ လမ်းမပေါ်တွင် လမ်းလျှောက်နေသော ဘိုးဘွားရွယ်ကို လက်တွဲ ကူညီလမ်းလျှောက်ပေးပါက မြန်မာနိုင်ငံတွင် သာဓုအကြိမ်ကြိမ်ခေါ်ခြင်း ခံရနိုင်သော်လည်း တိုင်းတစ်ပါး အထူးသဖြင့် အနောက်နိုင်ငံတွင်မူ သူတို့၏ ကိုယ့်အားကို ကိုးနိုင်စွမ်းအား သရော်လှောင်ပြောင်သည်ဟု သတ်မှတ်ပြီး စိတ်ဆိုးတာပင်ခံရနိုင်သည်။ ကျွန်တော်တို့ကတော့ထိုအစွန်းနှစ်ဖက်ကို ရှောင်သင့်သည်---

          ``ပြန်ထနိုင်သူကို မထူပါနှင့်--- ပြန်မထနိုင်သူ ကိုလည်း လျစ်လျှူမရှု့ပါနှင့် ``

          ``အားငယ်သူ အားပေးပါ ``ဆိုသော စကားလည်း ရှိသေးသည်။ မြန်မာမှုနယ်ပယ်တွင် နှုတ်၏ စောင်မခြင်း လက်၏ စောင်မခြင်းဟူ၍ နှစ်မျိုးရှိသည်။ နှုတ်မှပြောသော စကားတစ်ခွန်းကြောင့် ဘဝ တစ်ခုလုံး ပြောင်းလဲတိုးတတ်သွားနိုင်သည်။ နှုတ်မှ အားပေးစကားသည်လည်း စိတ်ဓါတ်ကျနေသူကို ပြန်လည်း တတ်ကြွ စေနိုင်သည်။ ထို့အပြင် ကိုယ်က မကူညီနိုင်သော်လည်း ကူညီပေးနိုင်သည့်သူထံ ဆက်သွယ်ပေးခြင်းကိုလည်း နှုတ်၏စောင်မခြင်းဟုခေါ်သည်။ လက်၏စောင်မခြင်းကား ငွေ၊ ဥစ္စာ၊ ပစ္စည်း၊ စားဖွယ်တို့ကို တတ်အားသ၍ ကူညီထောက်ပံ့ပေးခြင်းကိုခေါ်သည်။

          ထိုသို့ နှုတ်၏စောင်မခြင်း လက်၏စောင်မခြင်းကိုလည်း လူတိုင်းအတွက် မထိုက်တန်ပါ။ ပျင်းရိ- ညီးတွား- အချောင်ခို- အလေလိုက်- အပျော်ကျူး-လိမ်လည်လှည့်စား- ဟိုယားယား ဒီယားယား -ပေါ့ပေါ့နေ ပေါ့ပေါ့စား လူ့တန်ဘိုး လုံးဝမရှိသူများကိုကား ပေးကမ်းချီးမြှင့်ထောက်ပံ့ခြင်း မလုပ်သင့်ပါ။ အဆိပ်ပင်ကို ရေလောင်းရာရောက်ပါသည်။ ဥပေက္ခာပြုထားရမည်။ ဘဝ၏ ဆင်းရဲခြင်း အခက်ခဲများကသာ သူတို့၏ စရိုက်ကို ပြင်ပေးနိုင်မည့် အချို့သော ပုဂ္ဂိုလ်များကိုသာ ရည်ညွှန်းပါသည်။
          ကျွန်တော်တို့ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း အနေဖြင့် သဒ္ဒါ ဟူသော ပေးကမ်းစွန့်ကြဲလိုသည့် မေတ္တာတရား။ စာဂ ဆိုသည့် ကိုယ်ချင်းစာစိတ်။ ပညာ ဟူသော သင့်မသင့် လျှော်၏ မလျှော်၏ စူးစမ်းမှု။ သီလ ဟူသည့် ဖြူစင်သည့်စိတ်ထား။ သမာဓိ ဟူသော တည်ကြည်ဖြောင့်မတ် တုတ်ခိုင်သည့် စိတ်ဓါတ်တို့ဖြင့် ဆက်လက်ချီတတ်ကြပါမည်။ ထို့ကြောင့် ကျွန်တော်တို့အသင်းကြီးကို ``သဒ္ဒါ ၊ သီလ ၊ သမာဓိ၊ ပညာ `` ဟူသော ဒေါက်တိုင်ကြီးလေးခုဖြင့် မယိုင်မလဲ ဆက်လက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားပါမည့်အကြောင်းးးး     

မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း
ကိုစိုးနိုင်
Sat, Aug 25, 2012 at 10:07 PM

Monday, August 20, 2012

မြန်မာ့အရုဏ်သစ်




မြန်မာ့အရုဏ်သစ်


ကန်ဘောင်ပေါ်က စိမ်းလန်းစိုပြည်နေတဲ့ သစ်ပင်ကို
ရေလောင်းပေးလိုက်ရတာနဲ့---
ခြောက်သွေ့ပြီး ရေငတ်နေတဲ့ သစ်ပင်တစ်ပင်ကို
ရေလောင်းပေးလိုက်ရလို့  ရလာတဲ့ခံစားမှုပီတိအရသာ
(ဘယ်အရာက ပိုမယ်ထင်လဲ----)

ဟင်းခွက်ပေါင်းများစွာနဲ့
ပြည့်စုံစွာ စားနိုင်နေသူရဲ့ ထမင်းပွဲမှာ--
ကိုယ်ချက်ထားတဲ့ဟင်းတစ်ခွက် ထပ်ပြီးဖြည့်ပေးတာထက်--
ဆာလောင်မွတ်သိပ်နေတဲ့ သူတစ်ယောက်ကို
အစာအာဟာရကျွေးလိုက်လို့  ရလာတဲ့ခံစားမှုပီတိအရသာ
(ဘယ်အရာက ပိုမယ်ထင်လဲ----)

ရွှေရှိတဲ့ဘုရားမှ  တန်ခိုးကြီးလှတယ် လို့ထင်နေရင်
ဗူးသီးမှ အရီးတော်ချင်တဲ့ စိတ်ထား
ဆင်တူယိုးမှားပဲဖြစ်မယ်။

သူငယ်ချင်းရေ-----

ပကာသနတွေကိုဘေးချိတ်
မွန်မြတ်တဲ့စိတ်နဲ့
အတိတ်ကံရဲ့ ကျေးကျွန်များ
တို့လူသားအချင်းချင်းမှ မသနားရင်
သန့်ရှင်းစင်ကြယ်တဲ့ ကမ္ဘာ
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။
ဖြူစင်တဲ့ နှလုံးသားတို့ သန္ဓေတည်
အားကိုးရာမဲ့တို့ မှီခိုရာ
တစ်ချိန်ချိန်တော့ ဖြစ်လာမှာပဲ။           

ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)


Saturday, June 23, 2012

``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း မန်ဘာဖောင်

``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း မန်ဘာဖောင်
အမည် =
အီးမေးလ်လိပ်စာ =
Nick Name =
ဆက်သွယ်ရန်ဖုန်း =
နေရပ်လိပ်စာ အပြည့်အစုံ =
မြို့နယ် =
တိုင်း/ပြည်နယ် =
နိုင်ငံ =
ကျား/မ =
သွေးအမျိုးအစား =
သွေး လှူရန် ဆန္ဒရှိ / မရှိ =
အထက်ဖေါ်ပြပါ အချက်အလက်များမှန်ကန်စွာ ပေးပို့အပ်ပါသည်။
( )
***လစဉ်ကြေး ကောက်ခံရာတွင် မန်ဘာဝင်ထားသည့် မန်ဘာများ အားလုံးမှ
တစ်ယောက်လျှင် တစ်ထောင်နှုန်းမှာ အသင်းဖြစ်မြောက်ရေးအတွက်
မတည်ငွေသာဖြစ်သည်။ မန်ဘာများသည် မိမိကောက်ခံလို့ ရရှိသည့် အလှူငွေ
များကိုလည်း မိမိတို့အသင်း မတည်ငွေ ပေးအပ်သည့် အချိန်တွင် အမှုဆောင်များမှ
လက်ခံရယူပြီးမြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ facebook စာမျက်နှာပေါ်တွင်
ဖေါ်ပြပေးမည် ဖြစ်သည်။ မိမိ စေတနာ သဒ္ဒါ အားအလျောက် ထည့်ဝင်
လှူဒါန်းကြပါရန်လည်း ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ။
လေးစားစွာဖြင့်
အမှုဆောင်အဖွဲ့

