တစ်ရက်က ကျွန်တော့သူဋ္ဌေးက ဒေါ်လာနှစ်ရာ မုန့်ဖိုးပေးသည်။ စိတ်ထဲမှာ ထူးထူးခြားခြား ပျော်တယ်မဟုတ်။
'' ဂိုမာ့ ဆုမနီသာ'' ဟု ဝတ္တရားအရ ကျေးဇူးစကားဆိုရုံသာ
ထိုနေ့တွင်ပင် ကိုယ်နဲ့အပြင်မှာလည်း မတွေ့ဖူးဘဲ အွန်လိုင်းမှာခင်တဲ့ ရေခြားမြေခြားရောက်နေတဲ့ မိတ်ဆွေက မြန်မာ့အရုဏ်သစ်အတွက် အလှူငွေ တစ်သိန်းလွှဲလိုက်သည်ဟုအကြောင်းကြားတော့ ဝမ်းသာလိုက်တာ။ ကိုယ်ရတာတောင် အဲလောက်ဝမ်းမသာဘဲ ကိုယ်မရသော်လည်း ကိုယ့်ကိုယုံကြည်စွာ ကိုယ်စားလှူခိုင်းသည့် ''သီလဂုဏ်'' အပေါ် ပီတိတကယ်ဖြစ်ရပါသည်။
အခုလည်း အွန်လိုင်းမှာ သိတာတောင်သိပ်မကြာသေးတဲ့ညီမငယ် တစ်ဦးNyeint Aye က ဖြူစင်သောသဒ္ဓါများဖြင့် အလှူငွေ 110000 (တစ်သိန်းတစ်သောင်းကျပ်)ကောက် ခံပေးတာသိရတော့ အင်မတန်ဝမ်းသာကြည်နူးရပါသည်။
လှူဒါန်းသူ အလှူရှင်များအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်းများ အစဉ်ပြည့်စုံပါစေ
တောင်းသောဆုမှန်သမျှလွယ်ကူစွာပြည့်ဝပါစေ

No comments:
Post a Comment