Facebook

Sunday, July 29, 2012

စုပေါင်းသွေးလှူဒါန်းတဲ့နေ့ လှိုင်သာယာ စုရပ်မှာ နံက်စောစော တက်တက်ကြွကြွ

``မြန်မာ့ အရုဏ်သစ်`` (အွန်လိုင်း) ပရဟိတ လူမှုကူညီရေး အသင်း  သွေးလှူဒါန်းမှု မှတ်တမ်းပုံများ

Copyright (c) ``မြန်မာ့ အရုဏ်သစ်`` (အွန်လိုင်း) ပရဟိတ လူမှုကူညီရေး အသင်း

မိတ်ဆက်
``မြန်မာ့ အရုဏ်သစ်`` (အွန်လိုင်း) ပရဟိတ လူမှုကူညီရေး အသင်း
https://www.facebook.com/groups/Myanma.ArunThit.Org
အသင်း အကြောင်း ရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ်
https://www.facebook.com/groups/Myanma.ArunThit.Org/members/
အသင်း ၏ Fan Page စာမျက်နှာ
https://www.facebook.com/Myanma.ArunThit.page
အသင်းကိုယ်စားပြု ကောက်ခံပေးရန် တာဝန်ကျ အမှုဆောင်များစာရင်းကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
https://docs.google.com/spreadsheet/ccc?key=0Au8_XYy82xrgdFJMbGprY0Zmbk4tTWJySjZvdzdVMGc
မန်ဘာအသစ်လျှောက်လွှာဖြည့်စွက်၊ တင်ရန် နေရာ
https://docs.google.com/spreadsheet/embeddedform?formkey=dDdEenZQX19JSEVIckFVRXFIdmVWTUE6MQ
အမှုဆောင်နှင့် အလှမ်းဝေးသူများ၊ ရပ်ဝေးမှ ငွေလှူဒါန်းလိုသူများ ဒီမှာ ဝင်ကြည့်ပါရန်....
https://docs.google.com/spreadsheet/viewform?formkey=dHlKbk81Q0tWZU5Qb2tBUE5aVnBKYUE6MA

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ သွေးလှူဒါန်းမှု မှတ်တမ်းပုံများ

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ သွေးလှူဒါန်းမှု မှတ်တမ်းပုံများ ဖြစ်ပါတယ်

2012 July 29.  at CMA

Copyright (c)  ``မြန်မာ့ အရုဏ်သစ်`` (အွန်လိုင်း) ပရဟိတ လူမှုကူညီရေး အသင်း


မိတ်ဆက်
``မြန်မာ့ အရုဏ်သစ်`` (အွန်လိုင်း) ပရဟိတ လူမှုကူညီရေး အသင်း
https://www.facebook.com/groups/Myanma.ArunThit.Org
အသင်း အကြောင်း ရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ်
https://www.facebook.com/groups/Myanma.ArunThit.Org/members/
အသင်း ၏ Fan Page စာမျက်နှာ
https://www.facebook.com/Myanma.ArunThit.page
အသင်းကိုယ်စားပြု ကောက်ခံပေးရန် တာဝန်ကျ အမှုဆောင်များစာရင်းကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
https://docs.google.com/spreadsheet/ccc?key=0Au8_XYy82xrgdFJMbGprY0Zmbk4tTWJySjZvdzdVMGc
မန်ဘာအသစ်လျှောက်လွှာဖြည့်စွက်၊ တင်ရန် နေရာ
https://docs.google.com/spreadsheet/embeddedform?formkey=dDdEenZQX19JSEVIckFVRXFIdmVWTUE6MQ
အမှုဆောင်နှင့် အလှမ်းဝေးသူများ၊ ရပ်ဝေးမှ ငွေလှူဒါန်းလိုသူများ ဒီမှာ ဝင်ကြည့်ပါရန်....
https://docs.google.com/spreadsheet/viewform?formkey=dHlKbk81Q0tWZU5Qb2tBUE5aVnBKYUE6MA

Photo Albums: 2012 Jul 29 စုပေါင်းသွေးလှူဒါန်းပွဲ (ပထမအကြိမ်)

2012 Jul 29 စုပေါင်းသွေးလှူဒါန်းပွဲ (ပထမအကြိမ်)ဓာတ်ပုံများ

Friday, July 27, 2012

သူငယ်ချင်းဖတ်ဘို့

 
 
သူငယ်ချင်းဖတ်ဘို့-----


အတ္တနဲ့ ပရကြား
လွန်းရထားလေးလိုသွားရင်း
ရင်တွင်းက ချဉ်ခြင်းတို့ကင်းလျှက်
ကဗျာမစပ်မိတာ---
ရက်တော်တော်ကြာသွားပြီပဲ။
သူငယ်ချင်းရေ-----
ငါစဉ်းစားမိတယ်
လူတော်တော်များများဟာ
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
အတ္တဆိုတဲ့ရထားနဲ့
``ငါ--- ငါ----ငါ`` ဆိုတဲ့တေးသွားညီးပြီး
ကိုယ့်ရမ္မက်ကို ကိုယ်ဖြေသိမ့်ဖို့ကြိုးစားရင်း
ဘဝတွေ ဘဝတွေ နေဝင်ခဲ့တာ
ပင်လယ်ကမ်းစပ်က
သဲသောင်ပြင်ကြီးထက် မကပဲနော်-----။
အတ္တဟိတ နဲ့ ပရဟိတ ဆိုတာ
လိမ္မာယဉ်ကျေး တဲ့ လူ့ပါတ်ဝန်းကျင်က
ကောင်းမြတ်တဲ့ဓလေ့စရိုက်လေးပါပဲ
သူငယ်ချင်း---
ငါကြားဖူးသေးတယ်
ငရဲဘုံဆိုတာ--
ကိုယ့်အတွက်ကို အာဟာရတွေ လုယူစားနေကြရင်း
ပူလောင် ကျပ်တည်း မွဲချောက် နေတဲ့ပါတ်ဝန်းကျင်ကြီးဖြစ်နေတယ်တဲ့။
နတ်ပြည်ဆိုတာကတော့
တစ်ဦးကိုတစ်ဦး အစာရေစာတွေ ပေးဝေစားသုံးနေကြရင်း
အေးမြငြိမ်းချမ်း ပြည့်ဖြိုးလျှံပယ်နေတဲ့ ပါတ်ဝန်းကျင်ကြီးဖြစ်နေတယ်ဆိုတယ်။
သူငယ်ချင်းရေ---
အဲဒါကို ငါယုံတယ်
အတ္တနဲ့ ပရ မျှတတဲ့ လောကကြီးသာ
အမှန်ပြည့်စုံတဲ့ ငြိမ်းချမ်းမှု သာယာမှု တွေဖန်တီးနိုင်မှာမို့
တို့သူငယ်ချင်းတွေ
လက်တွဲကြပြီး
မေတ္တာနဲ့ တည်ဆောက်ထားတဲ့
မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်းမှာ
အတူရှင်သန်ကြတာပေါ့။
 
 
— with U U Mhaw Sayar.

