Facebook

Friday, October 26, 2012

လာရောက် လှူဒါန်းသွားပါတယ် ခင်ဗျာ


Inline image 5
မသိင်္ဂီသူဇာညွန့်
(မန်ဘာအမှတ် AR10214)
မှ
 မြန်မာ့အရုဏ်သစ် ပရဟိတ
လူမှုကူညီရေးအသင်း၏
လူမှုအကျိုးပြုလုပ်ငန်းများအတွက်
(၁၀) လစာ မန်ဘာလစဉ်မတည်ငွေ
တစ်သောင်း အပါအဝင် လှူဒါန်းငွေ
စုစုပေါင်း ငွေကျပ် သုံးသောင်း တိတိကို
လာရောက် လှူဒါန်းသွားပါတယ် ခင်ဗျာ။
(ဘောက်ချာအမှတ် - ၄၈၁၇ 
၂၆ ရက် အောက်တိုဘာလ ၂၀၁၂

Friday, October 19, 2012

မန်ဘာအသစ်များ ဆက်လက်ကြိုဆိုခြင်း 「2012 Oct 20」

2012 Oct 20 ရက် နေ့စွဲဖြင့် အောက်ပါ မန်ဘာအသစ်များအား ကြိုဆိုပါရစေ။
ဆက်သွယ်ဆောင်ရွက်မည့်သူမှာ အမှုဆောင် မခင်စန္နာထွန်း <ဗဟန်း> ဖြစ်ပါတယ် ခင်ဗျာ...။

Sr. Member ID Name
1 AR10341 ဦးထွန်းသန်း
2 AR10342 ဒေါ်ခင်ခင်
3 AR10343 ဒေါ်မြင့်မြင့်အေး
4 AR10344 ဒေါ်သင်းသင်းစု
5 AR10345 ဒေါ်သန်းသန်းညွန့်
6 AR10346 မခင်နုနုဌေး
7 AR10347 မညိုညိုစန်း
8 AR10348 မကြည်ကြည်စိုး
9 AR10349 ကိုခင်ဇော်
10 AR10350 ဦးဇော်ဝင်းချစ်
11 AR10351 မမိုးချစ်သူ
12 AR10352 မမေချစ်သူ
13 AR10353 ဒါရိုက်တာ အောင်သြဘာ
14 AR10354 မဖြူဖြူအောင်

မန်ဘာအသစ်များ ဆက်လက်ကြိုဆိုခြင်း

နေ့စွဲ 2012 Oct 19 နေ့စွဲဖြင့် အောက်ပါ မန်ဘာအသစ်များအား ကြိုဆိုလိုက်ပါတယ်။ အများစုမှာ အွန်လိုင်းမသုံးသေးသူများ ဖြစ်ပြီး၊ အမှုဆောင် ကိုစိုးနိုင်နဲ့ ဆက်သွယ် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ သွေးလှူဒါန်းပွဲတွင် ဝင်ရောက်ဆင်နွဲကြမည့် အင်အားစုများ ဖြစ်ပါကြောင်း ....။

MemberID Name

AR10260 မချစ်ထူးရင်
AR10261 မဆွေဇင်သိမ့်
AR10262 မမို့မို့အောင်
AR10263 မအိခိုင်ဇာ
AR10264 မနွေဦ

