Facebook

Saturday, May 25, 2013

ယင်လုံအိမ်သာ အလှူ


"ဟုတ်တယ်ဖေဖေ... သ္မီးသူငယ်ချင်းပြောပြတာ သူတို့နေတဲ့ အိမ်နားမှာ တချို့အိမ်တွေဆို အိမ်သာတွေက ကျင်းတွေ ပြည့်နေတာတဲ့။ ထပ်ဆောက်ဘို့လည်း အဆင်မပြေဘူးပြောတယ်။ ချေးတွေကို နောက်ဖေးမြောင်းထဲ သွန်ချရတာတဲ့။ တစ်ခါတစ်ခါ တစ်ခါသွန်လိုက်ရင် အနီးဝန်းကျင်မှာ နံ...ဟောင်... နေတာပဲတဲ့။ ရေမြောင်းထဲက မည်းမည်းအနှစ်တွေကို မြောင်းဘောင်ပေါ်တင်တင်ထားတာ မည်းမည်းအပုံကြီးတွေ ရွံစရာချည်းပဲ။"

ကျူးကျော်ရပ်ကွက်လေးတစ်ခုက ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတစ်ကျောင်းအတွက် ယင်လုံအိမ်သာဆောက်ပေးဘို့ တိုင်ပင်နေစဉ် ဖေ့ဘုတ်မှာတက်လာတဲ့ ၎င်းကျောင်းပုံများကို ကြည့်လျက် ဝင်စပ်စုလာသူ သ္မီးဖြစ်သူရဲ့ ထောက်ခံစကားဖြစ်ပါတယ်။ သူမပြောသည့် သူငယ်ချင်းအိမ်နားဝန်းကျင်ထက် ပို၍ပင် ဆိုးကောင်းဆိုးမည်ဖြစ်သော ကျူးကျော်ရပ်ကွက်လေးတစ်ခုရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတစ်ကျောင်းကလေး၏ မိုးတွင်း ကျောင်းရာသီ ဖြတ်သန်းရမည့်အခြေအနေကို ရင်လေးမိပါသည်။

မွေးမြူရေးခြံလုပ်သားမိသားစုများ၏ သားသ္မီးများအတွက် ရပ်ကွက်ထဲက အစိုးရကျောင်းသို့ သွားတက်ရန်မှာ အစစအရာရာ အလှမ်းဝေးသော အခြေအနေတစ်ရပ် ဖြစ်ပါ၏။ အခြေအနေအရ ကိုယ်ထူကိုယ်ထ မတည်ထားသော (စေတနာရှင်မတည်သူ၏ တတ်အားသမျှ) အထောက်အပံ့ဖြင့် ရပ်တည်ရသော ကျောင်းတစ်ကျောင်းအဘို့
ယင်လုံအိမ်သာ ရေလောင်းအိမ်သာ အထူးလိုအပ်လျက် ရှိ၏။ များမကြာမီ မိုးရာသီဝင်၍ ခြင်၊ ယင်တစ်လောင်းလောင်း ပွားများပေါက်ပွားတော့မည့်ကာလတွင် အခြေခံလူတန်းစား ကျောင်းသားကလေးသူငယ်များ၏ ကျမ္မာရေးအတွက် ၎င်းနေရာဒေသရှိ ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထူးဂရုစိုက်ရန် အရေးကြီးလိုအပ်ချိန် ဖြစ်ပါသည်။

ပတ်ဝန်းကျင်ဒေသအခြေအနေကို တင်ပေးသောပုံကြည့်၍ ခံစားသိရှိနိုင်ပါသည်။ မိုးမကျမီ ရုပ်လုံးပေါ်လာမည့် ထို သွပ်မိုးပျဉ်ကာ သုံးခန်းတွဲ ယင်လုံ၊ ရေဆွဲအိမ်သာလေးကို မြင်ယောင်မိ၏။ ထိုမှတဖန် ဝမ်းမြောက်ဝမ်းသာရှိမည့် ဆရာ၊ဆရာမများနှင့် ကျောင်းသားကလေးသူငယ်များ၏ မျက်နှာကို မြင်ယောင်မိ၏။ တဖန် ကျေနပ်နှစ်သက်စွာ မုဒိတာပွားနေမည့် မြန်မာ့အရုဏ်သစ်အဖွဲ့ဝင် အလှူ့ရှင်များ၊ စီစဉ်၊ချိတ်ဆက်ပေးသူများကို မြင်ယောင်မိ၏။ ကျပ်လေးသိန်းခွဲမှ ငါးသိန်းအကြား ကုန်ကျငွေမည်ဟု လျာထားတွက်ချက်ထားပါသည်။ ဆောက်လုပ်ရေးအတွက် ကိုဝေလင်းခိုင် Wai Lynn Khaing မှ စီမံခန့်ခွဲပေးမည် ဖြစ်ပါသည်။