မြင့်မြတ်သောဒါန

 
 
 
လူ့အသက်ကို ကယ်တင်ခြင်းသည် အသက်ကိုပေးလှုခြင်းမည်၏။ ဥပမာ ရေနစ်နေသော လူတစ်ယောက်ကို ကယ်တင်ရန် ရေနစ်သူနှင့် မိမိ တိုက်ဆိုင်စွာတွေ့ဆုံရန်လိုအပ်သလို မိမိကလည်း ရေတွင်ကျွမ်းဝင်သော သူဖြစ်ရပေဦးမည်။ သို့မှသာ ထိုသူ၏အသက်ကိုကယ်တင်နိုင်ပေမည်။ ထို့ကြောင့် လူ့အသက်ကို ကယ်တင် ခြင်းသည် မလွယ်သော ဒုလ္လဘ ကိစ္စမျိုးဆိုက မမှား။

ကျွန်တော် ခွဲစိပ်ခန်း နှင့် ပထမဆုံး ရင်ဆိုင်ဖူးသည်မှာ ကျွန်တော့်အမျိုးသမီး ကျွန်တော့သား ကို ခွဲမွေးရန် သတ်မှတ်လိုက်သောအခါဖြစ်သည်။ ဒါတောင် ရုတ်တရက် ခွဲမည်ဟု ပြောခြင်းမဟုတ်ဘဲ ကိုယ်ဝန်ရင့်တာနှင့် ခွဲမွေးသင့်ကြောင်း ဆရာဝန်က သတ်မှတ်သဖြင့် အရေးပေါ်ခွဲစိပ်မှုမဟုတ်ပေ။ ဆရာဝန်က လိုလိုမယ်မယ် သွေးရှာထားပါဟု ပြောသောအခါ အတွေ့အကြုံမရှိသော ကျွန်တော်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဘာကို ဘယ်လိုဆက်လုပ်ရမှန်းလည်းမသိဖြစ်ခဲ့သည်။ သွေးက ဝယ်လို့ရတာမဟုတ်။ မိတ်ဆွေ ဆွေမျိုးထဲကလည်း သွေးတူဦးမှ သွေးတူတယ်ထားဦး လှုနိုင်တဲ့သွေးပေါင်ချိန် ကျမ်းမာရေးပြည့်စုံမှ။ ပြည့်စုံတယ်ထားဦး လှုချင်ဦးမှ။ တကယ့် အရေးပေါ်သွေးလိုလျှင် လှုနာရှင်တို့မှာ မျက်ပြူးဆန်ပြာ တုံတုံရီရီ ဖြင့် အားငယ် စိုးရွံ့စွာ ရှာဖွေရမည်ကို အရေးပေါ်မဟုတ်ပဲ သွေးရှာဖူးသူ ကျွန်တော် တွေးကြည့်စရာပင်မလို သိနေပါသည်။
အလှုဒါနထဲတွင် ငွေကြေး ပစ္စည်းဥစ္စာလှုဒါန်းခြင်း ထက် မိမိ၏ သွေးသား ကိုယ်အင်္ဂါလှုဒါန်းခြင်း က ပိုခက်ပါသည်။ ထို့ကြောင့် ရှင်တော်မြတ်ဘုရားက ပစ္စည်းဥစ္စာ လှုဒါန်းခြင်းကို ဒါနပါရမီ၊ ကိုယ်အင်္ဂါ သွေးသား လှုဒါန်းခြင်းကို ဒါနဥပ ပါရမီ ၊ အသက်လှုဒါန်းခြင်းကို ဒါန ပရမတ္တပါရမီဟု ဟောကြားခဲ့သည်။ သွေးလှုဒါန်းခြင်းမှာ ဒါနဥပ ပါရမီမြောက်ရုံသာမက အသက်လှုရာလည်းရောက်၍ ဒါနပရမတ္တပါရမီလည်း မြောက်ပေမည်ဟုကျွန်တော်ယူဆသည်။

ကျွန်တော်တို့ လာမည့် ၂၉ ရက် ဇူလိုင် တွင် လူ့အသက်ပေါင်း ၆၀ ခန့်ကို ကယ်တင်နိုင်သော အသက် ကယ်တင်မှု သွေးလှုပွဲ ဒါနဥပပါရမီကို ဝမ်းသာကြည်နူးစွာ ဖြည့်ဆီးကြပေမည်။ ကိုယ်တိုင် လှုဒါန်းရန် အခက်ခဲရှိသူတို့သည်လည်း တတ်နိုင်သည့်ငွေကြေးထောက်ပံ့ကာ သွေးလှုဒါန်းပွဲကို အထမြောက်အောင် အားပေးကူညီသဖြင့် ဒါနဥပ ပါရမီဖြည့်ဆည်းရာဖြစ်ပေမည်။ ဆေးရုံတွင် အရေးပေါ် ချက်ချင်း သွေးသွင်းရမည့် လူနာကို သွေးလှုရှင်ရှာချိန်ပေးနိုင်မည်မဟုတ်ပါ။ လတ်တလော ချက်ချင်းသွေးသွင်းမှ အသက်ကယ်နိုင်မည်မို့ ကျွန်တော်တို့ စုပေါင်းလူထားသော သွေးလှုဘဏ်မှ သွေးဖြင့် ကယ်တင်နိုင်မည်။ ထို့ကြောင့် ကျွန်တော်တို့ လှုဒါန်းမည့်သွေးသည် ဧကန်မုချ အသက်ကယ်သော သွေးဖြစ်နေလိမ့်မည်တည်း။

