Facebook

Showing posts with label ပရဟိတဆောင်းပါးများ. Show all posts
Showing posts with label ပရဟိတဆောင်းပါးများ. Show all posts

Sunday, June 21, 2015

"Be united & proactive, Be kept deeply our perseverance with Myanma Arunthit"

They did well done! 
Congratulating them! 
Salute for doing great job :)  

We, our Myanma Arunthit always follow with our slogan that 


"Be united & proactive,
Be kept deeply our perseverance with Myanma Arunthit"


Great Job! Our team established since 2012 June after being crisis of Rakhine area conflict. We did a lot of donation that we donated just on the need of reality for the basic people. 


Coming Full Moon Day of Waso, We have to donate our blood approximately 500 people' will be joined with us at the Yangon National Donation Blood Center. That why I wish to invite who is going to interest to do like a donation blood. 


Pls you could join with us and we warmly welcome to our team and I really thank although whom thank are due in Myanma Arunthit.











Friday, September 12, 2014

အမျို်းသားသွေးလှူဘဏ်တွင် ဘီသွေးနှင့် အေဘီသွေး အရေးပေါ်လိုအပ်နေ (12 September 2014)





အမျို်းသားသွေးလှူဘဏ်တွင် ဘီသွေးနှင့် အေဘီသွေး အရေးပေါ်လိုအပ်နေပါသဖြင့် စေတနာရှင်များ လှူဒါန်းနိုင်ပါရန် မြန်မာ့ အရုဏ်သစ်ā မှ နှိုးဆော်အပ်ပါသည်။
To “AB” and “B” type Blood Donors
Your contribution is needed urgently.


Announce date:  12 September 2014

contact to Dr Daw Khin Khin Htwe: 09-73161509
National Blood Bank (Yangon)

urgent donation accepting dates
12th~14th Sept 2014

Tuesday, August 19, 2014

လူသားအားလုံးရဲ့ ဘုံတူညီမှု

  သူတို့က ကျွန်တော့်ကိုမသိခဲ့

ကျွန်တော်ကလည်း သူတို့ကို မသိခဲ့..

ဒါပေမယ့် အခု ကျွန်တော်တို့ ခင်မင်ရင်းနှီးခဲ့ပါပြီ။

ဘာကြောင့်လဲ....
ရင်တွင်းကိုယ်စီမှာရှိနေတဲ့ အများအကျိုးကိုဆောင်ရွက်ပေးမှုဆိုတဲ့ ပရဟိတစိတ်ဓာတ်က ပေါင်းစည်းပေးခဲ့ခြင်းပါ။

ပရဟိတစိတ်ဓာတ်ဆိုတဲ့ ဘုံတူညီမှုက လူမျိုးဘာသာ ဆင်းရဲချမ်းသာ သန်စွမး်သူနဲ့ မသန်စွမ်းသူစတဲ့ လောကလူတွေ ခေါ်ဝါ်သမုတ်နေတဲ့ မတူညီမှုပညတ်တွေကို ကျော်လွှားဖယ်ရှားပစ်ပြီး ကိုယ်ကျိုးမဖက် အများအကျိုးသက်သက်ကိုဆောင်ရွက်ဖို့ လက်တွဲညီစေခဲ့ခြင်းပါ။

လူသားအားလုံးမှာ ဘုံတူညီမှုရှိပါတယ်။ သတ္တဝါလို့ဖြစ်လာသမျှ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးက အားလုံးအတူတူရှိနကြခြေင်းပါပဲ။ အဲဒီဘုံတူညီမှုပေါ်မှာ အငြင်းမပွား မာန်မာနတွေမထားဘဲ လက်ချင်းချိတ်ပေါင်းစည်းခဲ့ကြရင် ယနေ့ကြုံတွေနကြေရတဲ့ဒုက္ခတွေ ခံစားလာကြရမှာမဟုတ်။

ဒါပေမယ့် ဘယ်လိုပဲ မတူညီမှုတွေရှိနေပါစေ.. ပရဟိတစိတ်ဓာတ်ဟာ အားလုံးတူညီမျှ ပေါင်းစည်းစွန့်လွှတ်ခြင်းရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အမှတ်သင်္ကေတတစ်ခုသာ။

(မနေ့က လှည်ကူးမြို့နယ်ထဲမှာရှိတဲ့ မြန်မာ့စိမ်းလန်းမြေ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကို မြန်မာအရုဏ်သစ်ပရဟိတအဖွဲ့နဲ့အတူ သွားရောက်လှူ ဒါန်းခဲ့ပါတယ်။)

Tuesday, February 4, 2014

မြန်မာ့အရုဏ်သစ်နှင့် တွေ့ဆုံခြင်း

ဥာဏ်မူရာ ဂျာနယ် Nyan Muyar journal (31 Jan) issue ပါ ဆောင်းပါးလေး ဖြစ်ပါတယ်။
PDF ဖိုင် ရယူရန် https://www.dropbox.com/s/d1u2s8ci664jw1f/NyanMuYar_Vol-1%20No-6%202014-01-31_.pdf


Monday, February 3, 2014

များစွာထဲက တစ်ခုသော မြန်မာ့အရုဏ်သစ်၏ မျှော်လင့်ချက် - ဘကြီးစိုး

Inline image 1

××××××××××××××××××××××××××××××××

မြန်မာတို့သည် စကားပုံနှင့် ဆုံးမလမ်းညွှန်မှုများစွာ ထားခဲ့သည်။ သို့ရာတွင် ရှေးထုံးမှန်သမျှ မပယ်ရ ဟူသော တစ်ဖက်ပိတ်အမြင်မျိုးတော့ ကျွန်တော်လက်မခံပါ။ ရှေးထုံးလည်း ပယ်သင့်က ပယ်ရမည်ပင်။ အမြဲမှန်ကန်သော အဆုံးအမ များသာ ရှိမည်ဟု မည်သူအာမခံနိုင်ပါမည်နည်း။
တံငါလောကမှ ပေါ်ပေါက်လာသော ပယ်ရမည့်စကားပုံအဆုံးမ တစ်ခုရှိသည်။

``ဟင်းစားသာပေးပါ ကွန်ချက်မပြပါနဲ့`` ဟု ဆို၏။ အဓိပ္ပါယ်မှာ တံငါထံမှ ဟင်းချက်ရန် ငါးတောင်းခံခဲ့သော် ဟင်းတစ်အိုးစာ ပေးချင်ပေးလိုက်ပါ သို့သော် ထိုငါးရရန် မည်သည့်နေရာတွင် မည်သို့ သောကွန်အမျိုးစားဖြင့် မည်သည့်အချိန်တွင် မည်သို့ ပစ်လျှင် ဤ ငါးကို ရနိုင်သည်ဟု မသင်ပါနဲ့ ဟု အဓိပ္ပါယ် ဖွင့်မိပါသည်။ (မှားလေစွတကား)

``သမုဒ္ဒရာရေသည် တစ်ဦးတည်းသောက်ရုံဖြင့် မကုန်နိုင်`` ဆိုသကဲ့သို့ ပညာ သည်လည်း ဖယောင်းတိုင်မီးကူးသလို မိမိထံမှ စိုးစဉ်းမှ လျှော့နည်းသွားသည့်အရာမဟုတ်ပေ။
ကျွန်တော်တို့ အွန်လိုင်း သူငယ်ချင်းမိတ်ဆွေများ ပေါင်းစည်းကာ ``မြန်မာ့အရုဏ်သစ်``အမည်ဖြင့် ပရဟိ လုပ်ငန်းများကို လုပ်ကိုင်ကြရင်း ကျွန်တော်တို့ ကွက်လပ် တစ်ခုကို သတိထားမိသည်။ အခြားမဟုတ် ကလေးငယ်များ စားဝတ်နေရေးအတွက် အလှုရှင်ထံမှ ရာနှုံးပြည့် အကူညီရယူနေရခြင်းဖြစ်သည်။ အလှုရှင်အား လက်အုပ်ချီရင်း ဆုတောင်းပေးရင်း အလှုရှင်များထံမှ သနားဂရုဏာစိတ်ကို တောင်းခံ၇င်း ဖြတ်သန်းနေကြရ၏။ ကိုယ့်အားကို ကိုးစေလိုသည့် စိတ်ဓါတ်များ အနည်းအများမဆို ထိခိုက်လိမ့်မည်ဟု စိုးရိမ်မိပါသည်။

ဗီယက်နမ်နိုင်ငံ မှ ပရဟိတ ဂေဟာလေးတစ်ခုကို ရိုက်ကူးတင်ပြထားသော အစီစဉ်လေးကို ကျွန်တော်ကြည့်ဖူးသည်။ ကျယ်ဝန်းသော ခြံလေးထဲတွင် မီးဖိုချောင်သုံး သီးနှံမျိုးစုံစိုက်ပျိုးထား၏။ (ချဉ်ပေါင် -ဗူးသီး- ခရမ်းသီး-ခရမ်းချဉ်သီး-ရုံပတီသီး-သဘောင်္သီး-ငရုပ်သီး)စသည်များ။ အရွယ်ရောက်စ ဆယ်ကျော်သက်များလည်း မွေးမြူရေးကို တစ်နိုင်တစ်ပိုင်လုပ်ထား၏။နောက်ပြီး အသက်ငယ်ငယ်လေး တွေနှင့် လက်မှုပညာများကို သင်ကြားထား၏။
ကြိမ်ကုလားထိုင်ထိုးနေသူများ အကျီချုပ်နေသူများ ဖျာရက်နေသူများ -- စသည်ဖြင့် ထို့အပြင် နိုင်ငံခြား ဘာသာတစ်ခု အနည်းဆုံးပြောတတ်စေရန်လည်း သင်ပေးထား၏။ ထို့အပြင်ပရဟိ ဂေဟာမှ အလုပ်တွေကိုလည်း သန့်ရှင်းရေး ချက်ရေးပြုတ်ရေး အချင်းချင်း ပြန်လည်ထိမ်းသိမ်းရေးကိုလည်း ကြီးသူက ငယ်သူကို (သနားငဲ့ညှာ) မိသားစုစိတ်နှင့် ငယ်သူကလည်း ကြီးသူကို (ရိုသေမြတ်နိုး) စိတ်မျိုးဖြစ်အောင် ပြုစုပျိုးထောင်ပေးထားသည်ကို အားကျစွာကြည့်ရဖူးပါသည်။ အလှုရှင်များကို ရှိခိုးဦးတင် ကျေးဇူးရှင် အမြင်စိတ်မျိုး မမွေးမြူပေးပါ။ သို့သော် အလှုရှင်တင်မဟုတ် ပါတ်ဝန်းကျင်မှ လူများအားလုံးနှုင့် လိုက်လျောညီထွေ တန်းတူမြင်အောင် `` အောက်ငုံ့သိမ်ငယ်စိတ်``မဖြစ်စေသလို ``အရွဲ့တိုက် မိုက်ရိုင်းစေမယ့် စိတ်``မျိုးကိုလည်း မဖြစ်အောင် သင်ကြားထားပုံ၇၏။

ကျွန်တော်တို့ နှိင်ငံမှ ပရဟိဂေဟာသည် များသောအားဖြင့် ဘုန်းတော်ကြီးကျောင်းများဖြစ်သဖြင့် စီးပွားရေး တွဲဖက်လုပ်ရန် မသင့်တော်ပါ။ ထို့ကြောင့် ပုဂ္ဂလိက ပရဟိတ ဂေဟာများ များများစားစား ပေါ်စေချင်သည်။အလှုရှင်များ၏ စေတနာအလှုကို အခြေခံပြီး ကိုယ့်အားကို ကိုးတတ်တဲ့စိတ်။ လူတွေအပေါ် အကောင်းမြင်တတ်တဲ့စိတ်။ ကိုယ့်ဘဝကို လက်ခံကြည်ဖြူလာအောင်စိတ်။ကိုယ့်ကိုယ်ကို ယုံကြည်လာစေမည့်စိတ်။ ပါတ်ဝန်းကျင်လူ့အသိုင်းဝိုင်းကို တန်ပြန်ကူညီယိုင်းပင်းတတ်တဲ့စိတ်။ တစ်ပါးသူထံမှ အသနားခံလက်ဝါးဖြန့်တောင်းပြီး အသက်မွေးရမှာကို ရှက်ရွံ့စေတဲ့စိတ်။ ဘဝတူ မိသားစုအချင်းချင်း ပေါင်းသင်း ဆက်ဆံတဲ့နေရာမှာ စိတ်ဓါတ်ရင့်ကျက်တည်ငြိမ်တဲ့စိတ်။ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုစီကို ဝါသနာ စရိုက်လေ့လာပြီး ကောင်းစွာတတ်ကျွမ်းအောင် သင်ကြားပေးသည့် ကျောင်းများ မျှော်လင့်မိသည်။

ဤသို့ေ၇းခြင်းမှာ လက်၇ှိ လည်ပတ်ကူညီစောင့်ရှောက်နေသော ပရဟိ ဘုန်းတော်ကြီးကျောင်းများကို ကဲ့ရဲ့ဝေဖန်လိုသည့် စိတ်မျိုးအလျည်းတစ်စိုးတစ်စိမှ မရှိပါကြောင်း။ ထိုကဲ့သို့ သဘောသက်ရောက်သွားပါက ကျွန်တော်၏ စာရေးသားတင်ပြမှုချို့ယွင်းမှုကြောင့်ဟု မှတ်ယူစေလိုပါသည်။ အနာဂါတ်တွင် မျှော်လင့်မိသည့် အကောင်ထည်ဖော်လိုသည့် တင်ကြိုစိတ်ကူးမှုသက်သက်ပါ။

ဘကြီးစိုး
မြန်မာ့အရုဏ်သစ်

Tuesday, December 31, 2013

ြုမန်မာ့အရုဏ်သစ်၏ မြစ်သား ခရီးစဉ် မှတ်တမ်း (၁)

2013 ဒီဇင်ဘာ 27~30
မြစ်သားမှ ပေတော ပရဟိတကျောင်းသို့ ငွေပဒေသာပင်အလှူ၊ နေ့ဆွမ်းအာဟာရ၊ စာရေးကိရိယာနှင့် လူသုံးကုန်ပစ္စည်းများ စုစုပေါင်း ကိုးသိန်းဖိုးခန့် လှူဒါန်းနိုင်ခဲ့ပါသည်။။
မန်ဘာအားလုံးအား ကိုသိုလ်အမျှပေးပါသည် ...[
Thwe Naing]
Inline image 2

Inline image 6

မြစ်သားမြို့ မန္တလေးတိုင်းရှိ ပေတော ပရဟိတကျောင်း ( စောလူးမင်းကျောက်စာတွေ့ရှိသည့် ကျောင်း ... ရာဇကုမာရ်ကျောက်စာထက် စောသည် ) သို့ မြန်မာ့ အရုဏ်သစ်မှ လှူသည့် တစ်ရက်စာအာဟာရ ကျပ်တစ်သိန်းကို ပေးအပ်စဉ်။

မြစ်သားတွင်ရှိနေစဉ် လိုင်းမကောင်းသောကြောင့်လည်းကောင်း၊ မြစ်သားမှ ယခုအချိန်လေးမှ မန္တလေးသို့ ပြန်ရောက်သောကြောင့်လည်းကောင်း တင်ပေးရန်ရှိသည်များ နောက်ကျနေသည်ကို နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။ [GLZ]
Inline image 3

Goodluck Zaw၏ အစ်ကို ကိုစိန်လင်း စံအိမ်သူစတိုး မြစ်သားမှ ပေတောကျောင်းရှိ ကလေးများအတွက် တစ်ရက်စာအာဟာရအလှူငွေ ကျပ်တစ်သိန်းကို 27.12.13 ညတွင် Goodluck Zaw နှင့်အတူ သွား၍ ပေးအပ်စဉ် ..[GLZ]
Inline image 4

ပရဟိတ ကျောင်းတွေမှာ တစ်နေ့စာ အာဟာရ လှုတိုင်း မစားခင် အလှုရှင်တွေကို မေတ္တာပို့ ကန်တော့ တာမျိုး မြင်ရရင် စိတ်မကောင်းဘူး။ ဖြစ်နိုင်ရင် သာမာန် အမှုမဲ့ ပဲ ကျွေးစေချင်ပေမယ့် ကိုယ်က ဝင်ပြီး စွက်ဖက်လို့လဲ မကောင်းဘူး။ သူတို့ စိတ်သိမ်ငယ်တာမျိုး မမြင်ရက် မမြင်ချင်ပါ.
။ ဝေဖန်တာ မဟုတ်ပါ။ စိတ်မကောင်းတာကို ရင်ဖွင့်ယုံပါ။ သူတို့စိတ်ထဲတော့ ဘာသိဘာသာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ သားသမီးချင်း ကိုယ်ချင်းစာမိတဲ့အခါတိုင်း စိတ်ချမ်းစာစရာ မ၇ှိပါ။ အော် --- ဘဝကံ ခေကြသူလေးတွေရယ်။ ဘယ်တော့မှ အားမာန်မလျှော့လိုက်ကြပါနဲ့။ [KSN]
ဒါကတော့ ကိုယ့်ဖက်က ဖြစ်တဲ့ စိတ်တစ်ခုပေါ့။ သို့သော် ကလေးတွေဆိုတာ ဘေးကနေ ငယ်စဉ်ကတည်းက ပဲ့ပြင်ပေးတဲ့သဘော အထိန်းသဘော ကျေးဇူးတရားကို သိတတ်စေသင့်တဲ့သဘော စတာလေးတွေကို ထည့်ပေးထားရတယ်လို့ မြင်မိပါတယ်။