ရည်ရွယ်ချက်၊ လုပ်ငန်းစဉ် နှင့် အခြားအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု

မြန်မာ့အရုဏ်သစ် ပရဟိတ အဖွဲ့
https://web.facebook.com/groups/mmart.org/


ရည်ရွယ်ချက်

မြန်မာဟူသည့် ခေါင်းစဉ်အောက်ဝယ် လူမျိုး၊ ဘာသာမရွေး အခက်အခဲ ရှိသူကို ကူညီဖေးမရန်၊ အများကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ရန်


လုပ်ငန်းစဉ်

အမြဲတမ်းအဖွဲ့ဝင်များ၏ လစဉ်ပုံမှန်ထည့်ဝင်ငွေကို မတည်မည်။ ထိုမှတဖန် အလှူခံရသမျှကို ထပ်ပေါင်း၍ အသင်း၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်။


အခြားအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု

ဤအသင်း၏ အမည်ကို ထိမ်းသိမ်းလျက် ရည်ရွယ်ချက်တူသော အခြား လူမှုရေး အဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်မည်။


ကမကထပြုသူ

ကိုအောင်ကျော်မိုး၊ လူစိမ်း၊ လွမ်းနေသူ


နာယက

ကိုအောင်ကျော်မိုး


ဘဏ္ဍာထိမ်း

ကိုအောင်ကျော်မိုး၊ ကိုစိုးနိုင်

 အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးအမည်ဖြင့် ဆက်သွယ်ရ လွယ်ကူသော ပုဂ္ဂလိကဘဏ်တစ်ခုတွင် Joint Account (ငွေထုတ် require both signatures) ဖွင့်ရန်
 ငွေသွင်းရမြန်ဆန်သက်သာသော အွန်လိုင်းအကောင့်ဖြစ်လျှင် ပိုအဆင်ပြေမည်ဟု အကြံပြုလို


စာရင်းကိုင်

မဝင်းစန္ဒါ



အလုပ်အမှုဆောင်များ

 ကိုအောင်ကျော်မိုး myatchitshin@googlemail.com
 ကိုစိုးနိုင် + မဒမ်စိုးနိုင် snsoenaing4@gmail.com
 ကိုလူစိမ်း ayethein90@gmail.com
 ကိုရဝေထွန်း yawaitun747@gmail.com
 ကိုသီဟအေးကျော်
 ကိုလွမ်းနေသူ lwan.nay.ya.thu.par@gmail.com
 ကိုမာဃလုင် + မဒမ်မာဃလုင် demonprince13@gmail.com
 မဝင်းစန္ဒါ winsandar124@gmail.com
 မသိမ့်သိမ့် + a Friend
 မအိမြတ်နိုးခင် EiMyatnoeekhin@gmail.com
 ဖုန်းဖြင့် မ Sabishii Hana
 ဖုန်းဖြင့် ကို ပေါင်ပေါင် eniweniw@googlemail.com
 အလုပ်အမှုဆောင်များဖိတ်ခေါ်လျက်ပါ။ (Myanma.ArunThit@groups.facebook.com သို့ ဆက်သွယ်စုံစမ်းပါရန်)


အမြဲတမ်းအဖွဲ့ဝင်

အလုပ်အမှုဆောင်များ + မြန်မာ့အရုဏ်သစ် ပရဟိတ အဖွဲ့၏ Facebook စာမျက်နှာတွင် လာရောက် အဆိုပြုကြသူများအမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်လိုသူများ https://www.facebook.com/groups/340617269342614/ တွင် ဝင်ရောက် ဆန္ဒပြုပါရန်...။