AR10265 မနိုင်နိုင်မော်
AR10266 မနုခိုင်
AR10267 မငုဝါအေး
AR10268 မစိုးမာလာ
AR10269 မပြည့်ဖြိုးခိုင်
AR10270 မဇင်နွယ်မိုး
AR10271 မမအေးအေးသင်း
AR10272 ကိုဆန်းမျိုး
AR10273 မမေမြတ်မျိုး
AR10274 မဖြိုးမေဦး
AR10275 မသီ
AR10276 မဝင်းဝင်းမြင့်
AR10277 မဇင်မာလှိုင်
AR10278 ကိုမင်းသက်ခိုင်
AR10279 ကိုကျော်လင်း
AR10280 ဦးဝင်းဖေ
AR10281 ကိုဝင်းအောင်
AR10282 မသူဇာဝင်း
AR10283 မစန္ဒာအောင်
AR10284 ကိုကျော်မင်းထိုက်
AR10285 မယုယုထွန်း
AR10286 မခင်ခင်စန်း
AR10287 မမျိုးမျိုးခိုင်
AR10288 မစန္ဒာအေး
AR10289 မသန္တာဦး
AR10290 မမြမြစိုး
AR10291 မမြသန်းနွယ်
AR10292 မနေခြည်
AR10293 မဋ္ဌေးဋ္ဌေးခိုင်
AR10294 မမာမာဦး
AR10295 မအေး
AR10296 မမဉ္ဇူ
AR10297 မသင်း
AR10298 မချိုဇင်လှိုင်
AR10299 မအေးနန္ဒာဦး
AR10300 မလှလှဝင်း
AR10301 မသက်သက်မွန်
AR10302 မညိုဝင်း
AR10303 မတင်ဇာမော်
AR10304 မချိုကြည်သာ
AR10305 မစုစုလှိုင်
AR10306 မသင်းမာလာ
AR10307 မမြမြညွန့်
AR10308 မသီတာဝင်း
AR10309 မဖော့
AR10310 မချိုချိုဝင်း
AR10311 မခိုင်မာဦး
AR10312 မထားထားနွယ်
AR10313 မစန်းစန်းမူ
AR10314 မတင်တင်ဝင်း
AR10315 မချောမာ
AR10316 မအေးချို
AR10317 မစိုးမိုးရွှေ
AR10318 မကြည်မူ
AR10319 မလှလှမွန်
AR10320 မဇင်ဝေဖြိုး
AR10321 မခင်နှင်းဝေ
AR10322 မတင်တင်နွဲ့
AR10323 မချမ်းမြေ့သူ
AR10324 မောင်ဟန်လင်းထွန်း
AR10325 ကိုရဲဝင်းဋ္ဌေး
AR10326 မခင်သိင်္ဂီဝင်း
AR10327 မအေးသွယ်
AR10328 မအေးကြူ
AR10329 မအေးအေးခိုင်
AR10330 မသန္တာစိုး
AR10331 မဇာဇာအောင်
AR10332 မဇင်မာအေး
AR10333 မနွဲ့နွဲ့တင်
AR10334 မစန္ဒာဝင်း
AR10335 မမြင့်မြင့်စန်း
AR10336 မအေးအေးလှိုင်
AR10337 မသန်းသန်းဦး
AR10338 မဝင်းဝင်း
AR10339 မကြည်ကြည်ညွန့်

ဆက်လက်၍ အသင်းဝင်အမှတ် AR10340 ဖြင့် ခေတ္တ ကိုရီးယားနိုင်ငံရောက် ကိုစိုးထွဋ်ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

Thursday, October 18, 2012

Membership Application

If you have trouble viewing or submitting this form, you can fill it out online:
https://docs.google.com/spreadsheet/viewform?fromEmail=true&formkey=dDdEenZQX19JSEVIckFVRXFIdmVWTUE6MQ

Membership Application

``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုကူညီရေး အသင်း ၏ အသင်းဝင် အဆိုပြုလွှာဖောင် ဖြစ်ပါတယ်။ မန်ဘာဝင်လိုပါက အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ပါ။ ပြီးလျှင် ဖောင် တင်ရန် Submit ခလုတ်ကို နှိပ်ပါ။ သတိ။ မိတ်ဆွေ ဤစာကို အီးမေးမှ ဖွင့်ဖတ်နေခြင်း ဖြစ်ပါက ဖောင်တင်ရန်အတွက် ၎င်းအီးမေးကို ရီပလိုင်းပြန်ရန် လုံးဝ (လုံးဝ) မလိုအပ်ပါ။ မန်ဘာဝင်လိုပါက မိမိဖွင့်ဖတ်နေသော အီးမေးတွင် လိုအပ်သည့် အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ပြီးလျှင် ဖောင် တင်ရန် Submit ခလုတ်ကို နှိပ်ရန်သာ လိုပါတယ်။ မဖြည့်မနေရ အချက်များအား (*) ပြထားပါတယ်။

