(24000 KS) — by ကိုအောင်လေး
Saturday, July 5, 2014
Vitrum အားဆေး အလုံး
(24000 KS) — by ကိုအောင်လေး
လိုသောဆုများပြည့်စေသတည်း။ ။

ဥစ္စာဓန
ဖြိုးကြွယ်ဝ၍
စိတ်ထားလည်းဖြူ
ခင်သူလည်းပေါ
ရောဂါလည်းကင်း
ဥာဏ်မြင်လည်းကျယ်
အမြဲပြုံးပျော်
ရံရွှေဖော်များ
ဘယာကင်းဝေး
သက်ရှည်ကျမ်းမာ
အရာရာပြည့်စုံ
အနိဋ္ဌာရုံစကား
မမြင်မကြားကာ
ဘဝတစ်လျှောက်
လိုတရောက်သည့်
ပါရမီရှင်များ
ဖြစ်ကြစေကြောင်း
ဆုမွန်တောင်းသည်
လိုသောဆုများပြည့်စေသတည်း။ ။
(မြန်မာ့အရုဏ်သစ် သို့ အမှုဆောင်များမှတစ်ဆင့် အဆက်မပြတ်လှုဒါန်းနေကြသူအားလုံးအား ရည်စူးမေတ္တာ ပို့အပ်ပါသည်) - ကိုစိုးနိုင်
သွေးလှူပွဲကြီးနီးလာပြီ
သွေးလှူပွဲကြီးနီးလာပြီ
တန်ဘိုးမဖြတ်နိုင်သောသွေးများ
လှူဒါန်းကြမည်
ခန့်မှန်းအလှူရှင် ၅၅၀ ~ ၆၀၀ ဖြစ်၏
ကိုအေးကိုကို ပေါက်စီလှူမည်
မခင်စန္ဒာထွန်း ရှူဆေးလှူ၏
ကိုအောင်လေး အအေးလှူမည်
ကျနော် ကြက်ဥတာဝန်ထားပါ။
ရေသန့်လှူမည့်သူလည်း သဲ့သဲ့ကြားထား၏
အသင်းယူနီဖောင်းများ ပေးမည်။
ဖယ်ရီ လှူကြပါဦးလား
တစ်စီး ၃၅,၀၀၀ တည်းပါ
၁၅ စီးလောက် ကုန်မည်
ဂုဏ်ပြုလွှာများလည်း ပေး၏
July လ 11 ရက်နေ့ဖြစ်သည်
ဝါဆိုလပြည့် ရက်မြတ်ပါ
အမျိုးသားသွေးလှူဘဏ်တွင် ဖြစ်သည်
သတ္တမအကြိမ် ဖြစ်၏
သင့်သွေးဖြင့် အသက်ကယ်ပါ
မြန်မာ့အရုဏ်သစ် ဖြစ်ပါသည်။ ။ (ကို Soe Naing)
၂၀၁၄ခု ဂျူလိုင်လ (၁၁)ရက် (ဝါဆိုလပြည့်နေ့)တွင် ကျင်းပမည့် မြန်မာ့အရုဏ်သစ်၏ သတ္တမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲတွင် ပါဝင်ဆင်နွှဲပါရန် ဖိတ်မန္တကပြုပါသည်။
Ø +6594303350,
Ø +6590621671,
Ø 09421016231,
Ø 095041747,
Ø 09420014649,
Ø 09421096952,
Ø 09421017556 ,
Ø 09420009438,
Ø 09250730581
