Facebook

Monday, August 14, 2017

2017 August 27th (Sun), Healthcare activity by Myanma Arunthit at Than Soet Pin Vliiage

























 




ဒီလ ၂၇ ရက်နေ့မှာ ပဲခူးတိုင်း သံစို့ပင်ကျေးရွာအုပ်စု ကျန်းမာရေးအသိပညာတိုးတတ်ရေးနဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေး အခမဲ့ဆေးဝါးကုသမှုပရဟိတအဖြစ် အိမ်ခြေ ထောင်ကျော်ရှိတဲ့ သံစို့ပင်ရွာမှာ ကုသမှာမို့ မြန်မာ့အရုဏ်သစ်နဲ့ စိတ်တူစေတနာတူ လိုက်ပါကုသပေးသော ဆရာဝန်များ ဆေးဝါးကျွမ်းကျင်သူများ သူနာပြုများ လိုက်ပါကူညီပေးသည့်စေတနာရှင်ဗော်လန်တီယာများ ဆေးဝါးအတွက်လှူဒါန်းပေးသော အလှူရှင်များ သြစတေးလျ DAP မှတာဝန်ရှိသူများကို လေးစားကျေးဇူးတင်စွာ ဖိတ်မန္တကပြုပါကြောင်း။

မြန်မာ့အရုဏ်သစ် — with Phyo Tint Naing and 12 others.

Soe Naing

Friday, July 28, 2017

Improving the Quality of Life in the Than Soet Pin Community

 Improving the Quality of Life in the Than Soet Pin Community - IQLTC



reference number: 
DAP/ RANG/ 2016-2017/ 101 
which was under 
the agreement between 

DAP Australian Embassy 

and 

Myanmar Arunthit Parahita Association

Saturday, July 22, 2017

ကျနော်တို့တိုင်းပြည်အတွက် လုပ်နိုင်သလောက်လေး ဝိုင်းကူထမ်းရအောင်။

Motto of Ministry of Health, Myanmar

(non-Unicode)
ရည္မွန္းခ်က္

၁) လူတိုင္းသက္တမ္းေစ့အသက္ရွည္စြာေနႏိုင္ေရး
၂)လူတိုင္းေရာဂါဘယကင္းရွင္းေရး

ရည္မွန္းခ်က္ကိုအေကာင္အထည္ေဖာ္ရန္ နည္းလမ္း ၃ ရပ္

၁)ေက်းလက္ေဒသ ေအာက္ေျခအထိက်န္းမာေရးအသိပညာေပးျခင္း
၂)ေရာဂါကာကြယ္တားဆီးျခင္း
၃)ေရာဂါျဖစ္ပြားလွ်င္ထိေရာက္စြာကုသေပးျခင္း

#က်န္းမာေရးဝန္ႀကီးဌာန
Myanma Arunthit's Blood Donors gathering for Mass Blood Donation

