Facebook

Monday, December 17, 2012

ကာလဒါန ပထမ အသုတ် (စစ်ကိုင်းတိုင်း ကလေးမြို ၂၀၁၂ ဒီဇင်ဘာ)

ချမ်းအေးတဲ့ ရာသီနဲ့ ကိုက်ညီတဲ့ ကာလ၊ ဒေသတွင် ကာလဒါန ပထမ အသုတ်အဖြစ်
အကောင်အထည်ဖော်ရာမှာ စစ်ကိုင်းတိုင်း ကလေးမြို့နေ အသင်းဝင်
မလားရင့်စံငီး၏ အကုအညီဖြင့်း-
ကလေးမြို့ရှိ ယေဟောဝါ ယိရေ မိဘမဲ့ ကလေးများ ဂေဟာသို့ စောင် ၅၃ ထည်၊
စတင်တည်ထောင်ကာစ Helping Centre ဘိုးဘွားရိပ်သာရှိ ဘိုးဘွား ၄ ဦး အတွက်
စောင် ၄ ထည်နှင့် အင်္ကျီ ၄ထည်၊
လက်မောင်းရင်းကနေ လက်ပြတ်နေတဲ့ ကလေးငယ် အတွက် စောင် ၁ထည်၊
၎င်းနောက် ကလေးမြို့တာဟန်းရပ်ကွက်ထဲက နွမ်းပါးတဲ့ မိသားစုများ အတွက်
စုစုပေါင်း စောင် အထည် ၆၀ နှင့် အနွေးထည် အထည် ၃၀ ကို မြန်မာ့အရုဏ်သစ်မှ
အောင်မြင်စွာ လှူဒါန်းပြီးစီးကြောင်း မုဒိတာ ပွားနိုင်ရန်
တင်ပြလိုက်ပါတယ် ခင်ဗျာ။

---------- Forwarded message ----------
စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်တွင်းနေ ဆင်းရဲနွမ်းပါးသူများထံ
ပေးဝေသော ကာလဒါန (၂၀၁၂ ဒီဇင်ဘာ) ကို အသင်းဝင် မလားရင့်စံငီးမှ
ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ပါသည်။
From: Lrsangi
Date: 2012/12/17

Saturday, December 15, 2012

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့မှ ပို့ပေးလိုက်တဲ့ စောင်နှင့် အနွေးထည် ကလေးမြို့ကို ရောက်ပါပြီ။ [Lal Sangi - 15 Dec 2012]

မြန်မာ့အရုဏ်သစ် အမှုဆောင်များနှင့် မန်ဘာဝင်အားလုံးကို ပြောမပြတတ်လောက်အောင် ကျေးဇူးတင်ပါတယ်။ အသင်းကိုစား လှူဒန်းဖို့ရန် ယုံကြည်ပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာ ဂုဏ်ယူမိပါတယ်။
အထူးသဖြင့် ကိုစိုးနိုင်နဲ့ ကိုလူစိမ်းကို ကျေးဇူးတင်မိပါတယ်။ ကလေးမြို့မှာရှိတဲ့ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ ကလေးဂေဟာနှင့် ရပ်ကွက်အတွင်း နွမ်းပါးသူများအား ဆောင်းတွင်းကာလမှာလိုအပ်တဲ့ စောင်နှင့် အနွေးထည် လှူဖို့ရန် စီစဉ်ဆောင်ရွက်ပေးတဲ့ ကိုစိုးနိုင်ကို ကျေးဇူးတင်ပါတယ်။ ပရဟိတနှင့် ပတ်သက်ပြီး ဘာမှ မလုပ်တတ်တဲ့ ဆန်းငီးကို စိတ်ရှည်ရှည်နဲ့လမ်းညွှန်မှုပေးနိုင်တဲ့ ကိုလူစိမ်းကိုလည်း ကျေးဇူးတင်ပါတယ်။ ရန်ကုန်မြို့တွင် ပစ္စည်းများထုတ်ပိုပေးပြီး အဝေပြေးဂိတ်သို့ ပို့ဆောင်ပေးသော ကိုဖိုးသကြားအားလည်း ကျေးဇူးတင်မိပါသည်။ Mdy တွင် ပစ်စည်း ဂိတ်ပြောင်း ပို့ပေးပြီး တန်ဆာခပါ အပြီးရှင်း ပေးခဲ့သော ကိုဇော်မင်းကိုလည်း ကျေးဇူးတင်မိပါတယ်။

ကျေးဇူးတင်စကားကြီး ရေးမိရင် ပြီးနိုင်မှာမဟုတ်လို့ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပဲ အတိုချုပ်ပါရစေ။
ချိုတဲ့အသီးကို စားသုံးဖူးသူတိုင်း ချိုတဲ့အရသာ ခံစားကြသလိုပဲ လှူဒါန်းမှု အစုစုပြုကြသူတိုင်းလည်း ကောင်းကြိုးခံစားရမယ်လို့ တထစ်ချ ယုံကြည်မိပါတယ်။

မြန်မာ့အရုဏ်သစ် အွန်လိုင်း ပရဟိတ လူမှုကူညီရေးအသင်း အစဉ်အမြဲရပ်တည်လို့ နိုင်ငံအတွင်းနေ အကူအညီလိုအပ်သူတိုင်းရဲ့ လိုအပ်ချက်ကိုဆောင်ရွက်ပေးနိုင်တဲ့ အသင်း အဖြစ် အစဉ်အမြဲရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
by  Lal Sangi
15 Dec 2012

Thursday, December 13, 2012

လူသေအလောင်းဝတ်တဲ့ အကျီမှာ အိပ်ကပ်မပါဘူး

********************************

လူသေအလောင်းဝတ်တဲ့ အကျီမှာ အိပ်ကပ်မပါဘူး ********************************  သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။  နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။ ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်..... Cornell University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၅၈၈ မီလီယံ California University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၁၂၅ မီလီယံ Stanford University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း သန်း၆ဝ အိုင်ယာလန်မှာ တက္ကသိုလ်အသစ် ၇ကျောင်းနဲ့ မြောက်အိုင်ယာလန်မှာ ၂ကျောင်းဆောက်ဖို့ တစ်ဘီလီယံကို သူလှူဒါန်းခဲ့တယ်။ နှုတ်ခမ်းကွဲကလေးသူငယ်တွေရဲ့ လက်မှုပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် အပြုံးစစ်ဆင်ရေး "Operation Smile" ပရဟိတလုပ်ငန်းကို သူစတင်တည်ထောင်ခဲ့ပြီး ဆေးဖိုးဝါးခတွေ ရှာပေးခဲ့တယ်။ အာဖရိကတိုက်အတွက် ပုလိပ်ရောဂါနဲ့ အခြားရောဂါတိုက်ဖျက်ရေးအတွက် ငွေကြေးအမြောက်အမြား သူလှူဒါန်းခဲ့တယ်။ ဒီကနေ့အထိ သူလှူဒါန်းလိုက်တဲ့ ငွေကြေးပေါင်း ၄ဘီလီယံကျော်ရှိခဲ့ပြီး လှူဒါန်းဖို့ ငွေကြေး (၄)ဘီလီယံ လျာထားဆဲဖြစ်ပါတယ်။ သူကတော့ သူကိုယ်တိုင်အတွက် မကြည့်ဘဲ အများအတွက်ကြည့်သူ၊ ငွေကြေးရှာဖွေတာကို နှစ်သက်ပေမယ့် ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ "Chuck Feeney"ပဲဖြစ်ပါတယ်။ Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး။ သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းနဲ့ဆိုင်တဲ့ အမေရိကန်ဥပဒေက ကင်းလွတ်အောင် အမေရိကန်နဲ့ဝေးတဲ့ Bermuda ကျွန်းစုမှာ သွားရောက် တည်ထောင်ခဲ့တာဖြစ်တယ်။ လုပ်ငန်းကိုလည်း သူ့နာမည်ဖြစ်တဲ့ Chuck Feeney ကို မပေးခဲ့တဲ့အပြင် အဲဒီမှာ အလုပ်လုပ်တဲ့လူတွေကိုလည်း ဘယ်သူ့ဆီမှာ အလုပ်လုပ်ကြောင်း မပေါက်ကြားစေခဲ့ပါဘူး။ သူ့တောင်းဆိုချက်ကြောင်း သူတို့လုပ်ငန်းက လှူဒါန်းခဲ့တဲ့ငွေတွေမှာ သူ့နာမည်ကို မှတ်တမ်းမတင်ခဲ့ကြဘူး။ ၁၉၉၇ခုနှစ်ရောက်မှ Chuck Feeney တည်ထောင်ခဲ့တဲ့ Duty Free Shoppers Group ကို ပြင်သစ်ကနာမည်ကြီးတဲ့ Bernard Arnault က ဝယ်ယူလိုက်မှ သူ့ကို လူတွေသိခဲ့ကြတာဖြစ်တယ်။ အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို The Atlantic Philanthropiesထဲ သူအားလုံးလွှဲပြောင်းခဲ့တယ်။ သူလှူဒါန်းခဲ့တဲ့ငွေတွေဟာ Macarthur ၊ Rockefellerတို့တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပရဟိတလုပ်ငန်းတွေထက် ပိုများခဲ့ပါတယ်။ သူ ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။ လှူဒါန်းငွေတွေမှာလည်း နာမည်ကိုမဖော်ပြခဲ့ဘူး။ သူကိုယ်တိုင်တည်ထောင်ထားတဲ့ ၈ဘီလီယံတန် The Atlantic Philanthropies ကိုတောင် သူ့နာမည်နဲ့တည်ထောင်ဖို့ ငြင်းခဲ့တယ်။ နှစ်အတော်ကြာမှ လူတွေက သူ့ကိုသိခဲ့ကြတယ်။ သူဟာ တစ်ကမ္ဘာလုံးကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထင်ထင်ပေါ်ပေါ် မနေချင်သူတစ်ယောက်ဟာ ထင်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ သူတို့အဖွဲ့အစည်းက လှူဒါန်းမယ့်အကြောင်းတွေကို သူတို့မကြေညာတတ်သလို အလှူရှင်ဆိုတဲ့ စာတန်း၊ နာမည်တွေ ကမည်းမထိုးဖို့လည်း တောင်းဆိုခဲ့တယ်။ သူလှူဒါန်းတဲ့ အဆောက်အဦးတွေမှာ သူ့နာမည်ကို ကမည်းမထိုးဖို့ ပြောခဲ့ပါတယ်။ "အဆောက်အဦးတွေ ဘယ်သူဆောက်တယ်၊ ဘယ်သူလှူဒါန်းတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက အဆောက်အဦး ဆောက်လုပ်ပြီးစီးဖို့ပဲ" လို့ သူကဆိုခဲ့ပါတယ်။ Chuck Feeney က သူဟာ "အဝတ်အစားစုတ်ပြတ်ပြတ်နဲ့ အလှူရှင်" လို့ဆိုခဲ့ပါတယ်။ သူရဲ့ချွေတာမှုက လူတွေကို အံ့သြစေခဲ့တယ်။ သူဟာ အဆောက်အဦးပေါင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပြင်သစ် နာမည်ကြီးခရီးသွားနေရာတွေ၊ လန်ဒန်အဆင့်မြင့်နေရာတွေနဲ့ နယူးယောက်ပန်းခြံ အနီးအနားတွေမှာ အဆင့်မြင့် အဆောက်အဦးပေါင်း ၆ခုရှိခဲ့ပေမယ့် ဒီကနေ့မှာ တစ်ခုမှ သူ့အတွက် သူချန်မထားခဲ့ပါဘူး။ သူဟာ ဇနီးနဲ့အတူ ဆန်ဖရန်စ္စကိုနေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး ဘတ်စကား၊ မြေအောက်ရထား၊ တက္ကစီတွေကိုပဲ အသုံးပြုနေခဲ့ပါတယ်။ Chuck Feeneyဟာ သူတည်ထောင်ခဲ့တဲ့ Duty Freeဆိုင်တွေကနေ ငွေကြေးများစွာ ရရှိခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကြီးတံဆိပ် အဝတ်အစားတွေကို မဝတ်ဆင်ခဲ့ပါဘူး။ သူစားတဲ့ အစားအသောက်တွေဟာလည်း ဆင်းရဲသားဆန်လွန်းခဲ့ပါတယ်။ "နာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ထမင်းတစ်နပ်ကို ဒေါ်လာ(၁ဝဝ)နဲ့ သင်စားနိုင်ပါတယ်။ ဒါပေမဲ့ ၂၅ဒေါ်လာတန်တဲ့ ထမင်းတစ်နပ်ကလည်း ကျွန်တော့်ကို ပြည့်ဝမှုတွေပေးနိုင်ပါတယ်" လို့ Chuck Feeneyက ပြောခဲ့ပါတယ်။ Chuck Feeneyမှာ သားသမီးငါးယောက်ရှိပြီး ဒီသားသမီးတွေဟာ ထူးခြားတဲ့အလိုလိုက်ခြင်း၊ ဥစ္စာပစ္စည်းတွေအပေါ် ဇိမ်ခံခြင်းတွေ မရှိခဲ့ပါဘူး။ ကျောင်းအားရက်တွေမှာ သူတို့ဟာ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အလုပ်သွားလုပ်ရပါတယ်။ ကလေးတွေထဲက သမီးတစ်ယောက်က ဆယ်နှစ်ကျော်အရွယ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းအကြာကြီး ပြောခဲ့မိလို့ ဖုန်းခဆောင်ရချိန်မှာ Chuck Feeney ဟာ အိမ်ကဖုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကဖုန်းနံဘေးမှာလည်း လမ်းဘေးဖုန်း တည်နေရာကို မြေပုံဆွဲကပ်ထားခဲ့တယ်။ သမီးရဲ့သူငယ်ချင်းကိုလည်း ဖုန်းခစာရွက်ကို ပို့ပေးခဲ့တယ်။ စစချင်းမှာ သမီးက သူငယ်ချင်းဖြစ်သူကို အားနာခဲ့ပေမယ့် နောက်ဆုံးဟာ Chuck Feeney လုပ်တဲ့အလုပ်ဟာ မှန်ကန်ကြောင်းထောက်ခံခဲ့တယ်။ ဖခင်ရဲ့ အမည်အဖော်တဲ့အလှူတွေကိုလည်း သားသမီးတွေက ထောက်ခံခဲ့ကြပြီး "အဖေ ဒီလိုလုပ်တာ နည်းနည်းတော့ထူးဆန်းပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် လှူဒါန်းခံရသူတွေရဲ့ အထူးတလည်ဆက်ဆံတာကို ကျွန်မတို့မခံရတော့ဘူး။ ကျွန်မတို့ဟာ တခြားလူတွေနဲ့ တန်းတူဖြစ်တယ်" လို့ ဆိုခဲ့ကြတယ်။ The Atlantic Philanthropies ရဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ "သူဌေးတွေက သူတို့ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းမှာ အသုံးပြုကြတယ်။ အမည်မသိနဲ့ ထင်ထင်ပေါ်ပေါ် မလှူဒါန်းခဲ့ရင် သူတို့ရဲ့နောင်မျိုးဆက်အတွက် အနှောင့်အယှက်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်တယ်" လို့ ရေးခဲ့တယ်။ ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြားနေချင်သူတွေနဲ့စာရင် Chuck Feeneyက တမျိုးတဘာသာ ထူးခြားတယ်၊ ဆိတ်ငြိမ်တယ်လို့ ဆိုရလိမ့်မယ်။ Chuck Feeneyရဲ့ အလှူအတန်းတွေထဲမှာ "Operation Smile" လို့ခေါ်တဲ့လုပ်ငန်းတစ်ခုပါတယ်။ အဓိက,က နှုတ်ခမ်းကွဲကလေးသူငယ်တွေကို ခွဲစိတ်ကုသပေးဖို့ဖြစ်တယ်။ တစ်ခါက နှုတ်ခမ်းခွဲစိတ်ကုသနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူဆုံခဲ့တယ်။ ကောင်မလေးက ပါးစပ်ကိုလက်နဲ့အုပ်ထားပေမယ့် လှုပ်ရှားပျော်ရွှင်နေတဲ့ မျှော်လင့်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ ခွဲစိတ်ကုသပြီးနောက် ကောင်မလေးဟာ ပြုံးရယ်နေပြီး "ကျွန်မရဲ့ပုံစံက အရင်ကလို ရုပ်ဆိုးမနေတော့ဘူး"လို့ ဆိုနေသယောင်ရှိနေခဲ့တယ်။ ကောင်မလေးကိုကြည့်ပြီး Chuck Feeneyက "ဒီလိုအချိန်မျိုးမှာမှ ဥစ္စာပစ္စည်းက တန်ဖိုးရှိလွန်းတယ်" လို့ဆိုခဲ့ပါတယ်။ တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက် Chuck Feeney ဆီလျှောက်လာပြီး "မစ္စတာရဲ့ ပညာတော်သင်ဆုကို ကျွန်တော်ရခဲ့ပါတယ်။ အခု ကျွန်တော်ဟာ ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်နေပါပြီ" လို့ဆိုခဲ့တယ်။ Chuck Feeneyဟာ ပြင်သစ်စကား၊ ဂျပန်စကားတွေကို ကောင်းစွာပြောနိုင်ပြီး ကမ္ဘာ့အရပ်ရပ် ခရီးသွားရတာကို နှစ်သက်ပါတယ်။ ရောက်ရာအရပ်မှာလည်း အလှူဒါနတွေ သူပြုလုပ်လှူဒါန်းလေ့ရှိတယ်။ The Atlantic Philanthropies လှူဒါန်းခဲ့တဲ့ဝန်းကျင်ဟာ ကမ္ဘာ့ဝန်းကျင်ထက် ကျော်လွန်နေခဲ့ပါပြီ။ ဗီယက်နမ်ကလေးငယ်တွေအတွက် ယာဉ်လမ်းစည်းကမ်းအလှူငွေ၊ သြစတေးလျ ကင်ဆာရှာဖွေရေးအတွက် လှူဒါန်းငွေ၊ ဖိလစ်ပိုင် မျက်နှာချွတ်ယွင်းကလေးငယ်အတွက် ပလပ်စတစ်ဆာဂျင်ရီ လှူဒါန်းငွေ စတာတွေရှိခဲ့ပါတယ်။ "လူတွေဟာ ငွေရှာပြီး သူဌေးသူကြွယ်လုပ်ကြတယ်။ လူအများရဲ့အာရုံကို ဖမ်းစားကြတယ်။ လူတွေကို ဘာလုပ်ပါလို့ ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ ပရဟိတလုပ်ငန်းတွေမှာ ထည့်သွင်းလှူဒါန်းတာဟာလည်း ကျွန်တော်တို့ကို ပြည့်စုံမှု၊ ပြည့်ဝမှုတွေ ဖြစ်စေပါတယ်" အခုခေတ်လက်ရှိ သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊ Warren Buffettတို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့ သူတွေဖြစ်ပါတယ်။ Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက် သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။ အခုလောလောဆယ် Chuck Feeneyမှာ မျှော်လင့်ချက်နှစ်ခု ရှိပါသတဲ့။ တစ်ခုက ၂ဝ၁၆ခုနှစ်မတိုင်ခင် သူပိုင်ဆိုင်တဲ့ ကျန်ရှိနေသေးတဲ့ ၄ဘီလီယံကို အကုန်လှူဒါန်းချင်တာဖြစ်ပါတယ်။ အခုချိန်ခါမှာ အဲဒီငွေထဲက ၄မီလီယံဟာ ကမ္ဘာ့အရပ်ရပ်က လိုအပ်သူတွေအတွက် နှစ်စဉ်လှူဒါန်းငွေတွေဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အကူအညီလိုသူတွေ အများကြီးရှိသေးကြောင်း Chuck Feeney က ခန့်မှန်းပါတယ်။ ဒါကြောင့် လှူဒါန်းငွေတွေကို မကြန့်ကြာစေခဲ့ပါဘူး။ "ဒီငွေတွေကို ကျွန်တော်မလှူဒါန်းနိုင်ခဲ့ရင် ကျွန်တော်အသေဖြောင့်မှာ မဟုတ်ဘူး" လို့ Chuck Feeney က အရယ်တစ်ဝက်နဲ့ ဆိုခဲ့ပါတယ်။ သူ့ရဲ့နောက်မျှော်လင့်ချက်တစ်ခု က သူဌေးသူကြွယ်တွေ စံနမူနာယူတတ်ဖို့ ဖြစ်ပါတယ်။ "ဘဝမှာနေထိုင်ရတာ ပျော်ရွှင်ကြည်နူးသလို လှူဒါန်းမှုတွေကိုလည်း လုပ်ပါ" လို့ သူကဆိုပါတယ်။ သတင်းထောက်တွေက Chuck Feeneyကို ဘာကြောင့် တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းမှုတွေ လုပ်နေသလဲလို့မေးတော့ Chuck Feeney က ရိုးရိုးရှင်းရှင်းပဲ ဖြေခဲ့ပါတယ်။ "အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ" တဲ့..... http://en.wikipedia.org/wiki/Chuck_Feeney
သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။

နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။
ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်.....
Cornell University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၅၈၈ မီလီယံ
California University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၁၂၅ မီလီယံ
Stanford University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း သန်း၆ဝ
အိုင်ယာလန်မှာ တက္ကသိုလ်အသစ် ၇ကျောင်းနဲ့ မြောက်အိုင်ယာလန်မှာ ၂ကျောင်းဆောက်ဖို့ တစ်ဘီလီယံကို သူလှူဒါန်းခဲ့တယ်။
နှုတ်ခမ်းကွဲကလေးသူငယ်တွေရဲ့ လက်မှုပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် အပြုံးစစ်ဆင်ရေး "Operation Smile" ပရဟိတလုပ်ငန်းကို သူစတင်တည်ထောင်ခဲ့ပြီး ဆေးဖိုးဝါးခတွေ ရှာပေးခဲ့တယ်။ အာဖရိကတိုက်အတွက် ပုလိပ်ရောဂါနဲ့ အခြားရောဂါတိုက်ဖျက်ရေးအတွက် ငွေကြေးအမြောက်အမြား သူလှူဒါန်းခဲ့တယ်။ ဒီကနေ့အထိ သူလှူဒါန်းလိုက်တဲ့ ငွေကြေးပေါင်း ၄ဘီလီယံကျော်ရှိခဲ့ပြီး လှူဒါန်းဖို့ ငွေကြေး (၄)ဘီလီယံ လျာထားဆဲဖြစ်ပါတယ်။
သူကတော့ သူကိုယ်တိုင်အတွက် မကြည့်ဘဲ အများအတွက်ကြည့်သူ၊ ငွေကြေးရှာဖွေတာကို နှစ်သက်ပေမယ့် ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ "Chuck Feeney"ပဲဖြစ်ပါတယ်။
Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး။ သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းနဲ့ဆိုင်တဲ့ အမေရိကန်ဥပဒေက ကင်းလွတ်အောင် အမေရိကန်နဲ့ဝေးတဲ့ Bermuda ကျွန်းစုမှာ သွားရောက် တည်ထောင်ခဲ့တာဖြစ်တယ်။ လုပ်ငန်းကိုလည်း သူ့နာမည်ဖြစ်တဲ့ Chuck Feeney ကို မပေးခဲ့တဲ့အပြင် အဲဒီမှာ အလုပ်လုပ်တဲ့လူတွေကိုလည်း ဘယ်သူ့ဆီမှာ အလုပ်လုပ်ကြောင်း မပေါက်ကြားစေခဲ့ပါဘူး။ သူ့တောင်းဆိုချက်ကြောင်း သူတို့လုပ်ငန်းက လှူဒါန်းခဲ့တဲ့ငွေတွေမှာ သူ့နာမည်ကို မှတ်တမ်းမတင်ခဲ့ကြဘူး။
၁၉၉၇ခုနှစ်ရောက်မှ Chuck Feeney တည်ထောင်ခဲ့တဲ့ Duty Free Shoppers Group ကို ပြင်သစ်ကနာမည်ကြီးတဲ့ Bernard Arnault က ဝယ်ယူလိုက်မှ သူ့ကို လူတွေသိခဲ့ကြတာဖြစ်တယ်။ အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို The Atlantic Philanthropiesထဲ သူအားလုံးလွှဲပြောင်းခဲ့တယ်။ သူလှူဒါန်းခဲ့တဲ့ငွေတွေဟာ Macarthur ၊ Rockefellerတို့တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပရဟိတလုပ်ငန်းတွေထက် ပိုများခဲ့ပါတယ်။
သူ ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။ လှူဒါန်းငွေတွေမှာလည်း နာမည်ကိုမဖော်ပြခဲ့ဘူး။ သူကိုယ်တိုင်တည်ထောင်ထားတဲ့ ၈ဘီလီယံတန် The Atlantic Philanthropies ကိုတောင် သူ့နာမည်နဲ့တည်ထောင်ဖို့ ငြင်းခဲ့တယ်။ နှစ်အတော်ကြာမှ လူတွေက သူ့ကိုသိခဲ့ကြတယ်။ သူဟာ တစ်ကမ္ဘာလုံးကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ထင်ထင်ပေါ်ပေါ် မနေချင်သူတစ်ယောက်ဟာ ထင်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ သူတို့အဖွဲ့အစည်းက လှူဒါန်းမယ့်အကြောင်းတွေကို သူတို့မကြေညာတတ်သလို အလှူရှင်ဆိုတဲ့ စာတန်း၊ နာမည်တွေ ကမည်းမထိုးဖို့လည်း တောင်းဆိုခဲ့တယ်။ သူလှူဒါန်းတဲ့ အဆောက်အဦးတွေမှာ သူ့နာမည်ကို ကမည်းမထိုးဖို့ ပြောခဲ့ပါတယ်။
"အဆောက်အဦးတွေ ဘယ်သူဆောက်တယ်၊ ဘယ်သူလှူဒါန်းတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက အဆောက်အဦး ဆောက်လုပ်ပြီးစီးဖို့ပဲ" လို့ သူကဆိုခဲ့ပါတယ်။
Chuck Feeney က သူဟာ "အဝတ်အစားစုတ်ပြတ်ပြတ်နဲ့ အလှူရှင်" လို့ဆိုခဲ့ပါတယ်။ သူရဲ့ချွေတာမှုက လူတွေကို အံ့သြစေခဲ့တယ်။ သူဟာ အဆောက်အဦးပေါင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပြင်သစ် နာမည်ကြီးခရီးသွားနေရာတွေ၊ လန်ဒန်အဆင့်မြင့်နေရာတွေနဲ့ နယူးယောက်ပန်းခြံ အနီးအနားတွေမှာ အဆင့်မြင့် အဆောက်အဦးပေါင်း ၆ခုရှိခဲ့ပေမယ့် ဒီကနေ့မှာ တစ်ခုမှ သူ့အတွက် သူချန်မထားခဲ့ပါဘူး။ သူဟာ ဇနီးနဲ့အတူ ဆန်ဖရန်စ္စကိုနေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး ဘတ်စကား၊ မြေအောက်ရထား၊ တက္ကစီတွေကိုပဲ အသုံးပြုနေခဲ့ပါတယ်။
Chuck Feeneyဟာ သူတည်ထောင်ခဲ့တဲ့ Duty Freeဆိုင်တွေကနေ ငွေကြေးများစွာ ရရှိခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကြီးတံဆိပ် အဝတ်အစားတွေကို မဝတ်ဆင်ခဲ့ပါဘူး။ သူစားတဲ့ အစားအသောက်တွေဟာလည်း ဆင်းရဲသားဆန်လွန်းခဲ့ပါတယ်။
"နာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ထမင်းတစ်နပ်ကို ဒေါ်လာ(၁ဝဝ)နဲ့ သင်စားနိုင်ပါတယ်။ ဒါပေမဲ့ ၂၅ဒေါ်လာတန်တဲ့ ထမင်းတစ်နပ်ကလည်း ကျွန်တော့်ကို ပြည့်ဝမှုတွေပေးနိုင်ပါတယ်" လို့ Chuck Feeneyက ပြောခဲ့ပါတယ်။
Chuck Feeneyမှာ သားသမီးငါးယောက်ရှိပြီး ဒီသားသမီးတွေဟာ ထူးခြားတဲ့အလိုလိုက်ခြင်း၊ ဥစ္စာပစ္စည်းတွေအပေါ် ဇိမ်ခံခြင်းတွေ မရှိခဲ့ပါဘူး။ ကျောင်းအားရက်တွေမှာ သူတို့ဟာ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အလုပ်သွားလုပ်ရပါတယ်။ ကလေးတွေထဲက သမီးတစ်ယောက်က ဆယ်နှစ်ကျော်အရွယ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းအကြာကြီး ပြောခဲ့မိလို့ ဖုန်းခဆောင်ရချိန်မှာ Chuck Feeney ဟာ အိမ်ကဖုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကဖုန်းနံဘေးမှာလည်း လမ်းဘေးဖုန်း တည်နေရာကို မြေပုံဆွဲကပ်ထားခဲ့တယ်။ သမီးရဲ့သူငယ်ချင်းကိုလည်း ဖုန်းခစာရွက်ကို ပို့ပေးခဲ့တယ်။ စစချင်းမှာ သမီးက သူငယ်ချင်းဖြစ်သူကို အားနာခဲ့ပေမယ့် နောက်ဆုံးဟာ Chuck Feeney လုပ်တဲ့အလုပ်ဟာ မှန်ကန်ကြောင်းထောက်ခံခဲ့တယ်။ ဖခင်ရဲ့ အမည်အဖော်တဲ့အလှူတွေကိုလည်း သားသမီးတွေက ထောက်ခံခဲ့ကြပြီး "အဖေ ဒီလိုလုပ်တာ နည်းနည်းတော့ထူးဆန်းပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် လှူဒါန်းခံရသူတွေရဲ့ အထူးတလည်ဆက်ဆံတာကို ကျွန်မတို့မခံရတော့ဘူး။ ကျွန်မတို့ဟာ တခြားလူတွေနဲ့ တန်းတူဖြစ်တယ်" လို့ ဆိုခဲ့ကြတယ်။
The Atlantic Philanthropies ရဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ "သူဌေးတွေက သူတို့ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းမှာ အသုံးပြုကြတယ်။ အမည်မသိနဲ့ ထင်ထင်ပေါ်ပေါ် မလှူဒါန်းခဲ့ရင် သူတို့ရဲ့နောင်မျိုးဆက်အတွက် အနှောင့်အယှက်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်တယ်" လို့ ရေးခဲ့တယ်။ ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြားနေချင်သူတွေနဲ့စာရင် Chuck Feeneyက တမျိုးတဘာသာ ထူးခြားတယ်၊ ဆိတ်ငြိမ်တယ်လို့ ဆိုရလိမ့်မယ်။
Chuck Feeneyရဲ့ အလှူအတန်းတွေထဲမှာ "Operation Smile" လို့ခေါ်တဲ့လုပ်ငန်းတစ်ခုပါတယ်။ အဓိက,က နှုတ်ခမ်းကွဲကလေးသူငယ်တွေကို ခွဲစိတ်ကုသပေးဖို့ဖြစ်တယ်။ တစ်ခါက နှုတ်ခမ်းခွဲစိတ်ကုသနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူဆုံခဲ့တယ်။ ကောင်မလေးက ပါးစပ်ကိုလက်နဲ့အုပ်ထားပေမယ့် လှုပ်ရှားပျော်ရွှင်နေတဲ့ မျှော်လင့်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ ခွဲစိတ်ကုသပြီးနောက် ကောင်မလေးဟာ ပြုံးရယ်နေပြီး "ကျွန်မရဲ့ပုံစံက အရင်ကလို ရုပ်ဆိုးမနေတော့ဘူး"လို့ ဆိုနေသယောင်ရှိနေခဲ့တယ်။ ကောင်မလေးကိုကြည့်ပြီး Chuck Feeneyက "ဒီလိုအချိန်မျိုးမှာမှ ဥစ္စာပစ္စည်းက တန်ဖိုးရှိလွန်းတယ်" လို့ဆိုခဲ့ပါတယ်။
တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက် Chuck Feeney ဆီလျှောက်လာပြီး "မစ္စတာရဲ့ ပညာတော်သင်ဆုကို ကျွန်တော်ရခဲ့ပါတယ်။ အခု ကျွန်တော်ဟာ ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်နေပါပြီ" လို့ဆိုခဲ့တယ်။
Chuck Feeneyဟာ ပြင်သစ်စကား၊ ဂျပန်စကားတွေကို ကောင်းစွာပြောနိုင်ပြီး ကမ္ဘာ့အရပ်ရပ် ခရီးသွားရတာကို နှစ်သက်ပါတယ်။ ရောက်ရာအရပ်မှာလည်း အလှူဒါနတွေ သူပြုလုပ်လှူဒါန်းလေ့ရှိတယ်။ The Atlantic Philanthropies လှူဒါန်းခဲ့တဲ့ဝန်းကျင်ဟာ ကမ္ဘာ့ဝန်းကျင်ထက် ကျော်လွန်နေခဲ့ပါပြီ။ ဗီယက်နမ်ကလေးငယ်တွေအတွက် ယာဉ်လမ်းစည်းကမ်းအလှူငွေ၊ သြစတေးလျ ကင်ဆာရှာဖွေရေးအတွက် လှူဒါန်းငွေ၊ ဖိလစ်ပိုင် မျက်နှာချွတ်ယွင်းကလေးငယ်အတွက် ပလပ်စတစ်ဆာဂျင်ရီ လှူဒါန်းငွေ စတာတွေရှိခဲ့ပါတယ်။
"လူတွေဟာ ငွေရှာပြီး သူဌေးသူကြွယ်လုပ်ကြတယ်။ လူအများရဲ့အာရုံကို ဖမ်းစားကြတယ်။ လူတွေကို ဘာလုပ်ပါလို့ ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ ပရဟိတလုပ်ငန်းတွေမှာ ထည့်သွင်းလှူဒါန်းတာဟာလည်း ကျွန်တော်တို့ကို ပြည့်စုံမှု၊ ပြည့်ဝမှုတွေ ဖြစ်စေပါတယ်"
အခုခေတ်လက်ရှိ သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊ Warren Buffettတို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့ သူတွေဖြစ်ပါတယ်။ Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက် သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။
အခုလောလောဆယ် Chuck Feeneyမှာ မျှော်လင့်ချက်နှစ်ခု ရှိပါသတဲ့။ တစ်ခုက ၂ဝ၁၆ခုနှစ်မတိုင်ခင် သူပိုင်ဆိုင်တဲ့ ကျန်ရှိနေသေးတဲ့ ၄ဘီလီယံကို အကုန်လှူဒါန်းချင်တာဖြစ်ပါတယ်။ အခုချိန်ခါမှာ အဲဒီငွေထဲက ၄မီလီယံဟာ ကမ္ဘာ့အရပ်ရပ်က လိုအပ်သူတွေအတွက် နှစ်စဉ်လှူဒါန်းငွေတွေဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အကူအညီလိုသူတွေ အများကြီးရှိသေးကြောင်း Chuck Feeney က ခန့်မှန်းပါတယ်။ ဒါကြောင့် လှူဒါန်းငွေတွေကို မကြန့်ကြာစေခဲ့ပါဘူး။
"ဒီငွေတွေကို ကျွန်တော်မလှူဒါန်းနိုင်ခဲ့ရင် ကျွန်တော်အသေဖြောင့်မှာ မဟုတ်ဘူး" လို့ Chuck Feeney က အရယ်တစ်ဝက်နဲ့ ဆိုခဲ့ပါတယ်။
သူ့ရဲ့နောက်မျှော်လင့်ချက်တစ်ခု
က သူဌေးသူကြွယ်တွေ စံနမူနာယူတတ်ဖို့ ဖြစ်ပါတယ်။
"ဘဝမှာနေထိုင်ရတာ ပျော်ရွှင်ကြည်နူးသလို လှူဒါန်းမှုတွေကိုလည်း လုပ်ပါ" လို့ သူကဆိုပါတယ်။
သတင်းထောက်တွေက Chuck Feeneyကို ဘာကြောင့် တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းမှုတွေ လုပ်နေသလဲလို့မေးတော့ Chuck Feeney က ရိုးရိုးရှင်းရှင်းပဲ ဖြေခဲ့ပါတယ်။
"အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ" တဲ့.....
http://en.wikipedia.org/wiki/Chuck_Feeney

