2012/10/7 "☆•❤´¯``သိဂီၤ´¯``❤•☆ -" <ms.theinginwe@gmail.com>
သာဓု…. သာဓု….. သာဓု…….ပါ ခင္ဗ်ာ
"ပီတိကိုစား………. အားဖြစ်စေသည်"
ဒီနေ့ကျမတို့ရဲ့ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်းရဲ့ တတိယမြောက်ခြေလှမ်း "မြိုင်" သီလရှင်ကျောင်းသို့ လှူဒါန်းတဲ့ နေ့ထူးနေ့မြတ်လေးတစ်နေ့ ဖြစ်ပါတယ်။
စနေနေ့ညက သန်းခေါင်ယံအချိန်မှာ မြန်မာ့အရုဏ်သစ်ရဲ့ လှူဒါန်းတဲ့အလှူငွေတွေ ကြေငြာဖို့ ကျမ အွန်လိုင်းပေါ်ရောက်ခဲ့ပါတယ်။ မန္တလေးသား မောင်ဂျက်ဂါက အမှုဆောင်များ "အိပ်တော့လေ မနက်လှူဒါန်းပွဲသွားတဲ့အခါ မျက်နှာမလန်း ဖြစ်နေမယ်" ဆိုတဲ့ သတိပေးစကား တွေ့ပေမယ့် ပီတိများနဲ့အတူ အလှူငွေစာရင်းများကြေငြာပေးရင်း (ကွန်နက်ရှင် မကောင်းသောကြောင့်) ည ၂ နာရီမှ အိပ်ရာထဲဝင်ခဲ့ပါ တယ်။
(၇.၁၀.၂၀၁၂) တနင်္ဂနွေနေ့ ၆ နာရီမှာပဲ လန်းဆန်းတက်ကြွစွာနဲ့ အိပ်ရာနိုးခဲ့ပါတယ်။ သာကေတ မှာနေတဲ့ကျမအတွက် ၁၀ မိုင်ကုန်းကို ၉ နာရီရောက်ဖို့ ၇ နာရီကတည်းက ထွက်မှဖြစ်မှာလေ။ ကားပေါ်မှာ သာကေတ အထွက် အနည်းငယ်ငိုက်မှေးတာကလွဲပြီး လန်းဆန်းတက်ကြွနေခဲ့ပါတယ်။ မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့နှင့်အတူ ၉ မိုင် Ocean မှ မဥမ္မာလှိုင်က သူ့မွေးနေ့အတွက် လာရောက်လှူဒါန်းသွားတဲ့ ကလေးများဝေဖို့ သကြားလုံးပုံးကြီး ၂ ပုံး၊ အခြားလှူဖွယ်ပစ္စည်းများနဲ့အတူ "မြိုင်" သီလရှင်ကျောင်းလေးသို့ တက်ကြွစွာနဲ့ ကျမတို့အဖွဲ့ ခရီးစခဲ့ပါတယ်။ ကားပေါ်မှာလည်း မြန်မာ့အရုဏ်သစ် မန်ဘာဝင်တစ်ချို့ကို ကျမတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်များကို ပြောပြရင်း ပျော်မဆုံးပါပဲ။
"မြိုင်" သီလရှင်ကျောင်းအရောက် အားလုံးကတက်ကြွစွာ ကျမတို့အဖွဲ့ရဲ့ ဗီနိုင်းကြီးချိတ်သူချိတ်နဲ့ မောင်ဖိုးသကြားဆိုရင် စနေနေ့ညက မိုးလင်းကာနီးမှ အိပ်ရာဝင်ပေမယ့် တက်ကြွလန်းဆန်းစွာ သူ့ရဲ့ သုံးချောင်းထောက် ကင်မရာကြီး တကားကားနဲ့ မှတ်တမ်းတင်နေတယ်လေ။ ကိုလူစိမ်းကြီးကတော့ ကျမတို့နဲ့အတူ ကျောင်းအပေါ်ထပ်တက်ပြီး ဗီနိုင်းကြီးတက်ချိတ်လို့…… ပြီးတော့အောက်ဆင်းပြီး ကိုစိုးနိုင်၊ ဟင်္သာတသားလေး ကောင်းမြတ်ကိုကို၊ မန်ဘာဝင်တို့နဲ့အတူ လှူဖွယ်ပစ္စည်းတွေ ဘုရားရှေ့နေရာချလို့ တက်ကြွနေကြပါတယ်။ ကိုစိုးနိုင်ရဲ့ မဒီကြီးကလည်း ပါရမီ ဖြည့်ဖက်ပီသစွာ တပြုံးပြုံးနဲ့ လှူဖွယ်ပစ္စည်းကိစ္စတွေ စီစဉ်လို့ ကိုစိုးနိုင်ရဲ့သားသမီးတွေ ကိုလူစိမ်းရဲ့ပါရမီဖြည့်ဖက် မဒီနဲ့ သမီးတွေလည်း တက်ကြွစွာနဲ့ တစ်တပ်တစ်အား ကူညီပေးနေကြပါတယ်။ မျက်နှာသွင်ပြင် အားလုံးက အပြင်မှာ ပူပြင်းနေပေမယ့် အေးချမ်းတက်ကြွစွာ ရွှင်လန်းနေကြပါတယ်။
"မြိုင်" သီလရှင်ကျောင်းမှ ဆရာလေးများနဲ့ မိဘမဲ့ကလေးများကို ထမင်းကျွေးပြီး ကျမတို့ထမင်းစားကြပါတယ် (စားလို့ကလွှတ်ကောင်းပါပဲ) :D ။ ထမင်းစားပြီးသွားတဲ့အခါ "မြိုင်" သီလရှင်ကျောင်းမှ ကျောင်းထိုင်ဆရာလေးက တရားပေး ရေစက်ချ အမျှဝေတဲ့အခါ ဟောကြားတဲ့ တရားရဲ့ ရည်ရွယ်ချက်ကတော့……….. နည်းနည်းနဲ့ စုပေါင်းပြီး လှူဒါန်းခဲ့ကြလို့ ဒီဘ၀တင်မက နောင်ဘ၀ သံသရာအဆက်ဆက်မှာလည်း ဒီလူတွေပဲ ရေစက်ဆုံကြပြီး အလှူရေစက် လက်နဲ့မကွာလှူဒါန်းကြရတယ်….ဆိုတဲ့အကြောင်းလေးပေါ့... ။ အခု ကျမတို့အဖွဲ့လည်း ၃ လအတွင်း ဒီလိုကြီးမားတဲ့ အလှူဒါနတွေ ပြုကြရတယ်၊ဆုံကြရတယ် ဆိုတာကလည်း ရှေးကရေစက်ရှိခဲ့ကြလို့ပဲ….လို့ တွေးမိပါတယ်။
ရေစက်ချအမျှပေးဝေ သာဓုခေါ်သံများနဲ့အတူ ………………
အားလုံး ကြားကြားသမျှ လှူဒါန်းကြကုန်သော အဖွဲ့ဝင်များအားလုံး အမျှ အမျှ အမျှ ယူတော်မူကြပါ......
သာဓု…. သာဓု….. သာဓု…….။
ဒီလို လှူဒါန်းလိုက်ရလို့ ရတဲ့ ပီတိတွေက ဘယ်လောက်ပဲ မောပန်းခဲ့ မောပန်းခဲ့ အားဆေးတစ်ခွက်လို့ ကျမတို့ မြန်မာ့အရုဏ်သစ်ပရဟိတလူမှုကူညီရေး အသင်းအတွက် နောက်လာမဲ့ ခြေလှမ်းများအတွက် ပိုမိုလို့ အင်အားဖြစ်စေပါတော့တယ်……သိဂီင်္
(မြန်မာ့အရုဏ်သစ်ပရဟိတလူမှုကူညီရေးအသင်း)
No comments:
Post a Comment