Facebook

Friday, April 21, 2017

Butterfly: beyond a pupa


 ~~(Zawgyi)~~
#လိပ္ျပာ

လူတစ္ေယာက္က လိပ္ျပာျဖစ္ခါနီး ပိုုးေကာင္ေလး ပိုုးအိမ္ေလးအတြင္းမွာရွိေနတာကိုု ေတြ႕လိုုက္ပါတယ္။ စိတ္၀င္စားတာနဲ႕သူ႕အိမ္ကိုုယူလာခဲ့ပါတယ္။
နာရီအနည္းငယ္ၾကာေတာ့ ပိုုးအိမ္ရဲ႕ အေပါက္ေသးေသးေလးထဲကေန လိပ္ျပာေလးက ထြက္ဖိုု႕ႀကိဳးစားတာကိုု ေတြ႕ရပါတယ္။ ဒါေပမယ့္ အေပါက္ေလးက ေသးလြန္းေတာ့ လိပ္ျပာေလးက မထြက္ႏိုုင္ပါဘူး။
အခ်ိန္နည္းနည္းၾကာလာေတာ့ စိတ္မရွည္ေတာ့ပဲ လိပ္ျပာေလးကိုု ကူညီေပးဖိုု႕ သူ ဆံုုးျဖတ္လိုုက္ပါတယ္။ ကပ္ေၾကးတစ္လက္ယူၿပီး ပိုုးအိမ္ေလးကိုု ညွပ္ေပးလိုုက္ပါတယ္။ လိပ္ျပာေလးက လြတ္လပ္စြာ ထြက္လာႏိုုင္ပါတယ္။
ဒါေပမယ့္ ထြက္လာတဲ့လိပ္ျပာေလးက သာမာန္လိပ္ျပာနဲ႕မတူပဲ ခႏၶာကိုုယ္ကလည္း ေဖာင္းကားေနၿပီး ေတာင္ပံမ်ားကလည္း ေသးငယ္ၿပီး ေပ်ာ့ေနပါတယ္။ သူလည္း လိပ္ျပာေလးကိုု ဆက္ၾကည့္ေနမိတယ္။ ေမွ်ာ္လင့္မိတာက လိပ္ျပာရဲ႕ခႏၶာကိုုယ္ေလး သူ႕ဖာသာသူ ေသးငယ္သြားၿပီး ေတာင္ပံေတြ ၾကံ႕ခိုုင္လာဖိုု႕ပါ။ အခ်ိန္တန္ရင္ လိပ္ျပာေလး ပ်ံ႔ႏိုုင္မယ္လိုု႕ သူ ယံုုၾကည္ေနပါတယ္။
ဒါေပမယ့္ သူယံုုၾကည္သလိုု ျဖစ္မလာခဲ့ပါဘူး။
လိပ္ျပာေလးက သူ႕ရဲ႕ လက္က်န္ဘ၀အခ်ိန္မ်ားကိုု ေဖာင္းကားေနသာ္ခႏၶာကိုုယ္နဲ႕ ေသးငယ္ေသာ ေတာင္ပံမ်ားနဲ႕အတူ တေရြ႕ေရြ႕နဲ႕ပဲ ကုုန္ဆံုုးရပါေတာ့တယ္။
သူနားမလည္လိုုက္တာက ပိုုးအိမ္ေလးရဲ႕တားဆီးမႈက လိပ္ျပာေလး ေနာက္ေနာင္ ေကာင္းမြန္စြာပ်ံ႔သန္းႏိုုင္ဖိုု႕အတြက္ ဆိုုတာကိုု နားမလည္လိုုက္တာပါပဲ။
လိပ္ျပာေလးက ပိုုးအိမ္အေပါက္ေလးကေန မရရေအာင္ တိုုးထြက္မွသာ သူ႕ခႏၶာကိုုယ္ထဲက ေရဓါတ္ေတြ ထြက္သြားမွာျဖစ္ၿပီး သူ႕ေတာင္ပံကလည္း ေနာက္ေနာင္ပ်ံ႔သန္းႏိုုင္ေလာက္ေအာင္ ၾကံ႕ခိုုင္လာမွာ ျဖစ္ပါတယ္။
တစ္ခါတစ္ေလမွာ ႐ုုန္းကန္ရမႈဆိုုတာ ဘ၀အတြက္ မရွိမျဖစ္ လိုုအပ္ခ်က္ပဲ ျဖစ္ပါတယ္။ တားဆီးမႈေတြရွိေနမွသာ ၾကံ႕ခိုုင္ေသာ လူသားေတြကိုု ေမြးထုုတ္ႏိုုင္မွာပါ။ ဒါမွပဲ အခ်ိန္တန္ရင္ ပ်ံ႔သန္းႏိုုင္ေလာက္ေအာင္ အင္အားေတြ ရွိေနမွာပါ။