အထက္ပါ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ရည္မွန္းခ်က္နဲ႕ အေကာင္ထည္ေဖာ္ရန္ နည္းလမ္းေတြကို ဖတ္မိေတာ့ က်ေနာ္ တစ္ေယာက္တည္း ျပဳံးျပီးပီတိျဖစ္မိတယ္။ ဘာျဖစ္လို႕လဲဆိုေတာ့ က်ေနာ္တို႕ျမန္မာ့အ႐ုဏ္သစ္ရဲ႕ ၂၀၁၇ ခုႏွစ္တစ္ႏွစ္လုံး က်န္းမာေရးပရဟိတေဖာ္ေဆာင္ေနတာဟာ မထင္မွတ္ပဲ ဝန္ႀကီးဌာနရဲ႕ ရည္မွန္းခ်က္နဲ႕ ထပ္တူက်ေနလို႕ပါ။
၁)ပဏာမ က်ေနာ္တို႕တစ္အိမ္တတ္ဆင္း က်န္းမာေရး စီးပြားေရး လူေနမွဳအဆင့္ေတြကိုစစ္တမ္းေကာက္ပါတယ္
၂)အျဖစ္မ်ားေသာေရာဂါနဲ႕ အဲဒီေရာဂါအေပၚ ေဒသခံေတြဘယ္ေလာက္သိထားလဲ ေမးျမန္းမွတ္တမ္းတင္ပါတယ္
၃)ေရစစ္အိုး ေဆးစိမ္ျခင္ေထာင္ ျခင္ေဆးျဖန္းျခင္း ပိုးသတ္ေဆးျပား စတာေတြလွဴပါတယ္ ၾသစေတးလွ်ရဲ႕ DAP ကပါဝင္လွဴေပးပါတယ္
၄)တစ္လတစ္ႀကိမ္ တစ္ႀကိမ္တစ္ရြာႏွဳံး
*က်န္းမာေရးဗဟုသုတ
*ေဆာင္ရန္ေရွာင္ရန္ လိုက္နာရန္ေတြကို ဆရာဝန္မ်ားမွ ေဟာေျပာပါတယ္
*လက္ရွိ ေဆးကုသရန္လိုတဲ႕ လူနာမ်ားကို အခမဲ႔ကုသေပးပါတယ္
ဒီေနရာမွာ ေဟာေျပာပြဲကေနရတဲ႕ က်န္းမာေရးဗဟုသုတ အသိအျမင္ဟာ တစ္ကယ္ထိေရာက္တဲ႕ကာကြယ္မွဳဆိုတာ သိလိုက္ရတယ္။ ဟိုအရင္ေခာတ္တုန္းကလို ေျပာတဲ႕လူကေျပာခ်င္ရာေျပာ နားေထာင္တဲ႕လူက ဝတ္ေက်တန္းေက်နားေထာင္ ပီးပီးေရာမဟုတ္ပါဘူး။ စိတ္ဝင္တစားေမးႀက ေျဖၾက ထင္ျမင္ခ်က္ေပးၾက ေဆြးေႏြးၾကနဲ႕ တစ္ကယ္ထိေရာက္လို႕ ဝမ္းသာမိပါတယ္။
Villagers from remote area come to have medical checkup in Myanma Arunthit's DAP health-care event, Pegu, Bawnatgyi, Than Soet Bin Village.

ဒီလို တစ္လတစ္ၾကိမ္ ေဆးကုသေပးရာမွာ လိုအပ္တဲ႕ေဆးဝါးေတြ စမ္းသက္ကိရိယာေတြကို အသင္းက အမွဳေဆာင္မ်ားနဲ႕အမ်ားရဲ႕ပါဝင္လွဴဒါန္းေငြနဲ႕ သုံးပါတယ္။
ေဖ့စ္ဘုတ္သုံးရင္း ဖတ္မိတဲ႕စိတ္ထဲစြဲေနတဲ႕စကားေလးလည္းရွိပါတယ္ အဲဒါက

"တိုင္းျပည္က သင့္အတြက္ဘာလုပ္ေပးႏိုင္မလဲဆိုတာထက္ သင္က တိုင္းျပည္အတြက္ ဘာလုပ္ေပးႏိုင္မလဲ ဆိုတာက ပိုအေရးႀကီးတယ္"
ဆိုတဲ႕အဓိပၸါယ္ရ စကားေလးပါပဲ။

က်ေနာ္တို႕လူတိုင္း တိုင္းျပည္ကိုခ်စ္ၾကပါတယ္
ဒါေၾကာင့္ က်ေနာ္တို႕တိုင္းျပည္အတြက္ လုပ္ႏိုင္သေလာက္ေလး ဝိုင္းကူထမ္းရေအာင္။