post by ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
Source: https://www.facebook.com/groups/Myanma.ArunThit.Org/permalink/402083476529326/

Credit to Author: နိုင်းနိုင်းစနေ ဘာသာပြန်သည်။

လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး Thursday, May 19, 2011


မူရင်းလင့်    http://www.99sanay.com/2011/05/blog-post_19.html

Wednesday, December 12, 2012

Interview with တွံတေးမြို့က မသန်သော်လည်းစွမ်းသူတစ်ဦး

ဒီဇင်ဘာ မှာ ကျွန်တော်တို့စက်ရုံက အမြဲတန်း ဘုရားဖူးထွက်လေ့ရှိသည်။ ထို့အတွက် စက်ရုံက နှစ်ရက် ဆက်ပိတ်ပေးသည်။ ဒီနှစ် ကျွန်တော်တို့မိသားစု ဘယ်ကိုမှမသွားဖြစ်သည့်အတွက် နီးလည်းနီး အလွယ်တကူ သွားလို့ရကာ လမ်းလည်းကောင်းနေပြီဖြစ်သော တွံတေး ရွှေဆံတော်ဘုရားနှင့် ဗောင်းတော်ချုပ်ဘုရား။ ဗောဓိတစ်ထောင် ဘုရား၊ ကျိုက်ဖူးကျိုက်ပါ ဘုရား စသည်တို့ကို ဖူးမျှော်ရန် ကိုလူစိမ်းတို့မိသားစု ကိုအဖော်စပ်၍ မိသာစုနှစ်စု ကြိုတင်မရည်ရွယ်ဘဲ picnic ဘုရားဖူးထွက်ြ့ဖစ်ခဲ့ကြသည်။

မနက်အစော ၇ နာရီတွင် လှိုင်သာယာ သပြေရိပ်မှာ မနက်စာ စားပြီး ဘီအိုစီတွင် ဆီဖြည့်ကာ တွံတေးတံတား (လှိုင်သာယာ)ကို ဖြတ်ပြီး ဘယ်သူမှ မရောက်ဖူးဘဲ ခြေဦးတည့်ရာမောင်းခဲ့ကြသည်။ ယခင်က လမ်းမကောင်း၍ ဆိုင်ကယ်နှင့် ဂျစ်ကားလောက်သာ သွားခဲ့သော လမ်းမှာ ယခုလမ်းကောင်းသဖြင့် ကားမျိုးစုံ သွားလာ နေတာကိုလည်း တွေ့ရသည်။ ပါတ်ဝန်းကျင်တွင် တမြော်တစ်ခေါ် လယ်ကွင်းပြင်များ တွံတေးမြို့ဝင်ကာနီးတွင် ရာဘာတောစိုက်ခင်းများ စိမ်းလမ်းစိုပြေစွာ တွေ့ရသဖြင့် မြို့၏မွန်းကျပ်သော အချုပ်အနှောင်မှ ခတ္တ လွတ်မြောက်ခဲ့ရသဖြင့် စိတ်ကြည်နူးမိသည်။

တွံတေးမရောက်ခင် ဗောင်းတော်ချုပ်သို့ ခွဲသော မြေနီလမ်းကလေးသို့ချိုးဝင်ခဲ့သည် ။ ဗောင်းတော်ချုပ်မှာ နောက်ခေါ်တွင်သောနာမည်ဖြစ်ပြီး ယခင်နာမည်မှာ ဗောင်းတော်ကျ ဖြစ်ကြောင်း လိုက်လံရှင်းပြသော ဦးဇင်းတစ်ပါးမှ မိန့်ကြားပါသည်။ နတ်တို့ စုဝေးရာ ဋ္ဌာနေတစ်ခုဖြစ်မည်။ ကိုပေါင်ပေါင် သွားသင့်သည့် နေရာပါ(သူက နတ်ကိုးကွယ်လို့)။ နောက် ယခုမှ အသစ်တည်နေသော ဗောဓိတစ်ထောင်သို့လည်း ရောက်ခဲ့သည် ။ ရုပ်ပွားတော်များစွာကို တစ်ပုံစံတည်း တည်ထားသည်မှာ ကြည့်လို့ သပ္ပါယ်လှပါသည်။ ဗောင်းတော်ချုပ်သည် မန္တလေးနားက စစ်ကိုင်းတောင်အလား သာသနာ့နယ်မြေတစ်ခုသဖွယ်ဖြစ်သည်။ ပါတ်ဝန်းကျင်တွင်လည်း သစ်တောကြီးများ ရှင်သန်နေကြသည်မှာ ကျိုက်ထီးရိုး များရောက်နေသလား ထင်မိသည်။

ကျွန်တော်တို့ ဗောင်းတော်ချုပ်မှ ထွက်ကာနီးတွင် ဗုဒ္ဓဂါယာ နှင့် ဆင်အောင်တည်ထားသော ဘုရားသို့ဝင်ဖူး သည်။ အေးချမ်းပြီး သစ်ပင်များ ပေါများသောခြင်း။ ဆိတ်ငြိမ်ပြီး သာယာလှသဖြင့် ကျွန်တော် နောက်တစ်ခေါက် လာဦးမည်ဟု စိတ်မှာ မှန်းထားသည်။ မိသားစု နှစ်စု ယူလာသော လက်ဖက်နှင့်အကျော် တို့ကို ဘုရားရိပ်ခိုရင်း ဝိုင်းထိုင်ကာ လက်ယာယစ် လှည့်ပြီး လက်ဆင့်ကမ်းစားကြရာ ဆယ်ပါတ်လောက်တွင် လဘက်ကုန်သွားလေသည်။ ဆာနေကြတာကိုး နေ့လည်စာကို တွံတေးက နာမည်ကြီးထမင်းဆိုင်မှာ စားကြမည် ဟုအားခဲထားကြ၍ဖြစ်သည်။ ကျွန်တော်တို့ ဆရာတော်ကြီး၏ ရုပ်တုကို သွားရောက်ဖူးမျှော်ပြီး ပြန်ရန် ထွက်လာ ကြစဉ် ဘုရားဝင်းလမ်းဘေးတွင် အကျီခပ်နွမ်းနွမ်း ဝတ်ထားကာ လက်နှစ်ဖက် လက်မောင်းရင်းမှ မပါသော(မွေးရာပါ) လူငယ်လေးတစ်ယောက် ထိုင်ပြီး တစ်စုံတစ်ခု ပြုလုပ်နေတာကို မြင်လိုက်ရသည်။

ကိုယ်လက်အင်္ဂါ ချို့ယွင်းသောအသက်နှစ်ဆယ်ကျော် လူရွယ်လေး တစ်ယောက်ကို မြင်ရသဖြင့် (အကျီနွမ်းနွမ်း လေးနှင့် ခေါင်းမှာလည်း ဆီနှင့် ဝေးနေသဖြင့် စုတ်ဖွာနေခြင်း) တို့ကြောင့် ကျွန်တော့်အမျိုးသမီး မှာ အလှုခံစားသူ (ရင့်ရင့်သီးသီးပြောရပါမူ ငွေတောင်းစားနေရသူ) ဟု အထင်လွဲကာ ကျွန်တော့်အား မျက်နှာရိပ်မျက်နှာကဲဖြင့် ငွေပေးရမလားဟု နှစ်ရာတန်လေးကို ကိုင်ကာ လှမ်းမေးသည်။

