လူ့အသက်ကို
ကယ်တင်ခြင်းသည် အသက်ကိုပေးလှုခြင်းမည်၏။ ဥပမာ ရေနစ်နေသော လူတစ်ယောက်ကို
ကယ်တင်ရန် ရေနစ်သူနှင့် မိမိ တိုက်ဆိုင်စွာတွေ့ဆုံရန်လိုအပ်သ လို မိမိကလည်း ရေတွင်ကျွမ်းဝင်သော သူဖြစ်ရပေဦးမည်။ သို့မှသာ ထိုသူ၏အသက်ကိုကယ်တင်နိုင်ပေမည်။ ထို့ကြောင့် လူ့အသက်ကို ကယ်တင် ခြင်းသည် မလွယ်သော ဒုလ္လဘ ကိစ္စမျိုးဆိုက မမှား။
ကျွန်တော် ခွဲစိပ်ခန်း နှင့် ပထမဆုံး ရင်ဆိုင်ဖူးသည်မှာ
ကျွန်တော့်အမျိုးသမီး ကျွန်တော့သား ကို ခွဲမွေးရန်
သတ်မှတ်လိုက်သောအခါဖြစ်သည်။ ဒါတောင် ရုတ်တရက် ခွဲမည်ဟု ပြောခြင်းမဟုတ်ဘဲ
ကိုယ်ဝန်ရင့်တာနှင့် ခွဲမွေးသင့်ကြောင်း ဆရာဝန်က သတ်မှတ်သဖြင့်
အရေးပေါ်ခွဲစိပ်မှုမဟုတ်ပေ။ ဆရာဝန်က လိုလိုမယ်မယ် သွေးရှာထားပါဟု ပြောသောအခါ
အတွေ့အကြုံမရှိသော ကျွန်တော်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဘာကို
ဘယ်လိုဆက်လုပ်ရမှန်းလည်းမသိဖြစ် ခဲ့သည်။
သွေးက ဝယ်လို့ရတာမဟုတ်။ မိတ်ဆွေ ဆွေမျိုးထဲကလည်း သွေးတူဦးမှ
သွေးတူတယ်ထားဦး လှုနိုင်တဲ့သွေးပေါင်ချိန် ကျမ်းမာရေးပြည့်စုံမှ။
ပြည့်စုံတယ်ထားဦး လှုချင်ဦးမှ။ တကယ့် အရေးပေါ်သွေးလိုလျှင် လှုနာရှင်တို့မှာ
မျက်ပြူးဆန်ပြာ တုံတုံရီရီ ဖြင့် အားငယ် စိုးရွံ့စွာ ရှာဖွေရမည်ကို အရေးပေါ်မဟုတ်ပဲ သွေးရှာဖူးသူ ကျွန်တော် တွေးကြည့်စရာပင်မလို သိနေပါသည်။
အလှုဒါနထဲတွင် ငွေကြေး ပစ္စည်းဥစ္စာလှုဒါန်းခြင်း ထက် မိမိ၏ သွေးသား
ကိုယ်အင်္ဂါလှုဒါန်းခြင်း က ပိုခက်ပါသည်။ ထို့ကြောင့် ရှင်တော်မြတ်ဘုရားက
ပစ္စည်းဥစ္စာ လှုဒါန်းခြင်းကို ဒါနပါရမီ၊ ကိုယ်အင်္ဂါ သွေးသား လှုဒါန်းခြင်းကို
ဒါနဥပ ပါရမီ ၊ အသက်လှုဒါန်းခြင်းကို ဒါန ပရမတ္တပါရမီဟု ဟောကြားခဲ့သည်။
သွေးလှုဒါန်းခြင်းမှာ ဒါနဥပ ပါရမီမြောက်ရုံသာမက အသက်လှုရာလည်းရောက်၍
ဒါနပရမတ္တပါရမီလည်း မြောက်ပေမည်ဟုကျွန်တော်ယူဆသည်။
ကျွန်တော်တို့
လာမည့် ၂၉ ရက် ဇူလိုင် တွင် လူ့အသက်ပေါင်း ၆၀ ခန့်ကို ကယ်တင်နိုင်သော
