Tuesday, February 4, 2014
မြန်မာ့အရုဏ်သစ်နှင့် တွေ့ဆုံခြင်း
Monday, February 3, 2014
များစွာထဲက တစ်ခုသော မြန်မာ့အရုဏ်သစ်၏ မျှော်လင့်ချက် - ဘကြီးစိုး
××××××××××××××××××××××××××××××××
မြန်မာတို့သည် စကားပုံနှင့် ဆုံးမလမ်းညွှန်မှုများစွာ ထားခဲ့သည်။ သို့ရာတွင် ရှေးထုံးမှန်သမျှ မပယ်ရ ဟူသော တစ်ဖက်ပိတ်အမြင်မျိုးတော့ ကျွန်တော်လက်မခံပါ။ ရှေးထုံးလည်း ပယ်သင့်က ပယ်ရမည်ပင်။ အမြဲမှန်ကန်သော အဆုံးအမ များသာ ရှိမည်ဟု မည်သူအာမခံနိုင်ပါမည်နည်း။
တံငါလောကမှ ပေါ်ပေါက်လာသော ပယ်ရမည့်စကားပုံအဆုံးမ တစ်ခုရှိသည်။
``ဟင်းစားသာပေးပါ ကွန်ချက်မပြပါနဲ့`` ဟု ဆို၏။ အဓိပ္ပါယ်မှာ တံငါထံမှ ဟင်းချက်ရန် ငါးတောင်းခံခဲ့သော် ဟင်းတစ်အိုးစာ ပေးချင်ပေးလိုက်ပါ သို့သော် ထိုငါးရရန် မည်သည့်နေရာတွင် မည်သို့ သောကွန်အမျိုးစားဖြင့် မည်သည့်အချိန်တွင် မည်သို့ ပစ်လျှင် ဤ ငါးကို ရနိုင်သည်ဟု မသင်ပါနဲ့ ဟု အဓိပ္ပါယ် ဖွင့်မိပါသည်။ (မှားလေစွတကား)
``သမုဒ္ဒရာရေသည် တစ်ဦးတည်းသောက်ရုံဖြင့် မကုန်နိုင်`` ဆိုသကဲ့သို့ ပညာ သည်လည်း ဖယောင်းတိုင်မီးကူးသလို မိမိထံမှ စိုးစဉ်းမှ လျှော့နည်းသွားသည့်အရာမဟုတ်ပေ။
ကျွန်တော်တို့ အွန်လိုင်း သူငယ်ချင်းမိတ်ဆွေများ ပေါင်းစည်းကာ ``မြန်မာ့အရုဏ်သစ်``အမည်ဖြင့် ပရဟိ လုပ်ငန်းများကို လုပ်ကိုင်ကြရင်း ကျွန်တော်တို့ ကွက်လပ် တစ်ခုကို သတိထားမိသည်။ အခြားမဟုတ် ကလေးငယ်များ စားဝတ်နေရေးအတွက် အလှုရှင်ထံမှ ရာနှုံးပြည့် အကူညီရယူနေရခြင်းဖြစ်သည်။ အလှုရှင်အား လက်အုပ်ချီရင်း ဆုတောင်းပေးရင်း အလှုရှင်များထံမှ သနားဂရုဏာစိတ်ကို တောင်းခံ၇င်း ဖြတ်သန်းနေကြရ၏။ ကိုယ့်အားကို ကိုးစေလိုသည့် စိတ်ဓါတ်များ အနည်းအများမဆို ထိခိုက်လိမ့်မည်ဟု စိုးရိမ်မိပါသည်။
ဗီယက်နမ်နိုင်ငံ မှ ပရဟိတ ဂေဟာလေးတစ်ခုကို ရိုက်ကူးတင်ပြထားသော အစီစဉ်လေးကို ကျွန်တော်ကြည့်ဖူးသည်။ ကျယ်ဝန်းသော ခြံလေးထဲတွင် မီးဖိုချောင်သုံး သီးနှံမျိုးစုံစိုက်ပျိုးထား၏။ (ချဉ်ပေါင် -ဗူးသီး- ခရမ်းသီး-ခရမ်းချဉ်သီး-ရုံပတီသီး-သဘောင်္သီး-ငရုပ်သီး)စသည်များ။ အရွယ်ရောက်စ ဆယ်ကျော်သက်များလည်း မွေးမြူရေးကို တစ်နိုင်တစ်ပိုင်လုပ်ထား၏။နောက်ပြီး အသက်ငယ်ငယ်လေး တွေနှင့် လက်မှုပညာများကို သင်ကြားထား၏။