ကျွန်တော်ကခေါင်းငြိမ့်ပြရာ ကျွန်တော့်အမျိုးသမီးက ပေးမယ်အလုပ်--
``ဟို --- ဟို သားက ကျောင်းသားပါခင်ဗျ---``
ဟု ပြာပြာသလဲရှင်းပြသဖြင့် ကျွန်တော်လည်းခေါင်းနပမ်းကြီးကာ (ကြီးမှာပေါ့ လူတစ်ယောက်ကို အပေါ်ယံမြင်ပြီးလွယ်လွယ်သတ်မှတ်လိုက်တာကိုး) ထို လူငယ်လေးအားကြည့်လိုက်ရာ ဗလာစာအုပ်ကို မြေတွင်ချပြီး ဘယ်ဘက်ခြေထောက်ဖြင့် ဘောလ်ပင်ကို ခြေမနှင့် ခြေညိုးကြား ညှပ်ပြ်ီး စာရေးနေဖြင်းဖြစ်သည်။ ရေးနေတာက အင်္ဂလိပ်လို အဆောက်အဦးတွေအကြောင်း ဗိသုကာနှင့် ပါတ်သတ်သော စာတမ်းပြုစုနေခြင်းဖြစ်သည်။ ဒါကြောင့် လည်း ဘုရားဝင်းအတွင်း ဟိုဟိုဒီဒီ သွားကြည့်ကာ လမ်းဘေးတွင် ဖြစ်သလို ထိုင်ရေးရာက မှားယွင်းမိခြင်းဖြစ်သည်။ ကျွန်တော်မှာ အားနာခြင်း တောင်းပန်ခြင်း လေးစားခြင်း စသော အမည်မဖော်နှိုင်သော ခံစားချက်တို့ဖြင``့် ညီလေး အကိုတို့ မုန့်ဘိုးပေးတာတော့လက်ခံပေးပါ`` ဟု ပြောပြောဆိုဆို မုန့်ဘိုး တစ်သောင်းခွဲကို သူ၏ လွယ်အိပ်ထဲသို့ ထည့်ပေးပြီး စကားစမြည်ပြောဖြစ်သည်။

သူနှင့်စကားပြောမိမှ သူ၏အမည်မှာ ပိုင်လေး ဟုခေါ်ကြောင်း။ သူသည် ဆယ်တန်းကို လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း။ ဆေးတက္ကသိုလ် တတ်ရန် အမှတ်ပေါင်း လေးရာကိုးဆယ်ကိုး ရမှတ်ဖြင့် မှီခဲ့သော်လည်း သူ၏ ကိုယ်အင်္ဂါ ချို့ယွင်းမှုကြောင့် စက်မှုတက္ကသိုလ် Civil တတ်နေကြောင်း။ အမှတ်တရ စာရေးပေးပါမည့်အကြောင်း။ ကျွန်ပြူတာလည်း တတ်ကျွမ်းပါကြောင်း (လုံးဝ ကြွားဝါလိုခြင်း မာန်တတ်လိုခြင်း မရှိပဲ ) ရှင်းပြပါသည်။ ဘဝကို လုံးဝလက်မလျှော့ အားမငယ်ပဲ လှေခွက်ချည်းကျန် အလံမလှဲမည့် စိတ်ဓါတ်မှာ တစ်ခါတစ်လေ အကြောင်းမဲ့ စိတ်ဓါတ်ကျနေသော ကျွန်တော်တို့ များစွာရှက်မိပါသည်။ သူ့တွင် ကိုင်စရာ လက်နှစ်ဖက်လုံးမပါသဖြင့် ဖယ်ရီကို တစ်လ သုံးသောင်းခွဲပေးစီးရသည်။

ကဲ------ သူငယ်ချင်းတို့ရေ ---- အားငယ်သူအားပေးပါ လဲနေသူ ထူပေးပါ ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်နဲ့ ဒို့တတွေ တတ်အားသ၍ လေး ကူညီကြရင် ကောင်းမလားကွယ်။ လိုအပ်တဲ့ တစ်ခုခုပေါ့။ သူ့ကြည့်ရတာ ငွေကြေးလည်း ချို့တဲ့မယ့်ပုံ ပေါ်လို့ပါခင်ဗျာ။ ကျွန်တော်တို့အများသိတဲ့`` စုပုံချစ်`` က သူ့ပါတ်ဝန်းကျင်မှာ ပြည့်စုံတဲ့ မိသားစုလေး ရှိတာ အားသာချက်ပါဘဲ။ ကျွန်တော်တို့ အမှတ်မထင်တွေ့ ခဲ့တဲ့ မောင်ပိုင်လေး ကတော့ဖြင့် အဲဒီအပိုင်းပါ အားနဲ သိမ်ငယ်နေရမယ်လို့ ထင်မိလို့ပါခင်ဗျာ။
အားလုံးကို လေးစားခင်မင်လျှက်

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

ဲJoin us at https://www.facebook.com/groups/Myanma.ArunThit.Org/

12 December 2012 စစ်ကိုင်းတိုင်း ကလေးမြို့သို့ ကာလဒါန

စစ်ကိုင်းတိုင်း ကလေးမြို့က ဘိုးဘွားရိပ်သာရှိ ဘိုးဘွား ၄ ဦး နှင့်  ယေဟောဝါ ယိရေ မိဘမဲ့ ကလေးများ ဂေဟာရှိ ကလေးငယ် ၅၃ ဦးအတွက် အသင်းဝင် မလားရင့်ဆန်ငီး Lal Sangi မှ အသင်းကိုယ်စား ကမကထပြု လှူဒါန်းပေးမည့် ကာလဒါန စောင်အထည် ၆၀ နှင့် အနွေးထည် ၃၀ ကို အမှုဆောင် Goodluck Zaw ကိုဇော်မင်းရှိရာ မန်းလေး သို့ ရွှေလီဦး ကားဂိတ်မှ တဆင့် ယနေ့ ပို့ဆောင်ခဲ့ပါပြီ။  စုစုပေါင်း စောင် ၆၀ + အနွေးထည် ၃၀ ကို ကတ္တူပုံးကြီး ၂ ပုံး အပြည့်နှင့်ပါ။ ဖိုးသကြား Phyo Tint Naing က အဝေးပြေးဂိတ်သို့ သယ်ယူပို့ဆောင်ရေးနှင့် လုပ်အားဒါန ကူညီပါတယ်။

လက်ကျန် စောင် ၄၀ နှင့် အနွေးထည် ၃၀ အနက်မှ ဖိုးသကြားနှင့် အဖွဲ့ လေကြောင်းခရီးမှ သယ်နိုင်သမျှကို ချိန်ဆ၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မိဘမဲ့ ကလေး ၅၂ ဦး ရှိရာ အောင်တော်မူဘုန်းတော်ကြီးကျောင်း (ဝါ) တကယ်လိုအပ်နေသည့် နွမ်းပါးသူတွေထံ လှူဒါန်းပေးဘို့ ဖိုးသကြားကို အပ်နှံလိုက်မည် ဖြစ်ပါတယ်။

မန်ဘာအသစ်များ ဆက်လက်ကြိုဆိုခြင်း

နေ့စွဲ - 2012 Dec 12

1. အသင်းဝင်အမှတ် AR10360 ဖြင့် ရန်ကုန်တိုင်း/ ရန်ကုန် မှ မအိအိဖြိုး
[eiphyo] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုဧးသိမ်း [ကိုလူစိမ်း] ဖြစ်ပါတယ်။

2. အသင်းဝင်အမှတ် AR10361 ဖြင့် ဧရာဝတီတိုင်း/ ဟင်္သာတ မှ Ko Wai Phyo [wai
phyo] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုကောင်းမြတ်ကိုကို [Lovely Joker] ဖြစ်ပါတယ်။

3. အသင်းဝင်အမှတ် AR10362 ဖြင့် ရန်ကုန်တိုင်း/ မင်္ဂလာတောင်ညွန့်  မှ
Ma Hsu Myat Thiri Soe ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ ကိုအေးကိုကို [Aye Ko Ko] ဖြစ်ပါတယ်။

4. အသင်းဝင်အမှတ် AR10363 ဖြင့် ရန်ကုန်တိုင်း/ မြောက်ဥက္ကလာပ မှ Ko Ye
Yint Htoo ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုဧးသိမ်း [ကိုလူစိမ်း] ဖြစ်ပါတယ်။

5. အသင်းဝင်အမှတ် AR10364 ဖြင့် ရန်ကုန်တိုင်း/ ပုဇွန်တောင် မှ Ma Ei
Shwe Sin Htyke ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ မသိင်္ဂီနွယ် [မတိုင်ဂီ] ဖြစ်ပါတယ်။

6. အသင်းဝင်အမှတ် AR10365 ဖြင့် မန္တလေးတိုင်း/ မန္တလေး မှ U Ye Myint Htun
ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုဇော်မင်း [] ဖြစ်ပါတယ်။

7. အသင်းဝင်အမှတ် AR10366 ဖြင့် ရန်ကုန်တိုင်း/ ဒဂုံမြို့သစ် (မြောက်) မှ
Ko Aung Myint Oo ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုဧးသိမ်း [ကိုလူစိမ်း] ဖြစ်ပါတယ်။

8. အသင်းဝင်အမှတ် AR10367 ဖြင့် ရန်ကုန်တိုင်း/ ဒဂုံမြို့သစ် (မြောက်) မှ
Ma Aung May Kyu [may Q] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ ကိုဧးသိမ်း [ကိုလူစိမ်း] ဖြစ်ပါတယ်။

9. အသင်းဝင်အမှတ် AR10368 ဖြင့် ရန်ကုန်တိုင်း/ ထောက်ကြန့် မှ Ma Show
Show Yin Yu Aung [Show] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ ကိုစိုင်းမျိုးသက်ဦး [Mr
Jugger] ဖြစ်ပါတယ်။

10. အသင်းဝင်အမှတ် AR10369 ဖြင့် မန္တလေးတိုင်း/ မန္တလေး မှ
မောင်သန်းမင်းထွန်း [Ivan] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ
ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုဇော်မင်း [] ဖြစ်ပါတယ်။

11. အသင်းဝင်အမှတ် AR10370 ဖြင့် မန္တလေးတိုင်း/ မန္တလေး မှ မသူဇာထွန်း
[Ida] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုဇော်မင်း [] ဖြစ်ပါတယ်။

12. အသင်းဝင်အမှတ် AR10371 ဖြင့် ရန်ကုန်တိုင်း/ ပုဇွန်တောင် မှ Ma Thu
Zar Tun(CKE) [Zar Zar] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ ကိုအေးကိုကို [Aye Ko Ko] ဖြစ်ပါတယ်။

13. အသင်းဝင်အမှတ် AR10372 ဖြင့် ရန်ကုန်တိုင်း/ မင်္ဂလာတောင်ညွန့် 
မှ Ma Yee Yee Htwe(CKE) ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ ကိုအေးကိုကို [Aye Ko Ko] ဖြစ်ပါတယ်။

14. အသင်းဝင်အမှတ် AR10373 ဖြင့် ရန်ကုန်တိုင်း/ မင်္ဂလာတောင်ညွန့် 
မှ Ma Chaw Tiri Ko(CKE) [Chaw Chaw] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ ကိုအေးကိုကို [Aye Ko Ko] ဖြစ်ပါတယ်။

15. အသင်းဝင်အမှတ် AR10374 ဖြင့် စစ်ကိုင်းတိုင်း/ စစ်ကိုင်း မှ ဦးဝေယံဦး
[ဖိုးလပြည့်] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုအေးကိုကို [Aye Ko Ko] ဖြစ်ပါတယ်။

16. အသင်းဝင်အမှတ် AR10375 ဖြင့် မွန်ပြည်နယ်/ မော်လမြိုင် မှ U Soe Thi
ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုအေးကိုကို [Aye Ko Ko] ဖြစ်ပါတယ်။

17. အသင်းဝင်အမှတ် AR10376 ဖြင့် ရန်ကုန်တိုင်း/ ပါရမီ, ချော်တွင်းကုန်း
မှ ဒေါ်မြင့်မြင့်ခင် ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ မသိင်္ဂီနွယ် [မတိုင်ဂီ] ဖြစ်ပါတယ်။

18. အသင်းဝင်အမှတ် AR10377 ဖြင့် ရန်ကုန်တိုင်း/ ဒဂုံမြို့သစ် (မြောက်)
မှ ဒေါ်ခင်တင့် ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ မသိင်္ဂီနွယ် [မတိုင်ဂီ] ဖြစ်ပါတယ်။

19. အသင်းဝင်အမှတ် AR10378 ဖြင့် ရန်ကုန်တိုင်း/ သင်္ကန်းကျွန်း မှ
မတင်တင်မြင့် ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ မသိင်္ဂီနွယ် [မတိုင်ဂီ] ဖြစ်ပါတယ်။

20. အသင်းဝင်အမှတ် AR10379 ဖြင့် မန္တလေးတိုင်း/ မန္တလေး မှ
ဦးပြေမိုးငြိမ်း ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်ကို ထပ်မံ အကြောင်းကြားပေးပါမယ်။

21. အသင်းဝင်အမှတ် AR10380 ဖြင့် ရန်ကုန်တိုင်း/ မရမ်းကုန်း မှ
ဦးထွန်းထွန်းမင်း ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ မသိင်္ဂီနွယ် [မတိုင်ဂီ] ဖြစ်ပါတယ်။

Tuesday, December 11, 2012

စစ်ကိုင်းတိုင်း ကလေးမြို့က ဘိုးဘွားရိပ်သာ

ဘိုးဘွားရိပ်သာ ဆိုပေမယ့် ခုမှ စဖွင့်တာဆိုတော့
အဘွားကြီး၃ဦးနဲ့ အဘိုး ၁ ပဲ ရှိတာ
အဘိုးကြီးက လေဖြတ်တယ်
by Sangi

စစ်ကိုင်းတိုင်း ကလေးမြို့က ယေဟောဝါ ယိရေ မိဘမဲ့ ကလေးများ ဂေဟာ

Jehova - Jire Children's home
ယေဟောဝါ ယိရေ မဘမဲ့ ကလေးများ ဂေဟာ ကို ညနေတုန်းက သွားစုံစမ်းခဲ့ပါတယ်။
၁၉၉၈ မတ်လ ၂၈ က စတင်ဖွင့်ခဲ့တာပါ
ဦးဆောင်ဖွင့်တဲ့သူက Mother Liankimi & Mother Sangpuii
ကလေး ၅၃ ယောက် ရှိပါတယ်
--
Sangi

