Facebook
Thursday, January 30, 2014
၂၁ ရာစု ကာလနာ သုတ်
အို--
ချစ်သား-- ကာလနာတို့
ဖေ့စ်ဘွတ်တစ်ခွင် ပြဲပြဲစင်အောင်
ဝင်ရောက်ဖတ်ရှု့ သင်စပ်စုစဉ်---
၁၊ ငါ၏စတေ့တပ် ဖတ်မိရုံမျှ
ကြိုက်ရုံမျှဖြင့်
စဉ်းစားချင့်ချိန် ဥာဏ်တိမ်တိမ်နှင့်
လွယ်လင့်တကူ အမှန်မယူနှင့်။ ။
၂။ ``ဖွတ်``ရဲ့လော်ဘီ ``ဒေါင်း`` လော်ဘီနှင့်
``အာမီ``ငမိုက်သား ငမူးသမားတို့
လက်ကမြင်းသမျှ ပြောသမျှလည်း
စဉ်းစားဝေဖန် သင့်ဥာဏ်မပါဘဲ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။
၃။ အနောက်တလွှား ပူမီးပွားတုန်း
ကြိမ်မီးအုံးသို့ ``ရိုဟင်ဂျာ``အရေး
သူငါ ရေးစဉ်
သူ့ဘက် ငါ့ဘက်
ခံစားချက်ပြင်း ဘက်လိုက်ခြင်းဖြင့်
လွယ်လင့်တကူ အမှန်မယူနှင့်။ ။
၎။ ဘာသာရေးအတွက် ရိုက်ချက်ပြင်းထန်
ဝေဖန်ရှုံ့ချ ဒေါသမီးမွှေး
သွေးခွဲသပ်လျှို လိုရာကိုဆွဲ
ကကြိုးထဲတွင် သင်မပါဝင်အောင်
ဝေဖန်ထောက်ရှု့ သင်မပြုဘဲ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။
၅။ ``တရုတ်````ကုလား``
ဝှက်ဖဲထား၍
အများအမြင် မျိုးချစ်ထင်ယောင်
မိုက်မှောင် မှိုင်းတိုက် ထိုငမိုက်တို့
တို့မီးရှို့မီး လုပ်ကြံမီးကြောင့်
ဒေါသမီးတောင် စွဲမလောင်ရန်
လွယ်လင့်တကူ အမှန်မယူနှင့်။ ။
၆။ ဆယ်လီဗျစ်တီ နာမည်ကျော်ကြား
ထောက်ခံများ၍ Like ပေါင်းထောင်ချီ
ရနေသည်ဟု သက်သေပြုကာ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။
၇။ သာသနာရေး ဘာသာရေးဟု
ဟစ်ကြွေးဂုဏ်ဖော် တကြော်ကြော်အော်လည်း
နောက်ကွယ်စိတ်ထား ဘယ်သို့သွားမှန်း
ရှင်းလင်းထင်မြင် မသိခင်မှာ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။
၈။ အငိုဘုရင် အပြောကျင်လည်
ဆွဲဆောင်လှုပ်ကိုင် သင့်သည်းခိုင်ကို
အမှန်တစ်ချို့ မှားတစ်ချို့နှင့်
လိုရာပန်းတိုင် မျှားစေနိုင်သည့်
ကဝေဘုရင် မှော်ကလောင်ရှင်လည်း
လွယ်လင့်တကူ အမှန်မယူနှင့်။ ။
၉။ ပုဂ္ဂလအမုန်း မီဒီယာသုံး၍
ငြိုးဖော်ရန်ဖက် ဆိုးကွက်ကိုရှာ
မညှာတာ ထောက်ရှု့ အပြုမဆန်
ဝေဖန်တိုက်ခိုက် မုန်းမီးတိုက်လည်း
လွယ်လင့်တကူ အမှန်မယူနှင့်။ ။
အို--
ချစ်သား
ကာလနာတို့
၁၀။ ချင့်ချင့်ချိန်ချိန် သုခမိန်ဟု
ရှေးကဆိုထား ထိုစကားအတိုင်း
အမှား အမှန် ဝေဖန်ထောက်ရှု့
မြင်အောင်ပြုလော့။
သူလှော်တိုင်းသာ ရွေ့နေပါလျှင်
သူ-ငါ-တို့တတွေ သက်မဲ့``လှေ``ပေါ့။
သူမောင်းတိုင်းသာ ကျုံးဝင်ပါလျှင်
သူ-ငါ-တို့တတွေ တိရိစ္ဆာန်ပေပေါ့။
တို့တတွေ ``လူသား``
သိဥာဏ်များလို့ လှော်တိုင်းမရောက်
ချောက်တိုင်းမဝင်
``သတိယှဉ်လော့``။ ။
၂၁ရာစု- (ကာလနာသုတ်-းအင်္ဂုလိသုတ္တန်)
by U Soe Naing
Monday, January 27, 2014
ရင့်ကျက်မှုဆိုတာတဲ့
ရင့်ကျက်သူကြီး 1ယောက်ဖြစ်နိုင်ပါစေသော် ............
