Facebook

Friday, August 15, 2014

မြန်မာ့စိမ်းလမ်းမြေအတွက် လိုအပ်တဲ့ ferry ဝယ်ရန်လိုငွေ ၁၆ သိန်းတိတိကို တစ်ဦးတည်း အလှူရှင် ဦး Khin Maung Kyaw မိသားစု လှူဒါန်း

ဒီအလှူကို ထပ်ဆင့်မကြေငြာခင်မှာ ဘာကိုသွားသတိရသလဲဆိုတော့ နာမည်ကြီးရုပ်ရှင်ကား Ghost ကားကိုသတိရတယ် ။ လူအတော်များများကြည့်ဖူးမှာပါ။ အရမ်းချစ်တဲ့ ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်။ ပိုက်ဆံလည်းအရမ်းချမ်းသာတယ်။ ဒါကိုသိတဲ့အခြားဇာတ်ကောင်က ကောင်လေးကို အကောက်ကြံပြီး ကောင်မလေးနားကို သူတော်ကောင်းဟန်ချဉ်းကပ်တယ်။ ကောင်မလေး ကိုစိတ်မချတဲ့ကောင်လေးက ghost ဘဝနဲ့စောင့်ရှောက်တဲ့ကား။

ပြောချင်တဲ့အရေးကြီးဆုံးက နောက်ဆုံး ဘဏ်က သန်းချီတဲ့ငွေတွေကို ghost နဲ့ဆက်သွယ်လို့ရတဲ့ အောက်လမ်းဆရာမကြီးအကူညီနဲ့ထုတ်ပြီး ဘဏ်ရှေ့လည်းရောက်ရော အဲဒီချက်လက်မှတ်ကြီးကို ဘဏ်ရှေ့မှာ အလှုခံနေတဲ့ အလှူခံ ခရာစ်ယံသီလရှင်လေးတွေကိုလှူလိုက်တဲ့အခါ သီလရှင်လေးတွေမှာ အလှူငွေပမာဏကိုကြည့်ပြီး ဒူးခွေမေ့သွားတဲ့အခန်း
*
*
ဟုတ်ကဲ့ အခုလည်း မြန်မာ့အရုဏ်သစ်မှတဆင့် မြန်မာ့စိမ်းလမ်းမြေအတွက် လိုအပ်တဲ့ ferry ဝယ်ရန်လိုငွေ ၁၆ သိန်းတိတိကို တစ်ဦးတည်း အလှူရှင် ဦး Khin Maung Kyaw မိသားစု လှူဒါန်းသည့်အတွက် ကျနော်တို့မှာ ဒူးခွေမတတ်ဝမ်းသာကြည်နူးမိပါတယ်ခင်ဗျာ

လိုရာဆုမှန်သမျှပြည့်ပါစေခင်ဗျား





No comments:

Post a Comment