အသက် ကယ်တင်မှု သွေးလှုပွဲ ဒါနဥပပါရမီကို ဝမ်းသာကြည်နူးစွာ ဖြည့်ဆီးကြပေမည်။
ကိုယ်တိုင် လှုဒါန်းရန် အခက်ခဲရှိသူတို့သည်လည်း
တတ်နိုင်သည့်ငွေကြေးထောက်ပံ့ကာ သွေးလှုဒါန်းပွဲကို အထမြောက်အောင်
အားပေးကူညီသဖြင့် ဒါနဥပ ပါရမီဖြည့်ဆည်းရာဖြစ်ပေမည်။ ဆေးရုံတွင် အရေးပေါ်
ချက်ချင်း သွေးသွင်းရမည့် လူနာကို သွေးလှုရှင်ရှာချိန်ပေးနိုင်မည်မ ဟုတ်ပါ။
လတ်တလော ချက်ချင်းသွေးသွင်းမှ အသက်ကယ်နိုင်မည်မို့ ကျွန်တော်တို့
စုပေါင်းလူထားသော သွေးလှုဘဏ်မှ သွေးဖြင့် ကယ်တင်နိုင်မည်။ ထို့ကြောင့်
ကျွန်တော်တို့ လှုဒါန်းမည့်သွေးသည် ဧကန်မုချ အသက်ကယ်သော
သွေးဖြစ်နေလိမ့်မည်တည်း။
ထို့အပြင် ကျွန်တော်တို့ သွေးလှုရာ၌
မည်သူ့အတွက် ဟူသော ဆန္ဒဂတိ လုံးဝမရှိဘဲ အယုတ် အလတ် အမြတ် မရွေး အသက်ဘေးနှင့်
ကြုံတွေ့နေသော လူသားအားလုံးကို ရည်ရွယ်လှုဒါန်းခြင်းဖြစ်၍လည်း
သာလွန်မွန်မြတ်သော ဒါနဟု ကျွန်တော်ပြောရဲပါသည်။ ``သွေးသည်အသက် ၊
အသက်သည်သွေး`` ဆိုသော စကားကဲ့သို့ သွေးလှုခြင်းသည် အသက်လှုခြင်း(ဝါ)
အသက်ကယ်တင်ခြင်းဖြစ်သဖြင့် မြင့်မြတ်လှသော စုပေါင်း သွေးလှုဒါန်းပွဲကို
ကျွန်တော်တို့ မြန်မာအရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်း၏
ဒုတိယမြောက်ခြေလှမ်းအဖြစ် ကြိုးစားထမ်းရွက်သွားမည်ဖြစ်ကြောင်း အဘက်ဘက်က ကူညီလှုဒါန်း အားပေးသော အဖွဲ့ဝင်များ အလှုရှင်များကို ကတိပေးပါသည်။
ရလာမည့် ကုသိုလ်တရားအစုစုတို့ကိုလည်း ကြားကြားသမျှ ဝေနေယျအပေါင်းတို့အား ထပ်တူထပ်မျှ ရကြပါစေဟု ကြိုတင်အမျှပေး လိုက်ပါကြောင်း။
ကျွန်တော် ခွဲစိပ်ခန်း နှင့် ပထမဆုံး ရင်ဆိုင်ဖူးသည်မှာ ကျွန်တော့်အမျိုးသမီး ကျွန်တော့သား ကို ခွဲမွေးရန် သတ်မှတ်လိုက်သောအခါဖြစ်သည်။ ဒါတောင် ရုတ်တရက် ခွဲမည်ဟု ပြောခြင်းမဟုတ်ဘဲ ကိုယ်ဝန်ရင့်တာနှင့် ခွဲမွေးသင့်ကြောင်း ဆရာဝန်က သတ်မှတ်သဖြင့် အရေးပေါ်ခွဲစိပ်မှုမဟုတ်ပေ။ ဆရာဝန်က လိုလိုမယ်မယ် သွေးရှာထားပါဟု ပြောသောအခါ အတွေ့အကြုံမရှိသော ကျွန်တော်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဘာကို ဘယ်လိုဆက်လုပ်ရမှန်းလည်းမသိဖြစ်