#ျမန္မာ့အ႐ုဏ္သစ္
(ေဆးဖိုးပါဝင္လွဴဒါန္းႏိုင္ပါသည္)
ေန႕ရက္ ) ၃၀ ဇူလိုင္ ၂၀၁၇
ေနရာ ) ေရနီေျမာင္ေက်းရြာ(ဝင္းကရင္) သံစို႕ပင္ေက်းရြာအုပ္စု ပဲခူးတိုင္း
Myanma Arunthit's Donation Event for DAP - One Family One Pure-Water Pot Project 2017

~~~
(Unicode)
ရည်မှန်းချက်

၁) လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေး
၂)လူတိုင်းရောဂါဘယကင်းရှင်းရေး

ရည်မှန်းချက်ကိုအကောင်အထည်ဖော်ရန် နည်းလမ်း ၃ ရပ်

၁)ကျေးလက်ဒေသ အောက်ခြေအထိကျန်းမာရေးအသိပညာပေးခြင်း
၂)ရောဂါကာကွယ်တားဆီးခြင်း
၃)ရောဂါဖြစ်ပွားလျှင်ထိရောက်စွာကုသပေးခြင်း

#ကျန်းမာရေးဝန်ကြီးဌာန
Myanma Arunthis's Volunteer Dentist Doctor taking care of children in DAP Healthcare program in Yay Ni Myaung Village, 2017

အထက်ပါ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်နဲ့ အကောင်ထည်ဖော်ရန် နည်းလမ်းတွေကို ဖတ်မိတော့ ကျနော် တစ်ယောက်တည်း ပြုံးပြီးပီတိဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မြန်မာ့အရုဏ်သစ်ရဲ့ ၂၀၁၇ ခုနှစ်တစ်နှစ်လုံး ကျန်းမာရေးပရဟိတဖော်ဆောင်နေတာဟာ မထင်မှတ်ပဲ ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်နဲ့ ထပ်တူကျနေလို့ပါ။
၁)ပဏာမ ကျနော်တို့တစ်အိမ်တတ်ဆင်း ကျန်းမာရေး စီးပွားရေး လူနေမှုအဆင့်တွေကိုစစ်တမ်းကောက်ပါတယ်
၂)အဖြစ်များသောရောဂါနဲ့ အဲဒီရောဂါအပေါ် ဒေသခံတွေဘယ်လောက်သိထားလဲ မေးမြန်းမှတ်တမ်းတင်ပါတယ်
၃)ရေစစ်အိုး ဆေးစိမ်ခြင်ထောင် ခြင်ဆေးဖြန်းခြင်း ပိုးသတ်ဆေးပြား စတာတွေလှူပါတယ် သြစတေးလျှရဲ့ DAP ကပါဝင်လှူပေးပါတယ်
၄)တစ်လတစ်ကြိမ် တစ်ကြိမ်တစ်ရွာနှုံး
Myanma Arunthit's Volunteer Doctor sharing Health Knowledge in DAP Health Care Program in Win Ka Yin Village, 2017

*ကျန်းမာရေးဗဟုသုတ
*ဆောင်ရန်ရှောင်ရန် လိုက်နာရန်တွေကို ဆရာဝန်များမှ ဟောပြောပါတယ်
*လက်ရှိ ဆေးကုသရန်လိုတဲ့ လူနာများကို အခမဲ့ကုသပေးပါတယ်
ဒီနေရာမှာ ဟောပြောပွဲကနေရတဲ့ ကျန်းမာရေးဗဟုသုတ အသိအမြင်ဟာ တစ်ကယ်ထိရောက်တဲ့ကာကွယ်မှုဆိုတာ သိလိုက်ရတယ်။ ဟိုအရင်ခေါတ်တုန်းကလို ပြောတဲ့လူကပြောချင်ရာပြော နားထောင်တဲ့လူက ဝတ်ကျေတန်းကျေနားထောင် ပီးပီးရောမဟုတ်ပါဘူး။ စိတ်ဝင်တစားမေးကြ ဖြကြေ ထင်မြင်ချက်ပေးကြ ဆွေးနွေးကြနဲ့ တစ်ကယ်ထိရောက်လို့ ဝမ်းသာမိပါတယ်။