ကြိမ်ကုလားထိုင်ထိုးနေသူများ အကျီချုပ်နေသူများ ဖျာရက်နေသူများ -- စသည်ဖြင့် ထို့အပြင် နိုင်ငံခြား ဘာသာတစ်ခု အနည်းဆုံးပြောတတ်စေရန်လည်း သင်ပေးထား၏။ ထို့အပြင်ပရဟိ ဂေဟာမှ အလုပ်တွေကိုလည်း သန့်ရှင်းရေး ချက်ရေးပြုတ်ရေး အချင်းချင်း ပြန်လည်ထိမ်းသိမ်းရေးကိုလည်း ကြီးသူက ငယ်သူကို (သနားငဲ့ညှာ) မိသားစုစိတ်နှင့် ငယ်သူကလည်း ကြီးသူကို (ရိုသေမြတ်နိုး) စိတ်မျိုးဖြစ်အောင် ပြုစုပျိုးထောင်ပေးထားသည်ကို အားကျစွာကြည့်ရဖူးပါသည်။ အလှုရှင်များကို ရှိခိုးဦးတင် ကျေးဇူးရှင် အမြင်စိတ်မျိုး မမွေးမြူပေးပါ။ သို့သော် အလှုရှင်တင်မဟုတ် ပါတ်ဝန်းကျင်မှ လူများအားလုံးနှုင့် လိုက်လျောညီထွေ တန်းတူမြင်အောင် `` အောက်ငုံ့သိမ်ငယ်စိတ်``မဖြစ်စေသလို ``အရွဲ့တိုက် မိုက်ရိုင်းစေမယ့် စိတ်``မျိုးကိုလည်း မဖြစ်အောင် သင်ကြားထားပုံ၇၏။
ကျွန်တော်တို့ နှိင်ငံမှ ပရဟိဂေဟာသည် များသောအားဖြင့် ဘုန်းတော်ကြီးကျောင်းများဖြစ်သဖြင့် စီးပွားရေး တွဲဖက်လုပ်ရန် မသင့်တော်ပါ။ ထို့ကြောင့် ပုဂ္ဂလိက ပရဟိတ ဂေဟာများ များများစားစား ပေါ်စေချင်သည်။အလှုရှင်များ၏ စေတနာအလှုကို အခြေခံပြီး ကိုယ့်အားကို ကိုးတတ်တဲ့စိတ်။ လူတွေအပေါ် အကောင်းမြင်တတ်တဲ့စိတ်။ ကိုယ့်ဘဝကို လက်ခံကြည်ဖြူလာအောင်စိတ်။ကိုယ့်ကိုယ်ကို ယုံကြည်လာစေမည့်စိတ်။ ပါတ်ဝန်းကျင်လူ့အသိုင်းဝိုင်းကို တန်ပြန်ကူညီယိုင်းပင်းတတ်တဲ့စိတ်။ တစ်ပါးသူထံမှ အသနားခံလက်ဝါးဖြန့်တောင်းပြီး အသက်မွေးရမှာကို ရှက်ရွံ့စေတဲ့စိတ်။ ဘဝတူ မိသားစုအချင်းချင်း ပေါင်းသင်း ဆက်ဆံတဲ့နေရာမှာ စိတ်ဓါတ်ရင့်ကျက်တည်ငြိမ်တဲ့စိတ်။ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုစီကို ဝါသနာ စရိုက်လေ့လာပြီး ကောင်းစွာတတ်ကျွမ်းအောင် သင်ကြားပေးသည့် ကျောင်းများ မျှော်လင့်မိသည်။