Credit :
(ဘဝအခက္ခဲေတြနဲ႕ရင္ဆိုင္ဖူးသူေတြဟာ အစစအဆင္ေျပေနတဲ႔သူေတြထက္ ႀကံ႕ခိုင္တယ္ အရည္အေသြးျပည့္တယ္ ကိုယ့္ကိုယ္ကို ယုံၾကည္မွဳရွိလို႕ တည္ျငိမ္ေစတယ္)
(ဖုတၳႆ ေလာကဓေမၼဟိ စိတၱံယႆ နကမၸတၱိ အေသာကံ ဝီရဇံ ေခမံ) ျဖစ္ေစပါတယ္။

Ko Soe Naing



 ~~(Unicode)~~
#လိပ်ပြာ

လူတစ်ယောက်က လိပ်ပြာဖြစ်ခါနီး ပိုးကောင်လေး ပိုးအိမ်လေးအတွင်းမှာရှိနေတာကို တွေ့လိုက်ပါတယ်။ စိတ်ဝင်စားတာနဲ့သူ့အိမ်ကိုယူလာခဲ့ပါတယ်။
နာရီအနည်းငယ်ကြာတော့ ပိုးအိမ်ရဲ့ အပေါက်သေးသေးလေးထဲကနေ လိပ်ပြာလေးက ထွက်ဖို့ကြိုးစားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အပေါက်လေးက သေးလွန်းတော့ လိပ်ပြာလေးက မထွက်နိုင်ပါဘူး။
အချိန်နည်းနည်းကြာလာတော့ စိတ်မရှည်တော့ပဲ လိပ်ပြာလေးကို ကူညီပေးဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။ ကပ်ကြေးတစ်လက်ယူပြီး ပိုးအိမ်လေးကို ညှပ်ပေးလိုက်ပါတယ်။ လိပ်ပြာလေးက လွတ်လပ်စွာ ထွက်လာနိုင်ပါတယ်။
ဒါပေမယ့် ထွက်လာတဲ့လိပ်ပြာလေးက သာမာန်လိပ်ပြာနဲ့မတူပဲ ခန္ဓာကိုယ်ကလည်း ဖောင်းကားနပြေီး တောင်ပံများကလည်း သေးငယ်ပြီး ပျော့နေပါတယ်။ သူလည်း လိပ်ပြာလေးကို ဆက်ကြည့်နေမိတယ်။ မျှော်လင့်မိတာက လိပ်ပြာရဲ့ခန္ဓာကိုယ်လေး သူ့ဖာသာသူ သေးငယ်သွားပြီး တောင်ပံတွေ ကြံ့ခိုင်လာဖို့ပါ။ အချိန်တန်ရင် လိပ်ပြာလေး ပျံ့နိုင်မယ်လို့ သူ ယုံကြည်နေပါတယ်။
ဒါပေမယ့် သူယုံကြည်သလို ဖြစ်မလာခဲ့ပါဘူး။
လိပ်ပြာလေးက သူ့ရဲ့ လက်ကျန်ဘဝအချိန်များကို ဖောင်းကားနေသာ်ခန္ဓာကိုယ်နဲ့ သေးငယ်သော တောင်ပံများနဲ့အတူ တရွေ့ရွေ့နဲ့ပဲ ကုန်ဆုံးရပါတော့တယ်။
သူနားမလည်လိုက်တာက ပိုးအိမ်လေးရဲ့တားဆီးမှုက လိပ်ပြာလေး နောက်နောင် ကောင်းမွန်စွာပျံ့သန်းနိုင်ဖို့အတွက် ဆိုတာကို နားမလည်လိုက်တာပါပဲ။
လိပ်ပြာလေးက ပိုးအိမ်အပေါက်လေးကနေ မရရအောင် တိုးထွက်မှသာ သူ့ခန္ဓာကိုယ်ထဲက ရေဓာတ်တွေ ထွက်သွားမှာဖြစ်ပြီး သူ့တောင်ပံကလည်း နောက်နောင်ပျံ့သန်းနိုင်လောက်အောင် ကြံ့ခိုင်လာမှာ ဖြစ်ပါတယ်။
တစ်ခါတစ်လေမှာ ရုန်းကန်ရမှုဆိုတာ ဘဝအတွက် မရှိမဖြစ် လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ တားဆီးမှုတွေရှိနေမှသာ ကြံ့ခိုင်သော လူသားတွေကို မွေးထုတ်နိုင်မှာပါ။ ဒါမှပဲ အချိန်တန်ရင် ပျံ့သန်းနိုင်လောက်အောင် အင်အားတွေ ရှိနေမှာပါ။

