ပုံပြင်လေးတစ်ပုဒ် မှတ်မိသေးတယ်ဗျ။ မှတ်မိသလို ပြန်ပြောပြမယ်
တစ်ခါတုန်းက စိတ်သဘောထားဖြူစင်ပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူတစ်ယောက်ရှိတယ်။ သူ့မှာ အင်မတန် လှပထွားကြိုင်းတဲ့မြင်းညိုကြီးတစ်ကောင်ရှိသတဲ့။ အဲဒီမြင်းညိုကြီးကို လူလိမ်တစ်ယောက်က လိုချင်နေလို့ အမြဲတန်း ဘယ်လိုလုယူရမလဲ အကောက်ကြံနေသတဲ့
တစ်နေ့ စိတ်သဘောထားကောင်းတဲ့ လူဟာ မြင်းညိုကြီးကိုစီးပြီး ခရီးထွက်ဖို့ အကြောင်းရှိလာခဲ့တယ်။ ဒီသတင်းကိုကြိုသိတဲ့ လူလိမ်လူကောက်ဟာ လူပြတ်တဲ့တောလမ်းကလေးမှာ အစာပြတ်ပြီး လဲကျနေတဲ့ အဖိုးအိုသဏ္ဍန် ဟန်ဆောင်ပြီးစောင့်နေသတဲ့
ကူညီတတ်ပြီး သနားကြင်နာတတ်တဲ့ လူဟာ လဲကျနေတဲ့ အဖိုးအိုကိုတွေ့တော့ စိုးရိမ်ကြီးစွာနဲ့ မြင်းပေါ်ကဆင်းပြီး ပွေ့အထူ အကြံသမားလူလိမ်ဟာ လက်ထဲက အသင့်ကိုင်ထားတဲ့ ကျောက်တုန်းနဲ့ ပွေ့ထူလာသူကို ထုပြီး မြင်းပေါ်ကို ခုန်တတ်ထွက်ပြေးသတဲ့
ကူညီတတ်တဲ့လူဟာ နှဖူးက စီးကျနေတဲ့သွေးတွေတောင်ဂရုမစိုက်အားပဲ
'' မိတ်ဆွေခင်ဗျား ခဏလေး ကျွန်တော်ပြောတာကို နားထောင်ပေးပါ '' လို့ အော်ပြောတယ်
မြင်းပေါ်က လူလိမ်လူကောက်လည်း ခပ်လှမ်းလှမ်းမှာ မြင်းပေါ်ကမဆင်းဘဲ ''ပြောစရာရှိရင်မြန်မြန်ပြော'' လို့ခပ်ထန်ထန်ပြောသတဲ့။
ဒီတော့မှ ကူညီသနားတတ်တဲ့သူဟာ
'' မိတ်ဆွေခင်ဗျာ တကယ်လို့ အခြားတစ်စုံတစ်ယောက်က ဒီမြင်းကို ဘယ်လိုလုပ်ရလာသလဲလို့ မေးခဲ့ရင် ဒီနေ့အဖြစ်ပျက်ကို အမှန်အတိုင်းမပြောဖို့တောင်းဆိုချင်ပါတယ်။ ကျနော့မြင်းတစ်ကောင် ဆုံးရှုံးရခြင်းထက် လူတွေရဲ့နှလုံးသားမှာ ဒုက္ခရောက်သူကို ကူညီချင်တဲ့စိတ် ပျောက်မှာ ပိုစိုးရိမ်လို့ပါ'' တဲ့
**********
( တစ်ပါးသူရဲ့ ကြင်နာသနားတတ်တဲ့ဂရုဏာစိတ်ကို အသုံးချ လိမ်လည်သူဟာ လူ့ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးနေသူပါပဲ )
မြန်မာ့အရုဏ်သစ်
photo ပထမအကြိမ်စုပေါင်းသွေးလှူပွဲ 2012
— with ဟိုစပ်စပ် ဒီစပ်စပ်, Thain Gi, Akyin Narlady, Mandalay Thu, Thwe Naing, Win Sandar and Fu Ryu.တစ်ခါတုန်းက စိတ်သဘောထားဖြူစင်ပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူတစ်ယောက်ရှိတယ်။ သူ့မှာ အင်မတန် လှပထွားကြိုင်းတဲ့မြင်းညိုကြီးတစ်ကောင်ရှိသတဲ့။ အဲဒီမြင်းညိုကြီးကို လူလိမ်တစ်ယောက်က လိုချင်နေလို့ အမြဲတန်း ဘယ်လိုလုယူရမလဲ အကောက်ကြံနေသတဲ့
တစ်နေ့ စိတ်သဘောထားကောင်းတဲ့ လူဟာ မြင်းညိုကြီးကိုစီးပြီး ခရီးထွက်ဖို့ အကြောင်းရှိလာခဲ့တယ်။ ဒီသတင်းကိုကြိုသိတဲ့ လူလိမ်လူကောက်ဟာ လူပြတ်တဲ့တောလမ်းကလေးမှာ အစာပြတ်ပြီး လဲကျနေတဲ့ အဖိုးအိုသဏ္ဍန် ဟန်ဆောင်ပြီးစောင့်နေသတဲ့
ကူညီတတ်ပြီး သနားကြင်နာတတ်တဲ့ လူဟာ လဲကျနေတဲ့ အဖိုးအိုကိုတွေ့တော့ စိုးရိမ်ကြီးစွာနဲ့ မြင်းပေါ်ကဆင်းပြီး ပွေ့အထူ အကြံသမားလူလိမ်ဟာ လက်ထဲက အသင့်ကိုင်ထားတဲ့ ကျောက်တုန်းနဲ့ ပွေ့ထူလာသူကို ထုပြီး မြင်းပေါ်ကို ခုန်တတ်ထွက်ပြေးသတဲ့
ကူညီတတ်တဲ့လူဟာ နှဖူးက စီးကျနေတဲ့သွေးတွေတောင်ဂရုမစိုက်အားပဲ
'' မိတ်ဆွေခင်ဗျား ခဏလေး ကျွန်တော်ပြောတာကို နားထောင်ပေးပါ '' လို့ အော်ပြောတယ်
မြင်းပေါ်က လူလိမ်လူကောက်လည်း ခပ်လှမ်းလှမ်းမှာ မြင်းပေါ်ကမဆင်းဘဲ ''ပြောစရာရှိရင်မြန်မြန်ပြော'' လို့ခပ်ထန်ထန်ပြောသတဲ့။
ဒီတော့မှ ကူညီသနားတတ်တဲ့သူဟာ
'' မိတ်ဆွေခင်ဗျာ တကယ်လို့ အခြားတစ်စုံတစ်ယောက်က ဒီမြင်းကို ဘယ်လိုလုပ်ရလာသလဲလို့ မေးခဲ့ရင် ဒီနေ့အဖြစ်ပျက်ကို အမှန်အတိုင်းမပြောဖို့တောင်းဆိုချင်ပါတယ်။ ကျနော့မြင်းတစ်ကောင် ဆုံးရှုံးရခြင်းထက် လူတွေရဲ့နှလုံးသားမှာ ဒုက္ခရောက်သူကို ကူညီချင်တဲ့စိတ် ပျောက်မှာ ပိုစိုးရိမ်လို့ပါ'' တဲ့
**********
( တစ်ပါးသူရဲ့ ကြင်နာသနားတတ်တဲ့ဂရုဏာစိတ်ကို အသုံးချ လိမ်လည်သူဟာ လူ့ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးနေသူပါပဲ )
မြန်မာ့အရုဏ်သစ်

No comments:
Post a Comment