ဟာကွာ လူဆိုတာ သူ့ဗီဇနဲ့ သူလာတာကွ ... လို့ ဆိုမလား။ ဒါလည်း
မှန်သင့်သလောက်မှန်တယ်ဗျ။ ဒါပေမယ့် တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး .... အလားသဏ္ဍာန်တူတဲ့ သစ်ငုတ်ကို ခြင်္သေ့ရုပ်ထုလည်း ရတယ်။ မြေခွေးရုပ်ထုလည်း ရနိုင်တယ်ဆိုတဲ့ သဘောလေးတွေကို နားလည်မိတယ်။ ကိုယ်ကတော့ ကိုယ်ချင်းစာလို့ စိတ်ထဲရှိတာကို ကိုစိုးနိုင်က ချရေးတာပေါ့။

ကျွန်တော့်အမြင်ကတော့ သူတို့က အလှူရှင်တွေကို အဲလိုရှိခိုးတာကိုတော့ ပိတိမဖြစ်ပေမယ့် ရှိခိုးဖို့ မေတ္တာပို့ပေးဖို့ လိုအပ်တယ်။ ဘာကြောင့်လိုအပ်တာလဲလို့မေးရင် သူတို့အတွက် သူတို့က အလှူရှင်တွေကို ရှိခိုး မေတ္တာပို့သင့်တယ်။ [GLZ]

Inline image 5
အဲ... ပြောရဦးမယ် လိုက်မည့်သူတွေအတွက် ခရီးစရိတ် စားစရိတ်က "ထုံးစံအတိုင်း" အမေဒိကန် စစ်စတန်ပါခင်ဗျာ။ အသင်းငွေ လုံးဝ မသုံးပါဘူး။ (အားတော့နာပါတယ် ခင်ဗျာ နားလည်မှု မလွဲအောင် ကြိုပြောထားရတယ်။ EC တွေကတော့ သိပြီးသားပါ )
[KLZ]


အဲ -- ဟုတ်ပါတယ်ခင်ဗျ။ ကိုယ့်ထမင်းကိုယ်စား ဂျီးဒေါ်နွားအလကားကျောင်းပေးတယ် ဆိုသလို ကျွန်တော်တို့အသင်းကို လှုထားတဲ့ အလှုငွေကို တစ်ပြားမှ မထိပဲ မသုံးပဲ ကိုယ့်အိပ်စိုက်အလှုတွေအကောင်ထည်ဖော်ခဲ့တာ ခုဆိုရင် နှစ်နှစ်တောင် ရှိပေါ့။ အမှုဆောင်တွေကို အားလည်းနာတယ် ခင်လည်းခင်ပါတယ်ခင်ဗျာ။ အလှုရှင်တွေအနေနဲ့လည်း ဒီလို ခရီးဝေးသွားပြီးလှုတဲ့အခါ အသင်းငွေတွေနဲ့ ပျော်ပွဲစားထွက်သလို ထင်မှာလည်း တကယ်စိုးမိသဗျ။ ကျွန်တော်တို့က ခရီးသွားရင်း ပျော်ပျော်ပါးပါး ဒါ့ပုံတွေလည်းရိုက်တင်ကြမှာပဲ။ အဲဒီ သွားစားရိတ် လာစားရိတ် စားစားရိတ်အားလုံး အသင်းငွေမပါဘဲကိုယ့်ပိုက်ပိုက်နဲ့ကိုယ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်ခညား။ သို့သော်လည်း အညာသားတွေဟာဖြင့် ဧည့်ဝတ်ကျေပါတယ်ခင်ဗျ။ စားစားရိတ်တော့ မစိုးရိမ်ပါနဲ့။ [KSN]


ကျွန်တော် စဉ်းစားထားတဲ့ အချက်မူကြမ်းက 28 မနက် ကျွန်တော့်အိမ်မှာ မနက်စာစား။ ပေတောပရဟိတကို သွားလှူ။ နေ့ခင်း ကျွန်တော့်အိမ် နေ့ခင်းစာစား။

အထုပ်အပိုးပြင်ပြီး ပြက္ခရွေတောင်တက်မယ်။ တက်ဖြစ်ရင် ညနေခင်းအမှီတက်မှ ရပါမယ်။ စောင်ခေါင်းအုံး မပူပါနဲ့။ ညစာ ထမင်းချိုင့်နဲ့ ထုပ်ခဲ့ပါမယ်။ တောင်ပေါ်မှာ ဘုန်းကြီးကျောင်းရှိတယ်လို့ သိရပါတယ်။ မနက်ခင်း ပြန်ဆင်းလာမယ်။ မဆင်းခင် ယူလာတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေ စားမယ်။ နေ့ခင်း 11 လောက် အိမ်မှာစားမယ်။

စားပြီးတာနဲ့ ညောင်ဝန်းရွာ၊ ရွှေမင်းဝံတောင်ကို တက်မယ်။ ညပိုင်း ကိုစိုးနိုင်အိမ်မှာ စား။ အမြန်လမ်းကနေ ကားစောင့်စီးမယ်။ အဖွဲ့သားအားလုံးအတွက် ကား ၂ စီး စီစဉ်ထားပါတယ်။

ဘာပဲဖြစ်ဖြစ် အေးမယ့်အချိန်ဖြစ်ပါတယ်။ အနွေးထည်ယူဖို့ လိုအပ်ပါမယ်။ တောင်တက်ဖြစ်ရင် အလွန်ချမ်းပါလိမ့်မည်။ [GLZ]


စာရင်း‌လေးပါ။ သွားတိုက်‌‌ဆေးကို‌တော့ 3Dပဲသုံးလိုက်‌မလားလို့။ အခုပစ္စည်း‌တွေ ‌ဈေးများမယ်‌‌တော့မထင်‌ဘူး။

မနက်‌ဖြန်‌သဘက်‌ခါဝယ်‌ပါမယ်‌။ ‌ပြော‌ပေးကြပါဦး။ [GLZ]

Inline image 7

တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့အ၇ုစ်သစ် ပရဟိတ လူမှုကူညီရေးအသင်း ဒီဇင်ဘာမှာ လှုဘို့ ဆုံးဖြတ်ထားတဲ့ မြစ်သားမြို့ ပေတော ပရဟိတ ကျောင်းမှာ ရှေးကျောက်စာချပ် တူးဖော်တွေ့ရှိပါတယ်။ အဲဒီကျောင်းမှာ သူငယ်တန်းကနေ တက္ကသိုလ်ထိ ကျောင်းသား 109 ယောက်၇ှိပါတယ်။ အသင်းနဲ့အတူ ကျောင်းစာအုပ်များ ခဲတံ ဘောပင် အစရှိသဖြင့် လှုဒါန်းလိုပါက ဆက်သွယ်နိုင်ပါတယ်။ မြစ်သား သွားလှုမယ့်နေ့ကတော့ ဒီဇင်ဘာ 28 ရက်ဖြစ်ပါတယ်ခင်ဗျား။ [KSN]
ပြက္ခ‌ရွေက အ‌ရှေ့‌တောင်‌ အ‌နောက်‌‌တောင်‌ရှိသည်‌။ အ‌နောက်‌‌တောင်‌မှာ ‌ကျောက်‌တိုင်‌ရှိ။

မိန်းက‌လေးများ အထူးဇွဲရှိရပါမည်‌။ ခြင်‌‌ထောင်‌‌ခေါင်းအုံး ‌စောင်‌ စားစရာများ ‌‌ရဗေူးများ ကိုယ်‌စီသယ်‌ရပါမည်‌။ ထိုအရာများ ကျွန်‌‌တော်‌တာဝန်‌ယူမည်‌။

ဓာတ်‌မီးယူရမည်‌။ ဘွတ်‌ဖိနပ်‌ ‌ဘောင်းဘီရှည်‌ အ‌နွေးထည်‌ထူထူ ‌ခြေအိတ်‌ လက်‌အိတ်‌ ပါရမည်‌။ သရဲမ‌ကြောက်‌သူဖြစ်‌ရမည်‌ ဟိဟိ [GLZ]


မနက်ဖန် ၂၀ ရက်နေ့ မြစ်သား သို့ သွားရန် မန္တလေး ကားလက်မှတ် ဖြတ်ပါမည်။

အပြောင်းလည်းရှိရင် မြန်မြန် ဖုန်းဆက်တော်မူကြပါ။

၂၇ ရက်နေ့ ည ၈ နာရီနောက်ပိုင်း ကား။ (ရန်ကုန်အထွက်)

၂၉ ရက်နေ့ ည ၇ နာရီခန့် (မန္တလေး အထွက်) အသွား/အပြန် ဖြတ်ပါမည်။ လူ လက်ရှိကွန်ဖန်း ၉ ယောက် ကွန်ဖန်း ဝိတ်တင်း ၂ ယောက်ပါ။ ဖြတ်ကာနီး အဆိုပါ ၂ ယောက်ကို မေးပါမည်။ ကျန်သူများ မမေးတော့ပါ။ မောင်ဂျက်ဂါ မန်းကနေ ဆင်းလာမည်တဲ့။

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
ပရဟိတ နှင့် မြန်မာ့အရုဏ်သစ် တောင်တတ်အသင်း ဥက္ကဋ္ဌ ( :D)
ပြက္ခရွေတောင်က ၄ နာရီလောက် တတ်ရတယ်တဲ့--း) [KSN]
Inline image 14

လမ်းမှာ ဘုတ်‌‌တေး ၈ကြိမ်မှ ‌၁၀ကြိမ်‌ခန့်‌ဖြစ်‌လိမ့်‌မည်‌။ မတက်‌နိုင်‌သူများ အန်‌နာဗွန်‌စီကြို‌သောက်‌ထားရန်‌။ ‌နေ့လည်‌တက်‌ ည‌နေ‌ရောက်‌ ‌တောင်‌ထိပ်‌ညအိပ်‌။

‌စောင်‌‌ ‌ခေါင်းအုံး ခြင်‌‌ထောင်‌ စားစရာ ‌ရေဗူး တို့ကို အသီးသီးမျှသယ်‌ရမည်‌။ ‌ခြေအိတ်‌လက်‌အိတ်‌ ‌ဘောင်းဘီရှည်‌ထူထူ အ‌နွေးထည်‌ထူထူ ‌ခေါင်းစွပ်‌ ပါလျှင်‌‌ကောင်းသည်‌။ ချမ်းတာက ယပင့်‌နှင့်‌‌ရော ယရစ်‌နဲ့ပါ ခြမ်းလိမ့်‌မည်‌။

ညစာယူလာမယ့်‌ ထမင်းဆီဆမ်း အ‌ခြောက်‌အခြမ်းစား ကြာဇံရယ်‌ဒီမိတ်‌အထုပ်‌ဟင်းရည်‌လုပ်‌‌သောက်‌မည်‌။

ညမီးပုံပွဲလုပ်‌ပြီး အသင်းအတွက်‌ လိုအပ်‌သည်‌ထင်‌တာများ‌ဆွေး‌နွေးကြမည်‌။

ထို့‌နောက် မီးပုံပွဲမှာ စကားလက်‌ဆုံ‌ပြောကြမည်‌။ အိပ်‌ကြမည်‌။ လင်‌မယားတူတူမအိပ်‌ရ။ မနက်‌ခင်းမှာ အရုဏ်‌တက်‌ မှတ်‌တိုင်‌မှာ အရုဏ်‌သစ်‌နှင့်‌အတူ အရုဏ်‌သစ်‌တို့ ပြက္ခ‌ရွေ‌တောင်‌ထိပ်‌ရှိ မြန်‌မာပြည်‌ အလယ်‌ဗဟိုမှတ်‌တိုင်‌မှာ ဓာတ်‌ပုံရိုက်‌မည်‌။

မနက်‌စာကြာဇံရယ်‌ဒီမိတ်‌‌သောက်‌မည်‌။ ပြန်‌ဆင်းမည်‌။ ‌တောင်‌‌အောက်‌တွင်‌ ဗိုက်‌ဆာပါက ‌ပြောရန်‌။ ကိုစိန်‌လင်းမှ လာကြိုမည်‌။ ‌နေ့ခင်းစာ အိမ်‌မှာစား ကိုစိုးနိုင်‌တို့ဆီသွား။

မင်းဝံ‌တောင်‌တက်‌မည်‌။ ‌လှေကားရှိသည်‌။ [GLZ]

ပြက္ခရွေတောင်တက်မှတ်တမ်း ၁

28.12.13 နေ့တွင် မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့သားများမှ မြစ်သားမြို့ မန္တလေးတိုင်းအတွင်းရှိ ပေတောပရဟိတ လူငယ်ဖွံဖြိုးရေးကျောင်းသို့ ကျပ်ရှစ်သိန်းကျော် ကိုးသိန်းဖိုးခန့်ရှိ အထောက်အပံ့ပစ္စည်းများ+ပေတောပဒေသာပင်+န၀ကမ္မ စသည်တို့ကို ပေးလှူပြီးနောက် နေ့လည်ခင်း 2 နာရီခန့်တွင် မြန်မာပြည်အလယ်ဗဟိုဟုဆိုသည့် မှတ်တိုင်ရှိသည့် မြစ်သားမြို့နယ် ပြက္ခရွေတောင်တော်(အနောက်ဖက်တောင်) ပေါ်တွင် ကပ္ပိယမရှိ တစ်ပါးတည်း သီတင်းသုံးတော်မူသည့် ဆရာတော်ထံသို့ ၀တ္တုငွေ ကျပ်တစ်သိန်းကို လှူတန်းရန် အားကြိုးမာန်တက်ဖြင့် တက်ခဲ့ကြပါသည်။

ပြက္ခရွေတောင်သည် အလွန်ပင်မက်စောက်သည်။ လှေကား စောင်းတန်း စသည်တို့မှာ တောင်ခြေနားနီးသည့် မောနားတောင် အလယ်လောက်အထိ(ဆိုင်ကယ်တက်လို့ရသည့်နေရာအထိ) သာရှိသည်။ မိုင်အားဖြင့် ကျွန်တော်များ အတိအကျ မမှန်းနိုင်သော်လည်း ထိုနားရှိနေထိုင်သူများကို တောင်ခြေတွင် မေးမြန်းသောအခါ အနောက်ဖက်တောင်ထိပ်ဆိုလျှင် နှစ်မိုင်နှင့် လေးဖာလုံခန့်၊ မောနားတောင်ဆိုလျှင်
လေးဖာလုံဟု ပြောကြပါသည်။ သို့သော် ကျွန်တော်တို့အဖွဲ့သားများ ဆိုင်ကယ်ဖြင့် မတက်ပဲ ခြေလျင်တက်ခဲ့ကြပါသည်။

မောနားတောင်သို့ရောက်သောအခါ စောင်းတန်းများ မရှိတော့ပေ။ လှေကားသည်လည်း အဆုံးသတ်သွားခဲ့ပြီ။ ထိုမှခဏနား၍ တောင်ခြေမှာကတည်းက ယူလာကြသော ရေဗူးများထဲမှ ရေကို သောက်သည်။ မောနားတောင်သို့ စောင်းတန်းဖြင့် တက်ခဲ့ကြသည်မှန်သော်လည်း လှေကားများမှာ အထူအပါး အနိမ့်အမြင့် မတူညီကြသောကြောင့် ထို လေးဖာလုံတက်သော ခရီးတွင်ပင် လှေကားဖြင့် ခလုတ်တိုက်ပြီး လဲကျသူများရှိသည်။ မူလ စတက်ကတည်းက ကိုယ့်ပစ္စည်းကိုယ်သယ် ကိုယ့်ရေဗူးကိုယ် ယူပြီး တက်ခဲ့ကြသည်မို့ ( Goodluck Zawနှင့် November Rainမှ လွဲ၍ ) တောင်တက်သည့်အလေ့အကျင့်လည်း မရှိရကား ထိုလေးဖာလုံခန့် တက်ပြီးနောက် လိုက်ပို့သည့် ကား ပြန်သွားပြီလားလို့ မေးတဲ့သူရှိသည် Who ? May I ask >>ကို Soe Naing. Please answer me. I forget it. ( Just Joking )

မောနားတောင်တွင် ၃ကြိမ်မြောက် ခဏနားပြီး စကားပြောဆိုကြသော မူဗီဖိုင်လေးကို လိုင်းကောင်းလျှင် ကျွန်တော်မှ မုချ တင်ပေးပါအံ့။ ထိုမောနားတောင်မှ စ၍ ကို Soe Naing မှ တစ်လမ်းလုံး ပြောလာသည့် မှတ်သားဖွယ်စကားလေးများကို မူဗီဖိုင်တွင် ကြည့်တော်မူ နားဆင်တော်မူကြပါရန် .. အမြည်းအားဖြင့် " ဟိုကောင်လေ ပြဿနာကောင် ... အဲကောင် အဲကောင် .... ပြောတော့ ပြေပြေလေးတဲ့ ... အသာလေး လမ်းလျှောက်သွားရတာတဲ့ ... ဟော ဟဲ ဟော ဟဲ "