အစည်းအဝေး ဆုံးဖြတ်ချက်

 အမြဲတမ်းအဖွဲ့ဝင်များမှ တစ်လ ကျပ်တစ်ထောင်ကျ မတည်ရန်
 အမြဲတမ်းအဖွဲ့ဝင်များမှ မိမိပတ်ဝန်းကျင်တွင် လက်လှမ်းမှီသမျှ ကောက်ခံရန်
 ကောက်ခံရသမျှကို မြန်မာ့အရုဏ်သစ် ပရဟိတ အဖွဲ့၏ Facebook စာမျက်နှာတွင် လာရောက် မှတ်တမ်းတင်ရန်
 ထိုမှတ်တမ်းတင်ချက်ကို ဘဏ္ဍာထိမ်း နှင့် စာရင်းကိုင်မှ မှတ်သားရန်
 အမြဲတမ်းအဖွဲ့ဝင်များအနေနှင့် မိမိ၏ မတည်ငွေနှင့် ကောက်ခံရသမျှကို စာရင်းကိုင်မှတဆင့်သော်လည်းကောင်း အွန်လိုင်းစံနစ်ဖြင့် ဘဏ်အကောင့်သို့ တိုက်ရို်က် ထည့်သွင်းရန်
 အွန်လိုင်းစံနစ်ဖြင့် ဘဏ်အကောင့်သို့ တိုက်ရို်က် ထည့်သွင်းသည့်အခါ မြန်မာ့အရုဏ်သစ် ပရဟိတ အဖွဲ့၏ Facebook စာမျက်နှာမှတဆင့် အကြောင်းကြားရန်
 စာရင်းကိုင်သို့ လွဲသောငွဖြေစ်ပါက စာရင်းကိုင်မှ လက္ခံရရှိကြောင်းကို မြန်မာ့အရုဏ်သစ် ပရဟိတ အဖွဲ့၏ Facebook စာမျက်နှာမှတဆင့် အတည်ပြုရန်
 အလှူငွေ ကောက်ခံရရှိမှု အခြေအနေပေါ်မုတည်၍ လစဉ် (သို့မဟုတ်) အခါအားလျော်စွာ လှူဒါန်းသွားနိုင်ရန် အလုပ်အမှုဆောင်များမှ ကြိုးပမ်းအားထုတ်ရန်
 လတ်တလော Event အဖြစ်သတ်မှတ်ချက်မှာ ရခိုင်ဒေသ အဓိကရုဏ်းဖြစ်စဉ်ကြောင့် အခက်အခဲတွေ့နေသူများကို ကူညီရန်
 ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီရန် အခက်အခဲရှိသည့်အခါ စိတ်ချယုံကြည်ရသော အဖွဲ့အစည်းသို့ တဆင့်အပ်နှံ/လှူဒါန်းရန်

မြန်မာ့အရုဏ်သစ် ပရဟိတအသင်းသို့ စတင်လှူဒါန်းနိုင်ပါရန် အကြောင်းကြားခြင်း

``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း တွင်

လက်တွဲကူညီရန် ဆန္ဒပြုထားကြပါသော အမြဲတမ်းအဖွဲ့ဝင်များခင်ဗျာ ...



အသင်း၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက်

အဆွေတော်တို့၏ လှူဒါန်းငွေများကို ကောက်ခံသွားလိုပါသည် ခင်ဗျာ



သို့ဖြစ်ပါ၍ ``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း ကို ကိုယ်စားပြု ကောက်ခံပေးရန်

တာဝန်ပေးအပ်ထားသော အောက်ပါ အမှုဆောင်များနှင့် မိတ်ဆက်ပေးပါရစေ

မိမိနှင့် နီးစပ်ရာ အမှုဆောင်နှင့် ဆက်သွယ်၍ ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်၍

လှူဒါန်းနိုင်ပါကြောင်းကို အသိပေး အကြောင်းကြားအပ်ပါတယ်။



အလှူငွေကောက်ခံသူ အမှုဆောင်မှ အလှူငွေ လက်ခံရယူ၍ စာရင်းပြုစုပြီးပါက

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ Facebook Group စာမျက်နှာပေါ်တွင်

အချိန်နှင့် တပြေးညီ ဖေါ်ပြပေးမည် ဖြစ်ပါ၍

မိမိ၏ ကုသိုလ် အလှူဒါနကို စောင့်ကြည့် သာဓု အနုမောဒနာ ခေါ်နိုင်ပါရန်

ကြိုတင် အသိပေးအပ်ပါတယ် ခင်ဗျာ



လေးစားစွာဖြင့်
``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း အမှုဆောင်အဖွဲ့


