Facebook

Sunday, November 30, 2014

မောင်ဇွေဲဝယံ၊ ချစ်သူ နှင့် Facebook သူငယ်ချင်းများတစု၏ ကုသိုလ်

မိဘနှစ်ပါး အမှူးထားပြီး မောင်ဇွေဲဝယံ၊ ချစ်သူ နှင့် Facebook သူငယ်ချင်းများတစုက မွန်ပြည်နယ် သထုံမြို့ ပေါ်တော်မူကျေးရွာရှိ ကျောက်လုံးကြီး ဘုန်းကြီးကျောင်းအတွက် အလှူတော်ငွေ 30,000/- တိတိ ကိုလှူဒါန်းထားပါသည်။ သာဓု သာဓု သာဓုပါဗျာ။ အလှူရှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာပီး လိုတိုင်းတ တတိုင်းရနိုင်တဲ့သူဖြစ်ပါစေဗျာ။ ချစ်သောသူနဲ့လည်း ဆုံဆည်းနိုင်ပါစေ။ — with Cra Zi Ly, Goodluck Zaw, ဇြဲေဝ ယံ, Pyephyo Hlaing, Soe Naing, သိ ဂႌ, Ko Gyii Lu Zein, Yee Nwe and Ko Phothakyar. by သမု ဒယ
 

မိဘနှစ်ပါးအမှူးထားလှူဒါန်းပါသည်။

Saturday, November 29, 2014

ရန်ကုန်မြို့ အမျိုးသားသွေးလှူဘဏ်မှ ဆရာမကြီး ဒေါက်တာဒေါ်ခင်ခင်ထွေး အမှုးပြု၍ ကျပ်တစ်သိန်းတိတိ ပါဝင်လှူဒါန်း



တန်ဆောင်မုန်းလပြည့်နေ့ ၂၀၁၄ခု နိုဝင်ဘာလ(၆)ရက် တွင်ကျင်းပသော မြန်မာ့အရုဏ်သစ်၏ အဌမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ဝေယျာဝစ္စသုံးရန်အတွက် ရန်ကုန်မြို့ အမျိုးသားသွေးလှူဘဏ်မှ ဆရာမကြီး ဒေါက်တာဒေါ်ခင်ခင်ထွေး အမှုးပြု၍ ကျပ်တစ်သိန်းတိတိ ပါဝင်လှူဒါန်းကုသိုလ်ပြုပါသဖြင့် မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း(အွန်လိုင်း) မှ ဝမ်းမြောက်ဝမ်းသာ သာဓုနုမောဒနာ ခေါ်ဆိုအပ်ပါသည်။

ဒေါ်ခင်လင်းအေး(တရားလွှတ်တော်ရှေ့နေ)မှ အလှူငွေကျပ် ၂၀၀၀၀(နှစ်သောင်းကျပ်)တိတိအား လှူဒါန်း

ဒေါ်ခင်လင်းအေး(တရားလွှတ်တော်ရှေ့နေ)မှ ၆.၁၂.၂၀၁၄ အလှူအတွက် သဒ္ဒါတရားကြွယ်ဝစွာဖြင့် အလှူငွေကျပ် ၂၀၀၀၀(နှစ်သောင်းကျပ်)တိတိအား လှူဒါန်းသွားပါသဖြင့် သံတရာတလျောက်လုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပစ္စည်းဥစ္စာချမ်းသာခြင်းတို့ ပြည့်စုံစေကြောင်း ဆုမွန်ကောင်းတောင်း၍ သာဓု (၃)ကြိမ် ခေါ်ဆိုလိုက်ပါသည် ဒူ..ဝေ..ဝေ..ဝေ.............

သမုရဲ့ချစ်လှစွာသော ဒေါ်လေးက အလှူငွေ 3,000/- ကျပ်တိတိလူဒါန်း

သမုရဲ့ချစ်လှစွာသော ဒေါ်လေးက အလှူငွေ 3,000/- ကျပ်တိတိလူဒါန်းပါသည်။ ဒေါ်လေးတယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာပီး လိုတိုင်းတ တတိုင်းရနိင်ပါစေဗျာ။  by သမု ဒယ

