Saturday, October 22, 2016
အောက်တိုဘာလ ၂၃ ရက်နေ့ NFPE : ကျောင်းပြင်ပ မူလတန်းကျောင်း (ရွှပြေည်သာ)
#မြန်မာ့အရုဏ်သစ်၏ အောက်တိုဘာလ ၂၃ ရက်နေ့ သွားရောက်လှူဒါန်းမည့် NFPE : ကျောင်းပြင်ပ မူလတန်းကျောင်း (ရွှပြေည်သာ) အတွက် လှူဖို့ရှိတယ်ဟေ့ လို့ နိုးဆော်လိုက်တာနဲ့ လက်မနှေးပဲ အမြဲလှူဒါန်းသော Trader Hotel မှ မသီသီအောင် Thi Aung တို့မိသားစုမှ ၁၀၀၀၀ ကျပ် လှူဒါန်းပါတယ်။
" သာဓု သာဓု သာဓု"
လှူဒါန်းရခြင်းဒါနအကျိုးအားဖြင့် ဘဝတစ်လျှောက်လုံး ရန်ဘေးအန္တရာယ်မှန်သမျှ ကင်းဝေးပါစေ။
by Thein Gi
Sunday, August 7, 2016
Myanma Arunthit’s 2nd Plantation Campaign on 14th Aug, 2016 (Sun)
#မြန်မာ့အရုဏ်သစ်ရဲ့ မူလ Objective ၄-ခုအပြင်
၅-ချက်မြောက်အနဖြေင့် သစ်ပင်စိုက်ပျိုးခြင်းကို
ရည်ရွယ်ချက်ထား အကောင်အထည်ဖော်ခဲ့ကြပါတယ်
#အမြန်လမ်း ၁၁-မိုင်အနီး သုံးဆူတောင် သာသနာ့မြေမှာ
မနှစ်က ပထမအကြိမ်အဖြစ် အပင်တစ်ထောင်ကျော် ပျော်ပျော်ပါးပါး စိုက်ပျိုးနိုင်ခဲ့ပါတယ်
(public newspaper မှာတောင် သတင်းပါလာသေး)
#ယခု ဒုတိယအကြိမ်အဖြစ် အခမဲ့ဆေးကုသတဲ့
အမြန်လမ်း ၃၉-မိုင်ဘောနက်ကြီးရွာအနီး ပဲခူးမှာ
အရိပ်ရသစ်ပင်နှင့် စားပင်အချို့ စိုက်ပျိုးဖို့ကို
ဒီလ event (14 Aug) အနေနဲ့ ရည်ရွယ်ထားပါတယ်
#အပင်ဆိုတာ စိုက်ထားပြီး ပစ်ထားလို့မရပါဘူး
#အရုဏ်သစ်အနေနဲ့ ဆက်လက်ထိန်းသိမ်းဖို့ လူငှါးထားပြီး အပင်ရှင်သန်ကြီးထွားသည်အထိ တာဝန်ယူတာပါ (မနှစ်က ပျိုးပင်လေးတွေဆို လူတရပ်တောင် ရှိတော့မယ်)
#မဟုတ်ရင် အသောကမင်း ၈၄၀၀၀ တည်သလို ရှေ့ကတည်ထားခဲ့ နောက်ကပြုပြင်သူမရှိလို့ ကိန်းဂဏန်းအရေအတွက်သာ ရှိပြီး Actual ဘယ်လောက်မှ မတင်ကျန်ခဲ့တာ သာဓကပါ
#တစ်သက်ပျော်ချင်သစ်ပင်စိုက်ပါတဲ့
#တစ်ပင်ကို ၂၀၀၀ သတ်မှတ်ထားပါတယ်
#MyanmaArunthit
အမြန်လမ်း ၃၉-မိုင်ဘောနက်ကြီးရွာအနီး ပဲခူး
Labels:
လှုပ်ရှားမှု မှတ်တမ်း
Location:
Bago, Myanmar (Burma)
Sunday, July 3, 2016
စင်ကာပူမှ သူငယ်ချင်း KZO+MMK Family မိသားစုမှ ကျပ် တစ်သိန်းငါးသောင်းတိတိ ပေးပို့ လှူဒါန်း
မင်္ဂင်္လာပါခင်ဗျာ။ စင်ကာပူမှ သူငယ်ချင်း KZO+MMK Family မိသားစုမှ မြန်မာ့အရုဏ်သစ်၏ ပရဟိတလုပ်ငန်းများ ဆထက်တပိုးဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ #အရေးပေါ်လူနာတင်ယာဉ်လှူဒါန်းရန်အတွက် ကျပ် ခုနှစ်သောင်းခွဲ၊ (2016 July 24တွင်ကျင်းပမည့်) #စုပေါင်းသွေးလှူဒါန်းပွဲ ဖြစ်မြောက်ရေးအတွက် ကျပ် ခုနှစ်သောင်းခွဲ၊ စုစုပေါင်း အလှူငွေ ကျပ် #တစ်သိန်းငါးသောင်းတိတိ ပေးပို့ လှူဒါန်းပါတယ် ခင်ဗျာ။ အလှူရှင်မိသားစုလည်း စိတ်၏ကျမ္မာခြင်း ကိုယ်၏ချမ်းသာခြင်းတို့ ပြည့်စုံ၍ ကြံတိုင်အောင် ဆောင်တိုင်းမြောက်ကာ အလှူရေစက် လက်နဲ့မကွာ ဆထက်တပိုး လှူတန်းနိုင်ကြပါစေကြောင်း...။
Subscribe to:
Posts (Atom)