Credit :
(ဘဝအခက်ခဲတွေနဲ့ရင်ဆိုင်ဖူးသူတွေဟာ အစစအဆင်ပြေနေတဲ့သူတွေထက် ကြံ့ခိုင်တယ် အရည်အသွေးပြည့်တယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလို့ တည်ငြိမ်စေတယ်)
(ဖုတ္ထဿ လောကဓမ္မဟေိ စိတ္တံယဿ နကမ္ပတ္တိ အသောကံ ဝီရဇံ ခေမံ) ဖြစ်စေပါတယ်။

Ko Soe Naing

Saturday, October 29, 2016

၁၄ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲ







တစ်ခါက နာတာရှည်ရောဂါစွဲကပ်နေတဲ့ သူဌေးကြီးတစ်ဦးဟာ သူ့တိုက်ဝရံတာ ကနေ ခြံရှေ့သစ်ပင်ရိပ်မှာ ထမင်းကို အားရပါးရပလုတ်ပလောင်းစားနေတဲ့ သူဖုန်းစားတစ်ဦးကိုကြည့်ပြီး စဉ်းစားမိသတဲ့
- -"အော် ငါ့မှာ ဥစ္စာစည်းစိမ်ပြည့်စုံပေမယ့် သူဖုန်းစားတစ်ယောက်လိုတောင် အားရပါးရမြိန်ရည်ယှက်ရည် မစားနိုင် မစားချင်ခဲ့တာ ကြာခဲ့ပါပကော ကျန်းမာခြင်းမရှိဘူးဆိုရင် ပိုငိဆိုင်တဲ့ဥစ္စာဓနတွေဟာ အလဟသ ပါပဲလား ငါလည်း မသေခင် သူဖုန်းစားလို ကျန်းကျန်းမာမာနဲ့ အားရပါးရ ထမင်းတစ်နပ်လောက်တော့ စားလိုက်ချင်စမ်းပါဘိတယ်" လို့ သူဖုန်းစားရဲ့ ကျန်းမာခြင်းဆုလဒ်ကို အားကျနေမိသတဲ့။
*****
ကျနော်တို့မြန်မာလူမျိုးတွေဟာ အလှူအတန်းရက်ရောကြပါတယ်။ ဒါပေမယ့် ဘာသာရေးအဆုံးအမယုံကြည်မှုအရ သံသရာမှာ ဥစ္စာဓနပြည့်စုံအောင် နောင်ဘဝချမ်းသာအောင်သာ ပိုပြီးအားစိုက်သလို ထင်မိပါတယ်။
နောင်သံသရာမှာ ဘဝဖြစ်တိုင်း ကျန်းမာခြင်း ချမ်းသာခြင်း နဲ့ပြည့်စုံမှုရော မလိုချင်ဘူးလား?