ဒီလို တစ်လတစ်ကြိမ် ဆေးကုသပေးရာမှာ လိုအပ်တဲ့ဆေးဝါးတွေ စမ်းသက်ကိရိယာတွေကို အသင်းက အမှုဆောင်များနဲ့အများရဲ့ပါဝင်လှူဒါန်းငွေနဲ့ သုံးပါတယ်။
Villagers attending Myanma Arunthit's Health Knowledge sharing talks in DAP Health Care Program in Win Ka Yin Village, 2017

ဖေ့စ်ဘုတ်သုံးရင်း ဖတ်မိတဲ့စိတ်ထဲစွဲနေတဲ့စကားလေးလည်းရှိပါတယ် အဲဒါက

"တိုင်းပြည်က သင့်အတွက်ဘာလုပ်ပေးနိုင်မလဲဆိုတာထက် သင်က တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာက ပိုအရေးကြီးတယ်"
ဆိုတဲ့အဓိပ္ပါယ်ရ စကားလေးပါပဲ။
Myanma Arunthit's Volunteers participating in DAP Healthcare knowledge sharing talks in Mote Shit Wa Village, 2017

ကျနော်တို့လူတိုင်း တိုင်းပြည်ကိုချစ်ကြပါတယ်
ဒါကြောင့် ကျနော်တို့တိုင်းပြည်အတွက် လုပ်နိုင်သလောက်လေး ဝိုင်းကူထမ်းရအောင်။

#မြန်မာ့အရုဏ်သစ်
(ဆေးဖိုးပါဝင်လှူဒါန်းနိုင်ပါသည်)
နေ့ရက် ) ၃၀ ဇူလိုင် ၂၀၁၇
နေရာ ) ရေနီမြောင်ကျေးရွာ(ဝင်းကရင်) သံစို့ပင်ကျေးရွာအုပ်စု ပဲခူးတိုင်း
Ko Min Thet San, Executive Member of Myanma Arunthit is shooting event photos in DAP Healthcare program event.
Author: Ko Soe Naing
Original Post Link
https://www.facebook.com/soe.naing.56/posts/1379682575479139

Wednesday, May 10, 2017

Live Donor for Blood AB+ urgently required

AB+ ေသြးတစ္လံုးေလာက္ ရန္ကင္းကေလးေဆးရံုမွာ ေသြးလြန္တုပ္ေကြးျဖစ္တဲ့ကေလးအတြက္လိုေနလို႔ပါ
လူနာရွင္ ဦးလွိုင္ဝင္းၾကည္
Ph:09250004499
ေမလ ၁၀ရက္ ၂၀၁၇ ခု

<Unicode>
AB+ သွေးတစ်လုံးလောက် ရန်ကင်းကလေးဆေးရုံမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေးအတွက်လိုနေလို့ပါ
လူနာရှင် ဦးလှိုင်ဝင်းကြည်
Ph:09250004499

မေလ ၁၀ရက် ၂၀၁၇ ခု

Friday, April 21, 2017

Butterfly: beyond a pupa


 ~~(Zawgyi)~~
#လိပ္ျပာ

လူတစ္ေယာက္က လိပ္ျပာျဖစ္ခါနီး ပိုုးေကာင္ေလး ပိုုးအိမ္ေလးအတြင္းမွာရွိေနတာကိုု ေတြ႕လိုုက္ပါတယ္။ စိတ္၀င္စားတာနဲ႕သူ႕အိမ္ကိုုယူလာခဲ့ပါတယ္။