အသင်းကိုယ်စားပြု ကောက်ခံပေးရန် တာဝန်ပေးအပ်ထားသော အမှုဆောင်များစာရင်း
(အောက်တွင်ဖော်ပြပါ စာရင်းကို Attached တွဲထားသော ဖိုင်တွင်လည်း ဖတ်ရှုနိုင်ပါသည်။)


စဉ် ဒေသ အမည် နှင့် နစ်ခ် မန်ဘာ ID ဆက်သွယ်ရန် ဖုန်း Email

1 SINGAPORE/ SINGAPORE ကိုလင်းမင်းအောင် [Limit / Lin Min Aung] AR10002 +65 90621671 linminaung@gmail.com

2 ပဲခူးတိုင်း/ ဖြူး ကိုရဲလင်းအောင် [Ye Lin Aung] AR10045 0943045588 netfighter7@gmail.com

3 မန္တလေးတိုင်း/ မိတ္ထီလာ ကိုဘုန်းဇင်ဦး [Mater Bolarigege] AR10009 9450036642 phonezinoo@gmail.com

4 မန္တလေးတိုင်း/ အောင်မြေသာစံ ကိုမိုးကိုကို [မိုးကြီး] AR10040 09-402599913 wzaungmdy@gmail.com

5 မွန်ပြည်နယ်/ ကျိုက်ထို မဝင်းစန္ဒာထွေး [Win Sandar] AR10001 973232164 winsandar124@gmail.com

6 ရန်ကုန်တိုင်း/ ကြည့်မြင်တိုင် ကိုဖြိုးတင့်နိုင် [Phyo Tint Naing/ phothakyar] AR10015 95041747 phothakyar001@gmail.com

7 ရန်ကုန်တိုင်း/ ဒဂုံမြို့သစ် ကိုကျော်ဇောလှိုင် [ကိုမာဃလုင် / Mar ga Luelin] AR10004 demonprince13@gmail.com

8 ရန်ကုန်တိုင်း/ ပန်းဘဲတန်း မနီနီအောင် [Royal Rose] AR10005 943054744 ms.nini2010@gmail.com

9 ရန်ကုန်တိုင်း/ မရမ်းကုန်း ကိုရဝေထွန်း [Ya Wai] AR10007 09-420000582 yawaitun747@gmail.com

09-43186585

09-49274861

01-664180

10 ရန်ကုန်တိုင်း/ မရမ်းကုန်း ကိုဧးသိမ်း [ကိုလူစိမ်း] AR10008 +95-94200-84842 ayethein90@gmail.com

11 ရန်ကုန်တိုင်း/ လှိုင်သာယာ ကိုစိုးနိုင် [Soe Naing] AR10010 973036329 snsoenaing4@gmail.com

12 ရန်ကုန်တိုင်း/ သာကေတ ကိုလွမ်းနေသူ [Fu Ryu] AR10012 973052532 lwan.nay.ya.thu.par@gmail.co

13 ရန်ကုန်တိုင်း/ သာကေတ မသိင်္ဂီနွယ် [မတိုင်ဂီ] AR10011 9450007063 ms.theinginwe@gmail.com

14 ရန်ကုန်တိုင်း/ အလုံ မသိမ့်သိမ့် [Ma Theint Theint] AR10014 9421096952 theinttheintoo@gmail.com

15 ဧရာဝတီတိုင်း/ ဟင်္သာတ ကိုကောင်းမြတ်ကိုကို [Lovely Joker] AR10013 95-09-8580370 lovely.lovelyjoker@gmail.com

အလှူငွေကောက်ခံသူမရှိသော ဒေသများ ရှိနေပါသေးသည်။ ထိုဒေသများမှ အလှူ့ရှင်များ တိုက်ရိုက် ထည့်ဝင်နိုင်ရန် ဘဏ်အကောင့်ကို မကြာခင် ကြေငြာသွားပါမည်။



``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း အကြောင်း ရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ်


မြန်မာ့ အရုဏ်သစ် ပရဟိတ လူမှုရေး အသင်း ၏ Fan Page စာမျက်နှာ

Friday, June 22, 2012

မိတ်ဆက်(၂)



``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း



(၁)

