သူငယ်ချင်းဖတ်ဘို့-----
အတ္တနဲ့ ပရကြား
လွန်းရထားလေးလိုသွားရင်း
ရင်တွင်းက ချဉ်ခြင်းတို့ကင်းလျှက်
ကဗျာမစပ်မိတာ---
ရက်တော်တော်ကြာသွားပြီပဲ။
သူငယ်ချင်းရေ-----
ငါစဉ်းစားမိတယ်
လူတော်တော်များများဟာ
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
အတ္တဆိုတဲ့ရထားနဲ့
``ငါ--- ငါ----ငါ`` ဆိုတဲ့တေးသွားညီးပြီး
ကိုယ့်ရမ္မက်ကို ကိုယ်ဖြေသိမ့်ဖို့ကြိုးစားရင်း
ဘဝတွေ ဘဝတွေ နေဝင်ခဲ့တာ
ပင်လယ်ကမ်းစပ်က
သဲသောင်ပြင်ကြီးထက် မကပဲနော်-----။
အတ္တဟိတ နဲ့ ပရဟိတ ဆိုတာ
လိမ္မာယဉ်ကျေး တဲ့ လူ့ပါတ်ဝန်းကျင်က
ကောင်းမြတ်တဲ့ဓလေ့စရိုက်လေးပါပဲ ။
သူငယ်ချင်း---
ငါကြားဖူးသေးတယ်
ငရဲဘုံဆိုတာ--
ကိုယ့်အတွက်ကို အာဟာရတွေ လုယူစားနေကြရင်း
ပူလောင် ကျပ်တည်း မွဲချောက် နေတဲ့ပါတ်ဝန်းကျင်ကြီးဖြစ်နေတယ် တဲ့။
နတ်ပြည်ဆိုတာကတော့
တစ်ဦးကိုတစ်ဦး အစာရေစာတွေ ပေးဝေစားသုံးနေကြရင်း
အေးမြငြိမ်းချမ်း ပြည့်ဖြိုးလျှံပယ်နေတဲ့ ပါတ်ဝန်းကျင်ကြီးဖြစ်နေတယ်ဆိုတယ်။
သူငယ်ချင်းရေ---
အဲဒါကို ငါယုံတယ်
အတ္တနဲ့ ပရ မျှတတဲ့ လောကကြီးသာ
အမှန်ပြည့်စုံတဲ့ ငြိမ်းချမ်းမှု သာယာမှု တွေဖန်တီးနိုင်မှာမို့
တို့သူငယ်ချင်းတွေ
လက်တွဲကြပြီး
မေတ္တာနဲ့ တည်ဆောက်ထားတဲ့
မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်းမှာ
အတူရှင်သန်ကြတာပေါ့။
— with U U Mhaw Sayar.
အတ္တနဲ့ ပရကြား
လွန်းရထားလေးလိုသွားရင်း
ရင်တွင်းက ချဉ်ခြင်းတို့ကင်းလျှက်
ကဗျာမစပ်မိတာ---
ရက်တော်တော်ကြာသွားပြီပဲ။
သူငယ်ချင်းရေ-----
ငါစဉ်းစားမိတယ်
လူတော်တော်များများဟာ
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
အတ္တဆိုတဲ့ရထားနဲ့
``ငါ--- ငါ----ငါ`` ဆိုတဲ့တေးသွားညီးပြီး
ကိုယ့်ရမ္မက်ကို ကိုယ်ဖြေသိမ့်ဖို့ကြိုးစားရင်း
ဘဝတွေ ဘဝတွေ နေဝင်ခဲ့တာ
ပင်လယ်ကမ်းစပ်က
သဲသောင်ပြင်ကြီးထက် မကပဲနော်-----။
အတ္တဟိတ နဲ့ ပရဟိတ ဆိုတာ
လိမ္မာယဉ်ကျေး တဲ့ လူ့ပါတ်ဝန်းကျင်က
ကောင်းမြတ်တဲ့ဓလေ့စရိုက်လေးပါပဲ
သူငယ်ချင်း---
ငါကြားဖူးသေးတယ်
ငရဲဘုံဆိုတာ--
ကိုယ့်အတွက်ကို အာဟာရတွေ လုယူစားနေကြရင်း
ပူလောင် ကျပ်တည်း မွဲချောက် နေတဲ့ပါတ်ဝန်းကျင်ကြီးဖြစ်နေတယ်
နတ်ပြည်ဆိုတာကတော့
တစ်ဦးကိုတစ်ဦး အစာရေစာတွေ ပေးဝေစားသုံးနေကြရင်း
အေးမြငြိမ်းချမ်း ပြည့်ဖြိုးလျှံပယ်နေတဲ့ ပါတ်ဝန်းကျင်ကြီးဖြစ်နေတယ်ဆိုတယ
သူငယ်ချင်းရေ---
အဲဒါကို ငါယုံတယ်
အတ္တနဲ့ ပရ မျှတတဲ့ လောကကြီးသာ
အမှန်ပြည့်စုံတဲ့ ငြိမ်းချမ်းမှု သာယာမှု တွေဖန်တီးနိုင်မှာမို့
တို့သူငယ်ချင်းတွေ
လက်တွဲကြပြီး
မေတ္တာနဲ့ တည်ဆောက်ထားတဲ့
မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်းမှာ
အတူရှင်သန်ကြတာပေါ့။
No comments:
Post a Comment