ထို့အပြင် ကျွန်တော်တို့ သွေးလှုရာ၌ မည်သူ့အတွက် ဟူသော ဆန္ဒဂတိ လုံးဝမရှိဘဲ အယုတ် အလတ် အမြတ် မရွေး အသက်ဘေးနှင့် ကြုံတွေ့နေသော လူသားအားလုံးကို ရည်ရွယ်လှုဒါန်းခြင်းဖြစ်၍လည်း သာလွန်မွန်မြတ်သော ဒါနဟု ကျွန်တော်ပြောရဲပါသည်။ ``သွေးသည်အသက် ၊ အသက်သည်သွေး`` ဆိုသော စကားကဲ့သို့ သွေးလှုခြင်းသည် အသက်လှုခြင်း(ဝါ) အသက်ကယ်တင်ခြင်းဖြစ်သဖြင့် မြင့်မြတ်လှသော စုပေါင်း သွေးလှုဒါန်းပွဲကို ကျွန်တော်တို့ မြန်မာအရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်း၏ ဒုတိယမြောက်ခြေလှမ်းအဖြစ် ကြိုးစားထမ်းရွက်သွားမည်ဖြစ်ကြောင်း အဘက်ဘက်က ကူညီလှုဒါန်း အားပေးသော အဖွဲ့ဝင်များ အလှုရှင်များကို ကတိပေးပါသည်။
ရလာမည့် ကုသိုလ်တရားအစုစုတို့ကိုလည်း ကြားကြားသမျှ ဝေနေယျအပေါင်းတို့အား ထပ်တူထပ်မျှ ရကြပါစေဟု ကြိုတင်အမျှပေး လိုက်ပါကြောင်း။

ငယ်ငယ်တုန်းက တင်ခဲ့တဲ့အကြွေး

 
ငယ်ငယ်တုန်းက တင်ခဲ့တဲ့အကြွေး


ကျွန်တော်သည် ငယ်ဘဝကို အမြဲတမ်းတလွမ်းမောတတ်သည်။ ငယ်ဘဝကို အိပ်မက်များ မက်သောနေ့ နံနက်တိုင်း ငူငူ ငိုင်ငိုင်ဖြစ်နေတတ်သည်။ လက်ရှိဘဝထက် ငယ်ဘဝကိုပျော်ရွှင်ခဲ့ခြင်းမှာ ငယ်ဘဝက ပြည့်စုံ လွန်းလှလို့မဟုတ်။ မိဘ၏ အရိပ်အာဝါသအောက်တွင် အပူပင်ကင်းစွာ လွတ်လပ်စွာ ပျော်မြူးခဲ့ရသည်။ မိုးတွေရွာတိုင်း မိုးရွာထဲမှာ ခုံပေါက်ကစားခဲ့တာတွေ ၊ မိုးဦးကျ ဖားအော်သံ ``အုံ``--- ``အင်`` ဟု လေးလေးတွဲ့တွဲ့ အော်မြည်သံတွေမှာ ယခုထိ နားစည်ထဲရိုက်ခတ်ဆဲ----။ကျွန်တော်တို့ရွာတွင် သက်ကြီးလင်မယားနှစ်ဦးဖြစ်သော ဦးအိမ်၊ ဒေါ်ဖွားမှီ ဆိုသည့်အဖိုးအဖွားလင်မယားရှိသည်။ ဖားအော်သံမှာ ``အုံ---အင် `` ဟု အသံမြည်သော်လည်း ကျွန်တော်တို့ကလေးတွေက ``ဦး--- အိမ်`` ဟုအသံပြောင်းပြစ်ကာ နောက်ကလိုအပ်နေသော အဖွား ဒေါ်ဖွားမှီကို ဖြည့်ပေးပြီး မိုးဦးကျ ဖားအော်လျှင် ``ဦး-- အိမ် -- ဒေါ်ဖွားမှီ`` ဟု နောက်ပြောင် ရွတ်ဆိုကြတာကိုလည်း အမှတ်ရဆဲပင်။

ဒီလိုနဲ့ အရွယ်လေးတွေရလာတော့ ပညာသင်ရင်း ကျွန်တော် ၆ တန်းအောင်သောနှစ်က ဖြစ်သည်။ မြစ်သားမြို့ ရုပ်ရှင်ရုံသွားသည့် လမ်းကြားလေးထဲတွင် ကျွန်တော့် သူငယ်ချင်းတစ်ဦးရှိသည်။ သူငယ်ချင်းဆိုသော်လည်း သူက ကျွန်တော့်ထက် တစ်တန်းငယ်သည်။ ကျွန်တော် ၆ တန်းအောင်တော့ သူက ခြောက်တန်းကို တတ်ရမည်။ သူတို့က မိသားစုကများပြီး ဆင်းရဲသည်။ ကျောင်းဆက်တတ်ရန် စာအုပ်စာတန်းများ မဝယ်နိုင်။ ဒီတော့ ကျောင်းဆက်တတ်ချင်သော ကျွန်တော့ သူငယ်ချင်းက သူ့ဖာသာ ကျောင်းစာအုပ်များကို နီးစပ်ရာ သူများထံ အကူအညီတောင်းသည်။
ကျွန်တော့်ဆီ ကျွန်တော်သုံးပြီးသား ပုံနှိပ်စာအုပ်များကို တောင်းသည်။ အမှန်တော့ ကျွန်တော်တို့မိသားစုလည်း အဆင်ပြေလှသည့် မိသားစုတော့မဟုတ်ပါ။ ကျွန်တော့်အောက် ညီလည်း နောက်နှစ်တွင် ခြောက်တန်းရောက်မည်။ ကျွန်တော်က မိဘကို သိသောအားဖြင့် ကျွန်တော့် စာအုပ်တွေကို ကျွန်တော့်ညီအလှည့်ရောက်လျှင် မဝယ်ရစေရန် သေချာ သိမ်းပြီးစလည်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က ညီကိုပေးရမည်မို့ မရကြောင်းပြောရာ အားတတ်သရော ရမည်ထင်ထားသော မျှော်လင့်ချက်များ ရုတ်တရက် ပျက်သွားသဖြင့် ချက်ချင်း စိတ်အားငယ်သွားသည့် မျက်နှာလေးကို ယနေ့ထိ မြင်ယောင်နေမိသည်။