Thursday, December 6, 2012

တောင်တက်သမားသုံးယောက် by Zeya Thu

by Zeya Thu on Wednesday, 5 December 2012 at 17:18 ·

  

ဘဝဇာတ်ခုံတွင် အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်မနိုင်ကို ခန့်မှန်းအဖြေထုတ်နိုင်သည့် Adversity Quotient ဟုခေါ်သော ညွှန်းကိန်းတစ်ခု မကြာသေးမီနှစ်များအတွင်း ပေါ်ထွက်လာခဲ့သည်။ အင်္ဂလိပ်ဝေါဟာရဖြင့် Adversity မှာ အခက်အခဲ၊ မနှစ်မြို့ဖွယ် အခြေအနေဟု အဓိပယ်ရရာ အခက်အခဲနှင့် ရင်ဆိုင်တွေ့သည့်အခါ မကြောက်မရွံ့နောက်မတွန့်ဘဲ ရင်ဆိုင်နိုင်စွမ်း၊ အကြိမ်ကြိမ်လဲကျသော်လည်း ပြန်ထနိုင်စွမ်းကို Adversity Quotient ဟု ခေါ်ဆိုခြင်းဖြစ်သည်။

အကျပ်အတည်း  ကြုံချိန်၊ အရှုံးနှင့်တွေ့ချိန်၊ ငြင်းပယ်ခံရချိန်တွင် မည်သို့တုံ့ပြန်နိုင်သနည်းကို တိုင်းတာပြီး Adversity Quotient AQ အဖြစ် Dr.Paul Stoltz က သုတေသနပေါင်း ၅ဝဝခန့်မှ တွေ့ရှိချက်များကို လေ့လာဆန်းစစ်ကာ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဆိုးဝါးသည့် အခြေအနေနှင့် ကြုံချိန်တွင် ကြံ့ကြံ့ခံကာ ဆက်လက်ရှင်သန်နိုင်မည်လား၊ သို့မဟုတ် ပြိုလဲကျဆုံးသွားမည်လားကို AQ က ဖော်ပြနိုင်သည်။ AQ မြင့်မားသူသည် အကျပ်အတည်းကြုံချိန်တွင် အကောင်းဆုံးအားထုတ်သည်၊ အရှုံးနှင့် တွေ့သော်လည်း အားမလျှော့၊ ငြင်းပယ်ခံရသော်လည်း  စိတ်မပျက်။

AQ ကို Paul Stoltz က တောင်တက်သမားသုံးယောက် ဥပမာဖြင့် ရှင်းပြထားသည်။ မြင့်မားသော တောင်တစ်လုံးကို တောင်တက်သမားများ တက်ကြသည်။ လမ်းခရီးမှာ မတ်စောက်သလို ကြမ်းတမ်းသည်။ ချမ်းအေးသလို လေလည်းထန်သည်။

တောင်တက်သူအများစုမှာ ခရီးအစလေးတွင်ပင် ဘေးထွက်ထိုင်ကြမည်၊ နောက်ပြန်လှည့်ကြမည်၊ အလျှော့ပေးသွားကြမည်။ သူတို့သည် Quitters ခေါ် 'လက်မြောက်အရှုံးပေးသူများ' ဖြစ်သည်။ သူတို့သည် တောင်ကို မတက်လိုတော့။ တောင်ထိပ်သို့ရောက်လိုသော်လည်း လမ်းရှိ အခက်အခဲတို့ကို ရင်မဆိုင်လိုတော့။

အခိျု့တောင်တက်သူများမှာ ဆက်လက်တက်ကြသည်။ သို့သော် အတန်ငယ် ခရီးပေါက်သည်ဟု ထင်လျှင် ဆက်မတက်လိုတော့။ ပင်ပန်းပြီ၊ ခြေကုန်လက်ပန်းကျပြီ၊ ငါတက်နိုင်တာ ဒီလောက်ပဲဟု စိတ်ဒုန်းဒုန်းချလိုက်ကာ ရောက်ရာနေရာတွင် စခန်းချလိုက်တော့သည်။ ထိုဒုတိယအမျိုးအစား တောင်တက်သူများသည် Campers ခေါ် 'စခန်းချသူများ' ဖြစ်သည်။ 'စခန်းချသူများ' သည် 'လက်မြောက်အရှုံးပေးသူများ' ထက်တော့ ခရီးပေါက်သည်။

ရည်မှန်းချက် တောင်ထိပ်သို့ မရောက်မချင်း တက်သူများမှာ Climbers 'အတက်သမားများ' ဖြစ်သည်။ လမ်းခရီးမည်သို့ပင် ကြမ်းတမ်း မတ်စောက်ပါစေ သူတို့ကြိုးစားတက်သည်။ စိတ်ဓာတ်အင်အား မကျဆင်းဘဲ မရောက်မချင်း ဇွဲနပဲနှင့် တက်သူများဖြစ်သည်။ မျှော်လင့်ချက်၊ အနိုင်မခံအရှုံးမပေးစိတ်၊ တောင်ထိပ်သို့ရောက်လိုစိတ်တို့က 'အတက်သမားများ' ကိုရှေ့ဆောင်သည်။

ထိုတောင်တက်သူသုံးဦးကို လက်တွေ့ဘဝတွင်လည်း တွေ့မြင်နိုင်သည်။ 'လက်မြောက် အရှုံးပေးသူများ' သည် အခက်အခဲနှင့် အမြည်းသဘောတွေ့လိုက်ရုံဖြင့် အလံဖြူထောင် လက်နက်ချလိုက်သည်။ 'စခန်းချသူများ' မှာမူ အတန်ငယ် အဆင်ပြေရုံဖြင့် 'ဒီဘဝ ဒီမျှ' ဟု သဘောထားကာ တန်းဖြုတ်လိုက်တော့သည်။ ဆက်လက်အားထုတ်ကြိုးစားခြင်းကို ရပ်တန်းကရပ်လိုက်ကာ ဘဝ၏ ကျန်အချိန်များကို ကုန်ဆုံးစေတော့သည်။

'အတက်သမားများ' မှာမူ မိမိရည်မှန်းချက်ပန်းတိုင်သို့ မရောက်ရောက်အောင် ကြိုးစားအားထုတ်ကြသည်။ သူတို့သည် မွေးစမှသည် သေသည်အထိ တောက်လျှောက်တက်နေကြသည်။ အသက်အရွယ်မရွေး၊ အမျိုးသားအမျိုးသမီးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ဥာဏ်ရည်ကောင်းညံ့မရွေး 'အတက်သမား' တို့သည် တက်မြဲတိုင်းတက်နေကြသည်။ 'ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်' ဆိုသည်မှာ 'အတက်သမား' တို့၏ ဆောင်ပုဒ်ဖြစ်သည်။ 

ဘဝဆိုသည်မှာ တောင်တက်ခြင်းတစ်မျိုးပင်ဖြစ်သည်။ မိမိဘဝတိုးတက်ရာ တိုးတက်ကြောင်း အမြဲရုန်းကန်နေရသည်။ မိမိရည်မှန်းချက်သို့ ရောက်အောင် တရွေ့ရွေ့ တဖြည်းဖြည်း တက်နေရသည်။ အောင်မြင်မှုဆိုသည်မှာ ရည်မှန်းချက်ရှိရာ အမြင့်သို့ရောက်အောင် လမ်းတွင် ကြုံတွေ့ရသော အခက်အခဲများ၊ အတားအဆီးများအား ကျော်ဖြတ် ရင်ဆိုင်ကာ အရောက်သွားနိုင်ခြင်းပင်ဖြစ်သည်။ ချွေးနှင့်သွေးနှင့်ရင်းကာ တက်ခဲ့ရခြင်းဖြစ်ရာ တောင်ထိပ်သို့ ရောက်ရှိခြင်းမှာ ချိုမြိန်လှသည်။

တောင်တက်သမားသုံးမျိုးတွင် 'အတက်သမား' တစ်ဦးတည်းသာ တောင်ထိပ်သို့ ရောက်ခြင်းတည်း ဟူသော အောင်မြင်မှုကို ခံစားရယူနိုင်မည်။

'လက်မြောက်အရှုံးပေးသူများ' သည် ရသင့်ရထိုက်သော ဘဝကို မရယူကြသူများဖြစ်သည်။ သက်သာသည်ဟုထင်ရသော်လည်း ထိုသူတို့သည် ဘဝကို နောက်ကြောင်းပြန်လှည့်ကြည့်သောအခါတွင်  မလုပ်ခဲ့လေခြင်း၊ မကြိုးစားခဲ့လေခြင်းဟု နောင်တမီးတောက်လောင်ရသူများဖြစ်သည်။ စိတ်အလိုမကျ၊ မပြည့်ဝဘဲ စိတ်ဓာတ်ကျဆင်းနေတတ်ကြသောကြောင့် ပတ်ဝန်းကျင်ကို အမြဲရန်လိုနေသူများဖြစ်သည်။ 'အတက်သမား'တို့ကို လှမ်းမျှော်ကြည့်ကာ ကုသာမစာရိယတို့ဖြင့် ပူလောင်နေသူများဖြစ်တတ်သည်။

'စခန်းချသူများ' သည်လည်း ရသင့်ရထိုက်သောဘဝကို အရမယူသူများဖြစ်သည်။ 'လက်မြောက်အရှုံးပေးသူများ' နှင့် ကွာခြားသည်မှာ အတိုင်းအတာ၊ ပမာဏတွင်သာဖြစ်သည်။ သူတို့သည် လက်ရှိရထားသော နေရာကို စွန့်လွှတ်ရမည်ကို စိုးရိမ်နေတတ်ကြသည်။ ယခုလောက် ကြိုးစားပြီးလျှင်တော်ပြီဟု ဆိုကာ လေ့လာသင်ကြားခြင်း၊ အားထုတ်ခြင်းကို ရပ်တန့်လိုက်သူများဖြစ်သည်။

'အတက်သမားများ' သည်သာ ဘဝတွင် နေရကျိုးနပ်သူများဖြစ်သည်။ သူတို့သည် ခံစားချက်ပြင်းပြင်းဖြင့် ရည်မှန်းချက်သို့ ချီတက်နိုင်ကြသည်။ မှန်မှန်ကြိုးစားသွားလျှင် တစ်နေ့လိုရာပန်းတိုင်သို့ရောက်မည်ဟု ယုံကြည်သူများဖြစ်သည်၊ ရောက်လည်းရောက်ကြသည်။ 'တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ' ဟု သဘောပေါက်ကြသည်။

အဆိုပါ တောင်တက်သမားသုံးဦးတို့ ကွာခြားသည့်နေရာမှာ Adversity Quotient တွင်ဖြစ်သည်။ အတက်သမားများသည် အမြင့်မားဆုံးသော AQ ကို ပိုင်ဆိုင်ကြသည်။ စခန်းချသူများ၏ AQ မှာ သာမန်အဆင့်ဖြစ်ပြီး လက်မြောက်အရှုံးပေးသူတို့သည် AQ နိမ့်ကြသည်။

AQ  မြင့်သောသူတို့သည် အဆိုးရွားဆုံးသော အခြေအနေများတွင်ပင် စိတ်ဓာတ်ခိုင်ခိုင်မာမာထားနိုင်သူဖြစ်သည်။ ရေခဲတောင် တက်ပြီး နှင်းမုန်တိုင်းကြားတွင် လူကွဲကျန်ခဲ့သည်မှာ အတန်ကြာသောကြောင့် အတွေ့အကြုံရင့် တောင်တက်သမားအဖော်များက သေပြီဟု တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားချိန်တွင် စုရပ်သို့ ကျားကုတ်ကျားခဲ ပြန်လာနိုင်သောသူတို့သည် AQ မြင့်မားသူများဖြစ်သည်။ စီးပွားအကြိမ်ကြိမ်ပျက်သော်လည်း အကြိမ်ကြိမ်ပြန်ထူမတ်လာကာ ကြီးပွားနေသူသည် AQ မြင့်သူဖြစ်သည်။ ရောဂါဝေဒနာဆိုးကို ခံစားနေရသော်လည်း စိတ်မပျက်၊ လက်မလျှော့ဘဲ လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လုပ်ဆောင်နေသူများသည်  AQ မြင့်သူများဖြစ်သည်။

ပေါ့ပါးပြီး ကြာရှည်အသုံးခံသည့် ဘက်ထရီကို တီထွင်ရန် နှစ်၂ဝကြာ စမ်းသပ်မှုပေါင်း ငါးသောင်း ပြုလုပ်ခဲ့သည့် တီထွင်သမားကြီး အက်ဒီဆင်၏ ဥပမာကို ကြည့်ရအောင်။ 'မစတာအက်ဒီဆင်ခင်ဗျား၊ အကြိမ်ငါးသောင်းတောင် မအောင်မြင်ခဲ့တာကို ဘာလို့ ရလာဒ်တွေ ထွက်လိမ့်မယ်လို့ ထင်နေသေးတာလဲ'၊ တစ်ဦးက မေးခွန်းထုတ်သည်။ 'ရလာဒ်လား၊ ရလာဒ်တွေ ရနေတာပဲလေ။ ဘက်ထရီ ဖြစ်မလာနိုင်တဲ့နည်း ငါးသောင်းတောင် ကျွန်တော် သိသွားပြီ' ဟု အက်ဒီဆင်က ပြန်ဖြေလိုက်သည်။ မဖြစ်နိုင်သောနည်း ငါးသောင်းသိသွားသည့်အတွက် ဖြစ်ရန် နီးစပ်လာပြီဟု အက်ဒီဆင်က သဘောထားသည်။ အက်ဒီဆင်သည် 'အတက်သမား' ကြီးဖြစ်သည်။

မည်မျှထူးချွန်ထူးချွန်၊ မည်မျှ ဥာဏ်ရည်ထက်ထက် AQ နိမ့်လျှင် ထိုအရည်အချင်း ဥာဏ်ရည်တို့သည် သဲထဲရေသွန်ဖြစ်မည်သာ။ မည်သည့်အလုပ်ဖြစ်စေ အခက်အခဲရှိမြဲဖြစ်သောကြောင့် အခက်အခဲတွေ့လျှင် လက်မြောက် အရှုံးပေးတတ်သူသည် လိုရာရောက်မည်မဟုတ်။ ကြီးကျယ်မြင့်မားသော အလုပ်တာဝန်မှန်သမျှ အခက်အခဲကြီးမားတတ်စမြဲဖြစ်ရာ AQ နိမ့်လျှင် မည်သို့မျှ မပြီးမြောက်နိုင်။ အထူးသဖြင့် မဖောက်သေးသောလမ်း၊ မလျှောက်ဖူးသောလမ်း (Untraveled Road) တို့ကို လျှောက်လိုလျှင် AQ  မြင့်ရမည်။