ရင့်ကျက်ခြင်း၏ ဝိသေသများ
 "  ရင့်ကျက်ခြင်း၏ ဝိသေသများ "
         "  ရင့်ကျက်သူ" ဆိုတာ သည်းခံတ်သော၊ ပြီးတော့ ရေရှည်အကျိုးအမြတ်ကို ရှေးရှုးပြီး တဒင်္ဂသာယာမှုကို
စွန့် လွှတ်လိုက်ဖို့  ဝန်မလေးတတ်သူ။
         "  ရင့်ကျက်သူ" ဆိုတာ ပြောင်းလဲမှုတွေကို မကျေမချမ်းလည်းမဖြစ်၊ ဒေါသလည်းမထွက်ဘဲ ကျေအေးစေတတ်ဲ့  အရည်အချင်းရှိသူ။
          " ရင့်ကျက်သူ" ဆိုတာ အဟန့် အတား၊ အနှောင့်အယှက်တွေရှိပေမယ့်လည်း သည်းခံကြိုးပမ်းတတ်သူ။
          "  ရင့်ကျက်သူ " ဆိုတာ စိတ်ပျက်စရာများ၊ အခက်အခဲများကိုနာကြည်းမှုမရှိဘဲ ရင်ဆိုင်ရဲတဲ့ အစွမ်းရှိသူ။
တုံ့ ပြန်တတ်သူ။
           "  ရင့်ကျက်သူ" ဆိုတာ " ကျွန်တော်မှားသွားပါတယ် " လို့  မာနမထားဘဲ ပြောတတ်ပြီး သူ့ ဘက်က မှန်ကုန်ကြောင်းပြသဖို့  ဖန်လာရင်လည်း သူ့ ကိုယ်သူထိန်းချုပ်နိုင်ပြီး  " ငါပြောသားပဲ မဟုတ်လား " လို့  မပြောသူ။
             " ရင့်ကျက်သူ " ဆိုတာ သူတတ်နိုင်တဲ့ အရာတွေကို ပြောင်းလဲနိုင်ဖို့  ကြိုးပမ်းတတ်ပြီး သူမလုပ်နိုင်တဲ့ အရာတွေနဲ့ အတူ ငြိမ်းချမ်းစွာ နေတတ်သူ။
             "   ရင့်ကျက်သူ "  ဆိုတာ " ငါရင့်ကျက်သူဖြစ်ပြီလား" လို့ မိမိကိုယ်ကို မိမိညှင်ညှင်သာသာ မကြာခဏ မေးတတ်သူ။
  လူသားအားလုံး "ရင့်ကျက်သူ" များဖြစ်နိုင်ကြပါစေ။
Limit copy from mail
Sent from my iPhone
ဥစ္စာကို စေတနာထက် တန်ဘိုးထားသည့် သူများနှင့် ဆုံရသော် ပင်ပန်းခဲ့သမျှသည်...