မိတ်ဆက်

``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း https://www.facebook.com/groups/Myanma.ArunThit.Org ``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း အကြောင်း ရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ် https://www.facebook.com/groups/Myanma.ArunThit.Org/members/ မြန်မာ့ အရုဏ်သစ် ပရဟိတ လူမှုရေး အသင်း ၏ Fan Page စာမျက်နှာ https://www.facebook.com/Myanma.ArunThit.page အသင်းကိုယ်စားပြု ကောက်ခံပေးရန် တာဝန်ကျ အမှုဆောင်များစာရင်းကို ဤနေရာတွင် ကြည့်နိုင်ပါသည်။ https://docs.google.com/spreadsheet/ccc?key=0Au8_XYy82xrgdFJMbGprY0Zmbk4tTWJySjZvdzdVMGc




















Wednesday, October 10, 2012

မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း၏ စတုတ္ထခြေလှမ်း [ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်), 2012-10-10]

မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း၏ စတုတ္ထခြေလှမ်း [ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်), 2012-10-10]

by မြန်မာ့ အရုဏ်သစ် on Wednesday, 10 October 2012 at 22:29 ·

=======================================

 

ကျွန်တော် ဆရာဖေမြင့် ဘာသာပြန်ထားသော နှလုံးသား အာဟာရ စာအုပ်မှ အကြောင်းရာလေး တစ်ခုကို ပြန်သတိရနေသည်။ အများဖတ်ဖူးပြီးသားမို့ အတိုချုပ်ပြောချင်သေးသည်။ သဘာဝ တရားကြီး တွင် ပင်လယ်လှိုင်း ကြီးများနှင့်အတူ ကြယ်ငါးလေးများ ပါလာသည်။ လှိုင်းပြန်ကျတော့ ကြယ်ငါးလေးတွေ အချို့ လှိုင်းနဲ့အတူ ပြန်ပါမသွားဘဲ သောင်ပြင်မှာတင် ကျန်နေရစ်သည်။ နောက်တစ်ကြိမ် လှိုင်း ပြန်မတတ်ခင် ကြယ်ငါးလေးတွေ သေဆုံးသွားစေနိုင်သည်။ ဒီလို သနားစရာ ကြယ်ငါးလေးတွေ ကို ကယ်တင်ချင်သော သူတစ်ယောက် မက္ကဆီကို ကမ်းခြေတစ်ခုမှာ ကြယ်ငါး လေးတွေကို ကောက်ပြီး ပင်လယ်ကြီးထဲကို ပစ်ပို့ပေးနေသည်။ အခြားတစ်ယောက်က မြင်တော့ ကမ်းခြေမှာ များပြားလှသော ကြယ်ငါးကလေးများ ရှိသဖြင့် ကိုယ်မတတ်နိုင်တဲ့ အားလုံးကို မကယ်တင်နိုင်ဘဲ လုပ်နေသဖြင့် အပြစ် မြင်သလိုပြောသည်။ သူက အေးဆေးစွာဖြင့် ---`` သောင်ပြင်မှာ ရှိတဲ့ အားလုံးသော ကြယ်ငါးလေးတွေ အတွက် ကျွန်တော့်လုပ်ရပ်ဟာ ဘာမှ မထူးခြားပေမယ် ဒီကြယ်ငါးလေးတစ်ကောင်တော့ ထူးခြားသွားတာပေါ့ဗျာ --`` ဟု အေးဆေး တည်ငြိမ်စွာပြော ပြီး ကြယ်ငါးတစ်ကောင်ကို ပင်လယ်ထဲသို့ ရောက်အောင် ပစ်ပို့လိုက်လေသည်--------

 

မိတ်ဆွေ သင့်ရှေ့မှာ ကြယ်ငါးလေး တစ်ကောင် ကို တွေ့ရရင်ရော -- မိတ်ဆွေ ဘာလုပ်မည်နည်း။

 

