Saturday, August 30, 2014
အားနည်းချက်၏ အခြားတစ်ဘက်
တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။
အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့။
ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။
ဒီလိုနဲ့ အိမ်ရောက်ရင် အိုးတစ်လုံး နဲ့ တစ်ဝက် ပဲ... ရေသယ်လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုးအကောင်းလေး က သူ့ ကိုယ်သူ သိပ်ဂုဏ်ယူသတဲ့။ ငါက အပြစ်အနာအဆာမရှိဘူး... ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိနေတယ်တယ် တဲ့။ အက်နေတဲ့ အိုးကလေးက စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများလို အပြည့်မသယ်နိုင်ဘူး... တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ဝမ်းနည်းလဲဝမ်းနည်း နေတယ်တဲ့။
ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေးက ရေထမး်သမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့်အဝ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင်သယ်သမျှ ရေတွေ အပြည့်မရဘူး... တစ်ဝက်က အလဟဿ ဖြစ်ရတယ်... လို့ ဝမ်းနည်း ပက်လက်နဲ့ ပြောမိတယ်။
အဲဒီအခါမှာ ရေထမ်းသမားက ဘယ်လိုပြန်ပြောသလဲဆိုတော့... အိုးကလေး... မင်းကြည့်လိုက်စမ်း.... ရေခပ်လမ်း တလျှောက်မှာ မင်းရှိတဲ့ ဘက်ခြမ်း တစ်လျောက်လုံး ပန်းတွေပွင့်နေတာ မင်းသတိပြုမိရဲ့လား... တဲ့။ ငါက မင်း ရေစိမ့်နေ တယ်ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်းမှာ ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ နှစ်နှစ်လုံးလုံး ရေခပ်လမ်း ကအပြန်မှာ မင်း က ဒီပန်းပင်လေးတွေကို ရေမှန်မှန် လောင်းပေးခဲ့တယ်။ အခုဆိုကြည့်စမ်း ... လှပတဲ့ ပန်းတွေပွင့်နပြေီ။ အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေ နဲ့ အလှဆင်နိုင်ပြီ... မင်းသာမရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့ အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း...
သင်ခန်းစာ။ လူတိုင်းမှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီအားနည်း ချက်ကလေး တွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်...ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။ ဒီအားနည်းချက်အတွက် သဘာဝတရားကြီးက အစားတစ်ခုခုလည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင်မှ လည်း မြင်သာမယ်၊ ချက်ခြင်း ရချင်မှလည်းရမယ်။
credit to original writer
THE CRACKED POT – AN INSPIRING STORY
An elderly Chinese woman had two large pots, each hung on the ends of a pole which she carried across her neck.
One of the pots had a crack in it while the other pot was perfect and always delivered a full portion of water.
At the end of the long walks from the stream to the house, the cracked pot arrived only half full. For a full two years this went on daily, with the woman bringing home only one and a half pots of water.
Of course, the perfect pot was proud of its accomplishments. But the poor cracked pot was ashamed of its own imperfection, and miserable that it could only do half of what it had been made to do.
After two years of what it perceived to be bitter failure, it spoke to the woman one day by the stream.
“I am ashamed of myself, because this crack in my side causes water to leak out all the way back to your house.”
The old woman smiled, Did you notice that there are flowers on your side of the path, but not on the other pot’s side? That’s because I have always known about your flaw, so I planted flower seeds on your side of the path, and every day while we walk back, you water them. For two years I have been able to pick these beautiful flowers to decorate the table. Without you being just the way you are, there would not be this beauty to grace the house.”
Each of us has our own unique flaw. But it’s the cracks and flaws we each have that make our lives together so very interesting and rewarding.
- See more at: http://tales2inspire.com/inspiringstories/?p=3363#sthash.Lye9V8if.dpuf
Subscribe to:
Post Comments (Atom)
No comments:
Post a Comment