မနေ့က (၂၆-၁-၁၄) တနင်္ဂနွေနေ့ည စက်ရုံမှာ နိုက်ဂျူတီကျရင်း (အမှန်က စက်ရုံက လုံခြုံရေး ကုမ္ပဏီက ငှားထားတဲ့ ဝန်ထမ်းတွေကို ဖြုတ်လိုက်လို့ လုံခြုံရေးဝန်ထမ်း မရှိလို့ အစားထိုး ခဏစောင့်နေတာ) ည ၁၁ နာရီခွဲလောက်မှာ စက်ရုံရှေ့က ``ဒုံး`` ကနဲအသံကြားတာနဲ့ မသင်္ကာလို့ ထွက်ကြည့်ကြတယ်။ အဲဒီမှာ ပရိုဘောက် ကားတစ်စီး အမှိုက်ပုံကို ဝင်တိုက်ပြီး ဘီးပေါက် ထွက်မရဖြစ်နေတယ်။ ဒါနဲ့ ကူညီဘို့ သွားတော့ ကားကိုဝိုင်းတွန်းပေးတယ်။ ကားက တာယာ ကျွတ်ထွက်သွားတယ်ထင်တယ် မရဘူး။ ကားသမားကို မမောင်းဘို့ မီးခိုးတွေ ထွက်နေလို့ တားတယ်။ သကောင့်သားက မူးနေတာ လူမှန်းတောင်မသိဘူးထင်တယ်။ အတင်းပဲ ဘတ်ဂီယာနဲ့ ဆုတ်တော့ ကားက ပူပြီး မီးစလောင်ရော။ ဒါနဲ့ စက်ရုံထဲ ပြေးဝင်ပြီး မီးသတ်ဆေးဗူးနဲ့ ပတ်တယ်။ ပထမ မီးက ငြိမ်းသွားတယ်ဗျ။ ခဏလေးမှာပဲ ဝုန်းကနဲ မီးတောက်ကြီး ထတောက်ရော။ မီးသတ်ဆေးဗူး လေးဗူးကုန်ပေမယ့် မရတော့ဘူး။ နောက်ဆုံး အန္တရယ်ရှိလို့ ဝေးဝေးမှာ နေရတယ်။ ပြဲနေတဲ့ ကားသမားကိုလည်း လွတ်အောင် ဆွဲထုတ်ရသေးတယ်။ သူအောက်က အမှိုက်ပုံကို မီးစွဲပြီး မီးတောက်အတော်ကြီးသွားတယ် ဓါတ်တိုင် တစ်တိုင်လောက်ထိမြင့်တယ်။ မီးသက်ကို ဖုန်းဆက်တာလည်း လွယ်လွယ်ဆက်သွယ်လို့မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့လည်း စက်ရုံထဲဝင် စက်၇ုံက ဆင်ထားတဲ့ မီးသက်ပိုက်တွေ တပ်ဆင် မနိုင်ရင် ကိုယ့်စက်ရုံ မီးကူးမှာကိုး ။ အဲဒီလိုနဲ့ဗျာ ဝိုင်းပြီး မီးငြိမ်းလိုက်တာ ၁၂ နာရီလောက်မှာ အတော် မီးညွန့်ကျိုးသွားတယ်။ မီးသတ်ကားလည်းရောက်ပြီ ဆိုတော့ စိတ်ချသွားရပြီ။ ကားကတော့ ပုံပါအတိုင်းပဲ။
Inline image 1
Inline image 2
Inline image 3
မနက်ကျတော့ ကားပိုင်တဲ့ ကုပ္ပဏီက လူတွေလာတယ်ဗျာ။ သူတို့ ပြောတဲ့စကားကြောင့် ကျွန်တော်တို့မှာ မျက်စိကိုပြူးသွားရော--
``တောက် တော်တော် မိုက်ရိုင်းတဲ့ကောင်တွေကွာ ရန်ဖြစ်တာ လူကို ရိုက်ရုံတင်မကဘဲ ကားကို မီးရှို့ ရတယ်လို့ `` တဲ့။
သြော် -- ယောင်္ကျားပီပီ ကိုယ်လုပ် ကိုယ်ခံ စိတ်မရှိဘူး။ ပြောတိုင်းလွယ်လွယ်ယုံတဲ့လူကိုလည်း အံ့ပါ့။ ရဲကို အမှုဖွင့်တာ ကားမီးရှို့ခံရလို့တဲ့။ တော်ပါသေးရဲ့ အဲဒီညက ရဲတွေ အတော်လူစုံအောင် ရောက်လာပြီး မှတ်တမ်းယူထားလို့။ နို့မဟုတ်ရင် စေတနာနဲ့ ကူညီနေတဲ့သူတွေပဲ တရားခံဖြစ်ရမယ့်ကိန်း။ by Ko Soe Naing
ထပ်ဆင့်ဖောက်သည်ချသူ Lu Zein