ယခုတက်သည့် မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ထဲမှ ထိုတောင်ပေါ်သို့ ရောက်ဖူးသူသည် အားလုံးပေါင်းမှ တစ်ယောက်တည်းသာ ဖြစ်သည်။ ကျွန်တော်သည်လည်း မြစ်သားသားဆိုပေသည့် ပြက္ခရွေတောင်ကို ယခုအခေါက်မှ တက်ဖူးသူဖြစ်ပါသည်။ ရောက်ဖူးသည့် ထိုသူသည်ကား ကို Soe Naing ၏ ငယ်သူငယ်ချင်းကြီး ကို ၀င်းမိုးသန့်ဖြစ်လေသည်။

" ဒါနဲ့ ကိုဝင်းမိုးသန့်ရယ်၊ ခင်ဗျား ဘယ်တုန်းက ရောက်ဖူးတာလဲဗျ " " ငါ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပေါ့ အဲဒီတုန်းကတော့ ပြေပြေလေးထင်တာပေါ့ ငါ လူပျိုပေါက်အရွယ်တုန်းက " ...... တိန် ...... ကို Soe Naing မှ " မင်းကွာ တော်တော်ရက်စက်တဲ့အကောင် "

ကျောက်ဆောင် ကျောက်တုံးများသည် မညီမညာတိုးထွက်လျက် တည်ရှိနေသည်။ သစ်ပင်များသည်လည်း အစီအရီပေါက်လျက်ရှိနေသော်လည်း တောင်တက်လမ်းခရီးမှာ မတ်စောက်လွန်းသောကြောင့် လမ်းဘေးတွင် တွေ့ရသော ၀ါးပင်များမှ ၀ါးလုံးများကို တောင်ဝှေးအဖြစ်အသုံးပြုရလေသည်။

လူတစ်ယောက်ပင် အတော်ခက်ခက်ခဲခဲ လေးဖက်ကုန်းတက်သည့်နေရာများစွာကို ကျော်ဖြတ်ခဲ့ကြသည်။ ဟိုးရှေးရှေးကလူများ၊ တောသတ္တ၀ါများ သွားခဲ့ကြ၍ ကျောက်တုံးများမှ ပဲ့ထွက်လာသော မန်ကျည်းစေ့အရွယ် ဂေါ်လီလုံးအရွယ် ကျောက်လုံးလုံးကလေးများသည် ကျွန်တော်တို့၏ ခြေထောက်တို့ကို များစွာ ချော်လဲစေပါသည်။

မောနားတောင်မှစ၍ လမ်းတွင် အင်္ဂတေဖြင့် ပြုပြင်မွန်းမံထားခြင်းမရှိဖူးသေးပဲ သဘာဝအတိုင်းရှိနေသော တောင်ရိုင်းကြီး ပြက္ခရွေပင် ဖြစ်ပါသည်။ အချို့နေရာများတွင် ကျောက်တုံးများကို ဟိုတစ်ကွက် ဒီတစ်ကွက် စီနိုင်သလောက် စီပေးထားသည်။ အချို့နေရာများတွင် သစ်ငုတ်များ သစ်မြစ်များကို မြေတွင် မြှုပ်ထားသည်ကိုလည်း အနည်းအကျဉ်းတွေ့ရလေသည်။ သို့သော် ထိုနေရာများမှာ လွန်စွာမှ နည်းလှပါသည်။ အများအားဖြင့် ကိုယ့်အားကိုယ်ကိုး၍ ချော်မလဲအောင် ပြုတ်မကျအောင် ခက်ခက်ခဲခဲ နဖူးမှ ချွေး ခြေမကြားသို့ကျအောင် အားသွန်ခွန်စိုက်ဖြင့် တက်ခဲ့ကြသည်။

လမ်းတွင် တောင်ပေါ်မှ ပြန်ဆင်းလာကြသောသူများကို တောင်ဝှေးတစ်တောင်တောင်ဖြင့် တွေ့ရသည်။ ထိုသူများကို ကျွန်တော်တို့မှ " ရောက်ခါနီးပြီလားဗျိုး " ထိုသူများ ပြုံးစစဖြစ်သွားကြသည်။ ပြန်ဖြေသည်ကတော့ " ရောက်တော့မှာ နည်းနည်းလေး သွားလိုက်ရင် ရောက်ပါပြီ သိပ်မလိုတော့ဘူး " ဟူ၍ပင် ...

တကယ်တမ်း ဆက်တက်ကြည့်သောအခါမှ သိလိုက်ရသည်က ထိုမေးမိသော နေရာသည် တောင်တက်ခရီး၏ တစ်ဝက်ပင်မရှိသေးချေ။ တဖန် နောက်ထပ်တွေ့သောအဖွဲ့တစ်ဖွဲ့ကို ကျွန်တော်မှ " ဗျိုး ဦးလေး ဟိုနားလေးက နည်းနည်းပဲ လိုတော့တာမလား " " အဲ အဲ ဟုတ်တယ် အဲလမ်းအတိုင်းပဲ ရှေ့ဆက်သွားရင်ရောက်တယ် "

အမှန်တော့ ကျွန်တော့်မေးခွန်းတွင် ဖြေသူမှ ဖြေရန် အဖြေမရှိပါ။ ထိုစဉ် ...

" အေး ... ၀င်းမိုးသန့် မင်းတော့ ငါ တွေ့မယ် .... အတော်ရက်စက်တဲ့အကောင် ၊ မင်းဘ၀တော့ ငါ ရန်ကုန်ပြန်ရောက်ရင် ငါ့အကြောင်းသိစေရမယ် အင်တာနက်မှာကို တင်ပစ်မယ်ကွ " ကျွန်တော်တို့မှာ မောရသည့်ကြားထဲမှ ရယ်ရပြန်သေးသည်။ အမှန်မှာတော့ ကို Soe Naing သည် တောင်တက်နေစဉ်အတွင်းတွင် တကယ်မကျေမနပ်ဖြစ်နေခြင်းမဟုတ်ကြောင်း၊ သွားလာရင်း မပျင်းရအောင် အရွှန်းဖောက် ရန်စနေခြင်းဖြစ်ကြောင်း ထိုသို့ ကျွန်တော်ထင်မိပါသည်။

လမ်းခရီးတွင် တဘုန်းဘုန်း ပစ်လဲနေသူလည်း ရှိသည် မ Min Min Soe ။ လဲသော်လည်း အားမလျှော့ ပြန်ထပြီး ဆက်တက်သည်။ ကျွန်တော်တို့ တောင်တက်အဖွဲ့တွင် ဇွဲဆုချီးမြင့်ရမည့်သူသုံးယောက်ရှိသည်ဟု ထင်ပါသည်။ ၁ မ Min Min Soe ။ ၂ အသက် ၁၂ နှစ်သာရှိသေးသည့် မောင်ကောင်းစည်သူ ။ ၃ မ Thain Gi တို့ဖြစ်သည်။ ကို Soe Naing နှင့် မှင်စာတို့မှာ တကယ့်ပါရမီဖြည့်ဖက်ကောင်းများ ဖြစ်ကြလေသည်။ ကို Soe Naing မှာ မ Min Min Soe ကို အားပေးကူညီသည်။ မှင်စာမှ မ Thain Gi ကို တွန်းတင် (အဲလေ) တွဲခေါ်သည်။ စံပြ ဇနီးမောင်နှံအဖြစ် ကျွန်တော်မှ အသိအမှတ်ပြုပါသည်။

ရေးရန်ကျန်သည့်အပိုင်းများကို ဆက်လက် ရေးသားပေးပါမည်။ [GLZ]
Inline image 8
21°13'14.78"N 96°12'19.39"E
ပြက္ခရွေ့တောင်ပေါ်မှာ [KLZ]

Inline image 12
ပြက္ခရွေတောင်နှင့် ပတ်သက်၍ November Rain မှ အသိတစ်ယောက်အား ဖုန်းဖြင့် မေးမြန်းထားခြင်း ။ [GLZ]
https://www.dropbox.com/s/rw3cqs86u3xtzt0/ပြက္ခရွေတောင်%20-%20Copy.mp3

ပြက္ခရွေတောင် မှတ်တမ်း
××××××××××××××

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပါတ်ခြံရံ
ပြက္ခရွေတောင်ကိုးလုံးကို
ကုန်းမှတ်လို့ တတ်မယ်ကြံ
အမှန်တော့ ပလီပလာစကား။ ။

ပြေပြေလေးပါပေါ့--
တတ်မှန်းတောင် မသိပါဘူးရယ်လို့
အင်းယားကန်ဘောင် နမူနာပြတယ်
ယုံခဲ့မိသူတွေမှာတော့
တစ်ညမှာ ဆုံးရာရောက်ပါလိမ့်
``ကြွက်တတ်ချင်ယောင်ဆောင်`` နားချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေအုံး
အမှောင်မပိတ်ခင် တောင်ထိပ်ဝင်ရမှာမို့
တောဝက်ရန်အမှန်ကြောက်ပါသဖြင့်
စိတ်တင်းကာ ဇွတ်နင်းကန် တတ်ရတယ်

အိုကွဲ့--

တစ်သက်မမေ့စေတဲ့
ပြက္ခရွေ တောင်စခန်း။ ။ [KSN]
Inline image 9

2013-12-29 ပြက္ခရွေ တောင်တက်မှတ်တမ်း

ပြက္ခရွေ အနောက်တောင် တောင်တက် မှတ်တမ်း

၂၀၁၃ခု ဒီဇင်ဘာလ ၂၈ ရက်

ပင်လယ်ရေ မျက်နှာပြင် အထက် ပေပေါင်း ၃၄၆၇ပေ

၂၈ ရက် နေ့လည် ၁ နာရီခွဲမှ စတက်ပြီး တောင်ပေါ်သို့ ညနေ ၆နာရီခွဲ ရောက်ရှိခဲ့သည်။ ပြက္ခရွေ့စွယ်တော်ရှင် ကျောင်းထိုင်ဆရာတော် ဦးဩဘာသ၏ ကျောင်း ဓမ္မာရုံတွင် တည်းခိုခဲ့ကြသည်။ ၂၉ နံနက် ၈နာရီ ၁၅ မိနစ်တွင် တောင်ပေါ်မှ ပြန်ဆင်းလာခဲ့ကြပါသည်။

တောင်တက် အဖွဲ့သားများမှာ မြန်မာ့ အရုဏ်သစ်မှ ၁၄ ဦး ဖြစ်ပါသည်။
ပရဟိတ လူမှုကူညီရေး အသင်း၏ မြစ်သားမြို့ ပေတော မိဘမဲ့ ကလေး ပြုစုစောင့်ရှောက်ရေး ကျောင်းသို့ အလှူပြုသူရန်သွားကြသူများအနက်မှ အောက်ပါ ၁၄ ဦး တောင်ပေါ်ကို တက်ရောက်ခဲ့ကြလေသည်။

ကိုစိုးနိုင်
+ မမင်းမင်းစိုး
သား ကောင်းစည်သူ
ကိုဇော်မင်း
+ မနုမာ
ကိုမင်းသက်စံ
+ မသဲသဲ
ကိုအေးမင်းဦး
+ မသိင်္ဂီ
ကိုဝင်းမိုးသန့်
ကိုလူစိမ်း
ကိုရန်နောင်
မသွယ်သွယ်စိုးနိုင်
နှင့်
မဟေမာနှင်း
တို့ ဖြစ်ကြပါသည်။

see movie here
http://youtu.be/sWD0SsI4dgg

Inline image 10

see photo album here
https://www.facebook.com/media/set/?set=a.642046715836840.1073741836.407250185983162&type=3

Inline image 13
တကယ့်ကို Fruitful အလှူခရီးစဉ်ကလေးပါပဲ။ စီစဉ်ပေးတဲ့သူများ ကျေးဇူးတင်ပါတယ်။ ပေတောကျောင်းကို လှူရတယ်။ စောလူမင်းကျောက်စာတူးဖော်ရာ Site နဲ့ ကျောက်စာမူရင်းကို မြင်ခဲ့ရတယ်။ ရွှေမုဌောဘုရားကို ဖူးခဲ့ရတယ်။ အနော်ရထာမင်းကြီးတည်ထားခဲ့သည်ဟူသော စွယ်တော်ရှင် ပြက္ခရွေ စေတီ ကိုလည်း အမြင့်ပေ ၃၅၀၀ နီးပါရှိသည့် ပြက္ခရွေအနောက်တောင် ကို ၂မိုင် ၄ဖာလုံ ကုပ်ကက်တက်၍ ဖူးမြော်ခွင့် ရခဲ့သည်။ ကိုစိုးနိုင်တို့ မွေးဌာနီ ညောင်ဝန်းရွာဆီသို့ အလည်ရောက်ခဲ့ရသည်။ မုန့်တွေ မျိုးစုံစားခဲ့ရတယ်။ ခရီးသွားအတွေ့ကြုံတစ်ခု

ဤခရီးစဉ် ဖြစ်မြောက်အောင်စီစဉ်ပေးသော၊ တောင်ပေါ်တည်းရန် နေရာထိုင်ခင်း၊စောင်ခေါင်းအုံးကအစ စီစဉ်ပေးသော ကိုဇော်မင်း+မနုမာ ဇနီးမောင်နှံ

တည်းခိုနေထိုင်အစားအသောက်များနှင့် လိုလေသေးမရှိဧည့်ခံသော၊ မညည်းမငြူ လိုက်ပါပို့ဆောင်ပေးသော ကိုစိန်လင်း စံအိမ်သူစတိုးဆိုင် မိသားစု https://plus.google.com/111877863957003984086/about?hl=en

တောင်ပေါ်တက်ဖြစ်ရန် သတင်းအချက်အလက် စုဆောင်းပေးသော တိုးဂိုက်ကြီး ကိုဝင်းမင်းသန်း

မလိုက်ဖြစ်လိုက်ဖြစ်အောင် အဆွယ်ကောင်းသော ကိုစိုးနိုင်တို့မိသားစု

လက်ဆောင်ပစ္စည်းတွေ တပွေ့တပိုက်ထည့်ပေးလိုက်သော၊ အပင်ပန်းခံ ရေဗူးတွေ ကူသယ်ပေးသော ကိုမင်းသက်စံတို့ ဇနီးမောင်နှံ

ခရီးတောက်လျောက် မှတ်တမ်းဓာတ်ပုံရိုက်ပေးသော ကိုနောင်နောင်

လမ်းတလျောက် အမောပြေ ချိုချဉ်၊ သစ်သီး၊ ရေ၊ ဇီးတော်ဖီ၊ အန်နာဗွန်စီ တစ်ခုပြီးတစ်ခု ထုတ်ကျွေးကြသည့် ကိုအေးမင်းဦင်္း+မသိင်္ဂီ၊ မမင်းမင်းစိုး၊ သွယ်သွယ်၊ ဟေမာနှင်း၊ နောင်နောင် အပါအဝင် မြန်မာ့အရုဏ်သစ်ဝိုင်းတော်သားများအား ကျေးဇူးတင်ဝမ်းမြောက်စကားဆိုရပါသည်။ နောက်တစ်ခေါက် ပြန်ဆုံကြပါစို့ ဟု....။  [KLZ]
Inline image 15

Monday, October 14, 2013

အချိန်တန်ရင် ခွဲရမှာပဲ

October 13, 2013 at 10:03pm

ရသဆောင်းပါးမဟုတ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ် ခင်ဗျာ။

.....


