Facebook

Friday, August 15, 2014

ဖလားစခေါက်ပါပီ..အီဖေကိုယ်က ၃-သောင်းပါ


# ပြီးအောင်ဖတ်
# အီဖေကိုတို့ အရုဏ်သစ် ဒီတခေါက်အလှူတွက် propose လုပ်ထားကြတာ ၃-ခုလောက်ရှိပါတယ်
# အမှုဆောင်တွေက ဖုံးနဲ့ရော လူကိုယ်တိုင်ပါ သွားရောက်စုံစမ်းပြီး outside meeting/ online meeting တွေ လုပ်ပြီးမှ မြန်မာစိမ်းလန်းမြေ ပရဟိတ(လှည်းကူး) ကို ရွေးချယ်ခဲ့ပါတယ်
# မိဘမဲ့စောင့်ရှောက်ရေးဂေဟာဖြစ်ပြီး ကလေးစုစုပေါင်း ၄၁-ယောက် (၄နှစ်မှ ၁၇နှစ်ထိ) ရှိပါတယ်
# အဓိကအခက်အခဲ ဘာရှိလဲမေးတော့ ကုန်ခြောက်တချို့ပြတ်လပ်တယ်၊ ကလေးငယ်တွေ အပြင်အဝတ်စားရှားပါးပါတယ်တဲ့၊
# ပြီးတော့ ကျောင်းကလှည်းကူးမြို့ပေါ်မှာဖြစ်လို့ ဖယ်ရီခ တစ်လ တစ်သိန်းက တော်တော်ခက်ခဲပါတယ်တဲ့
# ကလေးတွေရော စောင့်ရှောက်သူတွေပါ ခရမ်းနုရောင်ဆင်တူလေးတွေနဲ့ သန့်သန့်ပြန့်ပြန့်လေးတွေပါ
# မီးမရှိ solar using, computer လှူထားတာ ၂လုံးရှိသော်လည်း solar မနိုင်၍ မသုံးရပါ
# အလှူကို ၁၇ သြဂုတ် (တနင်္ဂနွေ) သတ်မှတ်ခဲ့ပါတယ် ဆီ ကုန်ခြောက် အဝတ်အစားနဲ့ နေ့လည်စာလှူမှာပါ
# ဖယ်ရီအတွက် ဂေဟာပိုင် ထော်လာဂျီ နောက်တွဲယာဉ်လေးတစ်စီး 'အရုဏ်သစ်'အမည်နဲ့ လှူဖို့ရာ အသင်း Fan ငွေ အနေထားအရ လိုအပ်ချက်ရှိတဲ့အတွက် ဖလားခေါက်နေဆဲကာလ ဖြစ်ပါတယ်
# ကဲ ကဲ ..ဒီဘက်ကလဲ ဖလားစခေါက်ပါပီ ... အီဖေကိုယ်က ၃-သောင်းပါ

<Thwe Thwe Thauk Kyar, EC>
#MyanmaArunthit

ပုံ/ from.ဂူဂယ် ဖြတ် ဆက် ကပ် ညှပ် ထော်လာဂျီနှင့်တူတူ, မတူတူ
သစ်စ် အစ်စ် ထော် လာ ဂျီ



No comments:

Post a Comment