ဤသို့ေ၇းခြင်းမှာ လက်၇ှိ လည်ပတ်ကူညီစောင့်ရှောက်နေသော ပရဟိ ဘုန်းတော်ကြီးကျောင်းများကို ကဲ့ရဲ့ဝေဖန်လိုသည့် စိတ်မျိုးအလျည်းတစ်စိုးတစ်စိမှ မရှိပါကြောင်း။ ထိုကဲ့သို့ သဘောသက်ရောက်သွားပါက ကျွန်တော်၏ စာရေးသားတင်ပြမှုချို့ယွင်းမှုကြောင့်ဟု မှတ်ယူစေလိုပါသည်။ အနာဂါတ်တွင် မျှော်လင့်မိသည့် အကောင်ထည်ဖော်လိုသည့် တင်ကြိုစိတ်ကူးမှုသက်သက်ပါ။
ဘကြီးစိုး
မြန်မာ့အရုဏ်သစ်
အရူးထောင် - KSN
ကျုပ်အခု အရူးထောင်မှာဗျ။ ဗျာ--- (အာ ) သွားလေ့လာနေတာမဟုတ်ဘူး ကျုပ်ကိုယ်တိုင် အရူးတစ်ယောက်အနေနဲ့ ရောက်နေတာပါ။ အဟုတ်ပြောတာ တကယ် ။ နေဦး ကျုပ်ရောက်နေတဲ့ အရူးထောင်အကြောင်း ခင်ဗျားကိုနည်းနည်းပြောပြမယ်။
ကျုပ်ရောက်နေတဲ့အရူးထောင်ကြီးက အကျယ်ကြီးရယ်။ တောတွေ တောင်တွေလည်းရှိတယ်။ ရေတံခွန်တွေ ချောင်းတွေ မြစ်တွေလည်းရှိတယ်။ ကျေးငှက်သာရကာတွေလည်းရှိတယ်။ ဥဒဟိုသွားလာနေတဲ့ ယဉ်ကြီးယဉ်ငယ် တွေလည်းရှိတယ်။ ကြည်လင်သန့်ရှင်းစင်ကြယ်တဲ့ လေနုအေးလေးတွေ ရှိတဲ့နေရာ ရှိသလို ကာဗွန်ဒိုင်အောက်ဆိုဒ် ဖုံမှုံ့တွေနဲ့ မွန်းကျပ်နေတဲ့ နေရာလည်းရှိတယ်။ ပြောပီပါပကော အကျယ်ကြီးပါဆိုနေ။
ထူးဆန်းတာက မွန်းကျပ်ပိတ်လှောင်နေတဲ့နေရာကို အရူးတွေတော်တော်ကြိုက်တာဗျ။ အခုကျုပ်လည်း အဲဒီ နေရာမှာပဲ။ အရူးဆိုပေမယ့် ကိုယ့်ကိုယ်ကို ရူးမှန်းတော့ ဘယ်သူသိပါ့မလဲ။ အားလုံး ပျော်နေကြတာပေါ့။ အဲ တစ်ခုထူးဆန်းတာက ဒီအရူးထောင်မှာ အရူးကုဆရာဝန်မရှိဘူးဗျို့။ အဲ ပျောက်ချင်ရင်တော့ ကိုယ့်ဖာသာ ကုပေတော့။ တစ်ခါတုန်းကတော့ ဒီမှာ အရူးတွေကို လွတ်မြောက်အောင် ကုစားပေးတဲ့ ဆရာကြီး တစ်ပါး ရှိခဲ့ဖူးတယ်တဲ့ဗျ။ သူ့မေတ္တာတရားကြောင့်အရူးအတော်များများ လွတ်မြောက်ချမ်းသာသွားဖူးတယ်။ ဆရာကြီးလည်း နောင် အရူးတွေ ပျောက်စေချင်တဲ့ မေတ္တာနဲ့ တပည့်တွေမွေးပြီး ကုနည်းတွေ သင်ခဲ့ပေးပါရဲ့။ ခုတော့ သူ့တပည့်တွေထဲကတောင် အချို့ သွက်သွက်ခါနေမှတော့ အင်းးးး ကျုပ်တို့အရူးတွေပျောက်ဖို့ မျှော်လင့်ချက် မှေးမှိန်စပြုနေပီပေါ့ဗျာ။
