Facebook

Sunday, August 31, 2014

ဟာမိုနီ by ဘ ဘ U Soe Naing

ကျနော်သဘောကျလွန်းလို့ပါ။

တင်ထားပြီးသားပေမယ့်ထပ်တင်ပါရစေ။ ပုံပြင်ထဲကဒီလို။ လူ ၅၀၀ ကို ပူဖောင်းတစ်ယောက်တစ်လုံးစီပေးတယ်။ ပူဖောင်းမှာ ကိုယ့်နာမည်ကို marker pen နဲ့ရေးခိုင်းတယ်။ နောက် အခန်းတစ်ခုထဲမှာ ပူဖောင်းတွေကိုထည့်လိုက်တယ်။ ပြီးမှ လူ၅၀၀ ကို ကိုယ့်နာမည်ပါတဲ့ပူဖောင်း ၅ မိနစ်အတွင်း ရှာခိုင်းတယ်။


စဉ်းစားကြည့်ရအောင်


ပူဖောင်းတွေဟာ ဟိုလွင့်ဒီလွင့်လွင့်နေတဲ့အတွက် ပူဖောင်းတစ်လုံးဖမ်းမိဖို့တောင် ခက်လိမ့်မယ်။ ဖမ်းမိတဲ့ ပူဖောင်းကို နာမည်ဖက်ကြည့်တော့ ကိုယ့်နာမည်မဟုတ်ရင် ခက်ခက်ခဲခဲရထားတဲ့ ပူဖောင်းကိုလွှင့်ပြစ်ပြီး အချိန်မစေ့ခင် ကိုယ်နာမည်ပါတဲ့ ပူဖောင်းရဖို့ ကြိုးစားမယ်။ လူ ၅၀၀ လုံး အတ္တရှေ့တန်းတင်ပြီး ကိုယ့်အတ္တကလွဲရင် အခြားစိတ်မဝင်စားတဲ့အခါ အချိန်သာပြည့်သွားမယ် ဘယ်သူမှ ကိုယ့်နာမည်ပါတဲ့ ပူဖောင်းကို ပိုင်မှာမဟုတ်ဘူး။


အဲဒီလူအုပ်ထဲ ပရဟိတ သမားတစ်ယောက် ထည့်ကြည့်ရအောင်

ပရဟိတ စိတ်ရှိတဲ့လူက သူရထားတဲ့ပူဖောင်းဟာ သူ့နာမည်မဟုတ်ပေမယ့် ဒီပူဖောင်းကို ရှာနေမှာပဲလို စဉ်းစားမိမယ်။ ငါပေးလိုက်ရင်သူအရမ်းပျော်သွားမယ် ဆိုတာခံစားမိတယ်။ အဲလိုပေးလိုက်ရင်ကိုယ်လဲပျော်တယ်။ ဒါနဲ့ ပူဖောင်းကနာမည်ဖတ်ပြီး

'' အားလုံး ခဏနားထောင်ပါ ဒီမှာ ကိုအောင်လေးဆိုတဲ့လူရှိလားဗျို့ ခင်ဗျားပူဖောင်း ကျုပ်ဆီမှာ''

အဲဒီအချိန် ကိုအောင်လေးဆိုတဲ့ ကတုံးတုံးထားတဲ့ လူတစ်ယောက် ပျော်ရွှင်တဲ့မျက်နှာနဲ့ ဖို့ယို့ဖားယား ပြေးလာတယ်။


သူ့ပူဖောင်းရတော့ သူ့လက်ထဲရောက်လာတဲ့ အခြားနာမည်နဲ့လူကို ရှာပေးရမယ်ဆိုတာ သိလာတယ်။ ဒါနဲ့ သူ့ရဲ့အသံဗြဲ ကြီးနဲ့ '' ကိုဇော်မင်းလွင်ရှိလား ကိုဇော်မင်းလွင် '' အသံကြားတော့ ဗိုက်ပူပူနဲ့လူ တစ်ယောက် သူ့လက်ထဲမှာ ပူဖောင်းကိုင်ပြီး ကွတကွတ ပြေးလာတယ်။