ခုတလော အိုင်တီသမား ဦးဦး ဒေါ်ဒေါ် ကိုကို မမများ၊ ပရဟိတ ဦးဦးဘဘများထံက တရားသဘောတွေ အတော်ကြားရပါတယ်။ အချိန်တန်ရင် ခွဲရမှာပဲ။ အချိန်က ဘယ်တော့ တန်မလဲသာ မသိတာ။ ဗုဒ္ဓဘာသာ တရားသဘောနဲ့ဆို "ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ" ဆိုတော့ကာ ကြီးသည် ငယ်သည်မဟူ အချိန်မရွေး အချိန်တန်နေနိုင်ပါတယ်။ မရဏမင်းခေါ်ရင်တော့ "ထ္မင်းအိုးလေးတည်ပါရစေဦး" ပြောပြီး တားလို့တော့ မရနိုင်တော့ပါဘူး။ ဖုတ်ဖက်ခါ ထလိုက်ရမှာပါပဲ။ ကိုယ့်ဘို့ကိုယ့်တာ ကိုယ့်ဥစ္စာ၊ လုပ်စရာရှိတာတွေ ကြိုလုပ်ထားဘို့ ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။


Google က ကိုယ့်အကြောင်းတွေ ကိုယ့်အုဌ်ဂူထဲမှာ ထည့်မြှုပ်လိုက်မလား (
image: from Internet 
ပုံ အင်တာနက်က ရပါသည်။)


လက်တွေ့လောကက လုပ်စရာတွေနဲ့ အလားတူ အွန်လိုင်းလောကက လုပ်လက်စ တန်းလန်းတွေအတွက်ကော စဉ်းစားထားပြီးပါသလား။ ကိုယ့်မှာ Gmail အကောင့် (တွေ အများကြီး) ရှိမယ်။ ဖဘအကောင့် (တွေ အများကြီး) ရှိမယ်။

အများကြီးလို့ ဘာလို့ ထည့်ပြောရသလဲ ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံသားများဟာ GDP per capita သာ သူများအောက်ကျချင်ကျမယ်။ ဖဘအကောင့် per captia (တစ်ဦးချင်း အကောင့်ပိုင်ဆိုင်နှုန်း)မှာတော့ ကမ္ဘာကျော်ပါတယ်။ ခ်ခ်

အကောင့်တစ်ခုချင်းစီမှာ လုပ်လက်စ တစ်ခုစီရှိမယ်။ ဆိုင်ရာဆိုင်ရာ ပါစင်နယ်မက်တာတွေ ဒုနဲ့ဒေး ရှိမယ်။ ကိုယ်သေသွားသော် ကိုယ့်ဖုန်းကနေဖြစ်ဖြစ် ကိုယ့်ပဝသိတဲ့ တနည်းနည်းနဲ့ ဖြစ်ဖြစ်၊ ကိုယ့် လက်ပ်တော့ကနေဖြစ်ဖြစ်၊ ကျန်ရစ်တဲ့ အိမ်သူသားသ္မီးမြေးမြစ်တွေ ဝင်ကြည့်ရင်၊ အခြားမသက်ဆိုင်သူဆီ ရောက်သွားရင် ဖြစ်ဖြစ်၊ ကိုယ်ကျိုးနည်းရချည့်ရဲ့။ သေသွားမှတော့ ဘာဖြစ်ဖြစ်ကွာ.. ပြောပေမည့် ကျန်ရစ်သူမိသားစု ထိခိုက်အောင် abuse အလုပ်ခံရရင် မခက်ပါလား...။

အောက်ကပုံမှာ Google က သိထားသမျှ ကိုယ့်သုံးနေတဲ့ ဆားဗစ်တွေ  နမူနာအဖြစ် ဖော်ပြထားပါတယ်။

Google က သိထားတဲ့ ကိုယ့်အကြောင်းတွေ ဒုနဲ့ဒေး

မိမိကော လက်ရှိ ဘာတွေ ယူသုံးနေသလဲ ဆိုတာကို https://www.google.com/settings/products မှာ ဝင်ကြည့်နိုင်ပါတယ်။
ဒေတာတွေ မနည်းမနော ရှိနေမှာပါ။ ကိုယ်သေပြီးနောက် ကိုယ့်အကောင့်မှာ အများအတွက် အကျိုးရှိမည့် ဒေတာတွေ ရှိနေနိုင်သလို၊ အများအတွက် အကျိုးမရှိပဲ ကိုယ့်ပါစင်နယ်သက်သက် ဒေတာတွေလည်း ရှိနေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

ဒါဆိုရင် ကိုယ်သေသွားသော် တစ်ခုခုလုပ်ပေးဘို့ အမှာခြွေ သေတမ်းစာ ရေးထားဘို့ လိုပါပြီ။ ဘယ်သူ့ကို ဦးတည် ရေးမလဲ။ ထုံးစံအတိုင်း ငပွကြီး Google နဲ့ facebook ကိုပဲ သေတမ်းစာထားခဲ့ရမှာပေါ့။

ဒီနေရာမှာ Google နဲ့ facebook ရဲ့ သေတမ်းစာ လက်ခံပုံ ကွဲပြားချက် ရှိပါတယ်။

* Google က သေတမ်းစာ ကြိုရေးထားတာ လက်ခံပါတယ်။ "ငါ့ကိုမတွေ့ရင် သေပြီလို့ မှတ်လိုက်" လို့ မှာထားခဲ့လို့ ရပါတယ်။
* ဖေ့ဘုတ်မှာကျတော့ အမျိုးရင်း (or) မိတ်ဆွေရင်း တစ်ဦးဦးက မွေးစာရင်း၊ သေစာရင်းပြပြီး အကောင့်ကို အခြားဆက်မသုံးနိုင်အောင် တားပေးရမှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Inactive Account Manager= Google ရဲ့ သေတမ်းစာ စာရေး