"သန့်ရှင်းတဲ့စေတနာနဲ့ သွေးလှူပါ"
"သန့်ရှင်းတဲ့စေတနာနဲ့ သွေးလှူရှင်များကို ထောက်ပံ့ကူညီပါ"
"သန့်ရှင်းတဲ့ စေတနာနဲ့ သွေးလှူပွဲကို လုပ်အားဒါနပြုပါ"


ဒါဆို ယခုဘဝ နောင်သံသရာ သင်နှင့်သင့်မိသားစု သင့်မိတ်ဆွေများ ကျန်းမာခြင်းကောင်းကျိုးမင်္ဂလာကို သင့်ဆီယူဆောင်လာပါလိမ့်မယ်။
ဒါဟာ ကံ ကံရဲ့အကျိုးတရားသက်ရောက်မှုပါပဲ။

#မြန်မာ့အရုဏ်သစ်
#၁၄ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲ
#၂၀၁၆ခုနှစ်နိုဝင်ဘာလ၂၇ရက်(တနင်္ဂေနွနေ့)
#အမျိုးသားသွေးလှူဘဏ်/ရန်ကုန်
အမြဲတန်း သွေးလှူရှင် ၇၀၀ မှ ၁၀၀၀ ကျော်လာရောက်လှူဒါန်းသည့်အတွက် ferry နှင်အာဟာရဒါနအတွက် စေတနာဖြစ်၍ပါဝင်လှူဒါန်းလိုပါက နီးစပ်ရာအမှုဆောင်များနှင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

#မြန်မာ့အရုဏ်သစ်
by U U Soe Naing
https://web.facebook.com/soe.naing.56/posts/1104635322983867

Sunday, October 23, 2016

မိတ်ဆက်စကား

``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုကူညီရေးအသင်း

(၁)
မနေ့က တစ်နေကုန်ပင်ပန်းနေသဖြင့် ညပိုင်းတွင် ပုံမှန်အိပ်ယာဝင်ချိန်ထက်စောပြီး အိပ်ယာဝင်လိုက်သည်။ အဲဒီလို အိပ်ယာဝင်ချိန်စောသွားလို့လားမသိ မနက်ပိုင်း အရုဏ်တတ်ချိန်တွင် လန်းလန်း ဆန်းဆန်းနိုးနေသည်။ ဆက်မအိပ်ချင်တော့၍ အိပ်ယာမှ ထကာ ခြံအပြင်ထွက်ပြီး လမ်းပေါ်တွင် အရုဏ်ဦး၏ ရူ့ခင်းတို့ကို ခံစားနေမိသည်။

အရုဏ်သစ်၏ လေပြေလေညှင်းတို့သည် လတ်ဆတ်လှသည်။

အရုဏ်သစ် က ဘဝ၏ နွမ်းနယ်ပင်ပန်းမှုတို့ကို တဖန် လန်းဆန်းတတ်ကြွစေသည်။

အရုဏ်သစ်က မနေ့က ပင်ပန်းဆင်းရဲခဲ့သမျှကို လျှော်ဖွတ်သန့်စင်စပြေီး ခွန်အားသစ်တို့ ရစေသည်။

အရုဏ်သစ် က မောပန်းနွမ်းနယ်နေသော ဘဝဒုက္ခတွေကို မေ့ပျောက်စေခဲ့သည်။

အရုဏ်သစ် က စိတ်သစ်၊ လူသစ်၊ ခွန်အားသစ် တို့ကို အသစ်တစ်ဖန် မွေးဖွားစေခဲ့သည်ဆိုလျှင်------

(၂)
ကျွန်တော်တို့မိသားစုက ထုံးစံအတိုင်း တီဗွီ စီးရီးတွေကို ကြည့်လျှင် ကိုးရီးယား ဒရမ်မာ ကားများကို ကြိုက်ကြသည်။ ကျွန်တော်ကတော့ တမူထူးခြားစွာ တောရိုင်းတိရိစ္ဆာန်တို့၏ ဘဝရှင်သန်မှု အလေ့အထတွေကို ရိုက်ကူးတင်ဆက်ပြသော NGC Wild အစီအစဉ်ကိုကြိုက်သည်။ ထိုအစီစဉ်ကို ကြည့်ရင်း ရင်ထဲတွင် ခံစားချက်တစ်ခု စွဲကျန်နေခဲ့သည်။ အခြားမဟုတ်ပါ။ တိရိစ္ဆာန်တို့၏ သဘာဝတွင် အစာကို ကိုယ်တိုင်ရှာဖွေစားသောက်ရင်း အသက်အရွယ်ကြီးရင့်၍ အစာကို ရှာမစားနိုင်လောက်အောင် အိုမင်းရင့်ရော်သောအခါ အစာရေစာ ရှာမစားနိုင်သဖြင့် ငတ်ပြတ်ကာ အသက်သကြေရခြင်း နှင့် မိခင်၏ စောင့်ရှောက်မှု မလွတ်ကင်းသေးသော သားပေါက်များ၏ ဘဝတွင်လည်း မိခင်သည် အခြားသားရဲ ကြီးများ၏ သတ်ဖြတ်စားသောက်ခြင်းကို ခံရလျှင် ထိုသားပေါက်ကလေးများမှာလည်း ရှာဖွေကြွေးမည့် မိခင်မရှိသဖြင့်၊ အကာအကွယ်ပေးမည့် မိခင်သေဆုံးသွားသဖြင့် သူတို့လည်း သေကျေပျက်စီးကြရသည့် မြင်ကွင်းတို့ပင်ဖြစ်သည်။