ဘုန်းမီးနေလတောက်ပသော နေမဝင်ဗြိတိသျှအင်ပါယာကြီးအား အန်တုကာ လွတ်လပ်ရေးရယူမည်ဆိုသည့် အကြံမှာ သာမန်လူများ မစဉ်းစားဝံ့သော အရာပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မျိုးချစ်များသည် ထိုသို့ မလျှောက်ဖူးသည့် လမ်းကိုမှ ရွေးချယ်ကာ လျှောက်လှမ်းခဲ့ကြသည်။ ထောင်ဘေး၊ အသက်အိုးအိမ်စည်းစိမ်ပြုတ်မည့်ဘေးတို့နှင့်တကွ အပင်ပန်းအဆင်းရဲမျိုးစုံတို့ကို အပြုံးမပျက် ကြံ့ကြံ့ခံနိုင်ခဲ့သောကြောင့် တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်ကာ လွတ်လပ်ရေးပန်းတိုင်သို့ မြန်မာနိုင်ငံကို အရောက်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်နှင့်တကွ မျိုးချစ်တို့ကို အတိအကျ သွားရောက်တိုင်းတာရန် မဖြစ်နိုင်တော့သော်လည်း သူတို့၏ Adversity Quotient မြင့်မားမည်မှာ သေချာပါသည်။

မိမိတောင့်တသော ရည်မှန်းချက်သည် ကြီးမားမွန်မြတ်သည်နှင့်အမျှ တောင်ထိပ်သည် မြင့်မားဝေသီမည်ဖြစ်သလို တောင်တက်လမ်းသည်လည်း ကြမ်းတမ်းခက်ခဲမည်။ AQ

မြင့်ပါမှ 'တောင်ကြီးဖဝါးအောက်' ရောက်မည်ဖြစ်သည်။ စာရှုသူ မိတ်ဆွေ၊ သင်ရော ဘယ်လို တောင်တက်သမားမျိုးလဲ။

ဇေယျသူ

ဒီတစ်ပတ်ထုတ် Street View မှာ ရေးဖြစ်တဲ့ ဆောင်းပါးပါ။


ှArticle Credit to source: https://www.facebook.com/notes/zeya-thu/%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%90%E1%80%80%E1%80%B9%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%B1%E1%80%9A%E1%80%AC%E1%80%80%E1%80%B9/471748462870963
Image credit: http://caveviews.blogs.com/.a/6a00d8341bffd953ef01157153328d970b-800wi and http://www.geocities.com/perry_peterson_1999/walkingman.gif


Wednesday, December 5, 2012

ကျေးဇူးအထူး တင်ရှိပါကြောင်း

★☆★☆★☆★☆★☆★☆
နို-၂၈ တန်ဆောင်မုန်း လပြည့်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်
မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို စုပေါင်းသွေးလှူဒါန်းသူ ၂၀၀ ကျော်၊ ကူညီဆောင်ရွက်သူ ၂၀ ဦးခန့်ဖြင့် အောင်မြင်စွာ ကျင်းပ င်္ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ စုပေါင်းသွေးလှူဒါန်းသူ Online+Offline မန်ဘာနှင့် စေတနာ သွေးအလှူ့ရှင်များ၊ ရပ်နီးရပ်ဝေးမှ အကြံဉာဏ်ပေး၊ စီစဉ်ဆောင်ရွက်ပေးသော၊ လိုက်လံအားပေးကြသော မြန်မာ့အရုဏ်သစ်၏အဖွဲ့ဝင်များ၊ သွေးအလှူခံပေးသော ပုညကုသလ ဗဟုကရအသင်း နှင့် သွေးလှူဘဏ်မှ ဆရာဆရာမ အပေါင်းတို့အား မြန်မာ့အရုဏ်သစ် မိသားစုမှ ကျေးဇူးအထူး တင်ရှိပါကြောင်း.....။

ဓာတ်ပုံမှတ်တမ်း (၁)
http://myanmaarunthit.weebly.com/
ဓာတ်ပုံမှတ်တမ်း (၂)
https://www.facebook.com/media/set/?set=oa.396391370431870&type=1

Monday, December 3, 2012

``ရွှေဂုံတိုင် မိဘမဲ့ကလေး ဂေဟာ အာဟာရ မုန့်အလှု`` (၂-ဒီဇင်ဘာ -၂၀၁၂)

ဒီနေ့ ရွှေဂုံတိုင် မိဘမဲ့ကလေး စောင့်ရှောက်ရေး ဂေဟာ သို့ ကျွန်တော်တို့ အဖွဲ့ရောက်ခဲ့ကြသည်။ အမှုဆောင်တွေထဲက ကိုအေးကိုကို နှင့် မောင်ဂျက်ဂါကို ပထမဆုံး အပြင်မှာ စတွေ့ဖူးခြင်းဖြစ်သည်။ ကျန်အမှုဆောင်များ အဖွဲ့ဝင်များကတော့ တွေ့ဖူးနေကြ။ ဘဝတွင် ကံအထုံပါရမီကြောင့်လို့ပြောရမလား ပဋ္ဌာန်းဆက်ပါတယ်လို့ပဲပြောရမလား အွန်လိုင်း သုံးရင်း ပရဟိတ ခေါ် အများအကျိုးကို စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်ကြရင်း မိသားစုလေးသဖွယ်ဖြစ်လာရသည်။ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး မိသားစု။
ဧည့်ခန်းထဲကို ဝင်လျှင်ဝင်ချင်း ကလေးကစားစရာများ စေတနာရှင်တို့ ကူညီလှုဒါန်းထားသော ရုပ်ဝတ္ထုပစ္စည်း များ များစွာတွေ့ရ၍
``သြော်--- သူတို့လေးတွေ မိဘ အရင်းတွေက သေသေ ရှင်ရှင် ပစ်ပယ်ထားပေမယ့် ကံ အကျိုးလေး ရှိသေးတော့ ပြည့်ပြည့်စုံစုံနဲ့ တင့်တင့်တယ်တယ် နေရလို့တော်သေးတယ် ``
ဟု စိတ်ထဲ မှာ ဖြေဆည်ကာ ပီတိဖြစ်မိသေးသည်။ သူတို့ မိဘ အရင်းထံတွင် ဤသို့ တင့်တယ်ပြည့်စုံမှု မရမှာတော့ သေချာသည်။ ဒါက ကလေးတွေကို မတွေ့ခင်က စိတ်ထဲက အပေါ်ယံ မြင်မိခြင်းသက်သက်---
ကျွန်တော်တို့ မိဘမဲ့ကလေးငယ်များ ထားရာ နေရာ ရောက်တော့ သူတို့လေးတွေ နေ့ခင်း တစ်ရေးအိပ်ရာက ထသည့်အချိန်ထင်သည်။ ပုခက်ထဲမှ ကလေးငယ်တစ်ဦးက ကျွန်တော့်ကို သူ့အားချီရန် လက်နှစ်ဖက်ကို ဆန့်တန်းပေးသည်။ ကျွန်တော် သူကလေးကို ချီပိုးထားရင်း ကလေးတွေ စိတ်တွင် ရုပ်ဝတ္ထုများ ဘယ်လောက်ပင် ပြည့်စုံစေကာမူ လိုအပ်ချက်တစ်ခု ကွက်လပ်တစ်ခု တော့ အမြဲ တန်း လစ်ဟာနေသည်။ မိဘ ဟူသော ချစ်ခြင်းမေတ္တာတရား။ ထိုမေတ္တာတရားကို မည်သူထာဝရ ဖြည့်ဆည်းနိုင်မည်နည်း။ သူတို့စိတ်ထဲတွင် သူစိမ်းဟူသည် ရှိဟန်မတူ။ အခန်းတွင်း လာသူ မှန်သမျှ သူတို့၏ မိဘ သဖွယ် စိတ်က သိနေပုံရသည်။ သူတို့ကို ချီမ၍ ခေါ်ထားလျှင် အတော်ပျော်နေကြသည်။ သူ့ချီပါ ငါ့ချီပါဖြင့် လုယက်ကာ မေတ္တာ တို့ကို တောင်းခံယူနေကြသည်။ ကိုအေးကိုကိုတစ်ယောက် ကလေး လေးငါးယောက် အမြဲဝိုင်းနေကာ ချီပိုးပြီး မေတ္တာတရားတို့ ဖြင့် နှစ်သိမ့်နေသည်။ ကလေးနှစ်ယောက်ကို ချီ၍ နံရံတွင် ရေးထားသော အေ ၊ ဘီ၊ စီ တို့ကို ရွတ်ဆိုကာ တစ်လှည့်စီ စာသင်နေကြသည်။ ရောက်တုန်းရောက်ခိုက် ချိုမြိန်သော မေတ္တာတရားတို့ဖြင့် နှစ်သိမ့်ကြသည်မှာလည်း အဖွဲ့ဝင်အားလုံးပင်။
သားပေါက်ထားသော ခွေးပိန်မ တစ်ကောင်သည် လူတွေ၏ ရိုက်ပုတ်မောင်းထုတ်သည့် တုတ်ဒဏ် ခဲဒဏ် များကို ခံစားရင်း အစာတို့ကို ရှာကာ မွေးထားသော သားငယ်လေးများကို အန် ကျွေးတတ်သည်။ ဤ ကလေးငယ်များကို မွေးထားပြီး ခွေးလောက်မျှ မေတ္တာတရားမရှိ ခေါင်းပါးသော လူ ဟူသည်ကား ရှိသေးသကိုး ဟူ၍သာ တွေးမိကာ ဇနီးဖြစ်သူကို ကြည့်လိုက်တော့ မျက်ရည်တွေဝဲနေတာကို လူမသိအောင် ကြိုးစားနေတာကို တွေ့ရသည်။ မိခင်စိတ်ကြီးသည်ကိုး။
အော်--- လောကတွင် လူ ဟူ၍သာ မွေးဖွားလာသော်လည်း လူ နှင့် လုံးဝမတူသော မိဘ ဟူသည့်စာလုံးနှင့်ပင် မထိုက်တန်သော ``ဠူ `` များရှိသလို သားသမီးဝတ္တရား မကျေ ကျေးဇူး မသိတတ်သော မိအို ဖအိုတို့ကို စွန့်ပြစ်ထားသော ငရဲလားမည့် ``ဠူ`` များလည်း ရှိကြောင်း ပရဟိတ လုပ်ငန်းများကို လုပ်မိမှ သိလာရသည်။
မည်သူတွေ မည်မျှ ယုတ်မာသည်ဖြစ်စေ ကျွန်တော်တို့သည် လူသားဆန်စွာ ထိုသို့သော မှီခိုရာမဲ့ အတိဒုက္ခ ရောက်နေသော လူသားများကို မိမိတို့ ဝင်ငွေထဲမှ ဝန်ထုတ်မဖြစ်စေသော ပမာဏများကို စုဆောင်းကာ တစ်တပ်တစ်အား ပါဝင်လှုဒါန်းခြင်းသည် အလွန်မွန်မြတ်သော ကုသိုလ်တရား ၊ နိဗ္ဗာန်မရောက်မီ သံသရာမှာ ဤသို့သော ဒုက္ခဆင်းရဲခြင်းမှ ကင်းလွတ်ငြိမ်းကာ အများ၏ မှီခိုရာဖြစ်နိုင်သော အကျိုးပေးကံ ကောင်းသူများ ဖြစ်မည်မှာ မုချ မလွဲပေ။ ဤ ကံ - ကံ၏ အကျိုးတရားသည် ရန်သူမျိုးငါးပါး၏ ရန်မှ အလုံးစုံလွတ်ကင်းသော ကိုယ်ပိုင် ဥစ္စာရတနာတွေလည်းမည်ပေသည်။ ကံ- ကံ၏ အကျိုးကို ယုံကြည်ခြင်းသည်သာလျှင် ဗုဒ္ဓဝါဒ ဖြစ်လေသတည်း။ ထိုကံကို ပီတိ ဖြင့်သာ အရောင်လက်စေအံ့။
မြန်မာ့အရုဏ်သစ် မှ မန်ဘာများ အဝေးရောက် အမှုဆောင်များ အများ၏ကိုယ်စား ယနေ့ပြုအပ်သော ကောင်းမှုကုသိုလ်၏ အကျိုးတရားကံကို အတူတူခံစားကြရပါစေရန် ကုသိုလ် အမျှပေးဝေပါသည် -- ကြည်နူးသော စိတ်ထားဖြင့် ပေးဝေသော ကုသိုလ်တရားတို့ကို ဖြူစင်သော နှလုံးသားဝယ် သိမ်းဆည်းထားနိုင်ကြပါစေ-
``အားလုံး သိသိသမျှ ကုသိုလ်အမျှ----- ကုသိုလ်အမျှ----- ကုသိုလ်အမျှ--- ပေးဝေပါတယ်ခင်ဗျား``
``သာဓု``
``သာဓု``
``သာဓု`` ပါခင်ဗျာ---
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
၂-၁၂-၁၂(တနင်္ဂနွေနေ့)

Saturday, December 1, 2012

2012 Dec-2, ကလေးတွေကို မုန့်သွားကြွေးမယ် လိုက်ကြဦးမလား?

ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။ 2012 Dec-2, ရန်ကုန်မြို့ ရွှေဂုံတိုင် မိဘမဲ့ ကလေးပြုစုရေးဂေဟာမှာ မြန်မာ့ အရုဏ်သစ် အနေနဲ့ မိဘမဲ့ကလေးတွေကို မုန့်သွားကြွေးမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင် မိဘမဲ့ ကလေးပြုစုရေးဂေဟာ လမ်းညွှန်ဖြစ်ပါတယ်။
ဗန်ဒါပင် မှတ်တိုင် အနီးမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အရောက်လာပါ။ ၂ နာရီမှာ ကျွေးမယ်။ ၂ ခွဲ လောက် ပြန်ကြမယ်။ ခဏတဖြုတ်ပါပဲ။
ရန်ကုန်မြို့ ရွှေဂုံတိုင် မိဘမဲ့ ကလေးပြုစုရေးဂေဟာသည် အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့သွားသော ကလေးများကို ဆေးရုံမှ လက်လွဲပေးသော မွေးစကလေး (၄) လ အရွယ်မှ (၈)နှစ်သားအထိအောင် စောင့်ရှောက်ထားသော ဌာန ဖြစ်ကြောင်း သိရှိရပါတယ်။ လက်ရှိ ကလေး ဦးရေ ၁၀၈ ဦး ရှိပါသည်။ မုန့် အယောက် (၁၀၀) စာလောက် စီစဉ်လာရင် လုံလောက်ကြောင်း ကျောင်းအုပ် ဆရာမ ဒေါ်ခင်မာအေး က ပြောပါတယ်။ အချိုကဲသော မုန့်တော့ လက်မခံပါ။ ၂၀၁၂ ဒီဇင်ဘာ (၂) ရက်နေ့ တနင်္ဂနွေနေ့ကို မြန်မာ့အရုဏ်သစ်အတွက် စီနီယာ ချိတ်ခဲ့ပါတယ်။