အပေါ်ပုံမှာ Google ရဲ့ သေတမ်းစာ စာရေး (Inactive Account Manager) ကို ဖော်ပြထားပါတယ်။ သူ့ဆီ သွားရမည့် လင့်က https://www.google.com/settings/account/inactive ဖြစ်ပါတယ်။ ကျနော် အထက်မှာ ဖော်ပြခဲ့သလိုပဲ "ငါ့ကိုမတွေ့ရင် သေပြီလို့ မှတ်လိုက်" လို့ မှာခဲ့နိုင်ပါတယ်။ ဖြည့်ပေးရမည့် အချက်က ဘယ်ကာလ အတွင်း မတွေ့ရင် သေပြီမှတ်ရမလဲ။ ဒါကို ၃ လမှ တစ်နှစ်ခွဲတာ ကာလအတွင်း setting ချိန်ထားနိုင်ပါတယ်။ စိတ်ဝင်စားရင် Setup ခလုတ်နှိပ်လို့ အခုပဲ သေတမ်းစာ ရေးခဲ့နိုင်ပါပြီ ခင်ဗျာ :)

~~~~~~~~~~~~~~~~~~~~~~~~~~~~

facebook specimen: Special Request for Deceased Person's Account

ဖေ့ဘုတ်မှာကျတော့ အမျိုးရင်း (or) မိတ်ဆွေရင်း တစ်ဦးဦးက မွေးစာရင်း၊ သေစာရင်းပြပြီး အကောင့်ကို အခြားဆက်မသုံးနိုင်အောင် တားပေးရမှာ ဖြစ်ပါတယ်။ အထက်ပါ လျှောက်ထားရမည့် ဖောင်ပုံစံကို အောက်ပါလင့်မှာ ဝင်ကြည့်နိုင်ပါတယ်။ https://www.facebook.com/help/contact/228813257197480

ဒါဆိုရင် အွန်လိုင်းကိစ္စ မကြောင့်ကြ စိတ်ဖြောင့်ဖြောင့် ထွက်ခွာသွားလို့ ရပြီပေါ့ ခင်ဗျာ။
အဲ... ပြင်ပလောကက တို့လို့တန်းလန်းတွေ ရှင်းဘို့ကတော့ ကျနော် မောင်လူဇိမ်းလည်း အကြံမပေးတတ်ပါဘူး။ အမွေပေးခဲ့ချင်တယ်ဆိုရင်ဖြင့် လက်သာတို့လိုက်ပါလို့ :D

တင်ပြသူ Lu Zein  ( မြန်မာ့ အရုဏ်သစ် )
13-Oct-2013

Friday, July 19, 2013

ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ ၏ သာရဏီယတရား

ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ ၏ သာရဏီယတရား
ဓမ္မဒါန PDF ကို ဒီလင့်မှာ ဒေါင်းပါရန်
http://goo.gl/IW2Pm

no mirror please!


Tuesday, July 16, 2013

ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင် ပညာရေးကျောင်းများ စာရင်းချုပ် စာအုပ် ၂၀၁၁-၂၀၁၂ ပညာရေးနှစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင် ပညာရေးကျောင်းများ စာရင်းချုပ် စာအုပ် ၂၀၁၁-၂၀၁၂ ပညာရေးနှစ်  ဖြစ်ပါတယ်။ အလှူအတန်းလုပ်လိုသူများ ကိုးကားရန်အတွက် အလိုရှိပါက ဆွဲချယူနိုင်ပါတယ်။

ဖုန်းမှတဆင့် ဆွဲချရန် QR Code ဖြစ်ပါတယ်။


ကွန်ပျူတာမှ ဆွဲချရန် လင့်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။


Credit to Thwe Naing

Thursday, July 4, 2013

လုပ်သင့်သော်လည်း လုပ်နိုင်ခဲသည် ကောင်းမှုတစ်ခုအတွက် သာဓု ခေါ်ပါသည်။



     လမ်းဘေးတွင် လဲနေသည့် အိုကြီးအိုမ တစ်ဦးကို ခရီးသွားလာရင်း ရှောင်တခင် တွေ့ပါက သင် မည်သို့ အရေးယူပေးမည်နည်း။ ခေတ်ကာလ အခြေအနေအရ အတော်ပင် အဖြေရကျပ်သည့် မေးခွန်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဤသို့ အခြေအနေမျိုးတွင် အရေးတယူ တုံ့ပြန်ပေးသည့် ``သူမ`` ကို ဤစာဖြင့် အမှတ်တရ ဂုဏ်ပြုလိုက်ပါသည်။


     သူမသည် ဂျပန်စကားပြော တိုးရစ်ဂိုက်တစ်ဦးဖြစ်သည်။ အလုပ်ကိစ္စဖြင့် ရန်ကုန်မြို့ထဲသို့ ယနေ့ (၃ ရက် ဇူလိုင်လ ၂၀၁၃ခု) ရောက်ခဲ့သည်။ ဆူးလေဘုရားနားအရောက် ပလက်ဖောင်းပေါ်တွင် တွေ့လိုက်ရသည်က လဲလျောင်းနေသည့် ဘုန်းကြီးတစ်ပါး။ ဖြတ်သွားဖြတ်လာများဖြင့် မစဲအောင်ရှိနေသော်ငြား မည်သူမှ ဂရုမစိုက်အား၊ မိမိဝမ်းစာရေးအတွက် သွားလာလှုပ်ရှားမပြတ်။ မနက်ဖန် ဘားအံသို့ ခရီးထွက်ရမည့် သူမအဘို့ ယနေ့ အတွက်တော့ အားနေသည်ဟု ဆိုရမည်။ တိုးရစ်စ်ဂိုက်တစ်ယောက်အဘို့ ခရီးတစ်ခါထွက်ရန် အထုပ်အပိုးပြင်ခြင်းသည် ရေးကြီးခွင်ကျယ်မဟုတ်တော့။ လဲနေသူ ဘုန်းကြီး၏ အနီးတွင် ကူဖော်လောင်ဘက် တစ်ဦးမှ မရှိ။

     ထို့ကြောင့် သူမ အခြေအနေကို စနည်းနာဘို့ ဆုံးဖြတ်လိုက်သည်။ ဘုန်းကြီး၏ အနားသို့ ချဉ်းကပ်လိုက်၏။ အို... ဘုန်းကြီးအိုကြီး တစ်ပါးပါလား။ အတော်ခရီးနှင်လာခဲ့ပုံပေါ်သည်။ ချဉ်စုပ်စုပ် အနံ့ပေါင်းစုံဖြင့် ရောပြွမ်းနေ၏။ နှာခေါင်း ရှုံ့မနေအား...။ အသံပြုကြည့်လိုက်၏။ မတုံ့ပြန်။ အသာအယာလှုပ်ကြည့်၏။ တုပ်တုပ်မလှုပ်။ အေးစက်နေ၏။ ဗုဒွေါ ဘုရား.... ပျံလွန်သွားခဲ့ပြီလား။ တုန်လှုပ်စွာဖြင့် အနားမှ လူများကို အော်ဟစ် အကူအညီတောင်းရ၏။ လူများ ဝိုင်းအုံစ ပြုလာသည်။

     လူငယ် တစ်ဦးမှ ဘာအကူအညီပေးရမလဲ မေးလာ၏။ အားကိုးတကြီးဖြင့် အနီးအနားတွင် ဆရာဝန်ပင့်ပေးဘို့ ပြောလိုက်သည်။ လူငယ်လေး အနီးအနား ဈေးဆိုင်များကို ဟိုမေး၊ ဒီစမ်းဖြင့် ဆရာဝန်တစ်ဦး ရောက်လာပါ၏။ စမ်းသပ်ပြီး အသက်ငွေ့ငွေ့ ရှိသေးကြောင်းပြော၏။ ဘုန်းတော်ကြီး သတိရ နိုးထလာသည်။ ရင်ထဲမှ အောင့်နာနေကြောင်းပြော၏။ ဆရာဝန်မှ ဆေးရုံပို့က သင့်တော်ကြောင်း ပြော၏။

     ဆရာဝန်အား ကျေးဇူးတင်စကား သုတ်သုတ်ပြောပြီး ဘုန်းဘုန်းအား အငှါးကား တစ်စီး ငှါး၍၊ ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပြေးပို့ရလေသည်။ လူငယ်လေးလည်း လိုက်ပါကူညီပါ၏။ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ရောက်၍ မြန်မြန် ဆေးကုသမှု ပြုပေးပါရန် တောင်းပန်တိုးရှိုး နိုးဆော် ရလေသည်။ ထုံးစံအတိုင်း မှုခင်းစစ် ရဲအရာရှိနှင့် ရင်ဆိုင်ရပါ၏။ စစ်စစ်ပေါက်ပေါက် မေးသမျှကို ခရေစေ့တွင်းကျ ဖြေရပါ၏။ သူ့တာဝန် အတော် ကျေပွန်ပါသည်။ မိမိမှာ ကူညီ၍ ဆေးရုံလာပို့သူသာ ဖြစ်ကြောင်း လူငယ်လေးမှလည်း အပြန်အလှန် သက်သေခံပေးပါ၏။

     ဘုန်းဘုန်း၏ အိပ်ကို လှန်လှောရှာဖွေရာမှ ဖုန်းနံပတ်များ ၃ - ၄ လုံးခန့် တွေ့ရသည်။ ဆက်သွယ်သော်လည်း အဆင်မပြေ။ ချိတ်ဆက်၍ မရချေ။ (စကားချပ်။ ည ဆယ်နာရီခန့်တွင်မှ ဘုန်းဘုန်း၏ အမျိုးတော်သူ ဒကာမ တစ်ဦးနှင့် အဆက်အသွယ် ရပါသည်။ ဧရာဝတီတိုင်းအတွင်းရှိ မြို့တစ်မြို့မှ ဖြစ်ပါသည်။) ဘုန်းဘုန်းအတွက် လိုအပ်သည် ဆေးဝါး++ များ ဝယ်ခြမ်းပေးပြီးမှ ဆေးရုံမှ ညနေ ၆ နာရီခန့် ထွက်ခွာလာခဲ့သည်။

     ကုန်ကျငွေမှာ ကျပ်နှစ်သောင်းကျော်သာသာ။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရသော်လည်း၊ လူ့အသက်တစ်ချောင်း ထို့ထက်ပိုရလျှင် ဘုန်းဘုန်းတစ်ပါး၏ အသက်ကို ကယ်လိုက်ရသည်က သူမ အနေနှင့် ပင်ပန်းတာ အလွန်ထိုက်တန်သည် ထင်မိ၏။

     ထိုစဉ်က ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးကို ကူညီဖော်မရခြင်းကြောင့် စိတ်တိုရမည်လား? ဒါမှမဟုတ် ၎င်းတို့၏ ကူညီဖော်မရခြင်းကပင် သူမအတွက် မဟာဒုတ်မဲ ကျသည့်အလား ပရဟိတ ကုသိုလ်ပြုခွင့် တစ်ခု တိုက်ဆိုင်စွာ ရလိုက်သည်ပေလား ? သူမ ရှည်ရှည်ဝေးဝေး မစဉ်းစားချင်တော့ပေ။

     ကျနော်တို့ မြန်မာ့အရုဏ်သစ်မှ အမြူတေမန်ဘာ အမြဲတမ်း အလှူရှင် မလှကြည်ထွေး ခေါ် Innocent Nay အား သူမ၏ ကောင်းမှုတစ်ခုအတွက် ဤဆောင်းပါးဖြင့် အမှတ်တရ ဂုဏ်ပြုလိုက်ပါသည် ခင်ဗျား။ -:-:-:-:- ဇော်မင်းလွင် -:-:-:-:-

Credit - image: www.panoramio.com
ပုံ - ကျောက်ကလပ်စေတီတော် (ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှိုင်ရွှာကျေးရွာ)

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ https://www.facebook.com/groups/Myanma.ArunThit.Org/ သို့ ဖိတ်ခေါ်ပါသည်။

ဖေ့ဘုတ်တွင် ဖတ်ရန် ဒီလင့်ကို နှိပ်ပါ။

Saturday, January 19, 2013

စေတနာပါပါ လုပ်ဆောင်နိုင်ပါစေ

၁)
မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် အလှူဒါနကောင်းမူ၌ မွေ့လျော်ပျော်ပိုက်ကြသည်
အလှူဒါနနှင့်ပတ်သက်သော ဆိုရိုးစကားများတွင်"မရှိလို့မလှူ မလှူလို့မရှိ"ဟူသောစကားမှာ လူသိများပါတယ်
သို့တစေ 'မရှိလို့မလှူ"ဟူသောစကားမှ ၀တ္တုဒါနကိုသာ ရည်မျှော်၍ ဆိုခြင်းဖြစ်ပြီး "စေတနာဒါန"ကိုမူ လျစ်လျူရူထားခြင်းဖြစ်သည်ဟု သဘော၇ပါတယ်
အလျူဒါနတွင် ၀တ္တုဒါနနဲ့ စေတနာဒါနဟူ၍ နှစ်မျိုးရှိပါတယ်
ဝတ္တုဒါနဟူသည် လှူဖွယ်ဝတ္တုပစ္စည်းကိုဆိုလိုခြင်းဖြစ်ပြီး ။ စေတနာဒါနဟူသည်မှာ အလျူရှင်၏ရင်တွင်း၌ရှိသော လှူဒါန်းပေးကမ်းစွန့်ကြဲလိုသော စေတနာကိုဆိုလိုခြင်းဖြစ်တယ်

ဤဒါနနှစ်မျိုးတွင် ကမ္မပထမြောက်မူ၌မူ"စေတနာဒါန"က လိုရင်းဖြစ်ပါတယ်

ဝတ္တုဒါနထက် ပိုမို၍ အဓိကကျသော ဒါနပြုလိုသည့် စေတနာကောင်း မိမိ၏အတွင်းသန္တာန်၌ သန့်သန့်စင်စင် ဖွံ့ဖွံ့ဖြိုးဖြိုး တည်ကိန်းရှင်သန်နေ၇န်သာ လိုပါသည်
ညောင်စေ့လောက်လှူသော်လည်း ညောင်ပင်ကြီးလောက်ရသည် ဟူသော ဆိုရိုးစကားမှာ စေတနာဒါန၏ အကျိုးကျေးဇူးကို ဖော်ကျူးထားခြင်းပင် ဖြစ်ပါသည်
မည်သည့်အ၇င်းအနှီးမှ မလိုသော အိုးခွက်ပန်းကန်ဆေးကြောသည့်ရေကို စွန့်ပစ်ရာ၌ပင် ထိုရေထဲ၌ရောပါလာတတ်သော ထမင်းလုံးနှင့် ဟင်းအစအနမှားကို ရေမြောင်းထဲမှ ပိုးမွှားများ စားကြပါစေဟူသော စေတနာကောင်းထားလျှင် ယင်းသည်ပင် ကုသိုလ်ကောင်းမူဖြစ်သော စေတနာဒါနပင်ဖြစ်ကြောင်း မြတ်ဘုရား၏ အဆုံးအမတော်က ထင်ထင်ရှားရှားပြညွှန်တော်မူထားပါသည်
ဒါနကောင်းမူတစ်ခု၏ ဂုဏ်အင်နှင့် အာနိသင်သည် ၀တ္တုဒါနထက် စေတနာဒါနအပေါ်၌သာ တည်မှီပါသည်
မချမ်းသာမကြွယ်ဝသဖြင့် မလှူနိုင်ဟု ငေးမှိုင်ဖွယ်မလို အထက်ပါဘုရားရှင်၏ အဆုံးအမတော်ကို ထာဝစဉ်နှလုံးသွင်းဆင်ခြင်၍ အမျှော်နှင့်တောင့်တမူလုံးဝကင်းစင်လျက် လွတ်လွတ်စွန့်လွှတ်သော တစ်နိုင်တစ်ပိုင် ဒါနကောင်းမူကို စွမ်းနိုင်သမျှ ပြုသွားခြင်းဖြင့် သူတစ်ပါး ကောင်းကျိုးဆောင်နိုင်သော ဘ၀ကောင်းဘ၀မွန် တစ်ခုကို လှပစွာထုဆစ် ပုံဖော်နိုင်ပါသည်။
(the flower news) 
Ma Sandar Aung မှ မျှဝေပါသည်

၂)
တကယ်တော့ လှူတယ်ဆိုတာ ကိုယ်ပိုင်ပစ္စည်းကို စွန့်လွှတ် ပေးကမ်းရတာ၊ စွန့်လှူရတာဖြစ်ပါတယ်။ ကိုယ်တိုင် စွန့်လွှတ်ပေးကမ်းကြည့်မှ နှမြောတွန့်တိုတဲ့ မစ္ဆရိယစိတ်ကို တိုက်ထုတ်ပြီးမှ စင်ကြယ်တဲ့ အလှူဒါနဆိုတာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
ထိုသို့ လှူဒါန်း၊ စွန့်ကြဲ၊ ပေးကမ်းကြရာတွင် စိတ်ထားတတ်သော အနေထားပေါ်မူတည်၍ အမျိုးမျိုး လှူဒါန်းနေကြသည်ကို မိမိတို့ ပတ်ဝန်းကျင်၌လည်း လက်ရှိတွေ့မြင်နေကြရသည်။ ဤနေရာတွင် သဒ္ဓါ ပညာအတွဲညီစွာ လှူဒါန်းတတ်ရန် အလွန်အရေးကြီးပေသည်။ လှူဒါန်း၊ စွန့်ကြဲ၊ ပေးကမ်းခြင်းသည် သဒ္ဓါဖြစ်၍ တကယ်လိုအပ်သော နေရာများကို ရွေးချယ်လှူဒါန်းတတ်ခြင်းသည်၊ အများအကျိုးကို ရှေးရှုနိုင်သော ပညာ၊ ထိုနှစ် ခု အတွဲ ညီမှသာလျှင် မြင့်မြတ်သော ဒါနဖြစ်ပေမည်။
ဆွမ်းတစ်နပ်ဖြစ်ဖြစ်၊ ကျောင်းအလှူဖြစ်ဖြစ်၊ တရားအလှူဖြစ်ဖြစ် စေတနာသုံးတန် ပြဋ္ဌာန်း၍ တဏှာစွဲကင်းကာ ကျွတ်ကျွတ်လွတ်လွတ် လှူဒါန်းရန်အရေးကြီးပါသည်။ထို အလှူဒါနဟာလဲ အလွန် မွန်မြတ်ပါတယ်၊ အနှောင်အ ဖွဲ့ ကင်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ချို့က အားနာလို့ လှူတယ်၊ တစ်ချို့က ရင်းနှီးလို့ လှူလိုက်ရတယ်။ စတဲ့အကြောင်းတွေ တစ်ခုမှ ငြိမနေပါဘူး။ အထက်တန်းစား ဒါန ဖြစ်ဖို့ ဆိုရင်
(၁) အလှူပေး ပုဂ္ဂိုလ်ဟာ မလှူမီ သီလနဲ့ ပြည့်စုံနေရမယ်။
(၂) အလှူခံ ပုဂ္ဂိုလ်ကလည်း သီလနဲ့ ပြည့်စုံနေရမယ်။
(၃) လှူဖွယ်ပစ္စည်း ၀တ္ထုက တရားသဖြင့် ရှာလို့ရတဲ့ သန့်ရှင်းစင်ကြယ်တဲ့ ပစ္စည်း ဖြစ်ရမယ်။
(၄) လှူစဉ်အခါ စိတ်ကြည်လင်နေရမယ်။
(၅) နိဗ္ဗာန် ဆိုတဲ့ အကျိုးရလာဒ်ကို သိမြင်ပြီး လှူရမယ်။
(၆) အလှူရဲ့ ရှေ့ပိုင်းမှရော နောက်ပိုင်းမှာပါ ပူပန်စိတ် လုံးဝ မပါစေရပါဘူး။
အဲဒီ အလှူမျိုးဟာ အကျိုးကြီးတဲ့ အထက်တန်းစား ဒါန အလှူမျိုး ဖြစ်ပါတယ်။
ထိုကဲ့သို့ လှူဒါန်းရတဲ့ အလှူဒါနကြောင့် လူ၊ နတ်တို့မှာဖြစ်တဲ့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကျန်းမာခြင်း၊ ဘုန်းတန်ခိုးကြီးခြင်းစသောအကျိုးတရားများရရှိပိုင်ဆိုင်သူများဖြစ်ကြရမှာ အမှန်ပါပဲ။
ဒါနဆိုတဲ့ အခြေခံအဆင့်မှသည် ရုပ်ချော၊ ရုပ်ဆိုး၊ ဆင်းရဲ၊ ချမ်းသာစတဲ့ အဆင့်အတန်းတွေ ကင်းဝေးရာ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာအကျင့်တရားများကို ကျင့်ကြံနိုင်ကြပါစေလို့ ဆုတောင်းရင်း မိမိတို့ လစဉ် ပြုလုပ်နေကြသော ဒါနကောင်းမှု အလုပ်ကို သဒ္ဓါ၊ ပညာယှဉ်ပြီး လှူဒါန်းကြဖို့ နိဗ္ဗန် အကျိုးမျော်၍နိုးဆော်၊ ပူဇော်အပ်ပါသည်။
ကိုးကား - ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး ၏ ဒါနသုံးပါးတရားတော် ။ http://www.anantametta.org

Thursday, December 13, 2012

လူသေအလောင်းဝတ်တဲ့ အကျီမှာ အိပ်ကပ်မပါဘူး

