Facebook

Sunday, May 8, 2016

မျှဝေလက်တွဲကူညီဖေးမတတ်ကြပါစေ

ဆိုပါတော့ဗျာ
ခင်ဗျားဟာ  ခရီးပန်းပြီး ရေဆာနေတဲ့သူ  ဆိုပါတော့

ခင်ဗျားလက်ထဲကို ကြည်လင်အေးမြတဲ့ သောက်ရေတစ်ဖန်ခွက်ရတယ်  ဆိုရင် - - -
အဲဒီရေတစ်ခွက်ဟာ  ခင်ဗျားအတွက်  သိပ်ပြီးတန်ဖိုးရှိလိမ့်မယ်။
ခင်ဗျားရဲ့  ဆာလောင်မွတ်သိပ်မှုကို
ပြေပျောက်စေနိုင်တယ်

ဒါပေမယ့်
အဲဒီရေတစ်ဖန်ခွက်ကို
ရေတိုင်ကီကြီးထဲ ထည့်လိုက်ရင်တော့
ခင်ဗျား သောက်လို့ရနိုင်ပါ့မလား??
သောက်လို့မရတဲ့အတွက်
ခင်ဗျားရဲ့ဆာလောင်မွတ်သိပ်မှုတွေဟာ
ဆက်ပြီးခံစားနေရဦးမှာပဲ

ဘာကိုပြောချင်တာလဲ?
ကျနော်တို့ဟာ  သံသရာတစ်လျှောက်
ဆာလောင်မွတ်သိပ်မှုတွေနဲ့ အမြဲခံစားနေရတဲ့
ခရီးသွားတွေပဲ
သူတောင်းစားကနေ  ခရိုနီသူဌေးတွေအထိ
ဘဝဆန္ဒတွေ ပြည့်တယ်လို့မရှိဘူး
ဘာဖြစ်လို့လဲဆိုတော့
သူ့မှာ ရေတစ်ဖန်ခွက်စာရှိရင်
သူ့ဆန္ဒဟာ ရေတိုင်ကီကြီးလောင်ကြီးနေတယ်
သူ့မှာ ရေတိုင်ကီတစ်လုံးစာရေရှိရင်
သူ့ဆန္ဒက ရေကန်ကြီးလောက်ဖြစ်နေတတ်တယ်
ဒါကြောင့်
ချမ်းသာသုခခံစားနိုင်ဖို့
ကြိုးစားရှာဖွေတာနဲ့အတူ
အလိုဆန္ဒတွေလည်း လျှော့ချ ရောင့်ရဲကျေနပ်တဲ့စိတ်
မွေးမြူလေ့ကျင့်ထားရမယ်။
ဗုဒ္ဓဘုရားရှင် ထီနန်းစွန့်ပြီး
သင်္ကန်းသုံးစုံ သပိတ်တစ်လုံးနဲ့သာသနာပြုတာ
အလိုလောဘတွေ လျော့ချထားတဲ့
ဖန်ခွက်လေးနဲ့တူတယ်
ဒါကြောင့်
အမြဲပြည့်ဝချမ်းသာနေတယ်။

လက်ရှိဘဝကို  ကျေနပ်ပျော်ရွှင်နိုင်ကြပါစေဗျာ
တိုးတတ်အောင်မြင်ခြင်းနဲ့အတူ
မျှဝေလက်တွဲကူညီဖေးမတတ်ကြပါစေ

U Soe Naing

အတွေ့အကြုံ ဟာ ပညာ

အတွေ့အကြုံ ဟာ ပညာပဲ
ကိုယ်ဝါသနာပါရာကို တစ်စိုက်မတ်မတ်လုပ်ပါ
ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ ကျွမ်းကျင်လိမ်မာသွားရင်
အဲဒီအလုပ်က ကိုယ့်ကို ပြန်အကျိုးပြုလိမ့်မယ်

ယောင် ၆၀
ဟိုနေရာ စပ် စပ် စပ် စပ်
ဒီနေရာ စပ် စပ် စပ် စပ် ဆို
အသက်ကြီးပြီး အိုသေသွားမယ်
ဘာမှအောင်မြင်မှာမဟုတ်ဘူး

မယုံမရှိနဲ့
ကိုယ်တွေ့

 ပရော်ဖက်ဆာ ဒေါက်တာယောင်ကြီး
by Soe Naing 

Saturday, April 30, 2016

နည်းနည်းတော့ ရှည်ပါရစေ



နည်းနည်းတော့ ရှည်ပါရစေ (သျှာ - -သျှာ

1970 က ကျနော့ကို ရွာလေးတစ်ရွာမှာ ဖွားခဲ့တယ် မြို့နဲ့အဆက်အသွယ်ပြတ်တယ် ဆရာဝန်မရှိဘူး ကျန်းမာရေးဗဟုသုတမရှိဘူး ဆေးဝါးမရှိဘူး

ရွားသားတွေဟာ ဒေါက်တာရမ်းကုတွေ ဆေးဝါးအတုတွေရဲ့သားကောင်ဘဝကို အသက်ပေးပြီး ခံခဲ့ကြရတယ်