ကျုပ်တို့ အရူးထောင်မှာ သံတံတိုင်းတွေနဲ့ ကာရံမထားဘူး။ ကြိုးတွေနဲ့ တုတ်နှောင်မထားဘူး။ ခြေထိပ်လက်ထိပ် မခတ်ထားဘူး။ အရူးတွေကို စောင့်ရှောက်ထိမ်းသိမ်းကြပ်မတ်ဘို့ ဝန်ထမ်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလိုလို့ဗျ။ ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့အရူးတွေကိုယ်တိုင် အင်မတန်ခိုင်ပြီး မမြင်ရတဲ့ ကြိုးတွေနဲ့ အရူးအချင်းချင်း နှလုံးသားတွေ ဖောက်ပြီး တုတ်နှောင်ထားတယ်။ အခြား အရာဝတ္တုတွေနဲ့လည်း တုတ်နှောင်ထားတတ်တယ်။ ကိုယ်ကျေကျေနပ်နပ် တုတ်နှောင်ထားတဲ့ကြိုးတွေကို ကိုယ်တိုင် မဖြုတ်မဖြတ်ချင်မှတော့ဗျာ အခြား ဘာလိုသေးလို့လဲ။
အဆန်းမဟုတ်ပါဘူး။
ကျုပ် အခု မှန်တာပြောရရင် ဒီအရူးထောင်ကနေ လွတ်မြောက်ချင်တယ်ဗျ။ ကျုပ် စိတ်ကူးနဲ့ ရုန်းထွက်ကြည့်သေးတယ်။ ကျုပ်နှလုံးသားနဲ့ ဆက်ထားတဲ့ သံမဏိသံယောဇဉ်ကြိုးကြောင့် သွေးစိမ်း တောက်တောက်ကျအောင် နာကျင်တယ်ဗျို့ မခံစားနိုင်သေးဘူး။ ကျုပ်တောင် ဒီလောက်နာရင် အခြား ကျုပ်နဲ့ ဆက်ထားတဲ့ နှလုံးသားတွေလည်း နာမှာပဲ။ ကျုပ်ဒီလိုတွေးရင်းလက်လျှော့ခဲ့ရတယ်။အချို့အရူးတွေလည်း ကြိုးတန်းလန်းနဲ့ အရူးထောင်ကနေ လွတ်အောင် ကြိုးစား ရုန်းနေတာ ကြည့်ပြီး ကျုပ် ပြုံးမိတယ်။ ဒီကြိုးတွေ မပြတ်ဘဲ မဖြတ်ဘဲ ဘယ်အရူးမှ ဒီအရူးထောင်က လွတ်မှာ မဟုတ်ဘဲကိုး။
အချို့အရူးတွေကိုတော့ ကျုပ်လေးစားသဗျ။ သူတို့ ချည်နှောင်ထားတဲ့ကြိုးတွေကို တစ်ခါတည်း အကုန်အစင် မဖြတ်နိုင်မှန်းသိလို့ ဖြတ်လို့ရတဲ့ကြိုးတွေ ရွေးပြီးဖြတ်နေကြတယ်။ သူတို့ တစ်နေ့ လွတ်မြောက်မှာလို့ ကျုပ်တော့ ယုံကြည်တယ်။ တစ်ခုပဲ တစ်ကြိုးပြတ် တစ်ကြိုးထပ်မချည်ဘူးဆိုရင်ပေါ့လေ။
ထပ်ပြောချင်သေးတယ်
ကျုပ် တကယ်ဒီအရူးထောင်ကနေ လွတ်ချင်ပါတယ်
အခု မလွတ်သေးပေါ့အတူတူတော့ ကိုထီးရဲ့ သီချင်းလေးကို ညည်းလိုက်ဦးမယ်ဗျာ--
``အချစ်ထောင်``တဲ့
အချစ်ထောင်××× သံယောဇဉ်ကြိုးနဲ့ တည်းနှောင်ထားတဲ့×× အကျဉ်းထောင်×× ကိုယ်ဘယ်လိုလုပ်ြ့ပီး ရုန်းမှာလဲ×× မင်းပြောပါ××ကိုယ်ပိုင်တဲ့ ××လွတ်လပ်မှုတွေ အားလုံး×× ဆုံးရှုံးပြီ×× အိုးးး ထာဝရ ချုပ်နှောင်×× မင်းအကျဉ်းထောင်
နေပူပါစေ×× မိုးချုပ်ပါစေ ×× ရတယ်××မှောင်နေပါစေ×× လင်းလွန်းပါစေရတယ်×× ရီပါစေ××ငိုပါစေ×× ပြုံးပါစေ×× မဲ့ပါစေ×× ဘာဖြစ်ဖြစ်ရနေပါတယ်×× အစဉ်မြဲလည်းရပါစေမယ်×× အချစ်×× အကျယ်ချုပ်လားအချစ်×× တကယ်လုပ်မလားအချစ်×× ကျေအက်နှလုံးသား×× စံပြအကျဉ်းသား××-