********************************

လူသေအလောင်းဝတ်တဲ့ အကျီမှာ အိပ်ကပ်မပါဘူး ********************************  သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။  နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။ ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်..... Cornell University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၅၈၈ မီလီယံ California University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၁၂၅ မီလီယံ Stanford University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း သန်း၆ဝ အိုင်ယာလန်မှာ တက္ကသိုလ်အသစ် ၇ကျောင်းနဲ့ မြောက်အိုင်ယာလန်မှာ ၂ကျောင်းဆောက်ဖို့ တစ်ဘီလီယံကို သူလှူဒါန်းခဲ့တယ်။ နှုတ်ခမ်းကွဲကလေးသူငယ်တွေရဲ့ လက်မှုပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် အပြုံးစစ်ဆင်ရေး "Operation Smile" ပရဟိတလုပ်ငန်းကို သူစတင်တည်ထောင်ခဲ့ပြီး ဆေးဖိုးဝါးခတွေ ရှာပေးခဲ့တယ်။ အာဖရိကတိုက်အတွက် ပုလိပ်ရောဂါနဲ့ အခြားရောဂါတိုက်ဖျက်ရေးအတွက် ငွေကြေးအမြောက်အမြား သူလှူဒါန်းခဲ့တယ်။ ဒီကနေ့အထိ သူလှူဒါန်းလိုက်တဲ့ ငွေကြေးပေါင်း ၄ဘီလီယံကျော်ရှိခဲ့ပြီး လှူဒါန်းဖို့ ငွေကြေး (၄)ဘီလီယံ လျာထားဆဲဖြစ်ပါတယ်။ သူကတော့ သူကိုယ်တိုင်အတွက် မကြည့်ဘဲ အများအတွက်ကြည့်သူ၊ ငွေကြေးရှာဖွေတာကို နှစ်သက်ပေမယ့် ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ "Chuck Feeney"ပဲဖြစ်ပါတယ်။ Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး။ သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းနဲ့ဆိုင်တဲ့ အမေရိကန်ဥပဒေက ကင်းလွတ်အောင် အမေရိကန်နဲ့ဝေးတဲ့ Bermuda ကျွန်းစုမှာ သွားရောက် တည်ထောင်ခဲ့တာဖြစ်တယ်။ လုပ်ငန်းကိုလည်း သူ့နာမည်ဖြစ်တဲ့ Chuck Feeney ကို မပေးခဲ့တဲ့အပြင် အဲဒီမှာ အလုပ်လုပ်တဲ့လူတွေကိုလည်း ဘယ်သူ့ဆီမှာ အလုပ်လုပ်ကြောင်း မပေါက်ကြားစေခဲ့ပါဘူး။ သူ့တောင်းဆိုချက်ကြောင်း သူတို့လုပ်ငန်းက လှူဒါန်းခဲ့တဲ့ငွေတွေမှာ သူ့နာမည်ကို မှတ်တမ်းမတင်ခဲ့ကြဘူး။ ၁၉၉၇ခုနှစ်ရောက်မှ Chuck Feeney တည်ထောင်ခဲ့တဲ့ Duty Free Shoppers Group ကို ပြင်သစ်ကနာမည်ကြီးတဲ့ Bernard Arnault က ဝယ်ယူလိုက်မှ သူ့ကို လူတွေသိခဲ့ကြတာဖြစ်တယ်။ အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို The Atlantic Philanthropiesထဲ သူအားလုံးလွှဲပြောင်းခဲ့တယ်။ သူလှူဒါန်းခဲ့တဲ့ငွေတွေဟာ Macarthur ၊ Rockefellerတို့တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပရဟိတလုပ်ငန်းတွေထက် ပိုများခဲ့ပါတယ်။ သူ ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။ လှူဒါန်းငွေတွေမှာလည်း နာမည်ကိုမဖော်ပြခဲ့ဘူး။ သူကိုယ်တိုင်တည်ထောင်ထားတဲ့ ၈ဘီလီယံတန် The Atlantic Philanthropies ကိုတောင် သူ့နာမည်နဲ့တည်ထောင်ဖို့ ငြင်းခဲ့တယ်။ နှစ်အတော်ကြာမှ လူတွေက သူ့ကိုသိခဲ့ကြတယ်။ သူဟာ တစ်ကမ္ဘာလုံးကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထင်ထင်ပေါ်ပေါ် မနေချင်သူတစ်ယောက်ဟာ ထင်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ သူတို့အဖွဲ့အစည်းက လှူဒါန်းမယ့်အကြောင်းတွေကို သူတို့မကြေညာတတ်သလို အလှူရှင်ဆိုတဲ့ စာတန်း၊ နာမည်တွေ ကမည်းမထိုးဖို့လည်း တောင်းဆိုခဲ့တယ်။ သူလှူဒါန်းတဲ့ အဆောက်အဦးတွေမှာ သူ့နာမည်ကို ကမည်းမထိုးဖို့ ပြောခဲ့ပါတယ်။ "အဆောက်အဦးတွေ ဘယ်သူဆောက်တယ်၊ ဘယ်သူလှူဒါန်းတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက အဆောက်အဦး ဆောက်လုပ်ပြီးစီးဖို့ပဲ" လို့ သူကဆိုခဲ့ပါတယ်။ Chuck Feeney က သူဟာ "အဝတ်အစားစုတ်ပြတ်ပြတ်နဲ့ အလှူရှင်" လို့ဆိုခဲ့ပါတယ်။ သူရဲ့ချွေတာမှုက လူတွေကို အံ့သြစေခဲ့တယ်။ သူဟာ အဆောက်အဦးပေါင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပြင်သစ် နာမည်ကြီးခရီးသွားနေရာတွေ၊ လန်ဒန်အဆင့်မြင့်နေရာတွေနဲ့ နယူးယောက်ပန်းခြံ အနီးအနားတွေမှာ အဆင့်မြင့် အဆောက်အဦးပေါင်း ၆ခုရှိခဲ့ပေမယ့် ဒီကနေ့မှာ တစ်ခုမှ သူ့အတွက် သူချန်မထားခဲ့ပါဘူး။ သူဟာ ဇနီးနဲ့အတူ ဆန်ဖရန်စ္စကိုနေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး ဘတ်စကား၊ မြေအောက်ရထား၊ တက္ကစီတွေကိုပဲ အသုံးပြုနေခဲ့ပါတယ်။ Chuck Feeneyဟာ သူတည်ထောင်ခဲ့တဲ့ Duty Freeဆိုင်တွေကနေ ငွေကြေးများစွာ ရရှိခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကြီးတံဆိပ် အဝတ်အစားတွေကို မဝတ်ဆင်ခဲ့ပါဘူး။ သူစားတဲ့ အစားအသောက်တွေဟာလည်း ဆင်းရဲသားဆန်လွန်းခဲ့ပါတယ်။ "နာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ထမင်းတစ်နပ်ကို ဒေါ်လာ(၁ဝဝ)နဲ့ သင်စားနိုင်ပါတယ်။ ဒါပေမဲ့ ၂၅ဒေါ်လာတန်တဲ့ ထမင်းတစ်နပ်ကလည်း ကျွန်တော့်ကို ပြည့်ဝမှုတွေပေးနိုင်ပါတယ်" လို့ Chuck Feeneyက ပြောခဲ့ပါတယ်။ Chuck Feeneyမှာ သားသမီးငါးယောက်ရှိပြီး ဒီသားသမီးတွေဟာ ထူးခြားတဲ့အလိုလိုက်ခြင်း၊ ဥစ္စာပစ္စည်းတွေအပေါ် ဇိမ်ခံခြင်းတွေ မရှိခဲ့ပါဘူး။ ကျောင်းအားရက်တွေမှာ သူတို့ဟာ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အလုပ်သွားလုပ်ရပါတယ်။ ကလေးတွေထဲက သမီးတစ်ယောက်က ဆယ်နှစ်ကျော်အရွယ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းအကြာကြီး ပြောခဲ့မိလို့ ဖုန်းခဆောင်ရချိန်မှာ Chuck Feeney ဟာ အိမ်ကဖုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကဖုန်းနံဘေးမှာလည်း လမ်းဘေးဖုန်း တည်နေရာကို မြေပုံဆွဲကပ်ထားခဲ့တယ်။ သမီးရဲ့သူငယ်ချင်းကိုလည်း ဖုန်းခစာရွက်ကို ပို့ပေးခဲ့တယ်။ စစချင်းမှာ သမီးက သူငယ်ချင်းဖြစ်သူကို အားနာခဲ့ပေမယ့် နောက်ဆုံးဟာ Chuck Feeney လုပ်တဲ့အလုပ်ဟာ မှန်ကန်ကြောင်းထောက်ခံခဲ့တယ်။ ဖခင်ရဲ့ အမည်အဖော်တဲ့အလှူတွေကိုလည်း သားသမီးတွေက ထောက်ခံခဲ့ကြပြီး "အဖေ ဒီလိုလုပ်တာ နည်းနည်းတော့ထူးဆန်းပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် လှူဒါန်းခံရသူတွေရဲ့ အထူးတလည်ဆက်ဆံတာကို ကျွန်မတို့မခံရတော့ဘူး။ ကျွန်မတို့ဟာ တခြားလူတွေနဲ့ တန်းတူဖြစ်တယ်" လို့ ဆိုခဲ့ကြတယ်။ The Atlantic Philanthropies ရဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ "သူဌေးတွေက သူတို့ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းမှာ အသုံးပြုကြတယ်။ အမည်မသိနဲ့ ထင်ထင်ပေါ်ပေါ် မလှူဒါန်းခဲ့ရင် သူတို့ရဲ့နောင်မျိုးဆက်အတွက် အနှောင့်အယှက်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်တယ်" လို့ ရေးခဲ့တယ်။ ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြားနေချင်သူတွေနဲ့စာရင် Chuck Feeneyက တမျိုးတဘာသာ ထူးခြားတယ်၊ ဆိတ်ငြိမ်တယ်လို့ ဆိုရလိမ့်မယ်။ Chuck Feeneyရဲ့ အလှူအတန်းတွေထဲမှာ "Operation Smile" လို့ခေါ်တဲ့လုပ်ငန်းတစ်ခုပါတယ်။ အဓိက,က နှုတ်ခမ်းကွဲကလေးသူငယ်တွေကို ခွဲစိတ်ကုသပေးဖို့ဖြစ်တယ်။ တစ်ခါက နှုတ်ခမ်းခွဲစိတ်ကုသနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူဆုံခဲ့တယ်။ ကောင်မလေးက ပါးစပ်ကိုလက်နဲ့အုပ်ထားပေမယ့် လှုပ်ရှားပျော်ရွှင်နေတဲ့ မျှော်လင့်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ ခွဲစိတ်ကုသပြီးနောက် ကောင်မလေးဟာ ပြုံးရယ်နေပြီး "ကျွန်မရဲ့ပုံစံက အရင်ကလို ရုပ်ဆိုးမနေတော့ဘူး"လို့ ဆိုနေသယောင်ရှိနေခဲ့တယ်။ ကောင်မလေးကိုကြည့်ပြီး Chuck Feeneyက "ဒီလိုအချိန်မျိုးမှာမှ ဥစ္စာပစ္စည်းက တန်ဖိုးရှိလွန်းတယ်" လို့ဆိုခဲ့ပါတယ်။ တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက် Chuck Feeney ဆီလျှောက်လာပြီး "မစ္စတာရဲ့ ပညာတော်သင်ဆုကို ကျွန်တော်ရခဲ့ပါတယ်။ အခု ကျွန်တော်ဟာ ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်နေပါပြီ" လို့ဆိုခဲ့တယ်။ Chuck Feeneyဟာ ပြင်သစ်စကား၊ ဂျပန်စကားတွေကို ကောင်းစွာပြောနိုင်ပြီး ကမ္ဘာ့အရပ်ရပ် ခရီးသွားရတာကို နှစ်သက်ပါတယ်။ ရောက်ရာအရပ်မှာလည်း အလှူဒါနတွေ သူပြုလုပ်လှူဒါန်းလေ့ရှိတယ်။ The Atlantic Philanthropies လှူဒါန်းခဲ့တဲ့ဝန်းကျင်ဟာ ကမ္ဘာ့ဝန်းကျင်ထက် ကျော်လွန်နေခဲ့ပါပြီ။ ဗီယက်နမ်ကလေးငယ်တွေအတွက် ယာဉ်လမ်းစည်းကမ်းအလှူငွေ၊ သြစတေးလျ ကင်ဆာရှာဖွေရေးအတွက် လှူဒါန်းငွေ၊ ဖိလစ်ပိုင် မျက်နှာချွတ်ယွင်းကလေးငယ်အတွက် ပလပ်စတစ်ဆာဂျင်ရီ လှူဒါန်းငွေ စတာတွေရှိခဲ့ပါတယ်။ "လူတွေဟာ ငွေရှာပြီး သူဌေးသူကြွယ်လုပ်ကြတယ်။ လူအများရဲ့အာရုံကို ဖမ်းစားကြတယ်။ လူတွေကို ဘာလုပ်ပါလို့ ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ ပရဟိတလုပ်ငန်းတွေမှာ ထည့်သွင်းလှူဒါန်းတာဟာလည်း ကျွန်တော်တို့ကို ပြည့်စုံမှု၊ ပြည့်ဝမှုတွေ ဖြစ်စေပါတယ်" အခုခေတ်လက်ရှိ သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊ Warren Buffettတို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့ သူတွေဖြစ်ပါတယ်။ Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက် သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။ အခုလောလောဆယ် Chuck Feeneyမှာ မျှော်လင့်ချက်နှစ်ခု ရှိပါသတဲ့။ တစ်ခုက ၂ဝ၁၆ခုနှစ်မတိုင်ခင် သူပိုင်ဆိုင်တဲ့ ကျန်ရှိနေသေးတဲ့ ၄ဘီလီယံကို အကုန်လှူဒါန်းချင်တာဖြစ်ပါတယ်။ အခုချိန်ခါမှာ အဲဒီငွေထဲက ၄မီလီယံဟာ ကမ္ဘာ့အရပ်ရပ်က လိုအပ်သူတွေအတွက် နှစ်စဉ်လှူဒါန်းငွေတွေဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အကူအညီလိုသူတွေ အများကြီးရှိသေးကြောင်း Chuck Feeney က ခန့်မှန်းပါတယ်။ ဒါကြောင့် လှူဒါန်းငွေတွေကို မကြန့်ကြာစေခဲ့ပါဘူး။ "ဒီငွေတွေကို ကျွန်တော်မလှူဒါန်းနိုင်ခဲ့ရင် ကျွန်တော်အသေဖြောင့်မှာ မဟုတ်ဘူး" လို့ Chuck Feeney က အရယ်တစ်ဝက်နဲ့ ဆိုခဲ့ပါတယ်။ သူ့ရဲ့နောက်မျှော်လင့်ချက်တစ်ခု က သူဌေးသူကြွယ်တွေ စံနမူနာယူတတ်ဖို့ ဖြစ်ပါတယ်။ "ဘဝမှာနေထိုင်ရတာ ပျော်ရွှင်ကြည်နူးသလို လှူဒါန်းမှုတွေကိုလည်း လုပ်ပါ" လို့ သူကဆိုပါတယ်။ သတင်းထောက်တွေက Chuck Feeneyကို ဘာကြောင့် တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းမှုတွေ လုပ်နေသလဲလို့မေးတော့ Chuck Feeney က ရိုးရိုးရှင်းရှင်းပဲ ဖြေခဲ့ပါတယ်။ "အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ" တဲ့..... http://en.wikipedia.org/wiki/Chuck_Feeney
သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။

နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။
ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်.....
Cornell University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၅၈၈ မီလီယံ
California University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၁၂၅ မီလီယံ
Stanford University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း သန်း၆ဝ
အိုင်ယာလန်မှာ တက္ကသိုလ်အသစ် ၇ကျောင်းနဲ့ မြောက်အိုင်ယာလန်မှာ ၂ကျောင်းဆောက်ဖို့ တစ်ဘီလီယံကို သူလှူဒါန်းခဲ့တယ်။
နှုတ်ခမ်းကွဲကလေးသူငယ်တွေရဲ့ လက်မှုပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် အပြုံးစစ်ဆင်ရေး "Operation Smile" ပရဟိတလုပ်ငန်းကို သူစတင်တည်ထောင်ခဲ့ပြီး ဆေးဖိုးဝါးခတွေ ရှာပေးခဲ့တယ်။ အာဖရိကတိုက်အတွက် ပုလိပ်ရောဂါနဲ့ အခြားရောဂါတိုက်ဖျက်ရေးအတွက် ငွေကြေးအမြောက်အမြား သူလှူဒါန်းခဲ့တယ်။ ဒီကနေ့အထိ သူလှူဒါန်းလိုက်တဲ့ ငွေကြေးပေါင်း ၄ဘီလီယံကျော်ရှိခဲ့ပြီး လှူဒါန်းဖို့ ငွေကြေး (၄)ဘီလီယံ လျာထားဆဲဖြစ်ပါတယ်။
သူကတော့ သူကိုယ်တိုင်အတွက် မကြည့်ဘဲ အများအတွက်ကြည့်သူ၊ ငွေကြေးရှာဖွေတာကို နှစ်သက်ပေမယ့် ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ "Chuck Feeney"ပဲဖြစ်ပါတယ်။
Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး။ သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းနဲ့ဆိုင်တဲ့ အမေရိကန်ဥပဒေက ကင်းလွတ်အောင် အမေရိကန်နဲ့ဝေးတဲ့ Bermuda ကျွန်းစုမှာ သွားရောက် တည်ထောင်ခဲ့တာဖြစ်တယ်။ လုပ်ငန်းကိုလည်း သူ့နာမည်ဖြစ်တဲ့ Chuck Feeney ကို မပေးခဲ့တဲ့အပြင် အဲဒီမှာ အလုပ်လုပ်တဲ့လူတွေကိုလည်း ဘယ်သူ့ဆီမှာ အလုပ်လုပ်ကြောင်း မပေါက်ကြားစေခဲ့ပါဘူး။ သူ့တောင်းဆိုချက်ကြောင်း သူတို့လုပ်ငန်းက လှူဒါန်းခဲ့တဲ့ငွေတွေမှာ သူ့နာမည်ကို မှတ်တမ်းမတင်ခဲ့ကြဘူး။
၁၉၉၇ခုနှစ်ရောက်မှ Chuck Feeney တည်ထောင်ခဲ့တဲ့ Duty Free Shoppers Group ကို ပြင်သစ်ကနာမည်ကြီးတဲ့ Bernard Arnault က ဝယ်ယူလိုက်မှ သူ့ကို လူတွေသိခဲ့ကြတာဖြစ်တယ်။ အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို The Atlantic Philanthropiesထဲ သူအားလုံးလွှဲပြောင်းခဲ့တယ်။ သူလှူဒါန်းခဲ့တဲ့ငွေတွေဟာ Macarthur ၊ Rockefellerတို့တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပရဟိတလုပ်ငန်းတွေထက် ပိုများခဲ့ပါတယ်။