လူ့ဘဝလည်း အလားတူပင် များပြားလှသော ဆင်းရဲနွမ်းပါးသူများ။ မသေသင့်သောရောဂါလေးဖြင့် အသက်ကို ပေးဆပ်လိုက်ရသော မပြည့်စုံသူများ။ အစာ တစ်လုပ်အတွက် နေဝင်မိုးချုပ် ချွေးဒီးဒီး ကျအောင် လုပ်ကိုင်စားသောက်နေကြရသူများ။ ဆင်းရဲနွမ်းပါ၍ ပညာသင်လိုလှသော်လည်း အလှမ်းဝေးနေသူများ။ --- ဘဝရှင်သန်ရေးအတွက် မတန်မရာပေးဆပ်နေရသူများ။ များစွာ များစွာ ရှိသော်လည်း အားလုံးကို မကယ်တင်နိုင်သော အကြောင်းပြချက်တစ်ခုဖြင့် လျစ်လျှူ ရှု့ထားသင့်ပါသလား။ ဆန္ဒအမျိုးမျိုး ရှိကြပေလိမ့်မည်။ ယခု လောလောဆယ် ကျွန်တော်တို့ (မြန်မာ့အရုဏ်သစ်) ရှေ့တွင် ကြယ်ငါးလေး တစ်ကောင် မြင်နေရသည်------။

 

၁))

 

သူမ၏ အမည်မှာ -မခင်စောမွှေး ဖြစ်သည်။ မွေးချင်း မောင်နှမ ၇ ယောက်ရှိသည်။ မော်လမြိုင်မြို့ မဟာသီရိလမ်း ဆန်တန်း ရပ်တွင်နေသည်။ သူတို့ မိသားစု၏ စိတ်မကောင်းစရာ ကံကြမ္မာ အားနည်းချက်တစ်ခုမှာ အရွယ်ရောက်လာတာနဲ့ နားမကြားရတော့ချေ။ မကြီး မခင်စောမွှေး တောင် အသက် အနည်းငယ်ရသည်အထိ နားကြားရ၍ ဓါတုဗေဒ အထူးပြုဖြင့် ဘွဲ့ရခဲ့သည်။ ကျန်မောင်နှမတွေမှာ အလယ်တန်း အထက်တန်း ရောက်တာနဲ့ နားမကြားရတော့သဖြင့် ကျောင်းထွက်ခဲ့ရသည်။ သည်ရပ်မှာ သူတို့မိသားစုကို နားမကြား မိသားစု ဟု အပြင်မှာ ခေါ်ဝေါ်ကြသည်။ နှိမ်ချလိုသော စိတ်ဖြင့်ခေါ်ခြင်းကားမဟုတ်။ မြန်မာတို့၏ အလွယ် အမည်ပေး သမုတ်တတ်သည့်ဓလေ့မှန်း သိပါသည်။

အာရုံ (၆)ပါးထဲက အကြားအာရုံ ချို့တဲ့ပျက်ယွင်းတာနဲ့တင် လူမှုစီးပွားရေး ရှင်သန်အောင် အသက်မွေးရန် များစွာခက်ခဲပင်ပန်းလှသည်။ သို့သော် အမကြီး အမိအရာ ဟူသောစိတ် ၊ မလျှော့သော ဇွဲဖြင့် မိသားစု မွေးချင်း ၇ ယောက်ကို ချို့တဲ့စွာ စက်ချုပ်သောအလုပ်ဖြင့် ရှာဖွေကျွေးမွေးခဲ့သည်မှာ ယခုထိ။ ဖခင်ကြီးကတော့ ဆုံးပါးသွား၇ှာပေပြီ။ မိခင်ကြီးမှာလည်း ကျမ်းမာရေးက ချူချာလှသည်။ ဆေးနှင့် မပြတ်။ မြန်မာဆိုရိုးစကားရှိသည်--``ရှင်နည်းရာ အဂ္ဂလူထွက် ```` နူရာဝဲစွဲ လဲရာ သူခိုးထောင်း```` မြေနိမ့်ရာလှံစိုက်```` ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ`` စသော စကားပုံတွေ အများကြီးရှိလာတာကပဲ ကိုယ်လိုလူ အများကြီး ရှိခဲ့လို့ပဲဟု ဖြေဆည်ရမလို။ စားဝတ်နေရေး အဆင်ပြေအောင် ကြိုးစားရုန်းကန်နေရသည့်ကြားက သည်းခြေတွင် ကျောက်တည် သည်တဲ့။ မွေးသမိခင်၏ ကျမ်းမာရေးကို ဦးစားပေး ကုသနေရခြင်း။ စားဝတ်နေရေးအတွက် အဆင်ပြေအောင် လှုပ်ရှားရုံးကန်နေရခြင်းကြောင့်