ထိုမျှလောက်သောငွေဖြင့် ဝမ်းရောဂါကဲ့သို့ ကူးစက်ရောဂါဆိုးတစ်ခု၏ အန္တရာယ်မှ ၎င်းကိုယ်ထူကိုယ်ထ မူလတန်းကျောင်းလေး၏ ကလေးငယ်တစ်ဦးကို ကာကွယ်လိုက်နိုင်သည်ဟု ခံစားမိလျှင်ပင် ကျနော်တို့ ကြိုးပမ်းရကျိုးနပ်ပြီဟု ယုံကြည်ပါသည်။ စေတနာရှိသူ အလှူ့ရှင်များကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

https://www.facebook.com/groups/Myanma.ArunThit.Org/


လးစားစွာဖြင့်


Friday, March 8, 2013

၂၀၁၃ခု မတ်လ ၂၆ရက် တပေါင်းလပြည့်နေ့ (တတိယအကြိမ်မြောက်) စုပေါင်းသွေးလှူဒါန်းပွဲသို့ ဖိတ်ကြားခြင်း


၂၀၁၃ခု မတ်-၂၆ တပေါင်းလပြည့်နေ့ - တတိယအကြိမ်မြောက်
ုပေါင်းသွေးလှူဒါန်းပွဲ (မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်းမိသားစု)


မတ်-၂၆ တပေါင်းလပြည့်နေ့ (တတိယအကြိမ်မြောက်) စုပေါင်းသွေးလှူဒါန်းပွဲအတွက် သွေးလှူတန်းမည့်သူများ ဆန္ဒပြုနိုင်ပါပြီခင်ဗျာ။ သွေးလှူသူများကို အမှတ်တရ အသင်းတီရှပ်တစ်ထည်စီ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ် လှူတန်းမည့်ဦးရေ ၃၀၀ (ခန့်) လက်ခံရရှိပြီး ဖြစ်ပါတယ်။ နောက်မကျရလေအောင် နိုးဆော်လိုက်ရပါတယ် ခင်ဗျာ...။


  • CMA ပုညကုသလ ဗဟုကအသင်း - အမှတ် ၇၃/၇၉၊ လမ်းမတော် (Lower Block) CMA Tower (ဖုန်း ၀၁-၂၁၆၆၈၅)
  • တတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို မတ်-၂၆ တပေါင်းလပြည့်နေ့တွင် CMA ပုညကုသလ ဗဟုကအသင်းခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း သွေး အလှူရှင်များအား ဖိတ်ကြားအပ်ပါတယ်။

    Facebook Event Link here https://www.facebook.com/events/512362545475105/?ref=22

Wednesday, January 23, 2013

မန်ဘာအသစ်များ ဆက်လက်ကြိုဆိုခြင်း - နေ့စွဲ - 2013 Jan 23


န်ဘာအသစ်များ ဆက်လက်ကြိုဆိုခြင်း


``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုကူညီရေး အသင်း

နေ့စွဲ - 2013 Jan 23


1. အသင်းဝင်အမှတ် AR10381 ဖြင့် SINGAPORE နိုင်ငံ SINGAPORE/ SINGAPORE မှ ကိုငြိမ်းထက်ဝေ ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ ကိုလင်းမင်းအောင် [Limit / Lin Min Aung] ဖြစ်ပါတယ်။

2. အသင်းဝင်အမှတ် AR10382 ဖြင့် ရန်ကုန်တိုင်း/ သာကေတ မှ ကိုအောင်ကျော်ဖြိုး [ခွန်အောင်ခမ်း] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ မသိင်္ဂီနွယ် [Thain Gi] ဖြစ်ပါတယ်။

3. အသင်းဝင်အမှတ် AR10383 ဖြင့် မွန်ပြည်နယ်/ မော်လမြိုင် မှ ကိုမင်းထွန်းထွန်းနိုင် [Tun Naing] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုအေးကိုကို [Aye Ko Ko] ဖြစ်ပါတယ်။

4. အသင်းဝင်အမှတ် AR10384 ဖြင့် မွန်ပြည်နယ်/ မော်လမြိုင် မှ ကိုချစ်ဝေစိုး [soethar] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ မသိင်္ဂီနွယ် [Thain Gi] ဖြစ်ပါတယ်။