အဲဒီအဖြစ် များစွာထဲက ကိုကျောက်အကြောင်း နည်းနည်းပြောပါရစေ
****
ဆိုရှယ်လစ်ခေါတ်မှာ စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် အ-သုံးလုံး(အရေး-အဖတ်-အတွက်)ကို တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ လာသင်ပေးကြတယ်။ ရေဒီယိုမှာ "ဝ - ထ - က- လ- သ" ဆိုတဲ့သီချင်းကလည်း လူထုကြား ပျံ့နှံ့လှပေတယ်။ ကိုကျောက်လည်း စာမတတ်ဖူး။ ဒီတော့ အ-သုံးလုံးသင်တာပေါ့။ လုံးဝ မတတ်တာနဲ့စာရင် စမ်းတဝါးဝါးတော့ ရေးဖတ်တတ်လာတယ်။ နောက်ဆုံးနေ့မှာ စာစစ်တယ်။ ဆရာမလေးက သင်ပုန်းပေါ်မှာ ‪#‎ခရီး‬ လို့ရေးတယ်။ ကိုကျောက် ဖတ်ရမယ့်အလှည့်။ ကိုကျောက်ဟာ ရင်ကော့ပြီး ဖတ်တယ်။ဒါပေမယ့် သူဖတ်တာမှားတော့ လူတွေရယ်ကြတယ်။ သူဖတ်တာက ‪#‎ခခွေးရီး‬ တဲ့။ (သူဟာ အခုဆုံးသွားပြီဖြစ်တဲ့ အတွင်းရေးမှူး ၃ ဗိုလ်ချုပ်ဝင်းမြင့်နဲ့ ငယ်သူငယ်ချင်း)
****
သူဘယ်လိုဆုံးပါးသွားတာလဲဆိုတာ တင်ပြချင်လို့ အရင်သူ့ကို မိတ်ဆက်ပေးတာပါ
တစ်နေ့ သူ့သားတစ်ယောက်နေမကောင်းဖြစ်တယ်။ ဆရာဝန်မရှိတဲ့တောရွာဆိုတော့ ဒေါက်တာရမ်းကုလက်ကိုသာဝကွက်အပ်ရတယ်။ ဒေါက်တာရမ်းကုက လူနာကို အားဆေးသွင်းတယ်။ လူနာဟာ အားဆေး ခန္ဓာကိုယ်ထဲဝင်တာနဲ့ အကြောက်အကန် ပိုက်ကိုဆွဲဖြုတ်ပြစ်ပြီး နောက်ထပ်အသွင်မခံဘူး။ ဒါကြောင့် ကိုကျောက်ဟာ ပိုက်ဆံပေးဝယ်ထားတဲ့အားဆေးကို နှမြောလို့ ရမ်းကုကို သူ့သွင်းပေးလို့ရလား မေးတယ်။ ရတယ်ဆိုတော့ သည်းခံ သွင်းရင်းသွင်းရင်း ဟုတ်ကဲ့ လောကကြီးကို နှုတ်မဆက်ပဲ အပြီးပိုင် ထွက်ခွာသွားပါတော့တယ် - - - -
****
ခုခေါတ်မှာ ဒါမျိုးမရှိတော့ဘူးလား???
တစ်လောက ဆရာဝန်တစ်ယောက် ခရီးထွက်ရင်း သေကာနီးလူနာ (သေရန်ပင်ပန်းဆင်းရဲစွာစောင်နေသောလူနာ )ကို ဝင်စပ်စုကြည့်တော့ အပမှီနေသော ဖုတ်ဝင်နေသော လူနာမို့အကုမခံတာကို မနည်းစည်းရုံးပြီး ဗိုက်ထဲကရေအိတ်တည်နေတာကို ဖောက်ထုတ်ပေးပြီး အသက်ကယ်ပေးခဲ့တဲ့ ပို့စ်လေး ဖတ်မိတယ်။ ဆရာဝန်ကို ကျေးဇူးတင်လေးစားမိပြီး ငယ်ငယ်က မသေသင့်ပဲသေခဲ့ရတဲ့လူတွေကို ပြန်မြင်မိတယ်။


ကျနော်တို့ ‪#‎မြန်မာ့အရုဏ်သစ်‬ ပရဟိတလူမှုကူညီရေးအသင်းအနေနဲ့ ကျေးရွာတွေက လူနာတွေကို မေလ ၂၂ ရက်နေ့မှာ အခမဲ့ဆေးစစ်ကုသပညာပေးဆွေးနွေး ကြပါမယ်။ ဒီအတွက် စေတနာရှင် လူငယ်ဆရာဝန်များလည်း ပါဝင်လုပ်အားပေးကြပါမယ်။ မိတ်ဆွေတို့လည်း အသင်းနဲ့အတူ ဆေးဝါးများလှူဒါန်းလိုရင်ဆက်သွယ်နိုင်ပါတယ်။ ကျနော်တို့ ဘဝရှင်စဉ် လုပ်နိုင်တာတွေ လုပ်နိုင်သလောက် လက်တွဲကူညီကြရအောင်- - -
#မြန်မာ့အရုဏ်သစ်
Credit to
Soe Naing