ကိုယ့်ရောဂါကို ဟိုးး နောက်ဆုံးမှာ ထားရင်း ထားရင်း ဆေးမီးတိုလေးဖြင့်သာ ကုသရင်း သည်းခြေတွင် ကျောက်တည်တာ ဆိုးရွားသည့်အနေသို့ ရောက်လာရသည်။ ဆရာဝန်က သုံးသိန်းလောက်ရှာထား ခွဲစိတ်ကုသရမည်ဆို၏။ သုံးသိန်း------ သုံးသိန်း------ သုံးသိန်း---- ချမ်းသာသော သူတစ်ယောက်အတွက် သုံးသိန်းသည် တစ်ခဏ အသုံး၊ မထင်ရှားသော စာရင်းမရှိအသုံးသေး ဖြစ်သော်လည်း သူ့အတွက်တော့ အသက်၏ တန်ဘိုး ညီမျှခြင်း သုံးသိန်းဖြစ်နေသည်။ သုံးသိန်းမရလျှင် မရှာနိုင်လျှင် အသက်တစ်ချောင်း မသေသင့်ပဲ ကြွေလွင့်နိုင်သည်။ ကျွန်တော် ကြယ်ငါးလေးကို သတိရလိုက်သည်။ အခြား ကြယ်ငါးလေးတွေကို မတွေးအား၊ ရှေ့မှာ တွေ့နေရသော ကြယ်ငါးလေး တစ်ကောင်တော့ဖြင့် ပင်လယ်ထဲကို ရှင်သန်ခွင့်ရရင် ပို့ပေးလိုက်ချင်ပါသည်။

(လူနာမှ အကူအညီတောင်းခြင်းမဟုတ်ပါ။ ကျွန်တော်တို့ အသင်းဝင် တစ်ဦးဖြစ်သော လားလျှိုးမှ ညီမငယ် မစန္ဒာမှ လူနာ၏ မိသားစုအခြေအနေကိုသိ၍ စိတ်သဘောထား ဖြူစင်သည်ကို သိ၍ ကူညီချင်သည့် သဒ္ဓါတရား ရှိသော်လည်း သူတစ်ယောက်တည်း မတတ်နိုင်၍ ကျွန်တော်တို့ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်းသို့ ပြောပြ အကူအညီတောင်းလာပါသည်။ ကျွန်တော်လည်း ငြင်းဆိုနိုင်သည့် နှလုံးသား မရှိသဖြင့် ကျွန်တော်တစ်ယောက်တည်းလည်း မတတ်နိုင်သေးသဖြင့် အသင်းမှ အမှုဆောင်များဖြစ်သော ကိုလူစိမ်းနှင့် ကိုဂွတ်လဒ်ဇော်တို့ဆီ ပြောပြကာ သဘောတူညီမှုယူပြီး အသင်းပေ့ခ်ျတွင်တင်ကာ တတ်အားသမျှ ကူညီလူဒါန်းနိုင်ရန် တင်ပြပါသည်။ ကျွန်တော်က ခွဲစိတ်ကုသမှုတွင် သုံးရန် ၅၀၀၀၀ (ငါးသောင်းကျပ်)လှုဒါန်းပါမည်။ မစန္ဒာမှ ၂၀၀၀၀(နှစ်သောင်းကျပ်) ဒီနေ့ လွှဲလိုက်ပါသည်။ ကိုလူစိမ်းမှလည်း ၂၀၀၀၀ (နှစ်သောင်းကျပ် လှုပါမည်) ဟု ဖုန်းဆက်ပါသည်--- လှုဒါန်းရန် ဆန္ဒရှိသူများ ကူညီလှုဒါန်းကြပါဦး ဟု မေတ္တာရပ်ခံပါသည်။ မြန်မာ့အရုဏ်သစ်ရဲ့ စတုတ္ထ ခြေလှမ်းလေးတစ်လှမ်း ပေါ့ခင်ဗျာ)

