Facebook

Saturday, December 15, 2012

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့မှ ပို့ပေးလိုက်တဲ့ စောင်နှင့် အနွေးထည် ကလေးမြို့ကို ရောက်ပါပြီ။ [Lal Sangi - 15 Dec 2012]

မြန်မာ့အရုဏ်သစ် အမှုဆောင်များနှင့် မန်ဘာဝင်အားလုံးကို ပြောမပြတတ်လောက်အောင် ကျေးဇူးတင်ပါတယ်။ အသင်းကိုစား လှူဒန်းဖို့ရန် ယုံကြည်ပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာ ဂုဏ်ယူမိပါတယ်။
အထူးသဖြင့် ကိုစိုးနိုင်နဲ့ ကိုလူစိမ်းကို ကျေးဇူးတင်မိပါတယ်။ ကလေးမြို့မှာရှိတဲ့ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ ကလေးဂေဟာနှင့် ရပ်ကွက်အတွင်း နွမ်းပါးသူများအား ဆောင်းတွင်းကာလမှာလိုအပ်တဲ့ စောင်နှင့် အနွေးထည် လှူဖို့ရန် စီစဉ်ဆောင်ရွက်ပေးတဲ့ ကိုစိုးနိုင်ကို ကျေးဇူးတင်ပါတယ်။ ပရဟိတနှင့် ပတ်သက်ပြီး ဘာမှ မလုပ်တတ်တဲ့ ဆန်းငီးကို စိတ်ရှည်ရှည်နဲ့လမ်းညွှန်မှုပေးနိုင်တဲ့ ကိုလူစိမ်းကိုလည်း ကျေးဇူးတင်ပါတယ်။ ရန်ကုန်မြို့တွင် ပစ္စည်းများထုတ်ပိုပေးပြီး အဝေပြေးဂိတ်သို့ ပို့ဆောင်ပေးသော ကိုဖိုးသကြားအားလည်း ကျေးဇူးတင်မိပါသည်။ Mdy တွင် ပစ်စည်း ဂိတ်ပြောင်း ပို့ပေးပြီး တန်ဆာခပါ အပြီးရှင်း ပေးခဲ့သော ကိုဇော်မင်းကိုလည်း ကျေးဇူးတင်မိပါတယ်။

ကျေးဇူးတင်စကားကြီး ရေးမိရင် ပြီးနိုင်မှာမဟုတ်လို့ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပဲ အတိုချုပ်ပါရစေ။
ချိုတဲ့အသီးကို စားသုံးဖူးသူတိုင်း ချိုတဲ့အရသာ ခံစားကြသလိုပဲ လှူဒါန်းမှု အစုစုပြုကြသူတိုင်းလည်း ကောင်းကြိုးခံစားရမယ်လို့ တထစ်ချ ယုံကြည်မိပါတယ်။

မြန်မာ့အရုဏ်သစ် အွန်လိုင်း ပရဟိတ လူမှုကူညီရေးအသင်း အစဉ်အမြဲရပ်တည်လို့ နိုင်ငံအတွင်းနေ အကူအညီလိုအပ်သူတိုင်းရဲ့ လိုအပ်ချက်ကိုဆောင်ရွက်ပေးနိုင်တဲ့ အသင်း အဖြစ် အစဉ်အမြဲရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
by  Lal Sangi
15 Dec 2012

No comments:

Post a Comment