Facebook

Friday, August 15, 2014

စိမ်းလန်းမြေမှာ စိမ်းလန်းစိုပြေစေလိုပါသည်.☆☆☆ ခိုင်မြဲသူ(မြန်မာ့အရုဏ်သစ်)

သူများတွေလို
တခါတလေ
ဟင့်အင်လို့ငြင်းနေတာကို
ချော့မော့ပြီးကျွေးတဲ့
ထမင်းလုပ်လေးကို
မျော်လင့်မိတယ်...................
◇ဆပ်ပြာတိုက်ရင်း ရေချိုးတိုင်း
ရေနဲ့အတူမျောပါ သွားတဲ့
သားရဲ့မျက်ရည်တွေ
ဘယ်သူသိနိုင်မှာလဲဗျာ............
◇ကျောင်းတက်တိုင်းလည်း
ချော့မော့မာန်မဲပီး
လက်တွဲလိုက်ပို့မဲ့
လက်အစုံကို
တမ်းတမိပါတယ်...........
◇စာကျက်နေချိန်တွေ
နေမကောင်းတဲ့အချိန်တွေဆို
သားကိုအားပေးမဲ့သူ
မရှိခဲ့ပါဘူး..............
◇ခု သား နေသားကျနေပါပီ
ဆရာမတွေ သူငယ်ချင်းတွေရဲ့
ကြင်နာမှု၊နားလည်ပေးမှုတွေအောက်မှာ
ပျော်မွေ့ရင်း
ခုဆိုသား 10 တန်းအောင်ပီဗျ.......
◇သားလုပ်ချင်တဲ့ tourist guide
မလုပ်တော့ဘူး....
◇သားညီလေးတွေရဲ့
ရည်ရွယ်ချက်တွေကို
အကိုတယောက်အနေနဲ့
သူတို့ရှေ့က
မားမားမတ်မတ်ရပ်ပီး
ဖြည့်ဆည်းပေးတော့မယ်ဗျာ........
◇ဖေ ဖေ နဲ့ မေ မေ
သားဘဝမှာ
ပျော်ရွင်မှု ဝမ်းနဲမှု နဲ့
မျော်လင့်ချက် ရည်ရွယ်ချက်
ဆုံးဖြတ်ချက်တွေ ကြုံတိုင်း
သတိရတမ်းတမိပါတယ်......
◇မိဘ က မိဘ ပါ ပဲဗျာ
သားနားလည်ပေးနိုင်ပါတယ်
နောင်ဘဝတွေများရှိခဲ့ရင်
ဒီအဖြစ်ဆိုးမှဝေးပါရစေ..............
●မိဘမဲ့ကလေးတစ်ယောက်ရဲ့ ဖွင့်ဟချက်ပါ●
စိမ်းလမ်းမြေ ပရဟိတကျောင်းအလှူ
17_8_2014 .(sunday)
○ဤခရီး
○မဝေးပါ
○ခရီးလမ်း
○ကြမ်းတမ်းသည်
○ အဖေအမေခေါ်သံမကြားရပါ
○ ကူညီ၍လှူဒါန်းပေးကြပါလား
○ စိမ်းလမ်းမြေမှာ
○ စိမ်းလမ်းစိုပြေစေလိုပါသည်......
☆☆☆ခိုင်မြဲသူ(မြန်မာ့အရုဏ်သစ်)

No comments:

Post a Comment