ကျွန်တော်တို့ လူသားတွေရော----

အကြောင်းအမျိုးမျိုးကြောင့် သားထောက်သမီးခံမရှိပဲ ကိုယ်တိုင် ရှာဖွေစားသောက်နိုင်စွမ်း မရှိတော့သော သက်ကြီးရွယ်အို မှီခိုရာမဲ့ ဘိုး၊ ဘွားများ------

အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့သွားရရှာသော အရွယ်မရောက်သေးသည့် လူမမယ် ကလေးသူငယ်များ------------

သဘာဝဘေး အန္တရယ် နှင့် စစ်ဘေး စစ်ဒဏ်ကြောင့် အတိဒုက္ခရောက်ကာ ရှာဖွေလုပ်ကိုင်စားသောက်ဖို့ ထက် ရှင်သန်ဖို့ပင် မလွယ်ကူသော အပြစ်မဲ့ပြည်သူများ-----

အရွယ်ရောက်၍ ရှာဖွေစားသောက်နိုင်လင့်ကစား မိဘ ညီအကိုမောင်နှမ လုံးဝမရှိပဲ တစ်ကောင်ကြွက် ဥတစ်လုံး ဘဝဖြင့် ယုတ်ညံ့သော လူသားအချို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရသော အားငယ်နေသည့် သူများ--

ထိုထိုသောသူများကို ကျွန်တော်တို့ မြန်မာ့အရုဏ်သစ် ပရဟိတ အဖွဲ့မှ အုတ်တစ်ချပ်သဲတစ်ပွင့် ပင်ဖြစ်ပါစေ တတ်စွမ်းသောအားဖြင့်--

အရဏ်သစ်၏ လင်းရောင်ခြည်ကဲ့သို့ ခွန်အားသစ်တို့ တစ်ဖန်ဖြစ်စေမည်။

အရုဏ်သစ်၏ လေနုအေးသို့ လန်းဆန်းမှုတို့ကို တစ်ဖန်ဖြစ်စေမည်။

အရုဏ်သစ်၏ နခြေည်နုကဲ့သို့ တတ်ကြွမှုတို့ကို တစ်ဖန်ဖြစ်စေမည်။

အရုဏ်သစ်၏ လင်းကြက်တွန်သံကဲ့သို့ နိုးထလာသော ဘဝများအတွက် နှိုးဆော်ပေးမည်။

အရုဏ်သစ်၏ မျှော်လင့်ချက် ခွန်အားများ နှင့်အတူ ``မြန်မာ့အရုဏ်သစ်``ပရဟိတအဖွဲ့ကို ကျွန်တော်တို့ အွန်လိုင်း သူငယ်ချင်းအပေါင်းအသင်းများ စိတ်တူ ကိုယ်တူ ဝန်ထုတ်ဝန်ပိုး မဖြစ်သော တာဝန်ယူမှုများနဲ့ ``အားငယ်သူ အားပေးပါ--- လဲနေသူ ထူပေးပါ`` ဟူသော မြန်မာစိတ်ထား တို့ဖြင့် ဆက်လက် ရှင်သန်ကြစေလိုကြောင်း နှိုးဆော် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား။
----ကိုစိုးနိုင်----