သူ ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။ လှူဒါန်းငွေတွေမှာလည်း နာမည်ကိုမဖော်ပြခဲ့ဘူး။ သူကိုယ်တိုင်တည်ထောင်ထားတဲ့ ၈ဘီလီယံတန် The Atlantic Philanthropies ကိုတောင် သူ့နာမည်နဲ့တည်ထောင်ဖို့ ငြင်းခဲ့တယ်။ နှစ်အတော်ကြာမှ လူတွေက သူ့ကိုသိခဲ့ကြတယ်။ သူဟာ တစ်ကမ္ဘာလုံးကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ထင်ထင်ပေါ်ပေါ် မနေချင်သူတစ်ယောက်ဟာ ထင်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ သူတို့အဖွဲ့အစည်းက လှူဒါန်းမယ့်အကြောင်းတွေကို သူတို့မကြေညာတတ်သလို အလှူရှင်ဆိုတဲ့ စာတန်း၊ နာမည်တွေ ကမည်းမထိုးဖို့လည်း တောင်းဆိုခဲ့တယ်။ သူလှူဒါန်းတဲ့ အဆောက်အဦးတွေမှာ သူ့နာမည်ကို ကမည်းမထိုးဖို့ ပြောခဲ့ပါတယ်။
"အဆောက်အဦးတွေ ဘယ်သူဆောက်တယ်၊ ဘယ်သူလှူဒါန်းတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက အဆောက်အဦး ဆောက်လုပ်ပြီးစီးဖို့ပဲ" လို့ သူကဆိုခဲ့ပါတယ်။
Chuck Feeney က သူဟာ "အဝတ်အစားစုတ်ပြတ်ပြတ်နဲ့ အလှူရှင်" လို့ဆိုခဲ့ပါတယ်။ သူရဲ့ချွေတာမှုက လူတွေကို အံ့သြစေခဲ့တယ်။ သူဟာ အဆောက်အဦးပေါင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပြင်သစ် နာမည်ကြီးခရီးသွားနေရာတွေ၊ လန်ဒန်အဆင့်မြင့်နေရာတွေနဲ့ နယူးယောက်ပန်းခြံ အနီးအနားတွေမှာ အဆင့်မြင့် အဆောက်အဦးပေါင်း ၆ခုရှိခဲ့ပေမယ့် ဒီကနေ့မှာ တစ်ခုမှ သူ့အတွက် သူချန်မထားခဲ့ပါဘူး။ သူဟာ ဇနီးနဲ့အတူ ဆန်ဖရန်စ္စကိုနေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး ဘတ်စကား၊ မြေအောက်ရထား၊ တက္ကစီတွေကိုပဲ အသုံးပြုနေခဲ့ပါတယ်။
Chuck Feeneyဟာ သူတည်ထောင်ခဲ့တဲ့ Duty Freeဆိုင်တွေကနေ ငွေကြေးများစွာ ရရှိခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကြီးတံဆိပ် အဝတ်အစားတွေကို မဝတ်ဆင်ခဲ့ပါဘူး။ သူစားတဲ့ အစားအသောက်တွေဟာလည်း ဆင်းရဲသားဆန်လွန်းခဲ့ပါတယ်။
"နာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ထမင်းတစ်နပ်ကို ဒေါ်လာ(၁ဝဝ)နဲ့ သင်စားနိုင်ပါတယ်။ ဒါပေမဲ့ ၂၅ဒေါ်လာတန်တဲ့ ထမင်းတစ်နပ်ကလည်း ကျွန်တော့်ကို ပြည့်ဝမှုတွေပေးနိုင်ပါတယ်" လို့ Chuck Feeneyက ပြောခဲ့ပါတယ်။
Chuck Feeneyမှာ သားသမီးငါးယောက်ရှိပြီး ဒီသားသမီးတွေဟာ ထူးခြားတဲ့အလိုလိုက်ခြင်း၊ ဥစ္စာပစ္စည်းတွေအပေါ် ဇိမ်ခံခြင်းတွေ မရှိခဲ့ပါဘူး။ ကျောင်းအားရက်တွေမှာ သူတို့ဟာ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အလုပ်သွားလုပ်ရပါတယ်။ ကလေးတွေထဲက သမီးတစ်ယောက်က ဆယ်နှစ်ကျော်အရွယ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းအကြာကြီး ပြောခဲ့မိလို့ ဖုန်းခဆောင်ရချိန်မှာ Chuck Feeney ဟာ အိမ်ကဖုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကဖုန်းနံဘေးမှာလည်း လမ်းဘေးဖုန်း တည်နေရာကို မြေပုံဆွဲကပ်ထားခဲ့တယ်။ သမီးရဲ့သူငယ်ချင်းကိုလည်း ဖုန်းခစာရွက်ကို ပို့ပေးခဲ့တယ်။ စစချင်းမှာ သမီးက သူငယ်ချင်းဖြစ်သူကို အားနာခဲ့ပေမယ့် နောက်ဆုံးဟာ Chuck Feeney လုပ်တဲ့အလုပ်ဟာ မှန်ကန်ကြောင်းထောက်ခံခဲ့တယ်။ ဖခင်ရဲ့ အမည်အဖော်တဲ့အလှူတွေကိုလည်း သားသမီးတွေက ထောက်ခံခဲ့ကြပြီး "အဖေ ဒီလိုလုပ်တာ နည်းနည်းတော့ထူးဆန်းပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် လှူဒါန်းခံရသူတွေရဲ့ အထူးတလည်ဆက်ဆံတာကို ကျွန်မတို့မခံရတော့ဘူး။ ကျွန်မတို့ဟာ တခြားလူတွေနဲ့ တန်းတူဖြစ်တယ်" လို့ ဆိုခဲ့ကြတယ်။
The Atlantic Philanthropies ရဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ "သူဌေးတွေက သူတို့ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းမှာ အသုံးပြုကြတယ်။ အမည်မသိနဲ့ ထင်ထင်ပေါ်ပေါ် မလှူဒါန်းခဲ့ရင် သူတို့ရဲ့နောင်မျိုးဆက်အတွက် အနှောင့်အယှက်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်တယ်" လို့ ရေးခဲ့တယ်။ ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြားနေချင်သူတွေနဲ့စာရင် Chuck Feeneyက တမျိုးတဘာသာ ထူးခြားတယ်၊ ဆိတ်ငြိမ်တယ်လို့ ဆိုရလိမ့်မယ်။
Chuck Feeneyရဲ့ အလှူအတန်းတွေထဲမှာ "Operation Smile" လို့ခေါ်တဲ့လုပ်ငန်းတစ်ခုပါတယ်။ အဓိက,က နှုတ်ခမ်းကွဲကလေးသူငယ်တွေကို ခွဲစိတ်ကုသပေးဖို့ဖြစ်တယ်။ တစ်ခါက နှုတ်ခမ်းခွဲစိတ်ကုသနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူဆုံခဲ့တယ်။ ကောင်မလေးက ပါးစပ်ကိုလက်နဲ့အုပ်ထားပေမယ့် လှုပ်ရှားပျော်ရွှင်နေတဲ့ မျှော်လင့်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ ခွဲစိတ်ကုသပြီးနောက် ကောင်မလေးဟာ ပြုံးရယ်နေပြီး "ကျွန်မရဲ့ပုံစံက အရင်ကလို ရုပ်ဆိုးမနေတော့ဘူး"လို့ ဆိုနေသယောင်ရှိနေခဲ့တယ်။ ကောင်မလေးကိုကြည့်ပြီး Chuck Feeneyက "ဒီလိုအချိန်မျိုးမှာမှ ဥစ္စာပစ္စည်းက တန်ဖိုးရှိလွန်းတယ်" လို့ဆိုခဲ့ပါတယ်။
တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက် Chuck Feeney ဆီလျှောက်လာပြီး "မစ္စတာရဲ့ ပညာတော်သင်ဆုကို ကျွန်တော်ရခဲ့ပါတယ်။ အခု ကျွန်တော်ဟာ ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်နေပါပြီ" လို့ဆိုခဲ့တယ်။
Chuck Feeneyဟာ ပြင်သစ်စကား၊ ဂျပန်စကားတွေကို ကောင်းစွာပြောနိုင်ပြီး ကမ္ဘာ့အရပ်ရပ် ခရီးသွားရတာကို နှစ်သက်ပါတယ်။ ရောက်ရာအရပ်မှာလည်း အလှူဒါနတွေ သူပြုလုပ်လှူဒါန်းလေ့ရှိတယ်။ The Atlantic Philanthropies လှူဒါန်းခဲ့တဲ့ဝန်းကျင်ဟာ ကမ္ဘာ့ဝန်းကျင်ထက် ကျော်လွန်နေခဲ့ပါပြီ။ ဗီယက်နမ်ကလေးငယ်တွေအတွက် ယာဉ်လမ်းစည်းကမ်းအလှူငွေ၊ သြစတေးလျ ကင်ဆာရှာဖွေရေးအတွက် လှူဒါန်းငွေ၊ ဖိလစ်ပိုင် မျက်နှာချွတ်ယွင်းကလေးငယ်အတွက် ပလပ်စတစ်ဆာဂျင်ရီ လှူဒါန်းငွေ စတာတွေရှိခဲ့ပါတယ်။
"လူတွေဟာ ငွေရှာပြီး သူဌေးသူကြွယ်လုပ်ကြတယ်။ လူအများရဲ့အာရုံကို ဖမ်းစားကြတယ်။ လူတွေကို ဘာလုပ်ပါလို့ ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ ပရဟိတလုပ်ငန်းတွေမှာ ထည့်သွင်းလှူဒါန်းတာဟာလည်း ကျွန်တော်တို့ကို ပြည့်စုံမှု၊ ပြည့်ဝမှုတွေ ဖြစ်စေပါတယ်"
အခုခေတ်လက်ရှိ သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊ Warren Buffettတို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့ သူတွေဖြစ်ပါတယ်။ Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက် သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။
အခုလောလောဆယ် Chuck Feeneyမှာ မျှော်လင့်ချက်နှစ်ခု ရှိပါသတဲ့။ တစ်ခုက ၂ဝ၁၆ခုနှစ်မတိုင်ခင် သူပိုင်ဆိုင်တဲ့ ကျန်ရှိနေသေးတဲ့ ၄ဘီလီယံကို အကုန်လှူဒါန်းချင်တာဖြစ်ပါတယ်။ အခုချိန်ခါမှာ အဲဒီငွေထဲက ၄မီလီယံဟာ ကမ္ဘာ့အရပ်ရပ်က လိုအပ်သူတွေအတွက် နှစ်စဉ်လှူဒါန်းငွေတွေဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အကူအညီလိုသူတွေ အများကြီးရှိသေးကြောင်း Chuck Feeney က ခန့်မှန်းပါတယ်။ ဒါကြောင့် လှူဒါန်းငွေတွေကို မကြန့်ကြာစေခဲ့ပါဘူး။
"ဒီငွေတွေကို ကျွန်တော်မလှူဒါန်းနိုင်ခဲ့ရင် ကျွန်တော်အသေဖြောင့်မှာ မဟုတ်ဘူး" လို့ Chuck Feeney က အရယ်တစ်ဝက်နဲ့ ဆိုခဲ့ပါတယ်။
သူ့ရဲ့နောက်မျှော်လင့်ချက်တစ်ခု
က သူဌေးသူကြွယ်တွေ စံနမူနာယူတတ်ဖို့ ဖြစ်ပါတယ်။
"ဘဝမှာနေထိုင်ရတာ ပျော်ရွှင်ကြည်နူးသလို လှူဒါန်းမှုတွေကိုလည်း လုပ်ပါ" လို့ သူကဆိုပါတယ်။
သတင်းထောက်တွေက Chuck Feeneyကို ဘာကြောင့် တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းမှုတွေ လုပ်နေသလဲလို့မေးတော့ Chuck Feeney က ရိုးရိုးရှင်းရှင်းပဲ ဖြေခဲ့ပါတယ်။
"အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ" တဲ့.....
http://en.wikipedia.org/wiki/Chuck_Feeney

post by ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
Source: https://www.facebook.com/groups/Myanma.ArunThit.Org/permalink/402083476529326/

Credit to Author: နိုင်းနိုင်းစနေ ဘာသာပြန်သည်။

လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး Thursday, May 19, 2011


မူရင်းလင့်    http://www.99sanay.com/2011/05/blog-post_19.html

Wednesday, December 12, 2012

Interview with တွံတေးမြို့က မသန်သော်လည်းစွမ်းသူတစ်ဦး

ဒီဇင်ဘာ မှာ ကျွန်တော်တို့စက်ရုံက အမြဲတန်း ဘုရားဖူးထွက်လေ့ရှိသည်။ ထို့အတွက် စက်ရုံက နှစ်ရက် ဆက်ပိတ်ပေးသည်။ ဒီနှစ် ကျွန်တော်တို့မိသားစု ဘယ်ကိုမှမသွားဖြစ်သည့်အတွက် နီးလည်းနီး အလွယ်တကူ သွားလို့ရကာ လမ်းလည်းကောင်းနေပြီဖြစ်သော တွံတေး ရွှေဆံတော်ဘုရားနှင့် ဗောင်းတော်ချုပ်ဘုရား။ ဗောဓိတစ်ထောင် ဘုရား၊ ကျိုက်ဖူးကျိုက်ပါ ဘုရား စသည်တို့ကို ဖူးမျှော်ရန် ကိုလူစိမ်းတို့မိသားစု ကိုအဖော်စပ်၍ မိသာစုနှစ်စု ကြိုတင်မရည်ရွယ်ဘဲ picnic ဘုရားဖူးထွက်ြ့ဖစ်ခဲ့ကြသည်။

မနက်အစော ၇ နာရီတွင် လှိုင်သာယာ သပြေရိပ်မှာ မနက်စာ စားပြီး ဘီအိုစီတွင် ဆီဖြည့်ကာ တွံတေးတံတား (လှိုင်သာယာ)ကို ဖြတ်ပြီး ဘယ်သူမှ မရောက်ဖူးဘဲ ခြေဦးတည့်ရာမောင်းခဲ့ကြသည်။ ယခင်က လမ်းမကောင်း၍ ဆိုင်ကယ်နှင့် ဂျစ်ကားလောက်သာ သွားခဲ့သော လမ်းမှာ ယခုလမ်းကောင်းသဖြင့် ကားမျိုးစုံ သွားလာ နေတာကိုလည်း တွေ့ရသည်။ ပါတ်ဝန်းကျင်တွင် တမြော်တစ်ခေါ် လယ်ကွင်းပြင်များ တွံတေးမြို့ဝင်ကာနီးတွင် ရာဘာတောစိုက်ခင်းများ စိမ်းလမ်းစိုပြေစွာ တွေ့ရသဖြင့် မြို့၏မွန်းကျပ်သော အချုပ်အနှောင်မှ ခတ္တ လွတ်မြောက်ခဲ့ရသဖြင့် စိတ်ကြည်နူးမိသည်။

တွံတေးမရောက်ခင် ဗောင်းတော်ချုပ်သို့ ခွဲသော မြေနီလမ်းကလေးသို့ချိုးဝင်ခဲ့သည် ။ ဗောင်းတော်ချုပ်မှာ နောက်ခေါ်တွင်သောနာမည်ဖြစ်ပြီး ယခင်နာမည်မှာ ဗောင်းတော်ကျ ဖြစ်ကြောင်း လိုက်လံရှင်းပြသော ဦးဇင်းတစ်ပါးမှ မိန့်ကြားပါသည်။ နတ်တို့ စုဝေးရာ ဋ္ဌာနေတစ်ခုဖြစ်မည်။ ကိုပေါင်ပေါင် သွားသင့်သည့် နေရာပါ(သူက နတ်ကိုးကွယ်လို့)။ နောက် ယခုမှ အသစ်တည်နေသော ဗောဓိတစ်ထောင်သို့လည်း ရောက်ခဲ့သည် ။ ရုပ်ပွားတော်များစွာကို တစ်ပုံစံတည်း တည်ထားသည်မှာ ကြည့်လို့ သပ္ပါယ်လှပါသည်။ ဗောင်းတော်ချုပ်သည် မန္တလေးနားက စစ်ကိုင်းတောင်အလား သာသနာ့နယ်မြေတစ်ခုသဖွယ်ဖြစ်သည်။ ပါတ်ဝန်းကျင်တွင်လည်း သစ်တောကြီးများ ရှင်သန်နေကြသည်မှာ ကျိုက်ထီးရိုး များရောက်နေသလား ထင်မိသည်။

ကျွန်တော်တို့ ဗောင်းတော်ချုပ်မှ ထွက်ကာနီးတွင် ဗုဒ္ဓဂါယာ နှင့် ဆင်အောင်တည်ထားသော ဘုရားသို့ဝင်ဖူး သည်။ အေးချမ်းပြီး သစ်ပင်များ ပေါများသောခြင်း။ ဆိတ်ငြိမ်ပြီး သာယာလှသဖြင့် ကျွန်တော် နောက်တစ်ခေါက် လာဦးမည်ဟု စိတ်မှာ မှန်းထားသည်။ မိသားစု နှစ်စု ယူလာသော လက်ဖက်နှင့်အကျော် တို့ကို ဘုရားရိပ်ခိုရင်း ဝိုင်းထိုင်ကာ လက်ယာယစ် လှည့်ပြီး လက်ဆင့်ကမ်းစားကြရာ ဆယ်ပါတ်လောက်တွင် လဘက်ကုန်သွားလေသည်။ ဆာနေကြတာကိုး နေ့လည်စာကို တွံတေးက နာမည်ကြီးထမင်းဆိုင်မှာ စားကြမည် ဟုအားခဲထားကြ၍ဖြစ်သည်။ ကျွန်တော်တို့ ဆရာတော်ကြီး၏ ရုပ်တုကို သွားရောက်ဖူးမျှော်ပြီး ပြန်ရန် ထွက်လာ ကြစဉ် ဘုရားဝင်းလမ်းဘေးတွင် အကျီခပ်နွမ်းနွမ်း ဝတ်ထားကာ လက်နှစ်ဖက် လက်မောင်းရင်းမှ မပါသော(မွေးရာပါ) လူငယ်လေးတစ်ယောက် ထိုင်ပြီး တစ်စုံတစ်ခု ပြုလုပ်နေတာကို မြင်လိုက်ရသည်။

ကိုယ်လက်အင်္ဂါ ချို့ယွင်းသောအသက်နှစ်ဆယ်ကျော် လူရွယ်လေး တစ်ယောက်ကို မြင်ရသဖြင့် (အကျီနွမ်းနွမ်း လေးနှင့် ခေါင်းမှာလည်း ဆီနှင့် ဝေးနေသဖြင့် စုတ်ဖွာနေခြင်း) တို့ကြောင့် ကျွန်တော့်အမျိုးသမီး မှာ အလှုခံစားသူ (ရင့်ရင့်သီးသီးပြောရပါမူ ငွေတောင်းစားနေရသူ) ဟု အထင်လွဲကာ ကျွန်တော့်အား မျက်နှာရိပ်မျက်နှာကဲဖြင့် ငွေပေးရမလားဟု နှစ်ရာတန်လေးကို ကိုင်ကာ လှမ်းမေးသည်။

ကျွန်တော်ကခေါင်းငြိမ့်ပြရာ ကျွန်တော့်အမျိုးသမီးက ပေးမယ်အလုပ်--
``ဟို --- ဟို သားက ကျောင်းသားပါခင်ဗျ---``
ဟု ပြာပြာသလဲရှင်းပြသဖြင့် ကျွန်တော်လည်းခေါင်းနပမ်းကြီးကာ (ကြီးမှာပေါ့ လူတစ်ယောက်ကို အပေါ်ယံမြင်ပြီးလွယ်လွယ်သတ်မှတ်လိုက်တာကိုး) ထို လူငယ်လေးအားကြည့်လိုက်ရာ ဗလာစာအုပ်ကို မြေတွင်ချပြီး ဘယ်ဘက်ခြေထောက်ဖြင့် ဘောလ်ပင်ကို ခြေမနှင့် ခြေညိုးကြား ညှပ်ပြ်ီး စာရေးနေဖြင်းဖြစ်သည်။ ရေးနေတာက အင်္ဂလိပ်လို အဆောက်အဦးတွေအကြောင်း ဗိသုကာနှင့် ပါတ်သတ်သော စာတမ်းပြုစုနေခြင်းဖြစ်သည်။ ဒါကြောင့် လည်း ဘုရားဝင်းအတွင်း ဟိုဟိုဒီဒီ သွားကြည့်ကာ လမ်းဘေးတွင် ဖြစ်သလို ထိုင်ရေးရာက မှားယွင်းမိခြင်းဖြစ်သည်။ ကျွန်တော်မှာ အားနာခြင်း တောင်းပန်ခြင်း လေးစားခြင်း စသော အမည်မဖော်နှိုင်သော ခံစားချက်တို့ဖြင``့် ညီလေး အကိုတို့ မုန့်ဘိုးပေးတာတော့လက်ခံပေးပါ`` ဟု ပြောပြောဆိုဆို မုန့်ဘိုး တစ်သောင်းခွဲကို သူ၏ လွယ်အိပ်ထဲသို့ ထည့်ပေးပြီး စကားစမြည်ပြောဖြစ်သည်။