Event Page
https://www.facebook.com/events/302868493159908/


Friday, October 26, 2012

လာရောက် လှူဒါန်းသွားပါတယ် ခင်ဗျာ


Inline image 5
မသိင်္ဂီသူဇာညွန့်
(မန်ဘာအမှတ် AR10214)
မှ
 မြန်မာ့အရုဏ်သစ် ပရဟိတ
လူမှုကူညီရေးအသင်း၏
လူမှုအကျိုးပြုလုပ်ငန်းများအတွက်
(၁၀) လစာ မန်ဘာလစဉ်မတည်ငွေ
တစ်သောင်း အပါအဝင် လှူဒါန်းငွေ
စုစုပေါင်း ငွေကျပ် သုံးသောင်း တိတိကို
လာရောက် လှူဒါန်းသွားပါတယ် ခင်ဗျာ။
(ဘောက်ချာအမှတ် - ၄၈၁၇ 
၂၆ ရက် အောက်တိုဘာလ ၂၀၁၂

Friday, October 19, 2012

မန်ဘာအသစ်များ ဆက်လက်ကြိုဆိုခြင်း 「2012 Oct 20」

2012 Oct 20 ရက် နေ့စွဲဖြင့် အောက်ပါ မန်ဘာအသစ်များအား ကြိုဆိုပါရစေ။
ဆက်သွယ်ဆောင်ရွက်မည့်သူမှာ အမှုဆောင် မခင်စန္နာထွန်း <ဗဟန်း> ဖြစ်ပါတယ် ခင်ဗျာ...။

Sr. Member ID Name
1 AR10341 ဦးထွန်းသန်း
2 AR10342 ဒေါ်ခင်ခင်
3 AR10343 ဒေါ်မြင့်မြင့်အေး
4 AR10344 ဒေါ်သင်းသင်းစု
5 AR10345 ဒေါ်သန်းသန်းညွန့်
6 AR10346 မခင်နုနုဌေး
7 AR10347 မညိုညိုစန်း
8 AR10348 မကြည်ကြည်စိုး
9 AR10349 ကိုခင်ဇော်
10 AR10350 ဦးဇော်ဝင်းချစ်
11 AR10351 မမိုးချစ်သူ
12 AR10352 မမေချစ်သူ
13 AR10353 ဒါရိုက်တာ အောင်သြဘာ
14 AR10354 မဖြူဖြူအောင်

မန်ဘာအသစ်များ ဆက်လက်ကြိုဆိုခြင်း

နေ့စွဲ 2012 Oct 19 နေ့စွဲဖြင့် အောက်ပါ မန်ဘာအသစ်များအား ကြိုဆိုလိုက်ပါတယ်။ အများစုမှာ အွန်လိုင်းမသုံးသေးသူများ ဖြစ်ပြီး၊ အမှုဆောင် ကိုစိုးနိုင်နဲ့ ဆက်သွယ် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ သွေးလှူဒါန်းပွဲတွင် ဝင်ရောက်ဆင်နွဲကြမည့် အင်အားစုများ ဖြစ်ပါကြောင်း ....။

MemberID Name

AR10260 မချစ်ထူးရင်
AR10261 မဆွေဇင်သိမ့်
AR10262 မမို့မို့အောင်
AR10263 မအိခိုင်ဇာ
AR10264 မနွေဦ

AR10265 မနိုင်နိုင်မော်
AR10266 မနုခိုင်
AR10267 မငုဝါအေး
AR10268 မစိုးမာလာ
AR10269 မပြည့်ဖြိုးခိုင်
AR10270 မဇင်နွယ်မိုး
AR10271 မမအေးအေးသင်း
AR10272 ကိုဆန်းမျိုး
AR10273 မမေမြတ်မျိုး
AR10274 မဖြိုးမေဦး
AR10275 မသီ
AR10276 မဝင်းဝင်းမြင့်
AR10277 မဇင်မာလှိုင်
AR10278 ကိုမင်းသက်ခိုင်
AR10279 ကိုကျော်လင်း
AR10280 ဦးဝင်းဖေ
AR10281 ကိုဝင်းအောင်
AR10282 မသူဇာဝင်း
AR10283 မစန္ဒာအောင်
AR10284 ကိုကျော်မင်းထိုက်
AR10285 မယုယုထွန်း
AR10286 မခင်ခင်စန်း
AR10287 မမျိုးမျိုးခိုင်
AR10288 မစန္ဒာအေး
AR10289 မသန္တာဦး
AR10290 မမြမြစိုး
AR10291 မမြသန်းနွယ်
AR10292 မနေခြည်
AR10293 မဋ္ဌေးဋ္ဌေးခိုင်
AR10294 မမာမာဦး
AR10295 မအေး
AR10296 မမဉ္ဇူ
AR10297 မသင်း
AR10298 မချိုဇင်လှိုင်
AR10299 မအေးနန္ဒာဦး
AR10300 မလှလှဝင်း
AR10301 မသက်သက်မွန်
AR10302 မညိုဝင်း
AR10303 မတင်ဇာမော်
AR10304 မချိုကြည်သာ
AR10305 မစုစုလှိုင်
AR10306 မသင်းမာလာ
AR10307 မမြမြညွန့်
AR10308 မသီတာဝင်း
AR10309 မဖော့
AR10310 မချိုချိုဝင်း
AR10311 မခိုင်မာဦး
AR10312 မထားထားနွယ်
AR10313 မစန်းစန်းမူ
AR10314 မတင်တင်ဝင်း
AR10315 မချောမာ
AR10316 မအေးချို
AR10317 မစိုးမိုးရွှေ
AR10318 မကြည်မူ
AR10319 မလှလှမွန်
AR10320 မဇင်ဝေဖြိုး
AR10321 မခင်နှင်းဝေ
AR10322 မတင်တင်နွဲ့
AR10323 မချမ်းမြေ့သူ
AR10324 မောင်ဟန်လင်းထွန်း
AR10325 ကိုရဲဝင်းဋ္ဌေး
AR10326 မခင်သိင်္ဂီဝင်း
AR10327 မအေးသွယ်
AR10328 မအေးကြူ
AR10329 မအေးအေးခိုင်
AR10330 မသန္တာစိုး
AR10331 မဇာဇာအောင်
AR10332 မဇင်မာအေး
AR10333 မနွဲ့နွဲ့တင်
AR10334 မစန္ဒာဝင်း
AR10335 မမြင့်မြင့်စန်း
AR10336 မအေးအေးလှိုင်
AR10337 မသန်းသန်းဦး
AR10338 မဝင်းဝင်း
AR10339 မကြည်ကြည်ညွန့်

ဆက်လက်၍ အသင်းဝင်အမှတ် AR10340 ဖြင့် ခေတ္တ ကိုရီးယားနိုင်ငံရောက် ကိုစိုးထွဋ်ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

Thursday, October 18, 2012

Membership Application

If you have trouble viewing or submitting this form, you can fill it out online:
https://docs.google.com/spreadsheet/viewform?fromEmail=true&formkey=dDdEenZQX19JSEVIckFVRXFIdmVWTUE6MQ

Membership Application

``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုကူညီရေး အသင်း ၏ အသင်းဝင် အဆိုပြုလွှာဖောင် ဖြစ်ပါတယ်။ မန်ဘာဝင်လိုပါက အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ပါ။ ပြီးလျှင် ဖောင် တင်ရန် Submit ခလုတ်ကို နှိပ်ပါ။ သတိ။ မိတ်ဆွေ ဤစာကို အီးမေးမှ ဖွင့်ဖတ်နေခြင်း ဖြစ်ပါက ဖောင်တင်ရန်အတွက် ၎င်းအီးမေးကို ရီပလိုင်းပြန်ရန် လုံးဝ (လုံးဝ) မလိုအပ်ပါ။ မန်ဘာဝင်လိုပါက မိမိဖွင့်ဖတ်နေသော အီးမေးတွင် လိုအပ်သည့် အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ပြီးလျှင် ဖောင် တင်ရန် Submit ခလုတ်ကို နှိပ်ရန်သာ လိုပါတယ်။ မဖြည့်မနေရ အချက်များအား (*) ပြထားပါတယ်။

မိတ်ဆက်

``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း https://www.facebook.com/groups/Myanma.ArunThit.Org ``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း အကြောင်း ရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ် https://www.facebook.com/groups/Myanma.ArunThit.Org/members/ မြန်မာ့ အရုဏ်သစ် ပရဟိတ လူမှုရေး အသင်း ၏ Fan Page စာမျက်နှာ https://www.facebook.com/Myanma.ArunThit.page အသင်းကိုယ်စားပြု ကောက်ခံပေးရန် တာဝန်ကျ အမှုဆောင်များစာရင်းကို ဤနေရာတွင် ကြည့်နိုင်ပါသည်။ https://docs.google.com/spreadsheet/ccc?key=0Au8_XYy82xrgdFJMbGprY0Zmbk4tTWJySjZvdzdVMGc




















Wednesday, October 10, 2012

မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း၏ စတုတ္ထခြေလှမ်း [ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်), 2012-10-10]

မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း၏ စတုတ္ထခြေလှမ်း [ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်), 2012-10-10]

by မြန်မာ့ အရုဏ်သစ် on Wednesday, 10 October 2012 at 22:29 ·

=======================================

 

ကျွန်တော် ဆရာဖေမြင့် ဘာသာပြန်ထားသော နှလုံးသား အာဟာရ စာအုပ်မှ အကြောင်းရာလေး တစ်ခုကို ပြန်သတိရနေသည်။ အများဖတ်ဖူးပြီးသားမို့ အတိုချုပ်ပြောချင်သေးသည်။ သဘာဝ တရားကြီး တွင် ပင်လယ်လှိုင်း ကြီးများနှင့်အတူ ကြယ်ငါးလေးများ ပါလာသည်။ လှိုင်းပြန်ကျတော့ ကြယ်ငါးလေးတွေ အချို့ လှိုင်းနဲ့အတူ ပြန်ပါမသွားဘဲ သောင်ပြင်မှာတင် ကျန်နေရစ်သည်။ နောက်တစ်ကြိမ် လှိုင်း ပြန်မတတ်ခင် ကြယ်ငါးလေးတွေ သေဆုံးသွားစေနိုင်သည်။ ဒီလို သနားစရာ ကြယ်ငါးလေးတွေ ကို ကယ်တင်ချင်သော သူတစ်ယောက် မက္ကဆီကို ကမ်းခြေတစ်ခုမှာ ကြယ်ငါး လေးတွေကို ကောက်ပြီး ပင်လယ်ကြီးထဲကို ပစ်ပို့ပေးနေသည်။ အခြားတစ်ယောက်က မြင်တော့ ကမ်းခြေမှာ များပြားလှသော ကြယ်ငါးကလေးများ ရှိသဖြင့် ကိုယ်မတတ်နိုင်တဲ့ အားလုံးကို မကယ်တင်နိုင်ဘဲ လုပ်နေသဖြင့် အပြစ် မြင်သလိုပြောသည်။ သူက အေးဆေးစွာဖြင့် ---`` သောင်ပြင်မှာ ရှိတဲ့ အားလုံးသော ကြယ်ငါးလေးတွေ အတွက် ကျွန်တော့်လုပ်ရပ်ဟာ ဘာမှ မထူးခြားပေမယ် ဒီကြယ်ငါးလေးတစ်ကောင်တော့ ထူးခြားသွားတာပေါ့ဗျာ --`` ဟု အေးဆေး တည်ငြိမ်စွာပြော ပြီး ကြယ်ငါးတစ်ကောင်ကို ပင်လယ်ထဲသို့ ရောက်အောင် ပစ်ပို့လိုက်လေသည်--------

 

မိတ်ဆွေ သင့်ရှေ့မှာ ကြယ်ငါးလေး တစ်ကောင် ကို တွေ့ရရင်ရော -- မိတ်ဆွေ ဘာလုပ်မည်နည်း။

 

လူ့ဘဝလည်း အလားတူပင် များပြားလှသော ဆင်းရဲနွမ်းပါးသူများ။ မသေသင့်သောရောဂါလေးဖြင့် အသက်ကို ပေးဆပ်လိုက်ရသော မပြည့်စုံသူများ။ အစာ တစ်လုပ်အတွက် နေဝင်မိုးချုပ် ချွေးဒီးဒီး ကျအောင် လုပ်ကိုင်စားသောက်နေကြရသူများ။ ဆင်းရဲနွမ်းပါ၍ ပညာသင်လိုလှသော်လည်း အလှမ်းဝေးနေသူများ။ --- ဘဝရှင်သန်ရေးအတွက် မတန်မရာပေးဆပ်နေရသူများ။ များစွာ များစွာ ရှိသော်လည်း အားလုံးကို မကယ်တင်နိုင်သော အကြောင်းပြချက်တစ်ခုဖြင့် လျစ်လျှူ ရှု့ထားသင့်ပါသလား။ ဆန္ဒအမျိုးမျိုး ရှိကြပေလိမ့်မည်။ ယခု လောလောဆယ် ကျွန်တော်တို့ (မြန်မာ့အရုဏ်သစ်) ရှေ့တွင် ကြယ်ငါးလေး တစ်ကောင် မြင်နေရသည်------။

 

၁))

 

