Facebook

Showing posts with label ကျေးဇူးတင်လွှာ. Show all posts
Showing posts with label ကျေးဇူးတင်လွှာ. Show all posts

Saturday, June 20, 2015

အညာသား အမည်မဖော်လိုသူရေ လိုတဲ့ပန်းတိုင်ရောက်ပါစေ ကကြီးမှာ အဆင်ပြေပါစေ...

မြန်မာ့အရုဏ်သစ်ကို အလှူငွေများလှူဒါန်းတဲ့အခါ ကြငြောရခြင်းရည်ရွယ်ချက် ၃ ချက်ရှိပါတယ်။


၁။ ကြားသိတဲ့သူများ သာဓုခေါ် ဝမ်းသာခြင်းဖြင့် ကုသိုလ်ရစေရန်

၂။ ပွင့်လင်းမြင်သာမှုတွင်အထောက်ကူပြုစေရန်

၃။ လှူဒါန်းလိုသူများကို သာဓုခေါ် မေတ္တာဓာတ် ကုသိုလ်ကံရစေရန် ဖြစ်ပါတယ်


အညာသား အမည်မဖော်လိုသူရေ မင်းကောင်မလေးနဲ့မြန်မြန်နီးစပ်ပါစေ လိုတဲ့ပန်းတိုင်ရောက်ပါစေ ကကြီးမှာ အဆင်ပြေပါစေ




by Soe Naing 

Saturday, November 29, 2014

ဒေါ်ခင်လင်းအေး(တရားလွှတ်တော်ရှေ့နေ)မှ အလှူငွေကျပ် ၂၀၀၀၀(နှစ်သောင်းကျပ်)တိတိအား လှူဒါန်း

ဒေါ်ခင်လင်းအေး(တရားလွှတ်တော်ရှေ့နေ)မှ ၆.၁၂.၂၀၁၄ အလှူအတွက် သဒ္ဒါတရားကြွယ်ဝစွာဖြင့် အလှူငွေကျပ် ၂၀၀၀၀(နှစ်သောင်းကျပ်)တိတိအား လှူဒါန်းသွားပါသဖြင့် သံတရာတလျောက်လုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပစ္စည်းဥစ္စာချမ်းသာခြင်းတို့ ပြည့်စုံစေကြောင်း ဆုမွန်ကောင်းတောင်း၍ သာဓု (၃)ကြိမ် ခေါ်ဆိုလိုက်ပါသည် ဒူ..ဝေ..ဝေ..ဝေ.............

Saturday, August 16, 2014

ဤဂုဏ်ပြုလွှာကို လေးစားစွာ မှတ်တမ်းတင် ချီးမြှင့်အပ်ပါသည်။ August 01, 2014



အလှူရှင်အမည် ဦးခင်မောင်ကျော်+ဒေါ်စုစုမင်း နှင့် ညီမ မမာမာမြင့် တို့မိသားစု

နေရပ်လိပ်စာ တာချီလိတ်မြို့
အလှူတော်ငွေ ကျပ် 1,600,000.00 (စာဖြင့် ကျပ်တစ်ဆယ့်ခြောက်သိန်း တိတိ)
အလှူရှင်၏ ဆန္ဒ

မြန်မာ့စိမ်းလန်းမြေ ပရဟိတ မိဘမဲ့ဂေဟာ (လှည်းကူး)သို့
ဖယ်ရီတစ်စီးလှူဒါန်းရန် ပင်မပဒေသာပင်အဖြစ် မတည်လှူဒါန်းငွေ

လှူဒါန်းသည့်နေ့စွဲ Friday, August 01, 2014

အထက်ပါကုသိုလ်ရှင်ထံမှ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်းသို့ ကွယ်လွန်သွားကြပြီ ဖြစ်သော မိဘများ (ဦးမြင့်ဆွေ+ဒေါ်တင်ကြည်) (ဦးစံမင်း) အား ရည်စူး၍ ရောက်ရာဘုံဘဝမှ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါရန် သဒ္ဓာတရား ထက်သန်စွာ လှူဒါန်းပါသဖြင့် အသင်းအဖွဲ့မှ သာဓု၊ အနုမောဒနာခေါ်ကာ မှတ်တမ်းတင်အပ်ပါသည်။

ဤကောင်းမှုကုသိုလ်ကို အစဉ်အမြဲ သတိရပွားများပြီး စာဂါနုဿတိ အစဉ်ကြည်နူးဝမ်းမြောက်နိုင်ကြစေရန် အနုမောဒနာဖြင့် ဤဂုဏ်ပြုလွှာကို လေးစားစွာ မှတ်တမ်းတင် ချီးမြှင့်အပ်ပါသည်။



အမှုဆောင်အဖွဲ့ (ကိုယ်စား)
(ဖုန်း ဝ၉-၄၂၁၀-၁၆၂၃၁)
(ဖုန်း ဝ၉-၄၂၀၀-၈၄၈၄၂)


မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း

https://www.facebook.com/groups/Myanma.ArunThit.Org/
Email : myanma.arunthit@gmail.com

 

Wednesday, December 5, 2012

ကျေးဇူးအထူး တင်ရှိပါကြောင်း

★☆★☆★☆★☆★☆★☆
နို-၂၈ တန်ဆောင်မုန်း လပြည့်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်
မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို စုပေါင်းသွေးလှူဒါန်းသူ ၂၀၀ ကျော်၊ ကူညီဆောင်ရွက်သူ ၂၀ ဦးခန့်ဖြင့် အောင်မြင်စွာ ကျင်းပ င်္ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ စုပေါင်းသွေးလှူဒါန်းသူ Online+Offline မန်ဘာနှင့် စေတနာ သွေးအလှူ့ရှင်များ၊ ရပ်နီးရပ်ဝေးမှ အကြံဉာဏ်ပေး၊ စီစဉ်ဆောင်ရွက်ပေးသော၊ လိုက်လံအားပေးကြသော မြန်မာ့အရုဏ်သစ်၏အဖွဲ့ဝင်များ၊ သွေးအလှူခံပေးသော ပုညကုသလ ဗဟုကရအသင်း နှင့် သွေးလှူဘဏ်မှ ဆရာဆရာမ အပေါင်းတို့အား မြန်မာ့အရုဏ်သစ် မိသားစုမှ ကျေးဇူးအထူး တင်ရှိပါကြောင်း.....။

ဓာတ်ပုံမှတ်တမ်း (၁)
http://myanmaarunthit.weebly.com/
ဓာတ်ပုံမှတ်တမ်း (၂)
https://www.facebook.com/media/set/?set=oa.396391370431870&type=1