Saturday, April 30, 2016
နည်းနည်းတော့ ရှည်ပါရစေ
နည်းနည်းတော့ ရှည်ပါရစေ (သျှာ - -သျှာ
1970 က ကျနော့ကို ရွာလေးတစ်ရွာမှာ ဖွားခဲ့တယ် မြို့နဲ့အဆက်အသွယ်ပြတ်တယ် ဆရာဝန်မရှိဘူး ကျန်းမာရေးဗဟုသုတမရှိဘူး ဆေးဝါးမရှိဘူး
ရွားသားတွေဟာ ဒေါက်တာရမ်းကုတွေ ဆေးဝါးအတုတွေရဲ့သားကောင်ဘဝကို အသက်ပေးပြီး ခံခဲ့ကြရတယ်
အဲဒီအဖြစ် များစွာထဲက ကိုကျောက်အကြောင်း နည်းနည်းပြောပါရစေ
****
ဆိုရှယ်လစ်ခေါတ်မှာ စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် အ-သုံးလုံး(အရေး-အဖတ်-အတွက်)ကို တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ လာသင်ပေးကြတယ်။ ရေဒီယိုမှာ "ဝ - ထ - က- လ- သ" ဆိုတဲ့သီချင်းကလည်း လူထုကြား ပျံ့နှံ့လှပေတယ်။ ကိုကျောက်လည်း စာမတတ်ဖူး။ ဒီတော့ အ-သုံးလုံးသင်တာပေါ့။ လုံးဝ မတတ်တာနဲ့စာရင် စမ်းတဝါးဝါးတော့ ရေးဖတ်တတ်လာတယ်။ နောက်ဆုံးနေ့မှာ စာစစ်တယ်။ ဆရာမလေးက သင်ပုန်းပေါ်မှာ #ခရီး လို့ရေးတယ်။ ကိုကျောက် ဖတ်ရမယ့်အလှည့်။ ကိုကျောက်ဟာ ရင်ကော့ပြီး ဖတ်တယ်။ဒါပေမယ့် သူဖတ်တာမှားတော့ လူတွေရယ်ကြတယ်။ သူဖတ်တာက #ခခွေးရီး တဲ့။ (သူဟာ အခုဆုံးသွားပြီဖြစ်တဲ့ အတွင်းရေးမှူး ၃ ဗိုလ်ချုပ်ဝင်းမြင့်နဲ့ ငယ်သူငယ်ချင်း)
****
သူဘယ်လိုဆုံးပါးသွားတာလဲဆိုတာ တင်ပြချင်လို့ အရင်သူ့ကို မိတ်ဆက်ပေးတာပါ
တစ်နေ့ သူ့သားတစ်ယောက်နေမကောင်းဖြစ်တယ်။ ဆရာဝန်မရှိတဲ့တောရွာဆိုတော့ ဒေါက်တာရမ်းကုလက်ကိုသာဝကွက်အပ်ရတယ်။ ဒေါက်တာရမ်းကုက လူနာကို အားဆေးသွင်းတယ်။ လူနာဟာ အားဆေး ခန္ဓာကိုယ်ထဲဝင်တာနဲ့ အကြောက်အကန် ပိုက်ကိုဆွဲဖြုတ်ပြစ်ပြီး နောက်ထပ်အသွင်မခံဘူး။ ဒါကြောင့် ကိုကျောက်ဟာ ပိုက်ဆံပေးဝယ်ထားတဲ့အားဆေးကို နှမြောလို့ ရမ်းကုကို သူ့သွင်းပေးလို့ရလား မေးတယ်။ ရတယ်ဆိုတော့ သည်းခံ သွင်းရင်းသွင်းရင်း ဟုတ်ကဲ့ လောကကြီးကို နှုတ်မဆက်ပဲ အပြီးပိုင် ထွက်ခွာသွားပါတော့တယ် - - - -
****
ခုခေါတ်မှာ ဒါမျိုးမရှိတော့ဘူးလား???
တစ်လောက ဆရာဝန်တစ်ယောက် ခရီးထွက်ရင်း သေကာနီးလူနာ (သေရန်ပင်ပန်းဆင်းရဲစွာစောင်နေသောလူနာ )ကို ဝင်စပ်စုကြည့်တော့ အပမှီနေသော ဖုတ်ဝင်နေသော လူနာမို့အကုမခံတာကို မနည်းစည်းရုံးပြီး ဗိုက်ထဲကရေအိတ်တည်နေတာကို ဖောက်ထုတ်ပေးပြီး အသက်ကယ်ပေးခဲ့တဲ့ ပို့စ်လေး ဖတ်မိတယ်။ ဆရာဝန်ကို ကျေးဇူးတင်လေးစားမိပြီး ငယ်ငယ်က မသေသင့်ပဲသေခဲ့ရတဲ့လူတွေကို ပြန်မြင်မိတယ်။
ကျနော်တို့ #မြန်မာ့အရုဏ်သစ် ပရဟိတလူမှုကူညီရေးအသင်းအနေနဲ့ ကျေးရွာတွေက လူနာတွေကို မေလ ၂၂ ရက်နေ့မှာ အခမဲ့ဆေးစစ်ကုသပညာပေးဆွေးနွေး ကြပါမယ်။ ဒီအတွက် စေတနာရှင် လူငယ်ဆရာဝန်များလည်း ပါဝင်လုပ်အားပေးကြပါမယ်။ မိတ်ဆွေတို့လည်း အသင်းနဲ့အတူ ဆေးဝါးများလှူဒါန်းလိုရင်ဆက်သွယ်နိုင်ပါတယ်။ ကျနော်တို့ ဘဝရှင်စဉ် လုပ်နိုင်တာတွေ လုပ်နိုင်သလောက် လက်တွဲကူညီကြရအောင်- - -
#မြန်မာ့အရုဏ်သစ်
Credit to
Soe Naing
Subscribe to:
Post Comments (Atom)
No comments:
Post a Comment