ကျွန်တော့ညီ ၆ တန်းရောက်တော့ ကျွန်တော်သုံးပြီးသား ပုံနှိပ်စာအုပ်များ မသုံးချင်ဟု ဆိုသဖြင့် အသစ်ဝယ်ပေးရသည်။ အငယ်ဆုံးညီဖြစ်သည်။ ကျွန်တော့ သူငယ်ချင်းမှာမူ ထိုနှစ်က စ၍ ကျောင်းဆက်မတတ်တော့ ။ ဘဝတွင် ကျောင်းနေချင်သော ကလေးများ ရှိသော်လည်း ဘဝပေးအခက်ခဲများကြောင့် ကျောင်းဆက်မတတ်ရသူများစွာရှိပါသည်။ ကျွန်တော့မှာ ယနေ့အထိ နောင်တ ရ၍မဆုံး။ နောင် သူငယ်ချင်းနဲ့တွေ့တော့ အကျိုးအကြောင်းပြောပြ တောင်းပန်ရာ-- သူငယ်ချင်းက ရယ်ရယ်မောမောဖြင့် `` ရပါတယ် သူငယ်ချင်းရယ် အဲဒီအတွက်တော့ စိတ်မကောင်းမဖြစ်ပါနဲ့ မင်း အဲဒီနေ့က ငါ့ကို စာအုပ်ပေးရင်တောင် ငါ ကျောင်း ဆက်တတ်လို့မရပါဘူး။ ငါ့မိသားစု စားဝတ်နေရေး အတွက် ငါကျောင်းထွက်ပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် ရှာပေးရတယ်လေ---`` ဟု ကျွန်တော့ကို ဖြေသိမ့်စကား ပြောသော်လည်း စိတ်ထဲတွင် ငယ်ငယ်ကတည်းက တင်ခဲ့သော ထိုအကြွေးကို သတိရတိုင်း ဆင်းရဲနွမ်းပါးသော ကလေးများအား စာအုပ်ခဲတံများ ဝယ်ယူ လှုဒါန်းကာ ရသေ့စိတ်ဖြေနေရပါတော့သည်။


ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များအား လိုအပ်သော ကျောင်းသုံးစာအုပ်များကို လှုဒါန်းခြင်းဖြင့် ပညာဒါန ကိုဖြည့်ဆည်းကြပါရန် ကျွန်တော့မိတ်ဆွေများကိုလေးစားစွာ တိုက်တွန်းအပ်ပါသည်။

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း)

ရန်ကုန်မှာရွာတဲ့မိုး

 
ရန်ကုန်မှာရွာတဲ့မိုး ---

``ရန်ကုန်မိုး`` အုန်းဒိုင်းကျဲကာ ရွာသွန်းနေသည်ကို ကျွန်တော်လက်ပိုက် ကြည့်ပြီး သက်ပြင်းလေးလေးကြီး တစ်ချက်ကို ချမိသည်။ အော် --- ဒီမိုးတွေသာ အညာဒေသ မိုးခေါင်နေတဲ့ဆီ ရွာလိုက်ရင်ဖြင့်-----

ဒီနှစ်မိုးဦး အညာဒေသမှာ မိုးခေါင်သည်။ လူတွေအတွက် ကိစ္စမရှိသော်လည်း နွားစာ ပြောင်းရိုးခြောက်၊ ကောက်ရိုးခြောက်၊ မြေပဲပင်ခြောက် စသည့်အစာခြောက်များမှာ တစ်နွေစာပဲ လှောင်ထားသည်မို့ နွားစာတွေ ပြတ်ကုန်သည်။ ဒီတော့ တောထဲက နွားစားမည့်အပင်တွေကြီးတွေကို ချိုင်ခုတ်ကာ ကျွေးရသည်။ သစ်ပင်တွေ ကုန်သွားတော့ ရာသီက ပိုပူလာသည်။ တောငွေ့တောင်ငွေမရှိတော့ မိုးရွာဖို့မျှော်လင့်ချက်ပိုမဲ့ရသည်။ ဒီလိုနဲ့ ဂျာအေးသူ့အမေရိုက်သည့်အဖြစ်----
အညာသူ အညာသား ဆိုပြီး ရန်ကုန်ရော
က်စက ပတ်ဝန်းကျင်က ချစ်စနိုးစကြပြောင်ကြသည်။ အညာသားများက စကားအလွန်တတ်သဖြင့် ရန်ကုန်သူရန်ကုန်သားများ ကျွန်တော်နှင့် စကားနိုင်လုရတာကို သဘောကျသည်။ ကျွန်တော်ကလည်း ဘယ်တော့မှအရှုံးမပေး. မနိုင် နိုင်အောင် စကားနိုင်လုတတ်သည်။ အညာဟု ခြုံပြောသော်လည်း တကယ်တော့ အညာတွင်မှ ကျေးတောသား၊ ခရိုင်သား နှင့် မြို့သား ဟူ၍ သုံးမျိုးကွဲသေးသည်။ ကျေးတောသား ဆိုသည်မှာ ကန်ရေသောက် မြက်ခြောက်စားဟု နောက်ပြောင်အခေါ်ခံရသည့်အတိုင်း မိုးကို အထူးအားကိုး စိုက်ပျိုးရသောဒေသဖြစ်သည်။ မိုးရွာလျှင် စိုက်ပျိုးသီးနှံများ အထူးကောင်းမွန် ငွေရွှင်တတ်သော်လည်း မိုးခေါင်ရင်တော့ဖြင့် သုံးနှစ်လောက် လူမွှေးမပြောင်ချင်တော့ ။ ရေဆိုလျှင်လည်း ကန်များဖြင့်သာ လှောင်၍ စပါးစိုက်နိုင်သည်။ ထို့ကြောင့် ကန်ရေသောက် မျက်ခြောက်စားဟု ခေါ်ကြသည်။ ခရိုင်သား ဆိုသည်မှာ အစိုးရ ဆည်မြောင်းမှ လွှတ်သော ရေကို အားကိုးပြီး စိုက်ပျိုးရသော မြောင်းရေသောက် ဧရိယာရှိ ရွာများကို ခရိုင်သားဟု ခေါ်သည်။ သူတို့က မိုးခေါင်သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဆည်က ရေလွှတ်လျှင် စိုက်ပျိုးရသည်မို့ ငွေဝင်မှန်ပြီးစီးပွား ပိုအဆင်ပြေတတ်သည်။ ထို့ကြောင့် ခရိုင်သားများက ကျေးတောသားများကို ခပ်နှိမ်နှိမ်။ နောက်တစ်မျိုးကတော့ အညာမြို့သားပေါ့ ။ မြို့သားဆိုတာ ရွာမဟုတ်သော မြို့ငယ်လေးတွေတွင်နေထိုင်ခြင်းမို့ အထူးရှုင်းပြမလိုပေ။

