Facebook

Friday, August 15, 2014

ကိုယ်ဟာ ဘယ်လို လူစားဖြစ်တယ်ဆိုတာ ...

လူသား အမှန်တရား သုံးခု



အသက်အရွယ် ကြီးခြင်း ငယ်ခြင်းက ရင့်ကျက်မှု ရှိခြင်း မရှိခြင်းကို ကိုယ်စား မပြုပါဘူး။ အသက်ကြီးပေမယ့် မရင့်ကျက်သူမျိုး၊ အသက်ငယ်ပေမယ့် ရင့်ကျက်သူမျိုးတွေလည်း ရှိပါတယ်။

လူနေမှု အဆင့်အတန်း တိုင်းကလည်း သင် ပညာရှိမရှိကို မဖော်ကျူးနိုင်ပါဘူး။ ဝတ် တန်ဆာ ကောင်းစား ဝတ်ဆင်သူတိုင်းလည်း ပညာတတ်ကြီးများ မဟုတ်ကြ သလို၊ ပညာတတ်သူအချို့ကလည်း အချံအရံ၊ အခြွေအရံ မဲ့ တန်ဆာမဲ့ နေတတ် ပါတယ်။

သင်တော်ကြောင်း တတ်ကြောင်းကို လူတကာ လိုက်ပြောတိုင်း လူတိုင်း ယုံချင်မှ ယုံမှာ ဖြစ်သလို ကောလဟာလ ကလည်း သင်ဘယ်လို လူစားလည်း ဆိုတာကို အဓိပ္ပါယ်ဖွင့်ပေးမှာ မဟုတ်ပါဘူး။ ကိုယ်ဟာ ဘယ်လို လူစားဖြစ်တယ်ဆိုတာ ကို ကိုယ်ကိုယ်တိုင်သာ အသိဆုံး ဖြစ်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com



No comments:

Post a Comment