 

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

Sunday, October 7, 2012

"ပီတိကိုစား………. အားဖြစ်စေသည်” [2012 Oct 7]


2012/10/7 "☆•❤´¯``သိဂီၤ´¯``❤•☆ -" <ms.theinginwe@gmail.com>
"ပီတိကိုစား………. အားဖြစ်စေသည်"

ဒီနေ့ကျမတို့ရဲ့ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်းရဲ့ တတိယမြောက်ခြေလှမ်း "မြိုင်" သီလရှင်ကျောင်းသို့ လှူဒါန်းတဲ့ နေ့ထူးနေ့မြတ်လေးတစ်နေ့ ဖြစ်ပါတယ်။

စနေနေ့ညက သန်းခေါင်ယံအချိန်မှာ မြန်မာ့အရုဏ်သစ်ရဲ့ လှူဒါန်းတဲ့အလှူငွေတွေ ကြေငြာဖို့ ကျမ အွန်လိုင်းပေါ်ရောက်ခဲ့ပါတယ်။ မန္တလေးသား မောင်ဂျက်ဂါက အမှုဆောင်များ "အိပ်တော့လေ မနက်လှူဒါန်းပွဲသွားတဲ့အခါ မျက်နှာမလန်း ဖြစ်နေမယ်"­­­ ဆိုတဲ့ သတိပေးစကား တွေ့ပေမယ့် ပီတိများနဲ့အတူ အလှူငွေစာရင်းများကြေငြာပေးရင်း
(ကွန်နက်ရှင် မကောင်းသောကြောင့်) ည ၂ နာရီမှ အိပ်ရာထဲဝင်ခဲ့ပါ တယ်။

(၇.၁၀.၂၀၁၂) တနင်္ဂနွေနေ့ ၆ နာရီမှာပဲ လန်းဆန်းတက်ကြွစွာနဲ့ အိပ်ရာနိုးခဲ့ပါတယ်။ သာကေတ မှာနေတဲ့ကျမအတွက် ၁၀ မိုင်ကုန်းကို ၉ နာရီရောက်ဖို့ ၇ နာရီကတည်းက ထွက်မှဖြစ်မှာလေ။ ကားပေါ်မှာ သာကေတ အထွက် အနည်းငယ်ငိုက်မှေးတာကလွဲပြီး လန်းဆန်းတက်ကြွနေခဲ့ပါတယ်။ မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့နှင့်အတူ ၉ မိုင် Ocean မှ မဥမ္မာလှိုင်က သူ့မွေးနေ့အတွက် လာရောက်လှူဒါန်းသွားတဲ့ ကလေးများဝေဖို့ သကြားလုံးပုံးကြီး ၂ ပုံး၊ အခြားလှူဖွယ်ပစ္စည်းများနဲ့အတူ "မြိုင်" သီလရှင်ကျောင်းလေးသို့ တက်ကြွစွာနဲ့ ကျမတို့အဖွဲ့ ခရီးစခဲ့ပါတယ်။ ကားပေါ်မှာလည်း မြန်မာ့အရုဏ်သစ် မန်ဘာဝင်တစ်ချို့ကို ကျမတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်များကို ပြောပြရင်း ပျော်မဆုံးပါပဲ။