သနားဖို့ကောင်းသည်မှာ ကျွန်တော်တို့ ကျေးတောသူ ကျေးတောသားများဖြစ်သည်။ မိုးရွာလျှင် လူကြီးရော ကလေးရော ပျော်တပြုံးပြုံး ။ မိုးခေါင်လျှင် လူကြီးေ၇ာ ကလေးရော မိုးကိုမျှော်တတ်သည်။ ငရံ့မင်း ပရိတ်ရွတ်သည်။ လွန်ဆွဲသည်။ တောတောင်တွေ ပျက်စီးပျေက်ကွယ်၍ မိုးလေဝသ ခေါင်ခြင်းဖြစ်ကြောင်းကို သူတို့ သိပ်မသိ။ သိသော်လည်း သိပ်စိတ်မဝင်စား။ ဒေါင်ကျကျ ပြားကျကျ နေတတ်နေကြသည်။

ကျွန်တော်သာ တန်ခိုးရှင်ဖြစ်ပါက ရန်ကုန်မှာရွာသောမိုးတွေထဲက အချို့ကို အညာမှာ ရွာအောင်လုပ်လိုက်မည်။ ရန်ကုန်မိုးက လှိုင်မြစ်ထဲစီးပြီး မကြာမီ ပင်လယ်ထဲရောက်သွားမည်။ လူတွေကို အကျိုးသိပ်ပြုဖြစ်လိုက်တာမဟုတ်။ အလားတူပင် ရေများရာမိုးရွာတတ်သည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အချို့ သည် တကယ်လိုအပ်နေသော နေရာများတွင် မလှုပဲ နာမည်ကြီးသော (သို့မဟုတ်) မိမိ ဂုဏ်သတင်းကြီးမည်ထင်သော နေရာတို့တွင်သာ လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ တန်းစီလှုတတ်ကြသည်။ ရန်ကုန်တွင်ရွာသောမိုးများပင်။ အဆိုတော် ကိုထီးကတော့ ``ရန်ကုန်မှာသာတဲ့လ``ဟု ရေးစပ်သီဆိုခဲ့သည်။ သာပေမယ့်လည်း အလကားတဲ့။ သို့သော် အညာမှာလည်း ``လ``သာသည့်အတွက် ကျွန်တော်မပြောလိုသော်လည်း ရန်ကုန်မှာ ရွာတဲ့မိုးကိုတော့ အညာကို ရွာစေချင်လိုက်သည့်ဖြစ်ခြင်း။ ကျွန်တော်တို့ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်းသည် ရန်ကုန်မှာရွာတဲ့မိုး မဖြစ်ချင်ပါ။ လူ့အလွှာများထဲမှ အမှန်ပင်အကူအညီလိုအပ်နေသော။ မိမိတို့၏ အုတ်တစ်ချက် သဲတစ်ပွင့်ပင်ဖြစ်လင့်ကစား အရာထင် ပီတိဖြစ်စေမည့် အလှုများကိုသာ ရွေးချယ်လှုဒါန်းရန် အမှုဆောင်များ ကို တိုက်တွန်းသွားမည်ဟု စိတ်ထဲမှ ကြိတ်၍ စဉ်းစားမိပါတော့သည်။


ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်ပရဟိတ လူမှုကူညီရေးအသင်း)

Monday, July 23, 2012

ရင်ကိုထိသော ပုံလေးတစ်ခု


ရခိုင်အလှု (ဓါတ်ပုံမှတ်တမ်း)



ဇူလိုင် ၁၉ မှတ်တမ်း [ကိုစိုးနိုင် 19-7-2012]

ဇူလိုင်လ ၁၉ ရက်နေ့ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဒီလိုနေ့က ရန်ကုန်မိုးနှင့်အတူ ပြည်သူတစ်ရပ်လုံး အပြိုင်ငိုကြွေးခဲ့ကြသည်မှာ မိုးရေတို့ကို မျက်ရည်တို့ဖုန်းလွှမ်းသောနေ့တစ်နေ့ဖြစ်ပေမည်။ ယခုနှစ်လည်း မိုးက ရွာသွန်းဖြိုးနေသည်။ နှစ်ပေါင်းများစွာကြာသော်လည်း ဗိုလ်ချုပ်ကို ကျွန်တော်တို့မမေ့ နောင် သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆတ် ခုနှစ်ဆက်မက နှစ်ပေါင်းခုနှစ်ရာတိုင်တောင်မေ့မည်မဟုတ်။ မည်သူတွေဖျောက်ဖျက် ဖုံးကွယ် အမှောင်ချချ ဗိုလ်ချုပ်၏ စိတ်ဓါတ် ဗိုလ်ချုပ်၏ တိုင်းပြည်ပေါ်ထားသည့် စိတ်ထား ဗိုလ်ချုပ်၏ စရိုက်တို့ကား ပြည်သူတို့၏ အသည်းနှလုံးတွင် ဆင့်ကဲ ဆင့်ကဲ လက်ကမ်း သယ်ဆောင်သွားကြပေမည်။

ထိုနေ့တွင်ဖြစ်သည်။ ရာသီစာတုတ်ကွေးကို ကျွန်တော်စမြည်းမိသည်။ ခေါင်းတွေလေးသည်။ ကိုယ်လက်တွေကိုက်သည်။ ဘာမှစားလို့ ခံတွင်းမတွေ့။ လူက နုံးချိချိ မလှုပ်ချင်မကိုင်ချင်။ မြန်မာ့အရုဏ်သစ် ပရဟိတလူမှုကူညီရေးအသင်း ၏ ပထမဆုံးခြေလှမ်း ရခိုင်ဘေးဒုက္ခသည်များအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် မိမိတို့ ကြိုးစားကြည့်ရာ မျှော်လင့်ထားသည်ထက် ပိုအောင်မြင်ခဲ့သည်။ (ကြီးကြီးမားမား မမျှော်လင့်ထားလို့လည်း ဖြစ်နိုင်သည်) အလှုငွေ သက်သက် ဆယ့်တစ်သိန်းခြောက်သောင်း နှင့် အဓိက အမျိုးသမီးဝတ် ထည်မျိုးစုံ( ကာလတန်ဘိုး အသစ်အဟောင်း ပေါင်းပါက ဆယ်သိန်းထက်မနည်း) အသစ်တန်ဘိုးပင် ခြောက်သိန်းကျော်ပါသည်။ ဘာပဲဖြစ်ဖြစ် သိန်းနှစ်ဆယ်ဝန်းကျင်တော့ လှုဖြစ်သွားသည်။