ဟုတ်ကဲ့ ဘာမှမကြာတဲ့အချိန်အတွင်းမှာ လူတိုင်းကိုယ့်နာမည်နဲ့ ပူဖောင်းတွေကို ဝရုန်းသုံးကားမဖြစ်ဘဲ ရသွားကြတယ် အဲဒါဟာ ပရဟိတ စိတ်က လူ့ပါတ်ဝန်းကျင်ကိုသက်ရောက်တဲ့ ဥပမာကောင်းလေးပါပဲ

ဒီဥပမာလေးကို ကျနော်သဘောကျလွန်းလို့ပါဗျာ‪#‎MyanmaArunthit‬

  • by   Soe Naing
     

  • Ma Poeti Good , like
    10 hrs · Like · 3

  • Thet Thet Koko လေးစားစရာပဲဗျာ
    10 hrs · Like · 3
  • Cho Mar Nyunt That is the true human being mind.
    10 hrs · Like · 3
  • Mu Chaw လူတိုင်းဒီလိုစိတ်ဓာတ်မျိုး ထားနိုင်ကြပါစေ။
    10 hrs · Like · 3
  • Aik Sai Thanx ko soe naing
    10 hrs · Like · 3
  • ကိုကြီး လူစိမ်း That's what I always says to my children.

    Long Spoons in Heaven and Hell


    A holy man was having a conversation with the Lord one day and said, "Lord, I would like to know what Heaven and Hell are like." The Lord led the holy man to two doors. He opened one of the doors and the holy man looked in. In the middle of the room was a large round table. In the middle of the table was a large pot of stew which smelled delicious and made the holy man's mouth water. The people sitting around the table were thin and sickly. They appeared to be famished. They were holding spoons with very long handles that were strapped to their arms and each found it possible to reach into the pot of stew and take a spoonful, but because the handle was longer than their arms, they could not get the spoons back into their mouths. The holy man shuddered at the sight of their misery and suffering. The Lord said, "You have seen Hell".

    They went to the next room and opened the door. It was exactly the same as the first one. There was the large round table with the large pot of stew which made the holy man's mouth water. The people were equipped with the same long-handled spoons, but here the people were well nourished and plump, laughing and talking. The holy man said, "I don't understand." "It is simple," said the Lord, "it requires but one skill. You see, they have learned to feed each other, while the greedy think only of themselves." When Jesus died on the cross he was thinking of you!
    9 hrs · Like · 4
  • ကိုကြီး လူစိမ်း ဗမာလိုပြန်ရေးထားတာလည်း ရှိတယ်။
    9 hrs · Like · 2
  • Thwe Naing အီဖေကိုလဲ သဘောကျလွန်းလို့ပါ thousand likes ..
    9 hrs · Like · 1
  • Tinmar Swe 10000 lkies
    9 hrs · Like · 2
  • Nyeint Aye တကယ်အတုယူစရာ သင်ခန်းစာတခုပါ
    9 hrs · Like · 2
  • Yin Aung ကောင်းတယ်ကွာဒီလိုစိတ်ဓာတ်ရှိတဲ့လူမျိုးမြန်မာနိုင်ငံမှာများများရှိရင်ကောင်းမယ်
    8 hrs · Like · 2
  • Daw Sandar Aung သဘောကျတယ်
    8 hrs · Like · 2
  • 8 hrs · Like · 1
  • Ohn Mar Shein ကောင်းလိုက်တာ ပရဟိတစိတ်ဓါတ်လေး
    8 hrs · Like · 2
  • Myintmyint Kyi simply example,very interesting
    7 hrs · Like · 2
  • U Thaw Bana စာကောင်းပေကောင်းလေးပါဗျာ
    7 hrs · Like · 2
  • Ei My Good
    6 hrs · Like · 2
  • Thain Gi thousand like
    6 hrs · Like · 1
  • 5 hrs · Like · 1
  • Hninyu Khine Good idea
    4 hrs · Like · 1
  • Khin Sat that great!
    3 hrs · Like · 1

No comments:

Post a Comment