

"ဝန်ဆောင်ခကတော့ တန်ဖိုးနည်းဖုန်း ငါးသိန်းဖုန်းဆိုပြီး သတ်မှတ်မထားပါဘူး။ အတူတူပါပဲ၊ နေရာမှား လျှောက်ထားသူတွေက နောက်တစ်နေရာလောက်ကို ထပ်မသွားချင်တော့ ပွဲစားအပ်လိုက်တာ များတယ်" ဟု အကျိုးဆောင် တစ်ဦးက ဆိုသည်။ ဖုန်းကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာ မေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက GSM/WCDMA (UMTS) မိုဘိုင်းဖုန်းများ အတွက် ဖုန်း-၀၁-၅၅၅၄၇၆ CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်း-၀၁-၂၁၇၂၁၉ နှင့် ၀၉-၇၃၀၀၀၀၀၀၊ CDMA 800 (MEC Tel) မိုဘိုင်းဖုန်းများ အတွက် ဖုန်း ၀၁-၆၅၆၉၉၄ နှင့် ၀၁-၆၅၆၉၉၅ တို့သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံ စီးပွားရေး ဌာနအပြင် တန်ဖိုးနည်း မိုဘိုင်းဖုန်းအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်းသေကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာ ရုံးများတွင် ဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရသည်။ ကတ်ပျက်ခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောင်ရွက်ရာတွင် နှစ်သောင်းကျပ် ကျသင့်မည် ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။
Ref : Internet Journal
No comments:
Post a Comment