"မြိုင်" သီလရှင်ကျောင်းအရောက် အားလုံးကတက်ကြွစွာ ကျမတို့အဖွဲ့ရဲ့ ဗီနိုင်းကြီးချိတ်သူချိတ်နဲ့ မောင်ဖိုးသကြားဆိုရင် စနေနေ့ညက မိုးလင်းကာနီးမှ အိပ်ရာဝင်ပေမယ့် တက်ကြွလန်းဆန်းစွာ သူ့ရဲ့ သုံးချောင်းထောက် ကင်မရာကြီး တကားကားနဲ့ မှတ်တမ်းတင်နေတယ်လေ။ ကိုလူစိမ်းကြီးကတော့ ကျမတို့နဲ့အတူ ကျောင်းအပေါ်ထပ်တက်ပြီး ဗီနိုင်းကြီးတက်ချိတ်လို့…… ပြီးတော့အောက်ဆင်းပြီး ကိုစိုးနိုင်၊ ဟင်္သာတသားလေး ကောင်းမြတ်ကိုကို၊ မန်ဘာဝင်တို့နဲ့အတူ လှူဖွယ်ပစ္စည်းတွေ ဘုရားရှေ့နေရာချလို့ တက်ကြွနေကြပါတယ်။ ကိုစိုးနိုင်ရဲ့ မဒီကြီးကလည်း ပါရမီ ဖြည့်ဖက်ပီသစွာ တပြုံးပြုံးနဲ့ လှူဖွယ်ပစ္စည်းကိစ္စတွေ စီစဉ်လို့ ကိုစိုးနိုင်ရဲ့သားသမီးတွေ ကိုလူစိမ်းရဲ့ပါရမီဖြည့်ဖက် မဒီနဲ့ သမီးတွေလည်း တက်ကြွစွာနဲ့ တစ်တပ်တစ်အား ကူညီပေးနေကြပါတယ်။ မျက်နှာသွင်ပြင် အားလုံးက အပြင်မှာ ပူပြင်းနေပေမယ့် အေးချမ်းတက်ကြွစွာ ရွှင်လန်းနေကြပါတယ်။

"မြိုင်" သီလရှင်ကျောင်းမှ ဆရာလေးများနဲ့ မိဘမဲ့ကလေးများကို ထမင်းကျွေးပြီး ကျမတို့ထမင်းစားကြပါတယ် (စားလို့ကလွှတ်ကောင်းပါပဲ) :D ။ ထမင်းစားပြီးသွားတဲ့အခါ "မြိုင်" သီလရှင်ကျောင်းမှ ကျောင်းထိုင်ဆရာလေးက တရားပေး ရေစက်ချ အမျှဝေတဲ့အခါ ဟောကြားတဲ့ တရားရဲ့ ရည်ရွယ်ချက်ကတော့……….. နည်းနည်းနဲ့ စုပေါင်းပြီး လှူဒါန်းခဲ့ကြလို့ ဒီဘ၀တင်မက နောင်ဘ၀ သံသရာအဆက်ဆက်မှာလည်း ဒီလူတွေပဲ ရေစက်ဆုံကြပြီး အလှူရေစက် လက်နဲ့မကွာလှူဒါန်းကြရတယ်….ဆိုတ
ဲ့အကြောင်းလေးပေါ့... ။ အခု ကျမတို့အဖွဲ့လည်း ၃ လအတွင်း ဒီလိုကြီးမားတဲ့ အလှူဒါနတွေ ပြုကြရတယ်၊ဆုံကြရတယ် ဆိုတာကလည်း ရှေးကရေစက်ရှိခဲ့ကြလို့ပဲ….လို့ တွေးမိပါတယ်။

ရေစက်ချအမျှပေးဝေ သာဓုခေါ်သံများနဲ့အတူ ………………

အားလုံး ကြားကြားသမျှ လှူဒါန်းကြကုန်သော အဖွဲ့ဝင်များအားလုံး အမျှ အမျှ အမျှ ယူတော်မူကြပါ......