သူနှင့်စကားပြောမိမှ သူ၏အမည်မှာ ပိုင်လေး ဟုခေါ်ကြောင်း။ သူသည် ဆယ်တန်းကို လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း။ ဆေးတက္ကသိုလ် တတ်ရန် အမှတ်ပေါင်း လေးရာကိုးဆယ်ကိုး ရမှတ်ဖြင့် မှီခဲ့သော်လည်း သူ၏ ကိုယ်အင်္ဂါ ချို့ယွင်းမှုကြောင့် စက်မှုတက္ကသိုလ် Civil တတ်နေကြောင်း။ အမှတ်တရ စာရေးပေးပါမည့်အကြောင်း။ ကျွန်ပြူတာလည်း တတ်ကျွမ်းပါကြောင်း (လုံးဝ ကြွားဝါလိုခြင်း မာန်တတ်လိုခြင်း မရှိပဲ ) ရှင်းပြပါသည်။ ဘဝကို လုံးဝလက်မလျှော့ အားမငယ်ပဲ လှေခွက်ချည်းကျန် အလံမလှဲမည့် စိတ်ဓါတ်မှာ တစ်ခါတစ်လေ အကြောင်းမဲ့ စိတ်ဓါတ်ကျနေသော ကျွန်တော်တို့ များစွာရှက်မိပါသည်။ သူ့တွင် ကိုင်စရာ လက်နှစ်ဖက်လုံးမပါသဖြင့် ဖယ်ရီကို တစ်လ သုံးသောင်းခွဲပေးစီးရသည်။

ကဲ------ သူငယ်ချင်းတို့ရေ ---- အားငယ်သူအားပေးပါ လဲနေသူ ထူပေးပါ ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်နဲ့ ဒို့တတွေ တတ်အားသ၍ လေး ကူညီကြရင် ကောင်းမလားကွယ်။ လိုအပ်တဲ့ တစ်ခုခုပေါ့။ သူ့ကြည့်ရတာ ငွေကြေးလည်း ချို့တဲ့မယ့်ပုံ ပေါ်လို့ပါခင်ဗျာ။ ကျွန်တော်တို့အများသိတဲ့`` စုပုံချစ်`` က သူ့ပါတ်ဝန်းကျင်မှာ ပြည့်စုံတဲ့ မိသားစုလေး ရှိတာ အားသာချက်ပါဘဲ။ ကျွန်တော်တို့ အမှတ်မထင်တွေ့ ခဲ့တဲ့ မောင်ပိုင်လေး ကတော့ဖြင့် အဲဒီအပိုင်းပါ အားနဲ သိမ်ငယ်နေရမယ်လို့ ထင်မိလို့ပါခင်ဗျာ။
အားလုံးကို လေးစားခင်မင်လျှက်

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

ဲJoin us at https://www.facebook.com/groups/Myanma.ArunThit.Org/

Tuesday, December 11, 2012

စစ်ကိုင်းတိုင်း ကလေးမြို့က ဘိုးဘွားရိပ်သာ

ဘိုးဘွားရိပ်သာ ဆိုပေမယ့် ခုမှ စဖွင့်တာဆိုတော့
အဘွားကြီး၃ဦးနဲ့ အဘိုး ၁ ပဲ ရှိတာ
အဘိုးကြီးက လေဖြတ်တယ်
by Sangi

စစ်ကိုင်းတိုင်း ကလေးမြို့က ယေဟောဝါ ယိရေ မိဘမဲ့ ကလေးများ ဂေဟာ

Jehova - Jire Children's home
ယေဟောဝါ ယိရေ မဘမဲ့ ကလေးများ ဂေဟာ ကို ညနေတုန်းက သွားစုံစမ်းခဲ့ပါတယ်။
၁၉၉၈ မတ်လ ၂၈ က စတင်ဖွင့်ခဲ့တာပါ
ဦးဆောင်ဖွင့်တဲ့သူက Mother Liankimi & Mother Sangpuii
ကလေး ၅၃ ယောက် ရှိပါတယ်
--
Sangi

Thursday, December 6, 2012

တောင်တက်သမားသုံးယောက် by Zeya Thu

by Zeya Thu on Wednesday, 5 December 2012 at 17:18 ·

  

ဘဝဇာတ်ခုံတွင် အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်မနိုင်ကို ခန့်မှန်းအဖြေထုတ်နိုင်သည့် Adversity Quotient ဟုခေါ်သော ညွှန်းကိန်းတစ်ခု မကြာသေးမီနှစ်များအတွင်း ပေါ်ထွက်လာခဲ့သည်။ အင်္ဂလိပ်ဝေါဟာရဖြင့် Adversity မှာ အခက်အခဲ၊ မနှစ်မြို့ဖွယ် အခြေအနေဟု အဓိပယ်ရရာ အခက်အခဲနှင့် ရင်ဆိုင်တွေ့သည့်အခါ မကြောက်မရွံ့နောက်မတွန့်ဘဲ ရင်ဆိုင်နိုင်စွမ်း၊ အကြိမ်ကြိမ်လဲကျသော်လည်း ပြန်ထနိုင်စွမ်းကို Adversity Quotient ဟု ခေါ်ဆိုခြင်းဖြစ်သည်။

အကျပ်အတည်း  ကြုံချိန်၊ အရှုံးနှင့်တွေ့ချိန်၊ ငြင်းပယ်ခံရချိန်တွင် မည်သို့တုံ့ပြန်နိုင်သနည်းကို တိုင်းတာပြီး Adversity Quotient AQ အဖြစ် Dr.Paul Stoltz က သုတေသနပေါင်း ၅ဝဝခန့်မှ တွေ့ရှိချက်များကို လေ့လာဆန်းစစ်ကာ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဆိုးဝါးသည့် အခြေအနေနှင့် ကြုံချိန်တွင် ကြံ့ကြံ့ခံကာ ဆက်လက်ရှင်သန်နိုင်မည်လား၊ သို့မဟုတ် ပြိုလဲကျဆုံးသွားမည်လားကို AQ က ဖော်ပြနိုင်သည်။ AQ မြင့်မားသူသည် အကျပ်အတည်းကြုံချိန်တွင် အကောင်းဆုံးအားထုတ်သည်၊ အရှုံးနှင့် တွေ့သော်လည်း အားမလျှော့၊ ငြင်းပယ်ခံရသော်လည်း  စိတ်မပျက်။

AQ ကို Paul Stoltz က တောင်တက်သမားသုံးယောက် ဥပမာဖြင့် ရှင်းပြထားသည်။ မြင့်မားသော တောင်တစ်လုံးကို တောင်တက်သမားများ တက်ကြသည်။ လမ်းခရီးမှာ မတ်စောက်သလို ကြမ်းတမ်းသည်။ ချမ်းအေးသလို လေလည်းထန်သည်။

တောင်တက်သူအများစုမှာ ခရီးအစလေးတွင်ပင် ဘေးထွက်ထိုင်ကြမည်၊ နောက်ပြန်လှည့်ကြမည်၊ အလျှော့ပေးသွားကြမည်။ သူတို့သည် Quitters ခေါ် 'လက်မြောက်အရှုံးပေးသူများ' ဖြစ်သည်။ သူတို့သည် တောင်ကို မတက်လိုတော့။ တောင်ထိပ်သို့ရောက်လိုသော်လည်း လမ်းရှိ အခက်အခဲတို့ကို ရင်မဆိုင်လိုတော့။

အခိျု့တောင်တက်သူများမှာ ဆက်လက်တက်ကြသည်။ သို့သော် အတန်ငယ် ခရီးပေါက်သည်ဟု ထင်လျှင် ဆက်မတက်လိုတော့။ ပင်ပန်းပြီ၊ ခြေကုန်လက်ပန်းကျပြီ၊ ငါတက်နိုင်တာ ဒီလောက်ပဲဟု စိတ်ဒုန်းဒုန်းချလိုက်ကာ ရောက်ရာနေရာတွင် စခန်းချလိုက်တော့သည်။ ထိုဒုတိယအမျိုးအစား တောင်တက်သူများသည် Campers ခေါ် 'စခန်းချသူများ' ဖြစ်သည်။ 'စခန်းချသူများ' သည် 'လက်မြောက်အရှုံးပေးသူများ' ထက်တော့ ခရီးပေါက်သည်။

ရည်မှန်းချက် တောင်ထိပ်သို့ မရောက်မချင်း တက်သူများမှာ Climbers 'အတက်သမားများ' ဖြစ်သည်။ လမ်းခရီးမည်သို့ပင် ကြမ်းတမ်း မတ်စောက်ပါစေ သူတို့ကြိုးစားတက်သည်။ စိတ်ဓာတ်အင်အား မကျဆင်းဘဲ မရောက်မချင်း ဇွဲနပဲနှင့် တက်သူများဖြစ်သည်။ မျှော်လင့်ချက်၊ အနိုင်မခံအရှုံးမပေးစိတ်၊ တောင်ထိပ်သို့ရောက်လိုစိတ်တို့က 'အတက်သမားများ' ကိုရှေ့ဆောင်သည်။

ထိုတောင်တက်သူသုံးဦးကို လက်တွေ့ဘဝတွင်လည်း တွေ့မြင်နိုင်သည်။ 'လက်မြောက် အရှုံးပေးသူများ' သည် အခက်အခဲနှင့် အမြည်းသဘောတွေ့လိုက်ရုံဖြင့် အလံဖြူထောင် လက်နက်ချလိုက်သည်။ 'စခန်းချသူများ' မှာမူ အတန်ငယ် အဆင်ပြေရုံဖြင့် 'ဒီဘဝ ဒီမျှ' ဟု သဘောထားကာ တန်းဖြုတ်လိုက်တော့သည်။ ဆက်လက်အားထုတ်ကြိုးစားခြင်းကို ရပ်တန်းကရပ်လိုက်ကာ ဘဝ၏ ကျန်အချိန်များကို ကုန်ဆုံးစေတော့သည်။

'အတက်သမားများ' မှာမူ မိမိရည်မှန်းချက်ပန်းတိုင်သို့ မရောက်ရောက်အောင် ကြိုးစားအားထုတ်ကြသည်။ သူတို့သည် မွေးစမှသည် သေသည်အထိ တောက်လျှောက်တက်နေကြသည်။ အသက်အရွယ်မရွေး၊ အမျိုးသားအမျိုးသမီးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ဥာဏ်ရည်ကောင်းညံ့မရွေး 'အတက်သမား' တို့သည် တက်မြဲတိုင်းတက်နေကြသည်။ 'ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်' ဆိုသည်မှာ 'အတက်သမား' တို့၏ ဆောင်ပုဒ်ဖြစ်သည်။ 

ဘဝဆိုသည်မှာ တောင်တက်ခြင်းတစ်မျိုးပင်ဖြစ်သည်။ မိမိဘဝတိုးတက်ရာ တိုးတက်ကြောင်း အမြဲရုန်းကန်နေရသည်။ မိမိရည်မှန်းချက်သို့ ရောက်အောင် တရွေ့ရွေ့ တဖြည်းဖြည်း တက်နေရသည်။ အောင်မြင်မှုဆိုသည်မှာ ရည်မှန်းချက်ရှိရာ အမြင့်သို့ရောက်အောင် လမ်းတွင် ကြုံတွေ့ရသော အခက်အခဲများ၊ အတားအဆီးများအား ကျော်ဖြတ် ရင်ဆိုင်ကာ အရောက်သွားနိုင်ခြင်းပင်ဖြစ်သည်။ ချွေးနှင့်သွေးနှင့်ရင်းကာ တက်ခဲ့ရခြင်းဖြစ်ရာ တောင်ထိပ်သို့ ရောက်ရှိခြင်းမှာ ချိုမြိန်လှသည်။

တောင်တက်သမားသုံးမျိုးတွင် 'အတက်သမား' တစ်ဦးတည်းသာ တောင်ထိပ်သို့ ရောက်ခြင်းတည်း ဟူသော အောင်မြင်မှုကို ခံစားရယူနိုင်မည်။

'လက်မြောက်အရှုံးပေးသူများ' သည် ရသင့်ရထိုက်သော ဘဝကို မရယူကြသူများဖြစ်သည်။ သက်သာသည်ဟုထင်ရသော်လည်း ထိုသူတို့သည် ဘဝကို နောက်ကြောင်းပြန်လှည့်ကြည့်သောအခါတွင်  မလုပ်ခဲ့လေခြင်း၊ မကြိုးစားခဲ့လေခြင်းဟု နောင်တမီးတောက်လောင်ရသူများဖြစ်သည်။ စိတ်အလိုမကျ၊ မပြည့်ဝဘဲ စိတ်ဓာတ်ကျဆင်းနေတတ်ကြသောကြောင့် ပတ်ဝန်းကျင်ကို အမြဲရန်လိုနေသူများဖြစ်သည်။ 'အတက်သမား'တို့ကို လှမ်းမျှော်ကြည့်ကာ ကုသာမစာရိယတို့ဖြင့် ပူလောင်နေသူများဖြစ်တတ်သည်။

'စခန်းချသူများ' သည်လည်း ရသင့်ရထိုက်သောဘဝကို အရမယူသူများဖြစ်သည်။ 'လက်မြောက်အရှုံးပေးသူများ' နှင့် ကွာခြားသည်မှာ အတိုင်းအတာ၊ ပမာဏတွင်သာဖြစ်သည်။ သူတို့သည် လက်ရှိရထားသော နေရာကို စွန့်လွှတ်ရမည်ကို စိုးရိမ်နေတတ်ကြသည်။ ယခုလောက် ကြိုးစားပြီးလျှင်တော်ပြီဟု ဆိုကာ လေ့လာသင်ကြားခြင်း၊ အားထုတ်ခြင်းကို ရပ်တန့်လိုက်သူများဖြစ်သည်။

'အတက်သမားများ' သည်သာ ဘဝတွင် နေရကျိုးနပ်သူများဖြစ်သည်။ သူတို့သည် ခံစားချက်ပြင်းပြင်းဖြင့် ရည်မှန်းချက်သို့ ချီတက်နိုင်ကြသည်။ မှန်မှန်ကြိုးစားသွားလျှင် တစ်နေ့လိုရာပန်းတိုင်သို့ရောက်မည်ဟု ယုံကြည်သူများဖြစ်သည်၊ ရောက်လည်းရောက်ကြသည်။ 'တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ' ဟု သဘောပေါက်ကြသည်။

အဆိုပါ တောင်တက်သမားသုံးဦးတို့ ကွာခြားသည့်နေရာမှာ Adversity Quotient တွင်ဖြစ်သည်။ အတက်သမားများသည် အမြင့်မားဆုံးသော AQ ကို ပိုင်ဆိုင်ကြသည်။ စခန်းချသူများ၏ AQ မှာ သာမန်အဆင့်ဖြစ်ပြီး လက်မြောက်အရှုံးပေးသူတို့သည် AQ နိမ့်ကြသည်။

AQ  မြင့်သောသူတို့သည် အဆိုးရွားဆုံးသော အခြေအနေများတွင်ပင် စိတ်ဓာတ်ခိုင်ခိုင်မာမာထားနိုင်သူဖြစ်သည်။ ရေခဲတောင် တက်ပြီး နှင်းမုန်တိုင်းကြားတွင် လူကွဲကျန်ခဲ့သည်မှာ အတန်ကြာသောကြောင့် အတွေ့အကြုံရင့် တောင်တက်သမားအဖော်များက သေပြီဟု တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားချိန်တွင် စုရပ်သို့ ကျားကုတ်ကျားခဲ ပြန်လာနိုင်သောသူတို့သည် AQ မြင့်မားသူများဖြစ်သည်။ စီးပွားအကြိမ်ကြိမ်ပျက်သော်လည်း အကြိမ်ကြိမ်ပြန်ထူမတ်လာကာ ကြီးပွားနေသူသည် AQ မြင့်သူဖြစ်သည်။ ရောဂါဝေဒနာဆိုးကို ခံစားနေရသော်လည်း စိတ်မပျက်၊ လက်မလျှော့ဘဲ လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လုပ်ဆောင်နေသူများသည်  AQ မြင့်သူများဖြစ်သည်။

ပေါ့ပါးပြီး ကြာရှည်အသုံးခံသည့် ဘက်ထရီကို တီထွင်ရန် နှစ်၂ဝကြာ စမ်းသပ်မှုပေါင်း ငါးသောင်း ပြုလုပ်ခဲ့သည့် တီထွင်သမားကြီး အက်ဒီဆင်၏ ဥပမာကို ကြည့်ရအောင်။ 'မစတာအက်ဒီဆင်ခင်ဗျား၊ အကြိမ်ငါးသောင်းတောင် မအောင်မြင်ခဲ့တာကို ဘာလို့ ရလာဒ်တွေ ထွက်လိမ့်မယ်လို့ ထင်နေသေးတာလဲ'၊ တစ်ဦးက မေးခွန်းထုတ်သည်။ 'ရလာဒ်လား၊ ရလာဒ်တွေ ရနေတာပဲလေ။ ဘက်ထရီ ဖြစ်မလာနိုင်တဲ့နည်း ငါးသောင်းတောင် ကျွန်တော် သိသွားပြီ' ဟု အက်ဒီဆင်က ပြန်ဖြေလိုက်သည်။ မဖြစ်နိုင်သောနည်း ငါးသောင်းသိသွားသည့်အတွက် ဖြစ်ရန် နီးစပ်လာပြီဟု အက်ဒီဆင်က သဘောထားသည်။ အက်ဒီဆင်သည် 'အတက်သမား' ကြီးဖြစ်သည်။

မည်မျှထူးချွန်ထူးချွန်၊ မည်မျှ ဥာဏ်ရည်ထက်ထက် AQ နိမ့်လျှင် ထိုအရည်အချင်း ဥာဏ်ရည်တို့သည် သဲထဲရေသွန်ဖြစ်မည်သာ။ မည်သည့်အလုပ်ဖြစ်စေ အခက်အခဲရှိမြဲဖြစ်သောကြောင့် အခက်အခဲတွေ့လျှင် လက်မြောက် အရှုံးပေးတတ်သူသည် လိုရာရောက်မည်မဟုတ်။ ကြီးကျယ်မြင့်မားသော အလုပ်တာဝန်မှန်သမျှ အခက်အခဲကြီးမားတတ်စမြဲဖြစ်ရာ AQ နိမ့်လျှင် မည်သို့မျှ မပြီးမြောက်နိုင်။ အထူးသဖြင့် မဖောက်သေးသောလမ်း၊ မလျှောက်ဖူးသောလမ်း (Untraveled Road) တို့ကို လျှောက်လိုလျှင် AQ  မြင့်ရမည်။

ဘုန်းမီးနေလတောက်ပသော နေမဝင်ဗြိတိသျှအင်ပါယာကြီးအား အန်တုကာ လွတ်လပ်ရေးရယူမည်ဆိုသည့် အကြံမှာ သာမန်လူများ မစဉ်းစားဝံ့သော အရာပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မျိုးချစ်များသည် ထိုသို့ မလျှောက်ဖူးသည့် လမ်းကိုမှ ရွေးချယ်ကာ လျှောက်လှမ်းခဲ့ကြသည်။ ထောင်ဘေး၊ အသက်အိုးအိမ်စည်းစိမ်ပြုတ်မည့်ဘေးတို့နှင့်တကွ အပင်ပန်းအဆင်းရဲမျိုးစုံတို့ကို အပြုံးမပျက် ကြံ့ကြံ့ခံနိုင်ခဲ့သောကြောင့် တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်ကာ လွတ်လပ်ရေးပန်းတိုင်သို့ မြန်မာနိုင်ငံကို အရောက်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်နှင့်တကွ မျိုးချစ်တို့ကို အတိအကျ သွားရောက်တိုင်းတာရန် မဖြစ်နိုင်တော့သော်လည်း သူတို့၏ Adversity Quotient မြင့်မားမည်မှာ သေချာပါသည်။

မိမိတောင့်တသော ရည်မှန်းချက်သည် ကြီးမားမွန်မြတ်သည်နှင့်အမျှ တောင်ထိပ်သည် မြင့်မားဝေသီမည်ဖြစ်သလို တောင်တက်လမ်းသည်လည်း ကြမ်းတမ်းခက်ခဲမည်။ AQ

မြင့်ပါမှ 'တောင်ကြီးဖဝါးအောက်' ရောက်မည်ဖြစ်သည်။ စာရှုသူ မိတ်ဆွေ၊ သင်ရော ဘယ်လို တောင်တက်သမားမျိုးလဲ။

ဇေယျသူ

ဒီတစ်ပတ်ထုတ် Street View မှာ ရေးဖြစ်တဲ့ ဆောင်းပါးပါ။


ှArticle Credit to source: https://www.facebook.com/notes/zeya-thu/%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%90%E1%80%80%E1%80%B9%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%B1%E1%80%9A%E1%80%AC%E1%80%80%E1%80%B9/471748462870963
Image credit: http://caveviews.blogs.com/.a/6a00d8341bffd953ef01157153328d970b-800wi and http://www.geocities.com/perry_peterson_1999/walkingman.gif