 မနေ့က တစ်နေကုန်ပင်ပန်းနေသဖြင့် ညပိုင်းတွင် ပုံမှန်အိပ်ယာဝင်ချိန်ထက်စောပြီး အိပ်ယာဝင်လိုက်သည်။ အဲဒီလို အိပ်ယာဝင်ချိန်စောသွားလို့လားမသိ မနက်ပိုင်း အရုဏ်တတ်ချိန်တွင် လန်းလန်း ဆန်းဆန်းနိုးနေသည်။ ဆက်မအိပ်ချင်တော့၍ အိပ်ယာမှ ထကာ ခြံအပြင်ထွက်ပြီး လမ်းပေါ်တွင် အရုဏ်ဦး၏ ရူ့ခင်းတို့ကို ခံစားနေမိသည်။


 အရုဏ်သစ်၏ လေပြေလေညှင်းတို့သည် လတ်ဆတ်လှသည်။


 အရုဏ်သစ် က ဘဝ၏ နွမ်းနယ်ပင်ပန်းမှုတို့ကို တဖန် လန်းဆန်းတတ်ကြွစေသည်။


 အရုဏ်သစ်က မနေ့က ပင်ပန်းဆင်းရဲခဲ့သမျှကို လျှော်ဖွတ်သန့်စင်စပြေီး ခွန်အားသစ်တို့ ရစေသည်။


 အရုဏ်သစ် က မောပန်းနွမ်းနယ်နေသော ဘဝဒုက္ခတွေကို မေ့ပျောက်စေခဲ့သည်။


 အရုဏ်သစ် က စိတ်သစ်၊ လူသစ်၊ ခွန်အားသစ် တို့ကို အသစ်တစ်ဖန် မွေးဖွားစေခဲ့သည်ဆိုလျှင်------


(၂)

 ကျွန်တော်တို့မိသားစုက ထုံးစံအတိုင်း တီဗွီ စီးရီးတွေကို ကြည့်လျှင် ကိုးရီးယား ဒရမ်မာ ကားများကို ကြိုက်ကြသည်။ ကျွန်တော်ကတော့ တမူထူးခြားစွာ တောရိုင်းတိရိစ္ဆာန်တို့၏ ဘဝရှင်သန်မှု အလေ့အထတွေကို ရိုက်ကူးတင်ဆက်ပြသော NGC Wild အစီအစဉ်ကိုကြိုက်သည်။ ထိုအစီစဉ်ကို ကြည့်ရင်း ရင်ထဲတွင် ခံစားချက်တစ်ခု စွဲကျန်နေခဲ့သည်။ အခြားမဟုတ်ပါ။ တိရိစ္ဆာန်တို့၏ သဘာဝတွင် အစာကို ကိုယ်တိုင်ရှာဖွေစားသောက်ရင်း အသက်အရွယ်ကြီးရင့်၍ အစာကို ရှာမစားနိုင်လောက်အောင် အိုမင်းရင့်ရော်သောအခါ အစာရေစာ ရှာမစားနိုင်သဖြင့် ငတ်ပြတ်ကာ အသက်သကြေရခြင်း နှင့် မိခင်၏ စောင့်ရှောက်မှု မလွတ်ကင်းသေးသော သားပေါက်များ၏ ဘဝတွင်လည်း မိခင်သည် အခြားသားရဲ ကြီးများ၏ သတ်ဖြတ်စားသောက်ခြင်းကို ခံရလျှင် ထိုသားပေါက်ကလေးများမှာလည်း ရှာဖွေကြွေးမည့် မိခင်မရှိသဖြင့်၊ အကာအကွယ်ပေးမည့် မိခင်သေဆုံးသွားသဖြင့် သူတို့လည်း သေကျေပျက်စီးကြရသည့် မြင်ကွင်းတို့ပင်ဖြစ်သည်။


 ကျွန်တော်တို့ လူသားတွေရော----


 အကြောင်းအမျိုးမျိုးကြောင့် သားထောက်သမီးခံမရှိပဲ ကိုယ်တိုင် ရှာဖွေစားသောက်နိုင်စွမ်း မရှိတော့သော သက်ကြီးရွယ်အို မှီခိုရာမဲ့ ဘိုး၊ ဘွားများ------


 အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့သွားရရှာသော အရွယ်မရောက်သေးသည့် လူမမယ် ကလေးသူငယ်များ------------


