Facebook

Friday, November 28, 2014

လှူဒါန်းသူအလှူရှင်များ ကျန်းမာချမ်းသာပါစေ

မြန်မာ့အရုဏ်သစ်ပရဟိတလူမှု့ကူညီရေးအဖွဲ့အတွက် လစဉ်မတည်ငွေ များကို အလှူရှင်များဖြစ်ကြသော -
ကို Kyaw Linn မှ ၅၀၀၀ ကျပ် (For Nov-2014) အတွက်
ကိုမင်းသိန်းမှ ၅၀၀၀ ကျပ် (For Aug to Dec-2014) အတွက်
မတင်မေရီ မှ ၂၀၀၀ ကျပ် (For Oct, Nov-2014) အတွက်
မ ချယ် မှ ၂၀၀၀ ကျပ် (For Oct, Nov-2014) အတွက် အသီးသီးလှူဒါန်းပါတယ်။
" သာဓု သာဓု သာဓု " ပါ လှူဒါန်းသူအလှူရှင်များ ကျန်းမာချမ်းသာပါစေ။

Monday, November 24, 2014

သထုံမြို့၊ "ကျောက်လုံးကြီးဘုန်းတော်ကြီးပညာသင်ကျောင်း" နှင့် မော်လမြိုင်မြို့ ကင်းရွာ "ပရဟိတလူငယ်ကျောင်း" သို့ သွားရောက်လှူဒါန်းရန် ဖိတ်ကြားခြင်း

မွန်ပြည်နယ်၊ သထုံမြို့၊ ပေါ်တော်မူကျေးရွာရှိ " ကျောက်လုံးကြီးဘုန်းတော်ကြီးပညာသင်ကျောင်း"၏
စာသင်သာမဏေ(၈)ပါးနှင့်၊ ကျောင်းသား/သူ(၁၅၄ယောက်) (သူငယ်တန်းမှလေးတန်းထိ)အတွက် အရေးတကြီး လိုအပ်လျှက်ရှိသော လျှပ်စစ်မီး၊ ကျောင်းအသုံးအဆောင် ပရိဘောဂ (စာအုပ်ထည့်ရန်ဘီဒို၊ စာသင်ဘော)၊ တနေ့တာအာဟာရဒါနနှင့် အဝတ်အထည်များ လှူဒါန်းခြင်း။ မော်လမြိုင်မြို့ ကင်းရွာ "ပရဟိတလူငယ်ကျောင်း" ရှိ မိဘမဲ့စာသင်သား ကိုရင်(၅၄ပါး)အတွက် သင်္ဃန်း(၅၄စုံ)၊ စုစုပေါင်းလှူဒါန်းရန် တန်ဖိုးငွေ ကျပ်2000000/-(ကျပ်သိန်းနှစ်ဆယ်ခန့်)အား "မြန်မာ့အရုဏ်သစ်ပရဟိတ(အွန်လိုင်း) လူမှုကူညီရေးအဖွဲ့"မှ 20.12.2014(စနေနေ့)တွင် သွားရောက် လှူဒါန်းကြမည်ဖြစ်ပါသည်။
သို့ပါ၍ စေတနာရှင် သူငယ်ချင်း၊ ညီအကို၊ မောင်နှမများမှ မိမိတတ်အားသရွေ့ အလှူတော်ငွေများအား ထည့်ဝင်ကူညီပေးကြပါရန်နှင့်၊ လှူဒါန်းမှုဒါနအစုစုအတွက် အတူတကွမုဒိတာပွားများနိုင်ရန် လိုက်ပါနိုင်ကြပါကြောင်း နိဗ္ဗာန် အကျိုးမျှော်နိုးဆော်အပ်ပါသည် သဒ္ဒါကြည်လင်ပါရမိရှင် အပေါင်းတို့ခင်ဗျား.........

ပြည့်ဖြိုးလှိုင်
(မြန်မာ့အရုဏ်သစ်)

ဆက်သွယ်ရန်...

November 2014 လအတွက် မတည်ငွေများ လှူဒါန်း

မြန်မာ့အရုဏ်သစ် ပရဟိတလူမှုကူညီရေးအသင်းသို့ November 2014 မတည်ငွေများအဖြစ်
ကိုကျော်ဇင်လတ် (HTC)မှ ၁၀၀၀ကျပ်၊ မစန္ဒါဝင်း (HTC) မှ ၁၀၀၀ကျပ်၊ ကိုငြိမ်းချမ်းနိုင် (HTC) မှ 5000ကျပ် တို့ကို အသီးသီးလှူဒါန်းသွားကြပါတယ်။
ယခုလိုလှူဒါန်းရသောအကျိုးအားကြောင့် လိုအင်ဆန္ဒများပြည့်စုံကြပါစေလို့ မြန်မာ့အရုဏ်သစ်အဖွဲ့ကိုယ်စားဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျ။
by
Aye Min Oo