နာရီအနည္းငယ္ၾကာေတာ့ ပိုုးအိမ္ရဲ႕ အေပါက္ေသးေသးေလးထဲကေန လိပ္ျပာေလးက ထြက္ဖိုု႕ႀကိဳးစားတာကိုု ေတြ႕ရပါတယ္။ ဒါေပမယ့္ အေပါက္ေလးက ေသးလြန္းေတာ့ လိပ္ျပာေလးက မထြက္ႏိုုင္ပါဘူး။
အခ်ိန္နည္းနည္းၾကာလာေတာ့ စိတ္မရွည္ေတာ့ပဲ လိပ္ျပာေလးကိုု ကူညီေပးဖိုု႕ သူ ဆံုုးျဖတ္လိုုက္ပါတယ္။ ကပ္ေၾကးတစ္လက္ယူၿပီး ပိုုးအိမ္ေလးကိုု ညွပ္ေပးလိုုက္ပါတယ္။ လိပ္ျပာေလးက လြတ္လပ္စြာ ထြက္လာႏိုုင္ပါတယ္။
ဒါေပမယ့္ ထြက္လာတဲ့လိပ္ျပာေလးက သာမာန္လိပ္ျပာနဲ႕မတူပဲ ခႏၶာကိုုယ္ကလည္း ေဖာင္းကားေနၿပီး ေတာင္ပံမ်ားကလည္း ေသးငယ္ၿပီး ေပ်ာ့ေနပါတယ္။ သူလည္း လိပ္ျပာေလးကိုု ဆက္ၾကည့္ေနမိတယ္။ ေမွ်ာ္လင့္မိတာက လိပ္ျပာရဲ႕ခႏၶာကိုုယ္ေလး သူ႕ဖာသာသူ ေသးငယ္သြားၿပီး ေတာင္ပံေတြ ၾကံ႕ခိုုင္လာဖိုု႕ပါ။ အခ်ိန္တန္ရင္ လိပ္ျပာေလး ပ်ံ႔ႏိုုင္မယ္လိုု႕ သူ ယံုုၾကည္ေနပါတယ္။
ဒါေပမယ့္ သူယံုုၾကည္သလိုု ျဖစ္မလာခဲ့ပါဘူး။
လိပ္ျပာေလးက သူ႕ရဲ႕ လက္က်န္ဘ၀အခ်ိန္မ်ားကိုု ေဖာင္းကားေနသာ္ခႏၶာကိုုယ္နဲ႕ ေသးငယ္ေသာ ေတာင္ပံမ်ားနဲ႕အတူ တေရြ႕ေရြ႕နဲ႕ပဲ ကုုန္ဆံုုးရပါေတာ့တယ္။
သူနားမလည္လိုုက္တာက ပိုုးအိမ္ေလးရဲ႕တားဆီးမႈက လိပ္ျပာေလး ေနာက္ေနာင္ ေကာင္းမြန္စြာပ်ံ႔သန္းႏိုုင္ဖိုု႕အတြက္ ဆိုုတာကိုု နားမလည္လိုုက္တာပါပဲ။
လိပ္ျပာေလးက ပိုုးအိမ္အေပါက္ေလးကေန မရရေအာင္ တိုုးထြက္မွသာ သူ႕ခႏၶာကိုုယ္ထဲက ေရဓါတ္ေတြ ထြက္သြားမွာျဖစ္ၿပီး သူ႕ေတာင္ပံကလည္း ေနာက္ေနာင္ပ်ံ႔သန္းႏိုုင္ေလာက္ေအာင္ ၾကံ႕ခိုုင္လာမွာ ျဖစ္ပါတယ္။
တစ္ခါတစ္ေလမွာ ႐ုုန္းကန္ရမႈဆိုုတာ ဘ၀အတြက္ မရွိမျဖစ္ လိုုအပ္ခ်က္ပဲ ျဖစ္ပါတယ္။ တားဆီးမႈေတြရွိေနမွသာ ၾကံ႕ခိုုင္ေသာ လူသားေတြကိုု ေမြးထုုတ္ႏိုုင္မွာပါ။ ဒါမွပဲ အခ်ိန္တန္ရင္ ပ်ံ႔သန္းႏိုုင္ေလာက္ေအာင္ အင္အားေတြ ရွိေနမွာပါ။

Credit :
(ဘဝအခက္ခဲေတြနဲ႕ရင္ဆိုင္ဖူးသူေတြဟာ အစစအဆင္ေျပေနတဲ႔သူေတြထက္ ႀကံ႕ခိုင္တယ္ အရည္အေသြးျပည့္တယ္ ကိုယ့္ကိုယ္ကို ယုံၾကည္မွဳရွိလို႕ တည္ျငိမ္ေစတယ္)
(ဖုတၳႆ ေလာကဓေမၼဟိ စိတၱံယႆ နကမၸတၱိ အေသာကံ ဝီရဇံ ေခမံ) ျဖစ္ေစပါတယ္။

Ko Soe Naing



 ~~(Unicode)~~
#လိပ်ပြာ

