Facebook

Friday, August 15, 2014

သြဂုတ်လ (၁၇)ရက်၊ (တနင်္ဂနွေနေ့)မှာ မြန်မာစိမ်းလန်းမြေ ပရဟိတ(လှည်းကူး) (မိဘမဲ့ကလေး စောင့်ရှောက်ရေး ဂေဟာ) ကို ရွေးချယ်ခဲ့

မမိုးတို့ မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ မှ (၁)လတကြိမ် လှူနေကြအတိုင်း လာမယ့် သြဂုတ်လ (၁၇)ရက်၊ (တနင်္ဂနွေနေ့)မှာ မြန်မာစိမ်းလန်းမြေ ပရဟိတ(လှည်းကူး)
(မိဘမဲ့ကလေး စောင့်ရှောက်ရေး ဂေဟာ) ကို ရွေးချယ်ခဲ့ပါတယ်။

တည်နေရာ
လှည်းကူးမြို့

မြန်မာ့စိမ်းလန်းမြေ မိဘမဲ့ကလေး စောင့်ရှောက်ရေး ဂေဟာ တွင် ကလေးများ အသက် (၄)နှစ်မှ (၁၇)နှစ်အထိ စုစုပေါင်း (၄၁)ယောက်တိတိရှိပါတယ်။

လက်ရှိရင်ဆိုင်နေရသော အခက်အခဲများ
# လှည်းကူးမြို့ပေါ်နှင့် ဝေးကွာသဖြင့် အဓိကစားသုံးနေရသော ကုန်ခြောက်တချို့ပြတ်လပ်ခြင်း၊
# ကလေးငယ်များ အပြင်အဝတ်စားရှားပါးခြင်း၊
# ကျောင်းအား လှည်းကူးမြို့ပေါ်တွင် တက်ရပြီး ကလေးအားလုံးအတွက် ဖယ်ရီကားဖြင့် (ဖယ်ရီငှားစားရိတ် တလလျှင် တစ်သိန်းကျပ်)က အတော်ခက်ခဲနေသဖြင့် ဖယ်ရီလိုအပ်ခြင်း၊
# မီးမရှိသဖြင့် solar ကိုသာ အသုံးပြုနေရပြီး၊ computer ၂လုံးကို အလှူခံရရှိထားသော်လည်း Solar မနိုင်၍ မသုံးရခြင်း။

မြန်မာအရုဏ်သစ်မှ လှူဒါန်းရန် လျာထားချက်
# ဆီ
# ကုန်ခြောက်
# အဝတ်အစား
# နေ့လည်စာ
# ဖယ်ရီအတွက် ဂေဟာပိုင် ထော်လာဂျီ နောက်တွဲယာဉ်လေးတစ်စီး 'အရုဏ်သစ်'အမည်နဲ့ လှူဖို့ရာ အသင်း Fan ငွေ အနေထားအရ လိုအပ်ချက်ရှိတဲ့အတွက် ဖလားခေါက်နေဆဲကာလ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ လိုအပ်ချက်များအား မိမိတနိုင်တပိုင် လှူဒါန်းနိုင်ပါသဖြင့် မြန်မာ့အရုဏ်သစ်အမှုဆောင်များနှင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ဖိတ်မန္တကပြုအပ်ပါသည်။
မြန်မာအရုဏ်သစ် အမှုဆောင်တချို့

Soe Naing

ဟိုစပ်စပ် ဒီစပ်စပ်

Ma Poeti

Moe Sabal (09 73254282)

မြန်မာ့အရုဏ် ပရဟိတအဖွဲ့ (အွန်လိုင်း)

https://www.facebook.com/groups/Myanma.ArunThit.Org/


by Moe Sabal



e
















No comments:

Post a Comment