Facebook

Saturday, August 16, 2014

ရိုးသားတဲ့လူတစ်ယောက်ဟာ တခြားသူကို ရိုးသားမှုရှိ၊ မရှိ ဘယ်တော့မှ မစူးစမ်းဘူးဆိုတာကိုလည်း ငါ သင်ယူခဲ့ပြီးပြီ။

မနေ့ညက ပိန်ပိန်ညောင်ညောင် ခန္ဒာကိုယ်လေးတွေနဲ့ ပိုက်ဆံလိုက်တောင်းနေတဲ့ ကောင်မလေးနှစ်ယောက်ကို အင်တာဗျူးးမိတယ် ကိုယ်ထင်ထားတာက မိဘရှိရဲ့နဲ့ လွယ်လွယ် ပိုက်ဆံရမှန်းသိလို့ ဒီအလုပ်လုပ်နေတယ်ထင်မိတာပေါ့
မေးကြည့်မှ ခြေတစ်ဖက်ပြတ်နေတဲ့ သက်ကြီးရွယ်အို အဖွားတစ်ယောက်နဲ့အတူနေတယ် သူတို့မိဘတွေဆိုတာ သေလားရှင်လားလည်းမသိ သူတို့ကို အဖွားနဲ့ပစ်ခဲ့ပြီး ထွက်သွားကြတယ်။ အဖွားကလည်း သူတို့လိုအတူ တောင်းရမ်း နေတာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ အရွယ်လွန်နေတဲ့အဖွားအိုအတွက် တောင်းရမ်းစားရုံပဲတတ်နိုင်မှာပေါ့။
ကလေးတွေရဲ့မျက်နှာမှာတော့အားငယ်တာမတွေ့သလို လိမ်ညာပုံလည်းမရဘူး။ ဖြူစင်တဲ့ရိုးသားမှုအပြည့်။ မလိမ်ဘူးလို့ပြောနိုင်တာက နင်တို့တစ်နေ့ ဘယ်လောက်ရလဲမေးတော့ ၅၀၀၀ လောက်ရတယ်တဲ့။
ကျနော်လည်း တစ်ယောက် ၅၀၀ နဲ့ သုံးယောက် ၁၅၀၀ ပေးခဲ့ပါတယ်

----------



အရာသုံးခု 

ဘာသာပြန် U Aye Nyein

ချန်စီကင်းက ကွန်ဖြူးရှပ်ရဲ့သားကို မေးတယ်။

"ငါတို့မသိတဲ့ အရာတစ်ခုခုများ မင်းအဖေက မင်းကို သင်ပေးခဲ့တာ ရှိသလားကွာ။"

"မရှိပါဘူးကွာ" - ကွန်ဖြူးရှပ်ရဲ့သားက ပြန်ဖြေတယ်။

တစ်ခါတော့ ငါတစ်ယောက်ထဲရှိနေတုံး "မင်း ကဗျာဖတ်သလား" လို့ လာမေးတယ်။

ငါကလည်း မဖတ်ဘူးလို့ ပြန်ဖြေတာပေါ့။ အဲဒီတော့ အဖေက "ကဗျာဖတ်ကွ။ ကဗျာက ဉာဏ်ကွန့်မြူးမှုကို ပေးစွမ်းနိုင်တယ်" လို့ ပြောတယ်။

နောက်တစ်ခါမှာလည်း အဲဒီလိုပဲ လာမေးပြန်တယ်။

"မင်း ရိုးရာနတ်ပူဇော်ပသမှုတွေရော လုပ်သလား"  တဲ့။ ငါကလည်း မပသပါဘူး လို့ ပြန်ဖြေလိုက်တယ်။

အဲဒီတော့ အဖေက "မင်း နတ်ကိုးကွယ်ကွ။ အဲဒါဆို ကိုယ့်ကိုယ်ကိုယ် နားလည်လာလိမ့်မယ်" လို့ ပြောတယ်။ သူအဲဒီလိုပြောနေတုံးမှာ ငါ သူ့စကားကို နားထောင်သလား မထောင်ဘူးလားဆိုတာ စူးစမ်းတဲ့အနေနဲ့ ငါ့ကိုကြည့်တာမျိုးတော့ လုံးဝမလုပ်ခဲ့ဘူး။

ချန်စီကင်း ထွက်သွားတဲ့အခါကျတော့ ကွန်ဖြူးရှပ်ရဲ့သားဟာ သူ့ကိုယ်သူ ပြန်ပြောလိုက်တယ်။

ငါမေးခွန်းတစ်ခုမေးတဲ့အခါ အဖြေသုံးခုပြန်ပေးခဲ့တယ်။ အခုဆို ငါ ကဗျာအကြောင်း နည်းနည်းပါးပါး တီးမိခေါက်မိ ရှိနေပြီ။ နောက်ပြီး ရိုးရာနတ်ကိုးကွယ်နည်းတွေအကြောင်းလည်း နားလည်နေပြီ။

နောက်ပြီး -

ရိုးသားတဲ့လူတစ်ယောက်ဟာ တခြားသူကို ရိုးသားမှုရှိ၊ မရှိ ဘယ်တော့မှ မစူးစမ်းဘူးဆိုတာကိုလည်း ငါ သင်ယူခဲ့ပြီးပြီ။


Source: Wisdom in Short Stories : The three things

No comments:

Post a Comment