Facebook

Sunday, June 19, 2016

ပြည်သူချစ်တဲ့ အမေ့မွေးနေ့

"ျပည္သူခ်စ္တဲ႕ အေမ့ေမြးေန႕"

လောကဒဏ်ကို ရင်စီးခံ
အသက်အန္တရာယ်လည်းခြိမ်းချောက်
ယိုင်နှဲ့ကာ ဘေးမှုကြုံလည်း
ဒူးတော့မထောက်။

အမုန်းတွေကို မတုန့်ပြန်
အမှန်လမ်းကို ဆက်လျှောက်
အနာဂါတ်ကို စိန်စီဖို့
ကြိုးကုတ်ဇွဲတောင့်။

မေတ္တာဓာတ် မွန်မြတ်စံ
ပညာဉာဏ်ထွန်းပေါက်
ရန်သူကို ကြည်ဖြူသိမ်းမယ့်
စိတ်တည့် စွမ်းဖြောင့်။

၇၀ ကျော်တစ်နှစ်စွန်း လို့
ချစ်လွန်းတဲ့ ပြည်သူ့အမေ
သက်ရာကျော်ရှည်
ပြည်ချစ်တဲ့တို့အမေ
ကမာ္ဘမြေကျော်ကြား
ပြည်တစ်ဝှမ်းမှာပေါ့
ရွှင်လန်းကာ သာစေကြောင်းကို
မြတ်ဘုရားထံဆုမွန်တောင်းမယ်
သောင်းဖြစေသား။
kosoenaing
(မြန်မာ့အရုဏ်သစ်)

~~~~~~

ေလာကဒဏ္ကို ရင္စီးခံ
အသက္အႏၱရာယ္လည္းျခိမ္းေခ်ာက္
ယိုင္ႏွဲ႕ကာ ေဘးမွဳႀကံဳလည္း
ဒူးေတာ့မေထာက္။ ။

အမုန္းေတြကို မတုန္႕ျပန္
အမွန္လမ္းကို ဆက္ေလွ်ာက္
အနာဂါတ္ကို စိန္စီဖို႕
ႀကိဳးကုတ္ဇြဲေတာင့္။ ။

ေမတၱာဓါတ္ မြန္ျမတ္စံ
ပညာဥာဏ္ထြန္းေပါက္
ရန္သူကို ၾကည္ျဖဴသိမ္းမယ့္
စိတ္တည့္ စြမ္းေျဖာင့္။ ။

၇၀ ေက်ာ္တစ္ႏွစ္စြန္း လို႕
ခ်စ္လြန္းတဲ႕ ျပည္သူ႕အေမ
သက္ရာေက်ာ္ရွည္
ျပည္ခ်စ္တဲ႕တို႕အေမ
ကမာၻေျမေက်ာ္ၾကား
ျပည္တစ္ဝွမ္းမွာေပါ့
ရႊင္လန္းကာ သာေစေၾကာင္းကို
ျမတ္ဘုရားထံဆုမြန္ေတာင္းမယ္
ေသာင္းျဖေစသား။ ။
kosoenaing
(ျမန္မာ့အ႐ုဏ္သစ္)

Sunday, May 8, 2016

တိမ်ပန်းချီ

*******

ကောင်းကင်တစ်ခွင်
တိမ် တွေမြင်၍
စိတ်တွင်ပေါ်လာ
ပုံဖော်ကာဖြင့်
ဟိုဟာက နွား
ဘယ်က သိုးဆိတ်
ညာ တောရိပ်ကွ
ထိပ်က သိမ်းငှက်
အောင်ဘက် ပန်းခင်း
စိတ်တွင်းထင်လာ
နီးရာပုံပေါ်
ငယ်ကျွမ်းဖော်နှင့်
ပြုံးရယ်တွန်းကျီ
တိမ်ပန်းချီကို
နေခြည်နုအေး
တောပန်းမွှေးကာ
ရွာရိုးတစ်လွှား
ဂွေလှိမ့်သွား၍
ပျော်ရပါသည်
ပူပင်ကင်းဝေး
ငယ်ဘဝလေးကို
စိတ်ထဲလွမ်းသ
တမ်းတမ်းတ - - - -။

             :-)

U SOE NAING
2016 MAY 8

မျှဝေလက်တွဲကူညီဖေးမတတ်ကြပါစေ

ဆိုပါတော့ဗျာ
ခင်ဗျားဟာ  ခရီးပန်းပြီး ရေဆာနေတဲ့သူ  ဆိုပါတော့

ခင်ဗျားလက်ထဲကို ကြည်လင်အေးမြတဲ့ သောက်ရေတစ်ဖန်ခွက်ရတယ်  ဆိုရင် - - -
အဲဒီရေတစ်ခွက်ဟာ  ခင်ဗျားအတွက်  သိပ်ပြီးတန်ဖိုးရှိလိမ့်မယ်။
ခင်ဗျားရဲ့  ဆာလောင်မွတ်သိပ်မှုကို
ပြေပျောက်စေနိုင်တယ်

ဒါပေမယ့်
အဲဒီရေတစ်ဖန်ခွက်ကို
ရေတိုင်ကီကြီးထဲ ထည့်လိုက်ရင်တော့
ခင်ဗျား သောက်လို့ရနိုင်ပါ့မလား??
သောက်လို့မရတဲ့အတွက်
ခင်ဗျားရဲ့ဆာလောင်မွတ်သိပ်မှုတွေဟာ
ဆက်ပြီးခံစားနေရဦးမှာပဲ

ဘာကိုပြောချင်တာလဲ?
ကျနော်တို့ဟာ  သံသရာတစ်လျှောက်
ဆာလောင်မွတ်သိပ်မှုတွေနဲ့ အမြဲခံစားနေရတဲ့
ခရီးသွားတွေပဲ
သူတောင်းစားကနေ  ခရိုနီသူဌေးတွေအထိ
ဘဝဆန္ဒတွေ ပြည့်တယ်လို့မရှိဘူး
ဘာဖြစ်လို့လဲဆိုတော့
သူ့မှာ ရေတစ်ဖန်ခွက်စာရှိရင်
သူ့ဆန္ဒဟာ ရေတိုင်ကီကြီးလောင်ကြီးနေတယ်
သူ့မှာ ရေတိုင်ကီတစ်လုံးစာရေရှိရင်
သူ့ဆန္ဒက ရေကန်ကြီးလောက်ဖြစ်နေတတ်တယ်
ဒါကြောင့်
ချမ်းသာသုခခံစားနိုင်ဖို့
ကြိုးစားရှာဖွေတာနဲ့အတူ
အလိုဆန္ဒတွေလည်း လျှော့ချ ရောင့်ရဲကျေနပ်တဲ့စိတ်
မွေးမြူလေ့ကျင့်ထားရမယ်။
ဗုဒ္ဓဘုရားရှင် ထီနန်းစွန့်ပြီး
သင်္ကန်းသုံးစုံ သပိတ်တစ်လုံးနဲ့သာသနာပြုတာ
အလိုလောဘတွေ လျော့ချထားတဲ့
ဖန်ခွက်လေးနဲ့တူတယ်
ဒါကြောင့်
အမြဲပြည့်ဝချမ်းသာနေတယ်။

လက်ရှိဘဝကို  ကျေနပ်ပျော်ရွှင်နိုင်ကြပါစေဗျာ
တိုးတတ်အောင်မြင်ခြင်းနဲ့အတူ
မျှဝေလက်တွဲကူညီဖေးမတတ်ကြပါစေ

U Soe Naing