 သဘာဝဘေး အန္တရယ် နှင့် စစ်ဘေး စစ်ဒဏ်ကြောင့် အတိဒုက္ခရောက်ကာ ရှာဖွေလုပ်ကိုင်စားသောက်ဖို့ ထက် ရှင်သန်ဖို့ပင် မလွယ်ကူသော အပြစ်မဲ့ပြည်သူများ-----


 အရွယ်ရောက်၍ ရှာဖွေစားသောက်နိုင်လင့်ကစား မိဘ ညီအကိုမောင်နှမ လုံးဝမရှိပဲ တစ်ကောင်ကြွက် ဥတစ်လုံး ဘဝဖြင့် ယုတ်ညံ့သော လူသားအချို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရသော အားငယ်နေသည့် သူများ--


 ထိုထိုသောသူများကို ကျွန်တော်တို့ မြန်မာ့အရုဏ်သစ် ပရဟိတ အဖွဲ့မှ အုတ်တစ်ချပ်သဲတစ်ပွင့် ပင်ဖြစ်ပါစေ တတ်စွမ်းသောအားဖြင့်--


 အရဏ်သစ်၏ လင်းရောင်ခြည်ကဲ့သို့ ခွန်အားသစ်တို့ တစ်ဖန်ဖြစ်စေမည်။


 အရုဏ်သစ်၏ လေနုအေးသို့ လန်းဆန်းမှုတို့ကို တစ်ဖန်ဖြစ်စေမည်။


 အရုဏ်သစ်၏ နခြေည်နုကဲ့သို့ တတ်ကြွမှုတို့ကို တစ်ဖန်ဖြစ်စေမည်။


 အရုဏ်သစ်၏ လင်းကြက်တွန်သံကဲ့သို့ နိုးထလာသော ဘဝများအတွက် နှိုးဆော်ပေးမည်။


 အရုဏ်သစ်၏ မျှော်လင့်ချက် ခွန်အားများ နှင့်အတူ ``မြန်မာ့အရုဏ်သစ်``ပရဟိတအဖွဲ့ကို ကျွန်တော်တို့ အွန်လိုင်း သူငယ်ချင်းအပေါင်းအသင်းများ စိတ်တူ ကိုယ်တူ ဝန်ထုတ်ဝန်ပိုး မဖြစ်သော တာဝန်ယူမှုများနဲ့ ``အားငယ်သူ အားပေးပါ--- လဲနေသူ ထူပေးပါ`` ဟူသော မြန်မာစိတ်ထား တို့ဖြင့် ဆက်လက် ရှင်သန်ကြစေလိုကြောင်း နှိုးဆော် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား။


ကိုစိုးနိုင်


နောက် ကျွန်တော် အားသန်တာ ကစ်ခုက သွေးလှူတာဘဲ။ သွေးလှူဖို့ အတွက် လုပ်ချင်တယ်ဗျ။ (အဆိုပြုချက်)
****လူ့ဘဝ တွင် လူတွေသည် လိုအပ်ချက်များ များပြားလှလေရာမှ မိမိတို့သည် ပေးရန်မေ့နေတတ်ကြသည်။ ****
မိမိ တတ်နိုင်သည့်ဘက်မှ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ရင်တောင် ကျေနပ်မိပါတယ်။



လွမ်းနေသူ


အရုဏ်သစ် ဆို တာ နေ့သစ်အနာဂတ် ကို ခွန်အားနဲ့ မွေးဖွား ပေးမဲ့ အစ ပါ။ တိုးတက်ပွင်းလန်းလာတော့ မဲ့ မြန်မာ့အရုဏ်သစ် အတွက် လူငယ်တွေ စုစည်းပြီး မြန်မာ့အရုဏ်သစ် ဆိုတဲ့ ပရဟိတအသိုက်အဝန်းလေး တစ်ခု ဖန်တီးတည်ထောင်ခဲ့ပါပြီ။ မြန်မာပြည်အတွက် ပိုမို ငြိမ်းချမ်းကောင်းမွန်တဲ့ အနာဂတ် နှစ်ကာလတွေ ရာစုတွေ ကို ဖန်ဆင်းဖို့ အတွက် ကျွန်တော်တို့ ရဲ့ မေတ္တာလက်များ ကရုဏာနှလုံးသားများ နဲ့ အတူတစ်ကွ လက်တွဲဝန်းရံ ရုန်းကန်တည်ဆောက်ကြပါစို့။