အလှုဒါနထဲတွင် ငွေကြေး ပစ္စည်းဥစ္စာလှုဒါန်းခြင်း ထက် မိမိ၏ သွေးသား ကိုယ်အင်္ဂါလှုဒါန်းခြင်း က ပိုခက်ပါသည်။ ထို့ကြောင့် ရှင်တော်မြတ်ဘုရားက ပစ္စည်းဥစ္စာ လှုဒါန်းခြင်းကို ဒါနပါရမီ၊ ကိုယ်အင်္ဂါ သွေးသား လှုဒါန်းခြင်းကို ဒါနဥပ ပါရမီ ၊ အသက်လှုဒါန်းခြင်းကို ဒါန ပရမတ္တပါရမီဟု ဟောကြားခဲ့သည်။ သွေးလှုဒါန်းခြင်းမှာ ဒါနဥပ ပါရမီမြောက်ရုံသာမက အသက်လှုရာလည်းရောက်၍ ဒါနပရမတ္တပါရမီလည်း မြောက်ပေမည်ဟုကျွန်တော်ယူဆသည်။
ကျွန်တော်တို့ လာမည့် ၂၉ ရက် ဇူလိုင် တွင် လူ့အသက်ပေါင်း ၆၀ ခန့်ကို ကယ်တင်နိုင်သော အသက် ကယ်တင်မှု သွေးလှုပွဲ ဒါနဥပပါရမီကို ဝမ်းသာကြည်နူးစွာ ဖြည့်ဆီးကြပေမည်။ ကိုယ်တိုင် လှုဒါန်းရန် အခက်ခဲရှိသူတို့သည်လည်း တတ်နိုင်သည့်ငွေကြေးထောက်ပံ့ကာ သွေးလှုဒါန်းပွဲကို အထမြောက်အောင် အားပေးကူညီသဖြင့် ဒါနဥပ ပါရမီဖြည့်ဆည်းရာဖြစ်ပေမည်။ ဆေးရုံတွင် အရေးပေါ် ချက်ချင်း သွေးသွင်းရမည့် လူနာကို သွေးလှုရှင်ရှာချိန်ပေးနိုင်မည်မ
ထို့အပြင် ကျွန်တော်တို့ သွေးလှုရာ၌ မည်သူ့အတွက် ဟူသော ဆန္ဒဂတိ လုံးဝမရှိဘဲ အယုတ် အလတ် အမြတ် မရွေး အသက်ဘေးနှင့် ကြုံတွေ့နေသော လူသားအားလုံးကို ရည်ရွယ်လှုဒါန်းခြင်းဖြစ်၍လည်း သာလွန်မွန်မြတ်သော ဒါနဟု ကျွန်တော်ပြောရဲပါသည်။ ``သွေးသည်အသက် ၊ အသက်သည်သွေး`` ဆိုသော စကားကဲ့သို့ သွေးလှုခြင်းသည် အသက်လှုခြင်း(ဝါ) အသက်ကယ်တင်ခြင်းဖြစ်သဖြင့် မြင့်မြတ်လှသော စုပေါင်း သွေးလှုဒါန်းပွဲကို ကျွန်တော်တို့ မြန်မာအရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်း၏ ဒုတိယမြောက်ခြေလှမ်းအဖြစ် ကြိုးစားထမ်းရွက်သွားမည်ဖြစ်ကြေ
ရလာမည့် ကုသိုလ်တရားအစုစုတို့ကိုလည်း ကြားကြားသမျှ ဝေနေယျအပေါင်းတို့အား ထပ်တူထပ်မျှ ရကြပါစေဟု ကြိုတင်အမျှပေး လိုက်ပါကြောင်း။
No comments:
Post a Comment