သူမ၏ အမည်မှာ -မခင်စောမွှေး ဖြစ်သည်။ မွေးချင်း မောင်နှမ ၇ ယောက်ရှိသည်။ မော်လမြိုင်မြို့ မဟာသီရိလမ်း ဆန်တန်း ရပ်တွင်နေသည်။ သူတို့ မိသားစု၏ စိတ်မကောင်းစရာ ကံကြမ္မာ အားနည်းချက်တစ်ခုမှာ အရွယ်ရောက်လာတာနဲ့ နားမကြားရတော့ချေ။ မကြီး မခင်စောမွှေး တောင် အသက် အနည်းငယ်ရသည်အထိ နားကြားရ၍ ဓါတုဗေဒ အထူးပြုဖြင့် ဘွဲ့ရခဲ့သည်။ ကျန်မောင်နှမတွေမှာ အလယ်တန်း အထက်တန်း ရောက်တာနဲ့ နားမကြားရတော့သဖြင့် ကျောင်းထွက်ခဲ့ရသည်။ သည်ရပ်မှာ သူတို့မိသားစုကို နားမကြား မိသားစု ဟု အပြင်မှာ ခေါ်ဝေါ်ကြသည်။ နှိမ်ချလိုသော စိတ်ဖြင့်ခေါ်ခြင်းကားမဟုတ်။ မြန်မာတို့၏ အလွယ် အမည်ပေး သမုတ်တတ်သည့်ဓလေ့မှန်း သိပါသည်။

အာရုံ (၆)ပါးထဲက အကြားအာရုံ ချို့တဲ့ပျက်ယွင်းတာနဲ့တင် လူမှုစီးပွားရေး ရှင်သန်အောင် အသက်မွေးရန် များစွာခက်ခဲပင်ပန်းလှသည်။ သို့သော် အမကြီး အမိအရာ ဟူသောစိတ် ၊ မလျှော့သော ဇွဲဖြင့် မိသားစု မွေးချင်း ၇ ယောက်ကို ချို့တဲ့စွာ စက်ချုပ်သောအလုပ်ဖြင့် ရှာဖွေကျွေးမွေးခဲ့သည်မှာ ယခုထိ။ ဖခင်ကြီးကတော့ ဆုံးပါးသွား၇ှာပေပြီ။ မိခင်ကြီးမှာလည်း ကျမ်းမာရေးက ချူချာလှသည်။ ဆေးနှင့် မပြတ်။ မြန်မာဆိုရိုးစကားရှိသည်--``ရှင်နည်းရာ အဂ္ဂလူထွက် ```` နူရာဝဲစွဲ လဲရာ သူခိုးထောင်း```` မြေနိမ့်ရာလှံစိုက်```` ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ`` စသော စကားပုံတွေ အများကြီးရှိလာတာကပဲ ကိုယ်လိုလူ အများကြီး ရှိခဲ့လို့ပဲဟု ဖြေဆည်ရမလို။ စားဝတ်နေရေး အဆင်ပြေအောင် ကြိုးစားရုန်းကန်နေရသည့်ကြားက သည်းခြေတွင် ကျောက်တည် သည်တဲ့။ မွေးသမိခင်၏ ကျမ်းမာရေးကို ဦးစားပေး ကုသနေရခြင်း။ စားဝတ်နေရေးအတွက် အဆင်ပြေအောင် လှုပ်ရှားရုံးကန်နေရခြင်းကြောင့်

ကိုယ့်ရောဂါကို ဟိုးး နောက်ဆုံးမှာ ထားရင်း ထားရင်း ဆေးမီးတိုလေးဖြင့်သာ ကုသရင်း သည်းခြေတွင် ကျောက်တည်တာ ဆိုးရွားသည့်အနေသို့ ရောက်လာရသည်။ ဆရာဝန်က သုံးသိန်းလောက်ရှာထား ခွဲစိတ်ကုသရမည်ဆို၏။ သုံးသိန်း------ သုံးသိန်း------ သုံးသိန်း---- ချမ်းသာသော သူတစ်ယောက်အတွက် သုံးသိန်းသည် တစ်ခဏ အသုံး၊ မထင်ရှားသော စာရင်းမရှိအသုံးသေး ဖြစ်သော်လည်း သူ့အတွက်တော့ အသက်၏ တန်ဘိုး ညီမျှခြင်း သုံးသိန်းဖြစ်နေသည်။ သုံးသိန်းမရလျှင် မရှာနိုင်လျှင် အသက်တစ်ချောင်း မသေသင့်ပဲ ကြွေလွင့်နိုင်သည်။ ကျွန်တော် ကြယ်ငါးလေးကို သတိရလိုက်သည်။ အခြား ကြယ်ငါးလေးတွေကို မတွေးအား၊ ရှေ့မှာ တွေ့နေရသော ကြယ်ငါးလေး တစ်ကောင်တော့ဖြင့် ပင်လယ်ထဲကို ရှင်သန်ခွင့်ရရင် ပို့ပေးလိုက်ချင်ပါသည်။

(လူနာမှ အကူအညီတောင်းခြင်းမဟုတ်ပါ။ ကျွန်တော်တို့ အသင်းဝင် တစ်ဦးဖြစ်သော လားလျှိုးမှ ညီမငယ် မစန္ဒာမှ လူနာ၏ မိသားစုအခြေအနေကိုသိ၍ စိတ်သဘောထား ဖြူစင်သည်ကို သိ၍ ကူညီချင်သည့် သဒ္ဓါတရား ရှိသော်လည်း သူတစ်ယောက်တည်း မတတ်နိုင်၍ ကျွန်တော်တို့ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်းသို့ ပြောပြ အကူအညီတောင်းလာပါသည်။ ကျွန်တော်လည်း ငြင်းဆိုနိုင်သည့် နှလုံးသား မရှိသဖြင့် ကျွန်တော်တစ်ယောက်တည်းလည်း မတတ်နိုင်သေးသဖြင့် အသင်းမှ အမှုဆောင်များဖြစ်သော ကိုလူစိမ်းနှင့် ကိုဂွတ်လဒ်ဇော်တို့ဆီ ပြောပြကာ သဘောတူညီမှုယူပြီး အသင်းပေ့ခ်ျတွင်တင်ကာ တတ်အားသမျှ ကူညီလူဒါန်းနိုင်ရန် တင်ပြပါသည်။ ကျွန်တော်က ခွဲစိတ်ကုသမှုတွင် သုံးရန် ၅၀၀၀၀ (ငါးသောင်းကျပ်)လှုဒါန်းပါမည်။ မစန္ဒာမှ ၂၀၀၀၀(နှစ်သောင်းကျပ်) ဒီနေ့ လွှဲလိုက်ပါသည်။ ကိုလူစိမ်းမှလည်း ၂၀၀၀၀ (နှစ်သောင်းကျပ် လှုပါမည်) ဟု ဖုန်းဆက်ပါသည်--- လှုဒါန်းရန် ဆန္ဒရှိသူများ ကူညီလှုဒါန်းကြပါဦး ဟု မေတ္တာရပ်ခံပါသည်။ မြန်မာ့အရုဏ်သစ်ရဲ့ စတုတ္ထ ခြေလှမ်းလေးတစ်လှမ်း ပေါ့ခင်ဗျာ)

 

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

Sunday, October 7, 2012

"ပီတိကိုစား………. အားဖြစ်စေသည်” [2012 Oct 7]


2012/10/7 "☆•❤´¯``သိဂီၤ´¯``❤•☆ -" <ms.theinginwe@gmail.com>
"ပီတိကိုစား………. အားဖြစ်စေသည်"

ဒီနေ့ကျမတို့ရဲ့ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်းရဲ့ တတိယမြောက်ခြေလှမ်း "မြိုင်" သီလရှင်ကျောင်းသို့ လှူဒါန်းတဲ့ နေ့ထူးနေ့မြတ်လေးတစ်နေ့ ဖြစ်ပါတယ်။

စနေနေ့ညက သန်းခေါင်ယံအချိန်မှာ မြန်မာ့အရုဏ်သစ်ရဲ့ လှူဒါန်းတဲ့အလှူငွေတွေ ကြေငြာဖို့ ကျမ အွန်လိုင်းပေါ်ရောက်ခဲ့ပါတယ်။ မန္တလေးသား မောင်ဂျက်ဂါက အမှုဆောင်များ "အိပ်တော့လေ မနက်လှူဒါန်းပွဲသွားတဲ့အခါ မျက်နှာမလန်း ဖြစ်နေမယ်"­­­ ဆိုတဲ့ သတိပေးစကား တွေ့ပေမယ့် ပီတိများနဲ့အတူ အလှူငွေစာရင်းများကြေငြာပေးရင်း
(ကွန်နက်ရှင် မကောင်းသောကြောင့်) ည ၂ နာရီမှ အိပ်ရာထဲဝင်ခဲ့ပါ တယ်။

(၇.၁၀.၂၀၁၂) တနင်္ဂနွေနေ့ ၆ နာရီမှာပဲ လန်းဆန်းတက်ကြွစွာနဲ့ အိပ်ရာနိုးခဲ့ပါတယ်။ သာကေတ မှာနေတဲ့ကျမအတွက် ၁၀ မိုင်ကုန်းကို ၉ နာရီရောက်ဖို့ ၇ နာရီကတည်းက ထွက်မှဖြစ်မှာလေ။ ကားပေါ်မှာ သာကေတ အထွက် အနည်းငယ်ငိုက်မှေးတာကလွဲပြီး လန်းဆန်းတက်ကြွနေခဲ့ပါတယ်။ မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့နှင့်အတူ ၉ မိုင် Ocean မှ မဥမ္မာလှိုင်က သူ့မွေးနေ့အတွက် လာရောက်လှူဒါန်းသွားတဲ့ ကလေးများဝေဖို့ သကြားလုံးပုံးကြီး ၂ ပုံး၊ အခြားလှူဖွယ်ပစ္စည်းများနဲ့အတူ "မြိုင်" သီလရှင်ကျောင်းလေးသို့ တက်ကြွစွာနဲ့ ကျမတို့အဖွဲ့ ခရီးစခဲ့ပါတယ်။ ကားပေါ်မှာလည်း မြန်မာ့အရုဏ်သစ် မန်ဘာဝင်တစ်ချို့ကို ကျမတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်များကို ပြောပြရင်း ပျော်မဆုံးပါပဲ။

"မြိုင်" သီလရှင်ကျောင်းအရောက် အားလုံးကတက်ကြွစွာ ကျမတို့အဖွဲ့ရဲ့ ဗီနိုင်းကြီးချိတ်သူချိတ်နဲ့ မောင်ဖိုးသကြားဆိုရင် စနေနေ့ညက မိုးလင်းကာနီးမှ အိပ်ရာဝင်ပေမယ့် တက်ကြွလန်းဆန်းစွာ သူ့ရဲ့ သုံးချောင်းထောက် ကင်မရာကြီး တကားကားနဲ့ မှတ်တမ်းတင်နေတယ်လေ။ ကိုလူစိမ်းကြီးကတော့ ကျမတို့နဲ့အတူ ကျောင်းအပေါ်ထပ်တက်ပြီး ဗီနိုင်းကြီးတက်ချိတ်လို့…… ပြီးတော့အောက်ဆင်းပြီး ကိုစိုးနိုင်၊ ဟင်္သာတသားလေး ကောင်းမြတ်ကိုကို၊ မန်ဘာဝင်တို့နဲ့အတူ လှူဖွယ်ပစ္စည်းတွေ ဘုရားရှေ့နေရာချလို့ တက်ကြွနေကြပါတယ်။ ကိုစိုးနိုင်ရဲ့ မဒီကြီးကလည်း ပါရမီ ဖြည့်ဖက်ပီသစွာ တပြုံးပြုံးနဲ့ လှူဖွယ်ပစ္စည်းကိစ္စတွေ စီစဉ်လို့ ကိုစိုးနိုင်ရဲ့သားသမီးတွေ ကိုလူစိမ်းရဲ့ပါရမီဖြည့်ဖက် မဒီနဲ့ သမီးတွေလည်း တက်ကြွစွာနဲ့ တစ်တပ်တစ်အား ကူညီပေးနေကြပါတယ်။ မျက်နှာသွင်ပြင် အားလုံးက အပြင်မှာ ပူပြင်းနေပေမယ့် အေးချမ်းတက်ကြွစွာ ရွှင်လန်းနေကြပါတယ်။

"မြိုင်" သီလရှင်ကျောင်းမှ ဆရာလေးများနဲ့ မိဘမဲ့ကလေးများကို ထမင်းကျွေးပြီး ကျမတို့ထမင်းစားကြပါတယ် (စားလို့ကလွှတ်ကောင်းပါပဲ) :D ။ ထမင်းစားပြီးသွားတဲ့အခါ "မြိုင်" သီလရှင်ကျောင်းမှ ကျောင်းထိုင်ဆရာလေးက တရားပေး ရေစက်ချ အမျှဝေတဲ့အခါ ဟောကြားတဲ့ တရားရဲ့ ရည်ရွယ်ချက်ကတော့……….. နည်းနည်းနဲ့ စုပေါင်းပြီး လှူဒါန်းခဲ့ကြလို့ ဒီဘ၀တင်မက နောင်ဘ၀ သံသရာအဆက်ဆက်မှာလည်း ဒီလူတွေပဲ ရေစက်ဆုံကြပြီး အလှူရေစက် လက်နဲ့မကွာလှူဒါန်းကြရတယ်….ဆိုတ
ဲ့အကြောင်းလေးပေါ့... ။ အခု ကျမတို့အဖွဲ့လည်း ၃ လအတွင်း ဒီလိုကြီးမားတဲ့ အလှူဒါနတွေ ပြုကြရတယ်၊ဆုံကြရတယ် ဆိုတာကလည်း ရှေးကရေစက်ရှိခဲ့ကြလို့ပဲ….လို့ တွေးမိပါတယ်။

ရေစက်ချအမျှပေးဝေ သာဓုခေါ်သံများနဲ့အတူ ………………

အားလုံး ကြားကြားသမျှ လှူဒါန်းကြကုန်သော အဖွဲ့ဝင်များအားလုံး အမျှ အမျှ အမျှ ယူတော်မူကြပါ......

သာဓု…. သာဓု….. သာဓု…….။


ဒီလို လှူဒါန်းလိုက်ရလို့ ရတဲ့ ပီတိတွေက ဘယ်လောက်ပဲ မောပန်းခဲ့ မောပန်းခဲ့ အားဆေးတစ်ခွက်လို့ ကျမတို့ မြန်မာ့အရုဏ်သစ်ပရဟိတလူမှုကူညီရေး အသင်းအတွက် နောက်လာမဲ့ ခြေလှမ်းများအတွက် ပိုမိုလို့ အင်အားဖြစ်စေပါတော့တယ်……
သိဂီၤ

(မြန်မာ့အရုဏ်သစ်ပရဟိတလူမှုကူညီရေးအသင်း)


သာဓု…. သာဓု….. သာဓု…….ပါ ခင်ဗျာ