လူတစ်ယောက်က လိပ်ပြာဖြစ်ခါနီး ပိုးကောင်လေး ပိုးအိမ်လေးအတွင်းမှာရှိနေတာကို တွေ့လိုက်ပါတယ်။ စိတ်ဝင်စားတာနဲ့သူ့အိမ်ကိုယူလာခဲ့ပါတယ်။
နာရီအနည်းငယ်ကြာတော့ ပိုးအိမ်ရဲ့ အပေါက်သေးသေးလေးထဲကနေ လိပ်ပြာလေးက ထွက်ဖို့ကြိုးစားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အပေါက်လေးက သေးလွန်းတော့ လိပ်ပြာလေးက မထွက်နိုင်ပါဘူး။
အချိန်နည်းနည်းကြာလာတော့ စိတ်မရှည်တော့ပဲ လိပ်ပြာလေးကို ကူညီပေးဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။ ကပ်ကြေးတစ်လက်ယူပြီး ပိုးအိမ်လေးကို ညှပ်ပေးလိုက်ပါတယ်။ လိပ်ပြာလေးက လွတ်လပ်စွာ ထွက်လာနိုင်ပါတယ်။
ဒါပေမယ့် ထွက်လာတဲ့လိပ်ပြာလေးက သာမာန်လိပ်ပြာနဲ့မတူပဲ ခန္ဓာကိုယ်ကလည်း ဖောင်းကားနပြေီး တောင်ပံများကလည်း သေးငယ်ပြီး ပျော့နေပါတယ်။ သူလည်း လိပ်ပြာလေးကို ဆက်ကြည့်နေမိတယ်။ မျှော်လင့်မိတာက လိပ်ပြာရဲ့ခန္ဓာကိုယ်လေး သူ့ဖာသာသူ သေးငယ်သွားပြီး တောင်ပံတွေ ကြံ့ခိုင်လာဖို့ပါ။ အချိန်တန်ရင် လိပ်ပြာလေး ပျံ့နိုင်မယ်လို့ သူ ယုံကြည်နေပါတယ်။
ဒါပေမယ့် သူယုံကြည်သလို ဖြစ်မလာခဲ့ပါဘူး။
လိပ်ပြာလေးက သူ့ရဲ့ လက်ကျန်ဘဝအချိန်များကို ဖောင်းကားနေသာ်ခန္ဓာကိုယ်နဲ့ သေးငယ်သော တောင်ပံများနဲ့အတူ တရွေ့ရွေ့နဲ့ပဲ ကုန်ဆုံးရပါတော့တယ်။
သူနားမလည်လိုက်တာက ပိုးအိမ်လေးရဲ့တားဆီးမှုက လိပ်ပြာလေး နောက်နောင် ကောင်းမွန်စွာပျံ့သန်းနိုင်ဖို့အတွက် ဆိုတာကို နားမလည်လိုက်တာပါပဲ။
လိပ်ပြာလေးက ပိုးအိမ်အပေါက်လေးကနေ မရရအောင် တိုးထွက်မှသာ သူ့ခန္ဓာကိုယ်ထဲက ရေဓာတ်တွေ ထွက်သွားမှာဖြစ်ပြီး သူ့တောင်ပံကလည်း နောက်နောင်ပျံ့သန်းနိုင်လောက်အောင် ကြံ့ခိုင်လာမှာ ဖြစ်ပါတယ်။
တစ်ခါတစ်လေမှာ ရုန်းကန်ရမှုဆိုတာ ဘဝအတွက် မရှိမဖြစ် လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ တားဆီးမှုတွေရှိနေမှသာ ကြံ့ခိုင်သော လူသားတွေကို မွေးထုတ်နိုင်မှာပါ။ ဒါမှပဲ အချိန်တန်ရင် ပျံ့သန်းနိုင်လောက်အောင် အင်အားတွေ ရှိနေမှာပါ။

Credit :
(ဘဝအခက်ခဲတွေနဲ့ရင်ဆိုင်ဖူးသူတွေဟာ အစစအဆင်ပြေနေတဲ့သူတွေထက် ကြံ့ခိုင်တယ် အရည်အသွေးပြည့်တယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလို့ တည်ငြိမ်စေတယ်)
(ဖုတ္ထဿ လောကဓမ္မဟေိ စိတ္တံယဿ နကမ္ပတ္တိ အသောကံ ဝီရဇံ ခေမံ) ဖြစ်စေပါတယ်။

Ko Soe Naing