မိမိတို့အနေဖြင့် လုပ်ငန်းရှင် သူဋ္ဌေးကြီးများမဟုတ်ကြ၍ ဤအတိုင်းတာလေးကိုပင် လွန်စွာကျေနပ်ပီတိ မဆုံး။ စေတနာက ငွေတန်ဘိုးဖြင့် ပိုင်းဖြတ်ကောင်းသောအရာမဟုတ်ပေ။ တစ်ကျပ်တစ်ပြား ပင်ဖြစ်လင့်ကစား လှုဒါန်းသူ၏ စိတ်စေတနာဖြူစင် တတ်ကြွမှုက ပိုအရေးကြီးသည်။ ဝီရိယလွန် ကျွန်ဖြစ်``ဆိုသော စကားသည် ကျွန်တော့်ကို ကျွန်တော် အမြဲသတိပေးရသော စကားပုံဖြစ်၍ မကြာခဏစဉ်းစားမိသည်။ ထိုနေ့ကလည်း နေ့ ၁၁ နာရီခွဲမှ ၁၂ နာရီခွဲအတွင်း ချိန်းထားမှန်း သိလျှက်နှင့် ၁၀ နာရီခွဲ နှင့် ခြောက်ထပ်ကြီးဘုရားရင်ပြင်ကိုရောက်နေသည်။ တစ်နာရီလုံးလုံး ထိုင်စောင့်ပေရော့။ နေမကောင်းလို့ တုံးလုံးလှဲချင်သော်လည်း ရင်ပြင်ထဲတွင် မသင့်တော်သလို တားမြစ်ထားသည့်စာတွေ့တော့ လုံးဝ မလှဲရဲ။

ဒီလိုနဲ့ ၁၂နာရီမခွဲခင် လူစုံ ပြင်သင့်တာပြင် အဲသလိုချိန်ကျတော့လည်း ဖျားချင်တာလေးက ခဏမေ့သွားသည်။ ကားလေးနှစ်စီး ဒိုင်နာတစ်စီးဖြင့် ကျွန်တော်တို့အဖွဲ့ ရခိုင်တိုင်းရင်းသားများတိုးတတ်ရေး ပါတီသို့ ယွန်းခဲ့ကြသည်။ မနက်ထဲက ဘယ်သူမှ စားရသေးပုံမပေါ်။ ကျွန်တော်တို့တောင် ဘုရားစောင်းတန်းထဲက ထမင်းသုတ်တစ်ပွဲစီ စားခဲ့ကြသည်။ နေမကောင်းချင်တော့ အရသာသိပ်မတွေ့။

ပါတီရောက်တော့ အစစအဆင်ပြေသည်။ ခဏပဲစောင့်လိုက်ရပြီး မကြာမီ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ရောက်လာသည်။ သူက ကျွန်တော်တို့အလှုငွေကို လက်ခံမည်။ ဤနေရာတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၏ စကားလက်ဆောင်အချို့ကို ကျွန်တော်မှတ်မိသလို ပြန်ပြောပြချင်ပါသည်။

ကျွန်တော်တို့လှုမှုပါတ်ဝန်းကျင်တွင် ယခင်ခောတ်အခါက လူတစ်ဦး၏ တန်ဘိုးကို တွက်ချက်သတ်မှတ်ပုံနှင့် ယခု လူ့ပါတ်ဝန်းကျင် အသိုင်းအဝိုင်းက လူတစ်ဦး၏ တန်ဘိုး သတ်မှတ်ပုံတို့ ပြောင်းလဲလာပုံကို ဥပမာတွေနှင့်ပြောပြသည်။ ယခင်က ပညာတတ်သောပုဂ္ဂိုလ် ချမ်းသာကြွယ်ဝသောပုဂ္ဂိုလ် ရာထူးအာဏာရှိသောပုဂ္ဂိုလ် တို့ကို လူ့တန်ဘိုးများများအဖြစ်သတ်မှတ်ခဲ့သော်လည်း ယခု လူမှုပါတ်ဝန်းကျင်တွင်မူ မည်မျှပင် ပညာတတ်တတ် မည်မျှပင်ချမ်းသာ ချမ်းသာ မည်မျှပင် သြဇာတိက္ကမကြီးကြီး အများကောင်းကျိုး လူမှုကောင်းကျိုးကို မသယ်ပိုး မထမ်းဆောင် လျစ်လျူရှု့ထားသူအား လူ့တန်ဘိုး ဟု လုံးဝမသတ်မှတ်တော့ကြောင်း လူတစ်ယောက်၏ လူ့တန်ဘိုးမှာ အများအကျိုးကို မည်သည့် ပမာဏအထိ အကျိုးပြု ထမ်းရွက်နိုင်သလဲ ဆိုသော စံညွှန်းပေတံဖြင့် တိုင်းတာလာကြကြောင်းကို ရုပ်ရှင်မင်းသားကြီး လူမှုဝန်ထမ်းစံပြပုဂ္ဂိုလ် ဦးကျော်သူ နှုင့် ကမ္ဘာကျော်သူဋ္ဌေးကြီး ဘီလီဂိတ်တို့ကို ဥပမာပေးပြီး စကားလက်ဆောင် ပြောဖြစ်ကြသည်။

ထို့အပြင် ပရဟိတလုပ်၍ အတ္တနှင့်ဆိုင်သော မိမိ ကိုယ်ကျိုးစည်းပွားများလည်း မထိခိုက်သည့်အပြင် ထူးထူးခြားခြား ပိုမိုတိုးတတ်ဖွံ့ဖြိုးလာတတ်သည့် သဘာဝလည်း အမှန်ဖြစ်ကြောင်း ။ မိမိတို့ကသာ ဖြူစင်သော စိတ်ထားဖြင့် ဇွဲရှိရှိ ဆက်လက်လုပ်ကိုင်ကြဖို့ အားပေးသည်။ ထိုအားပေးစကားကြားမှ နေမကောင်းလို့ နုံးချိချိဖြစ်နေသည့် စိတ်ကလေးလည်း အတန်ငယ် လန်းလာခဲ့သည်။ လှုဒါန်းပြီး အဖွဲ့နှင့် ဆက်လက် လက်ဆုံစကားပြေလိုသေးသော်လည်း အိမ်ပြန်ပြီး နားချင်လှပြီမို့ ဝမ်းနည်းစွာ စကားဖြတ်လမ်းခွဲလိုက်ကြသည်။