5. အသင်းဝင်အမှတ် AR10385 ဖြင့် ရန်ကုန်တိုင်း/ လှိုင် မှ ကိုထွန်းနန္ဒာ (CKE) [pyay ti oo] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုအေးကိုကို [Aye Ko Ko] ဖြစ်ပါတယ်။

6. အသင်းဝင်အမှတ် AR10386 ဖြင့် ရန်ကုန်တိုင်း/ ဒဂုံဆိပ်ကမ်း မှ မမေသက်ထား [chit may gyi] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်ကို ထပ်မံ အကြောင်းကြားပေးပါမယ်။

7. အသင်းဝင်အမှတ် AR10387 ဖြင့် ပဲခူးတိုင်း/ နေပြည်တော် မှ ဦးသက်ခိုင်ဦး ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်ကို ထပ်မံ အကြောင်းကြားပေးပါမယ်။

8. အသင်းဝင်အမှတ် AR10388 ဖြင့် ရန်ကုန်တိုင်း/ အင်းစိန် မှ မကြည်ကြည်လှိုင် (Gandamar Wholesale) ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ မသိမ့်သိမ့် [Ma Theint Theint] ဖြစ်ပါတယ်။

9. အသင်းဝင်အမှတ် AR10389 ဖြင့် ရန်ကုန်တိုင်း/ အင်းစိန် မှ ကိုသိန်းထွန်း (Gandamar Wholesale) ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ မသိမ့်သိမ့် [Ma Theint Theint] ဖြစ်ပါတယ်။

10. အသင်းဝင်အမှတ် AR10390 ဖြင့် ရန်ကုန်တိုင်း/ မရမ်းကုန်း မှ ဒေါ်ငွေငွေချို (Gandamar Wholesale) ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ မသိမ့်သိမ့် [Ma Theint Theint] ဖြစ်ပါတယ်။

11. အသင်းဝင်အမှတ် AR10391 ဖြင့် SINGAPORE နိုင်ငံ SINGAPORE/ SINGAPORE မှ မခင်သက်ဇွန် ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ ကိုလင်းမင်းအောင် [Limit / Lin Min Aung] ဖြစ်ပါတယ်။

12. အသင်းဝင်အမှတ် AR10392 ဖြင့် ရန်ကုန်တိုင်း/ ထောက်ကြန့် မှ ကိုဝေလင်းခိုင် [Wai Gyi] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုစိုင်းမျိုးသက်ဦး [Mr Jugger] ဖြစ်ပါတယ်။

13. အသင်းဝင်အမှတ် AR10393 ဖြင့် ရန်ကုန်တိုင်း/ လမ်းမတော် မှ ကိုသန်မာလတ် [သန်မာ] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုဖြိုးတင့်နိုင် [Ko Phothakyar] ဖြစ်ပါတယ်။

14. အသင်းဝင်အမှတ် AR10394 ဖြင့် ရန်ကုန်တိုင်း/ ကြည့်မြင်တိုင် မှ မရည်နန္ဒာအောင် [angel rain] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ ကိုဖြိုးတင့်နိုင် [Ko Phothakyar] ဖြစ်ပါတယ်။

15. အသင်းဝင်အမှတ် AR10395 ဖြင့် ရန်ကုန်တိုင်း/ မရမ်းကုန်း မှ မနီနီဝင်း [nail] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်အမှုဆောင်မှာ မသိမ့်သိမ့် [Ma Theint Theint] ဖြစ်ပါတယ်။

16. အသင်းဝင်အမှတ် AR10396 ဖြင့် ရန်ကုန်တိုင်း/ တောင်ဥက္ကလာ မှ ကိုကျော်မင်းခေါင် [min khaung] ကို အသင်းဝင်အဖြစ် လှိုက်လှဲစွာ

ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်သွယ်ရန်အမှုဆောင်မှာ မသိင်္ဂီနွယ် [Thain Gi] ဖြစ်ပါတယ်။


အမှုဆောင်များစာရင်း https://docs.google.com/spreadsheet/ccc?key=0Au8_XYy82xrgdFJMbGprY0Zmbk4tTWJySjZvdzdVMGc

အမှုဆောင်နှင့် အလှမ်းဝေးသူများ၊ ရပ်ဝေးမှ ငွေလှူဒါန်းလိုသူများအတွက် https://docs.google.com/spreadsheet/viewform?formkey=dHlKbk81Q0tWZU5Qb2tBUE5aVnBKYUE6MA

မြန်မာ့အရုဏ်သစ် ဂိုဂယ်မေးလ်ဂရု https://groups.google.com/forum/?hl=en&fromgroups#!forum/Myanma_ArunThit_Org