  


  


  


  


ကိုလင်းထက်ဆွေ(ခ) ကိုအောင်ကျော်မိုး


မြန်မာ့အရုဏ်သစ်၊ ပျိုးလုလု ရောင်နီ၊ လင်းလက်တော့မည့် နံက်ခင်း၊ တေးသီနေသော ငှက်ကလေးများ မြင်ရတော့မည့်အချိန်။ မျိုးဆက်သစ်တို့အတွက် ကောင်းမွေကို လက်ဆင့်ကမ်းနိုင်ဘို့ လက်ကမ်းကြိုလင့်တဲ့ ကဏ္ဍတစ်ခုမှာ တစ်ထောင့်တစ်နေရာက တို့များ တတ်အားသမျှ ကြိုးပမ်းကြပါစို့ ...။


/လူစိမ်း @ ဧးသိမ်း/

မိတ်ဆက်(၁)



မြန်မာ့အရုဏ်သစ် ပရဟိတလူမှုရေးအသင်း



ဒီကမ္ဘာပေါ်မှာ--------


အချို့က-----ဆာလောင်မွတ်သိတ်မှုတွေနဲ့ ရှင်သန်နေရတယ်။


အချို့က-----ပိုလျှံစွန့်ပစ်မှုတွေနဲ့ အစာအာဟာရတွေ လေလွင့်နေတယ်။



အချို့က-----ကြယ်မြင် လမြင် လေ-မိုး တွေနဲ့ ယဉ်ပါးနေရတယ်။


အချို့က-----နန်းတော်ကြီးတစ်ခုအလား ရာသီဥတုဒဏ်နဲ့ အဆက်ဖြတ်ထားတယ်။



အချို့က-----ဘာမဟုတ်တဲ့ ရောဂါလေးအတွက် အသက်တွေပေးဆပ်နေရတယ်။


အချို့က----ဘာမဟုတ်တဲ့ ရောဂါလေးအတွက် ငွေသိန်းပေါင်းများစွာသုံးစွဲ နကြေတယ်။


အချို့က-----ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အင်္ကျီကို ဂရုတစို်က် ဖာထေးဝတ်ဆင်နေရတယ်။


အချို့က-----ပကာသန တံဆိပ်တွေတပ်ထားတဲ့ အင်္ကျီကို ငွေသိန်းချီပေးပြီး မာန်တတ်နကြေတယ်။


အချို့က-----ကြိမ်ဖန်များစွာပြတ်ထားတဲ့ ဘိနပ်ကို တွယ်ချိတ်တပ် စီးနကြေရတယ်။


အချို့က-----ကိုယ်စီးတဲ့ကားနံပါတ်ကိုတောင် မမှတ်မိတော့လောက်အောင်ထည်လဲစီးနကြေတယ်။


အချို့က-----ဝမ်းစာရေးနဲ့ မိအိုဖအိုတို့ကို လုပ်ကြွေးဘို့ခန္ဓာကိုယ်ကိုရင်းပြီး ချောင်ထဲမှာငိုနေရတယ်။


အချို့က-----မိဘရှာဖွေထားတဲ့ငွေနဲ့ နိုက်ကလပ်သွား - နိုင်ငံရပ်ခြား ရှော့ပင်းထွက်ဝယ်နကြေတယ်။


အချို့က-----တစ်နေကုန် ချွေးဒီးဒီးကျမှ ငပိရည်နဲ့ ကန်ဇွန်းရွက်ကျော်စားပြီး တင်းတိမ်နေရတယ်။


အချို့က-----ဂေါက်ရိုက်နေရင်းတောင် ငွေသိန်းထောင်ချီ ဝင်နကြေတယ်။


အချို့က------------------------------------


အချို့က------------------------------------


``မြန်မာ့အရုဏ်သစ်``ဆိုတာ


မတူညီတဲ့ အလွှာနှစ်ခုကြား


မေတ္တာ၊ ဂရုဏာ တွေနဲ့ ဖွဲ့စည်းထားတဲ့

``ပေါင်းကူးတံတား`` လေးပါပဲ။