Friday, November 28, 2014

လှူဒါန်းသူအလှူရှင်များ ကျန်းမာချမ်းသာပါစေ

မြန်မာ့အရုဏ်သစ်ပရဟိတလူမှု့ကူညီရေးအဖွဲ့အတွက် လစဉ်မတည်ငွေ များကို အလှူရှင်များဖြစ်ကြသော -
ကို Kyaw Linn မှ ၅၀၀၀ ကျပ် (For Nov-2014) အတွက်
ကိုမင်းသိန်းမှ ၅၀၀၀ ကျပ် (For Aug to Dec-2014) အတွက်
မတင်မေရီ မှ ၂၀၀၀ ကျပ် (For Oct, Nov-2014) အတွက်
မ ချယ် မှ ၂၀၀၀ ကျပ် (For Oct, Nov-2014) အတွက် အသီးသီးလှူဒါန်းပါတယ်။
" သာဓု သာဓု သာဓု " ပါ လှူဒါန်းသူအလှူရှင်များ ကျန်းမာချမ်းသာပါစေ။

Monday, November 24, 2014

သထုံမြို့၊ "ကျောက်လုံးကြီးဘုန်းတော်ကြီးပညာသင်ကျောင်း" နှင့် မော်လမြိုင်မြို့ ကင်းရွာ "ပရဟိတလူငယ်ကျောင်း" သို့ သွားရောက်လှူဒါန်းရန် ဖိတ်ကြားခြင်း

မွန်ပြည်နယ်၊ သထုံမြို့၊ ပေါ်တော်မူကျေးရွာရှိ " ကျောက်လုံးကြီးဘုန်းတော်ကြီးပညာသင်ကျောင်း"၏
စာသင်သာမဏေ(၈)ပါးနှင့်၊ ကျောင်းသား/သူ(၁၅၄ယောက်) (သူငယ်တန်းမှလေးတန်းထိ)အတွက် အရေးတကြီး လိုအပ်လျှက်ရှိသော လျှပ်စစ်မီး၊ ကျောင်းအသုံးအဆောင် ပရိဘောဂ (စာအုပ်ထည့်ရန်ဘီဒို၊ စာသင်ဘော)၊ တနေ့တာအာဟာရဒါနနှင့် အဝတ်အထည်များ လှူဒါန်းခြင်း။ မော်လမြိုင်မြို့ ကင်းရွာ "ပရဟိတလူငယ်ကျောင်း" ရှိ မိဘမဲ့စာသင်သား ကိုရင်(၅၄ပါး)အတွက် သင်္ဃန်း(၅၄စုံ)၊ စုစုပေါင်းလှူဒါန်းရန် တန်ဖိုးငွေ ကျပ်2000000/-(ကျပ်သိန်းနှစ်ဆယ်ခန့်)အား "မြန်မာ့အရုဏ်သစ်ပရဟိတ(အွန်လိုင်း) လူမှုကူညီရေးအဖွဲ့"မှ 20.12.2014(စနေနေ့)တွင် သွားရောက် လှူဒါန်းကြမည်ဖြစ်ပါသည်။
သို့ပါ၍ စေတနာရှင် သူငယ်ချင်း၊ ညီအကို၊ မောင်နှမများမှ မိမိတတ်အားသရွေ့ အလှူတော်ငွေများအား ထည့်ဝင်ကူညီပေးကြပါရန်နှင့်၊ လှူဒါန်းမှုဒါနအစုစုအတွက် အတူတကွမုဒိတာပွားများနိုင်ရန် လိုက်ပါနိုင်ကြပါကြောင်း နိဗ္ဗာန် အကျိုးမျှော်နိုးဆော်အပ်ပါသည် သဒ္ဒါကြည်လင်ပါရမိရှင် အပေါင်းတို့ခင်ဗျား.........

ပြည့်ဖြိုးလှိုင်
(မြန်မာ့အရုဏ်သစ်)

ဆက်သွယ်ရန်...

November 2014 လအတွက် မတည်ငွေများ လှူဒါန်း

မြန်မာ့အရုဏ်သစ် ပရဟိတလူမှုကူညီရေးအသင်းသို့ November 2014 မတည်ငွေများအဖြစ်
ကိုကျော်ဇင်လတ် (HTC)မှ ၁၀၀၀ကျပ်၊ မစန္ဒါဝင်း (HTC) မှ ၁၀၀၀ကျပ်၊ ကိုငြိမ်းချမ်းနိုင် (HTC) မှ 5000ကျပ် တို့ကို အသီးသီးလှူဒါန်းသွားကြပါတယ်။
ယခုလိုလှူဒါန်းရသောအကျိုးအားကြောင့် လိုအင်ဆန္ဒများပြည့်စုံကြပါစေလို့ မြန်မာ့အရုဏ်သစ်အဖွဲ့ကိုယ်စားဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျ။
by
Aye Min Oo