KSN
ဗုဒ္ဓမြတ်စွာ
လူအမည် | သိဒ္ဓတ္တ |
ဘုရားဘွဲ့ | ဂေါတမ |
မိဘအမည် | သုဒ္ဓေါဒနမင်း နှင့် မယာဒေဝီ |
ကြင်ယာတော် | ယသောဓရာ |
ယောက်ဖ | ဒေဝဒတ် |
မိထွေးတော် | ဂေါတမီ |
နေပြည်တော် | ကပိလဝတ်ပြည် (သက္ကတိုင်း ၊ မဇ္ဖျိမဒေသ ) |
မွေးဖွားရာနေရာ | လုမ္မိနီဥယျာဉ် ( ကပိလဝတ်နှင့် ဒေဝဒဟအကြား ) |
နန်းစံနှစ် | ၁၃ နှစ် ( ၁၆ မှ ၂၉ ) |
နိမိတ်ကြီးများ | သူအို ၊သူနာ ၊သူသေ ၊ရဟန်း |
ဗျာဒိတ်ခံယူသောဘဝ | သုမေဓာရသေ့ |
ဗျာဒိတ်ခံယူသော နေ့ | ကဆုန်လပြည့်နေ့ |
ဗျာဒိတ်ပေးသောဘုရား | ဒီပင်္ကရာမြတ်စွာဘုရား |
ပါရမီဖြည့်ဖက်သုမိတ္တာအမျိုးသမီး | ( ယသောဓရာအလောင်း ) |
ပါရမီကာလ | လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ ) |
ပါရမီဖြည့်ရခြင်း | ရည်ရွယ်ချက်သတ္တဝါများအကျိုးဆောင်ရွက်ရန် |
ဒုက္ခရစရိယာကျင့်ရသောကာလ | ၆ နှစ်ကြာ ( ၉၃ မှ၁ဝ၃ ) |
ဒုက္ခရစရိယာကျင့်သည့်နေရာ | ဥရုဝေဋ္ဋတော |
ဘုရားဖြစ်ချိန် | သက်တော်၃၅ နှစ်အရွယ် |
ဘုရားပွင့်ရာသက်တမ်း | ၁ဝဝ တမ်း |
အလုပ်အကျွေး | ပဉ္စဝဂ္ဂီငါးဦး ( ဒုက္ခရစရိယာကျင့်ခိုက် ) |
တရားဟောသည့်နေရာ | ဗာရာဏသီပြည် ၊မိဂဒါဝုန်တော |
ပထမဆုံးသာဝက | ပဉ္စဝဂ္ဂီငါးဦး |
နောက်ဆုံး သာဝက | သုဘဒ္ဒပရိဗိုဇ် |
လက်ယာရံအဂ္ဂသာဝက | အရှင်သာရိပုတ္တသာ |
လက်ဝဲရံအဂ္ဂသာဝက | အရှင်မောဂ္ဂလာန် |
အဆုံးအမ | သာသနာပရိယတ္တိ ၊ပဋ္ဋိပတ္တိ ၊ ပဋ္ဋိဝေဓ |
ကျင့်စဉ် | သိက္ခာသီလ ၊သမာဓိ ၊ပညာ |
ချမှတ်သောလမ်းစဉ် | မဇ္ဈိမပဋ္ဋိပဒါ ( မဂ္ဂင်လမ်းစဉ် ) |
သန္ဓေယူသောနေ့ | မဟာသက္ကရာဇ် ၆ရ ၊ဝါဆိုလပြည့် ၊ကြာသပတေးနေ့။ |
ဖွားမြင်သောနေ့ | မဟာသက္ကရာဇ် ၆၈ ၊ကဆုန်လပြည့် ၊ သောကြာနေ့ ။ |
တောထွက်သောနေ့ | မဟာသက္ကရာဇ် ၉ရ ၊ဝါဆိုလပြည့် ၊တနင်္လာနေ့ ။ |
ဘုရားဖြစ်သောနေ့ | မဟာသက္ကရာဇ် ၁ဝ၃ ၊ ကဆုန်လပြည့် ၊ဗုဒ္ဓဟူးနေ့ ။ |
ဓမ္မစကြာဟောသောနေ့ | မဟာသက္ကရာဇ် ၁ဝ၃ ၊ ဝါဆိုလပြည့် ၊စနေနေ့ ။ |
ပရိနိဗ္ဗာန်စံသောနေ့ | မဟာသက္ကရာဇ် ၁၄၈ ၊ကဆန်ုလပြည့် ၊ အင်္ဂါနေ့ ။ |
တေဇောဓါတ်လောင်သောနေ့ | မဟာသက္ကရာဇ်၁၄၈ ၊ကဆုန်လဆုတ် ၁၂ ၊ တနင်္ဂနွေနေ့။ |