အရေးထဲ စက်ရုံက လုပ်အားပေး လိုက်လာသည့် ကျွန်တော့် လူများက အဲဒီနားမှာ အသိအိမ်သွားပြီး လည်နေသည်။ စောင့်ရတာ မစောင့်နိုင်တော့၍ ကျွန်တော်တို့နှင့်အတူ အပြန်လိုက်ပါမည့် ဖိုးသကြားကို အားကိုးပြီး ကျွန်တော်မောင်းထွက်လာခဲ့သည်။ လမ်းထိပ်ရောက်မှ ဘယ်ကိုဆက်သွားရမှန်းမသိ ။ အလာတုန်းက ကိုလူစိမ်းမောင်းသည့် ကားနောက်ကြည့်မောင်းလာတာဆိုတော့ လမ်းမှတ်မထား။ ကျွန်တော်ကလည်း မြို့ထဲ ကားမမောင်းဘူး။ အိမ်နဲ့ အလုပ် ကျောင်း ဒါလောက်ပဲမောင်းသည်။ ခုမှဒွတ်ခ။ ဖိုးသကြားကလည်း သူ့မြို့နယ်မှာသာ လူလည် လမ်းပြဆိုတော့ ဂျီပီအက် တပ်ထားတဲ့သူ့ဖုန်းကိုဖွင့်ကာ ကျွန်တော်တို့ ဒီနားရောက်နေပြီထိုးပြသည်။ သေပါတော့ မြေပုံကြည့်ပြီး ကားမောင်းရအောင်နိုင်ငံခြားသားမဟုတ်တော့ မကြည့်တော့ပါဆိုပြီး ခြေဦးတည့်ရာ(အဲ)စီရာတိုင်တည့်ရာ မောင်းပြစ်လိုက်သည်။

အဲဒီကနေ မှတ်မိရာ မှတ်မိရာ စွတ်မောင်းရင်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ရုံးရှေ့မရောက်ခင် လမ်းပိတ်ပါတော့သည်။ မိုးတွေကလည်း သဲသဲရွာသည်။ တစ်လမ်းလုံး အဖြူရောင် အင်္ကျီနှင့် လူငယ်လေးများ လမ်းတွင်အပြည့်။ မိုးရေတွေက ရွှဲရွှဲစိုနေသော်လည်း အပြုံးကိုယ်စီ။ တတ်ကြွမှုကိုယ်စီ။ သူတို့ကို ရပ်ကွက်ထဲမှာ မလိုက်မနေရ ခေါ်ပြီးရောက်လာသူများမဟုတ်တာကတော့ သူတို့မျက်နှာတွေကြည့်တာ နဲ့သိသည်။ သြော်-- လူတွေကို နေရာတကာအမိန့်နဲ့ မစည်းရုံးသင့် ကြောင်း သိလိုက်သည်။ဒီလိုနဲ့ မြေနီကုန်းကိုရောက်မှ ဖိုးသကြားနယ်ကိုရောက်တော့သည်။ ပထမ သိမ့်သိမ့် ဆင်းပြီး ဖိုးသကြားလိုက်ပို့သည်။ အဲဒီအချိန် ကျွန်တော့်လူတွေဘယ်ရောက်နေပြီလဲ ဖုန်းဆက်မေးတော့ လှိုင်သာယာ နိုဒယ်ဟောက်စ်မှာ ကောင်းနေကြပြီ လာရှင်းပေးပါတဲ့။ (ခွီး -- တော်တော်မြန်တဲ့ကောင်တွေ သင်းတို့က လမ်းကြောင်းသိတော့ ရှောင်မောင်းတာကိုး)

နေမကောင်းပေမယ့် မိန်းမရော ကလေးတွေရော မစားရသေးလို့ မြန်မြန်မောင်းလိုက်သည်။ အဲဒီမှာ သူတို့စားသမျှ ကျွန်တော်မှာ မစားနိုင် ထိုင်ကြည့် ပြီး ငွေရှင်းပေးကာ အိမ်ပြန်ခဲ့ရသည်။ အိမ်ရောက်၍ စိတ်လျှော့လိုက်သည်နှင့် ခေတ်မှီ တုတ်ကွေး မှာ စပြီး ကွေးပါလေတော့သတည်း။ --  ကိုစိုးနိုင် 19-7-2012

Thursday, July 19, 2012

ရခိုင်သားတွေလက် အရောက်အပ်ခဲ့ပါပြီ မြန်မာ့အရုဏ်သစ် ပရဟိတ အဖွဲ့၏ ပီပြင်သော ပထမဆုံးခြေလှမ်း ၁၉.၇.၂၀၁၂


by မြန်မာ့ အရုဏ်သစ် on Thursday, July 19, 2012 at 9:49pm ·
မြန်မာ့ အရုဏ်သစ် (အွန်လိုင်း) ပရဟိတ လူမှုကူညီရေး အသင်းသို့ ယုံကြည်အပ်နှံ လှူဒါန်းကြပါသော ရပ်နီး၊ ရပ်ဝေး အလှူရှင်များနှင့် မန်ဘာများ ခင်ဗျာ...
မိတ်ဆွေတို့ ပူးပေါင်းလှူဒါန်းထားတဲ့ အလှူဒါနတစ်ခု အထမြောက်ခဲ့ပါပြီ။ ကျနော်များ မြန်မာ့ အရုဏ်သစ် (အွန်လိုင်း) ပရဟိတ လူမှုကူညီရေး အသင်း အမှုဆောင်များမှ ၁၉ ဂျူလိုင် ၂၀၁၂ခု (ကြာသပတေးနေ့)မှာ ရခိုင်သားတွေ လက်ကို အရောက်အပ်ခဲ့ပြီးပါပြီ။
အားလုံး ကြားကြသမျှ သာဓု ခေါ်တော်မူကြပါရန်။
အမျှ.. အမျှ .. အမျှ ပါ ခင်ဗျာ


လှူဒါန်းငွေ ကျပ်တစ်ဆယ့်တစ်သိန်း ခြောက်သောင်းတိတိ


အဝတ်အထည်မျိုးစုံ အထုပ် ၅ ထုပ် နှင့် ကတ်ထူ၂ ပါကင် (အသစ်များ၏ တန်ဘိုး ကျပ်ငါးသိန်းခန့် စင်ကာပူမှ ညီ၊ညီမများ၏ ကာလဒါန ကျပ်တစ်သိန်းသုံးသောင်း အပါအဝင်)


ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ဂုဏ်ပြုလွှာပေးအပ်စဉ်

ဤအလှူအတွက် ဖိတ်ခေါ်ခဲ့သော Event လင့် https://www.facebook.com/events/235637856556907/