သာဓု…. သာဓု….. သာဓု…….။


ဒီလို လှူဒါန်းလိုက်ရလို့ ရတဲ့ ပီတိတွေက ဘယ်လောက်ပဲ မောပန်းခဲ့ မောပန်းခဲ့ အားဆေးတစ်ခွက်လို့ ကျမတို့ မြန်မာ့အရုဏ်သစ်ပရဟိတလူမှုကူညီရေး အသင်းအတွက် နောက်လာမဲ့ ခြေလှမ်းများအတွက် ပိုမိုလို့ အင်အားဖြစ်စေပါတော့တယ်……
သိဂီၤ

(မြန်မာ့အရုဏ်သစ်ပရဟိတလူမှုကူညီရေးအသင်း)


သာဓု…. သာဓု….. သာဓု…….ပါ ခင်ဗျာ

Tuesday, October 2, 2012

မြန်မာ့အရုဏ်သစ်ရဲ့ အလှု Sunday, October 7, 2012

Sunday, October 7, 2012
စုရပ် ဆယ်မိုင်ဈေး ကိုရီးယားအထည်ဆိုင်ရှေ့ နံက် ကိုးနာရီအရောက် လာပေးကြပါခင်ဗျာ
အသေးစိတ်ကို https://www.facebook.com/events/370966736309942/ မှာ ဝင်ဖတ်ပေးကြပါ။
လိုက်မည့်သူများလည်း စာရင်းပေးကြပါဦး။ လူအရေအတွက်ကြည့်ပြီး ကားစီစဉ်ရမှာမို့ပါ။
(၇) ရက် အောက်တိုဘာ ၂၀၁၂ (တနင်္ဂနွေနေ့) တွင် ရွှေပြည်သာ
``မြိုင်`` သီလရှင် ပရဟိတ ကျောင်း။ အခမဲ့ ဘ/က ပညာသင်ကြားရေးကျောင်းသို့
ဆန်အိတ် ၃၀ နှင့် ဗလာစာအုပ် ဒါဇင် ၁၅၀ ဘောလ်ပင် တစ်ထောင်ချောင်း၊ ခဲတံ
ဒါဇင်တစ်ရာ နှင့် အခြား ပေတံစသော ကျောင်းသုံးပစ္စည်းများ ၊ နေ့ဆွမ်း အလှု
တို့ကို စုစုပေါင်း ၁၀ သိန်းကျော်ခန့် လှုဒါန်းကြပါမည်။
လိုက်ပါလှုဒါန်းလိုသူများ ဆက်သွယ်နိုင်ပါသည်။ အနယ်နယ် အရပ်ရပ်မှ
နည်းများမဆို အမျိုးဘာသာ သာသနာကို စောင့်ရှောက်လိုသော
မိတ်ဆွေများအနေဖြင့် ကမ္ဘောဇ ဘဏ်ရှိပါက အောက်ပါ အကောင့်နံပါတ်ကို မှတ်သား၍
ထိုအကောင့်သို့ အလှုငွေ ထည့်ခြင်းဖြင့် လှုဒါန်းနိုင်ပါကြောင်း
နှိုးဆော်အပ်ပါသည်။
အကောင့်နံပါတ် A/C No 0621220001501 ကမ္ဘောဇ ဘဏ် (လှိုင်သာယာ ဘဏ်ခွဲ)
အကောင့်ပိုင်ရှင် ကိုစိုးနိုင် ၊ ကိုဇော်မင်းလွင်
အသင်းမှ ဆက်လက်၍ ၂၀၁၂ နိုဝင်ဘာ ၂၅ တွင် တန်ဘိုးသတ်မှတ်၍မရသော
စုပေါင်းသွေးလှုဒါန်းခြင်း (ဒုတိယ အကြိမ် အလှုရှင် အင်အား ၁၅၀ ဖြင့် )
လှုဒါန်းပါမည်။
ထို့အပြင် အစိုးရမိဘမဲ့ဂေဟာဖြစ်သော ရွှေဂုံတိုင် မိဘမဲ့ဂေဟာသို့လည်း အဟာရ
လှုဒါန်းရန် ချိတ်ဆက်ထားပြီးပါကြောင်း။
အမျိုး ဘာသာ သာသနာ ကို ကာယကံ ၊ မနောကံ ၊ ဝစီကံ (ကံသုံးပါး ) လုံးဖြင့်
ကူညီစောင့်ရှောက်ကြပါစို့။
ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)