မိတ်ဆွေတို့ အားလုံးရဲ့ ပူးပေါင်းကူညီမှုဖြင့် ပထမဦးဆုံး ခြေလှမ်းကို အောင်အောင်မြင်မြင် လှမ်းနိုင်ခဲ့ပါပြီ ခင်ဗျာ ဝမ်းသာတာ မပြောပြတတ်အောင်ပါပဲ။


နောက် နှစ်ရက်ဆို ရခိုင်ကို ရောက်တော့မည့် အဝတ်အထည်များ
လူနှစ်ယောက်မရသော အထုပ်များ ၅ ထုပ်။ ပိန်ပေမည့် အားသန်သော အမှုဆောင် ဖိုးသကြား တစ်ယောက်တည်းနဲ့ မ ပြနိုင်ခဲ့ ( အီးးးးးး )


ကာလဒါနအတွက် ပါကင် ကိုစိုးနိုင်မှ လှလှပပ ပြင်ပေးခဲ့
အိနြေ္ဒရရ ကာလဒါန။ သူသာ လိုက်ပို့ရလျှင် လာကြ လာကြ ကိုယ်တော်တာ ကိုယ်ရွေး လက်တပွေ့တပိုက်နှင့် ဝေပေးချင်သေးသည် ဆိုသည့် အမှုဆောင် ကောင်းမြတ်ကိုကို။

အလှူဖိတ်ခေါ်ခဲ့ရာ လင့် ကို မှတ်တမ်းတင်ရသော် (https://www.facebook.com/notes/%E1%80%9E%E1%80%B0%E1%82%8F%E1%80%AF%E1%80%94%E1%80%9A%E1%80%B9-%E1%80%9C%E1%80%B2%E1%80%B1%E1%80%94%E1%80%9E%E1%80%B0%E1%80%91%E1%80%B0%E1%80%B1%E1%80%95%E1%80%B8%E1%80%95%E1%80%AB/%E1%80%80%E1%80%AC%E1%80%9C%E1%80%92%E1%80%AB%E1%80%94-%E1%80%98%E1%80%9B%E1%80%AC%E1%80%9C%E1%80%BD%E1%80%9C%E1%80%BD-%E1%80%90%E1%80%AE%E1%80%90%E1%80%AE%E1%80%9B%E1%82%8A%E1%80%9B%E1%82%8A%E1%80%9C%E1%80%B8%E1%80%B1%E1%80%90%E1%80%BC-%E1%80%9C%E1%82%89%E1%80%9B%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9/388109447923454


လေဘယ်လေး ကပ်ပါရစေဦး
ရန်ဒဲဗျူးက ခြောက်ထပ်ကြီးဘုရား။ မိုးလည်းရွာ လေဘယ်ကပ်အပြီး ကိုစိုးနိုင် စီစဉ်လာသည့် ဒိုင်နာကားအပေါ် ခပ်သုတ်သုတ် အထုပ်တင်။ မနက်စာ လွတ်ခဲ့ကြ အမှုဆောင်အများ။ စိတ်ကလော လူစောပြီး မိသားစုအလိုက် အစောကြီး ဘုရားရောက်နေသည့် ကိုစိုးနိုင်။ အလှူကအပြန် ဖလူမိ။ ကနေ့ည စကားတောင် တက်မပြောနိုင်တော့ပါ၏။ အမြန် ထူထူထောင်ထောင် ဖြစ်ပါစေ ကိုစိုးနိုင်ရေ... ကျနော်တို့ရဲ့ ဒုတိယ ခြေလှမ်းက ၂၉ ရက်နေ့ ကပ်နေပြီ။  စုပေါင်း သွေးလှူဘို့ လေ။ https://www.facebook.com/events/388974157828965/

စိတ်ဝင်တစား ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

အလှူနေ့တွင် လုပ်အားကူညီပေးကြပါသော မသိဂီနွယ်၊ မသိမ့်သိမ့်၊ မနီနီအောင်၊ ကိုစိုးနိုင်၊ ကိုဖြိုးတင့်နိုင် (ဖိုးသကြား)၊ ကိုအေးမင်းဦး မဒမ်စိုးနိုင်နှင့် သား မောင်ကောင်းစည်သူ အပါဝင် အခြာ နာမည် မသိလိုက်သော လုပ်အားပေး ညီ၊ ညီမများ နှင့် အလှူနေ့တွင် မလိုက်ဖြစ်လိုက်သော်လည်း စိတ်ရောကိုယ်ပါ တက်ကြွစွာ ကူညီပေးကြသည့် ရပ်နီးရပ်ဝေး အမှုဆောင်များ အလှူရှင်များ မန်ဘာများ ကို ဤမှတ်တမ်းဖြင့် လေးစားဂုဏ်ပြုပါကြောင်း ကျေးဇူးတင်စကား ဆိုလိုက်ပါတယ် ခင်ဗျာ...။

လေးစားစွာဖြင့်

ဧးသိမ်း / လူစိမ်း  (19-7-2012 ၆၅ နှစ်မြောက် အာဇာနည်နေ့)

မိတ်ဆက်
``မြန်မာ့ အရုဏ်သစ်`` (အွန်လိုင်း) ပရဟိတ လူမှုကူညီရေး အသင်း
https://www.facebook.com/groups/Myanma.ArunThit.Org

အသင်း အကြောင်း ရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ်
https://www.facebook.com/groups/Myanma.ArunThit.Org/members/

အသင်း ၏ Fan Page စာမျက်နှာ
https://www.facebook.com/Myanma.ArunThit.page

အသင်းကိုယ်စားပြု ကောက်ခံပေးရန် တာဝန်ကျ အမှုဆောင်များစာရင်းကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
https://docs.google.com/spreadsheet/ccc?key=0Au8_XYy82xrgdFJMbGprY0Zmbk4tTWJySjZvdzdVMGc

မန်ဘာအသစ်လျှောက်လွှာဖြည့်စွ
က်၊ တင်ရန် နေရာ
https://docs.google.com/spreadsheet/embeddedform?formkey=dDdEenZQX19JSEVIckFVRXFIdmVWTUE6MQ

အမှုဆောင်နှင့် အလှမ်းဝေးသူများ၊ ရပ်ဝေးမှ ငွေလှူဒါန်းလိုသူများ
ဒီမှာ ဝင်ကြည့်ပါရန်....
https://docs.google.com/spreadsheet/viewform?formkey=dHlKbk81Q0tWZU5Qb2tBUE5aVnBKYUE6MA

2012-07-19 ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသို့ အလှူ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသို့ အလှူဆိုင်ရာ ဓာတ်ပုံများ