Facebook

Saturday, August 16, 2014

ဘ၀အခြေအနေတိုးတက်ဖို့ဆိုတာ စိတ်ဓာတ်နဲ့ပဲဆိုင်တာပါ

ဘ၀အခြေအနေတိုးတက်ဖို့ဆိုတာ စိတ်ဓာတ်နဲ့ပဲဆိုင်တာပါ.. စိတ်ဓာတ်နဲ့ပဲ ဆိုင်တာမို့.. ကျွန်တော်အနေနဲ့တော့ ရုပ်ဝတ္ထုပစ္စည်းတွေ ပိုင်ဆိုင်ဖို့ သိပ်မကြိုးစားမိတာအခုထိပါပဲ..
ဘ၀အခြေအနေတွေ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်ဖို့ တွန်းအားပေးခဲ့တဲ့ စာစုလေးတွေ..
**** မနာလိုကင်း ၀န်တိုရှင်း လက်ငင်းချမ်းသာသည် ***
လူငယ်ဘ၀တုန်းကတော့ လူငယ်ပီပီကြိုးကြိုးစားစား တက်တက်ကြွကြွပါပဲ.. အများသူငါလို မကြားရတော့ ကိုယ့်ဟာကိုယ်ထိန်းကျောင်း။ မနာလိုမှုတွေလည်း ရှိခဲ့တာပါပဲ.. ဒါပေမယ့် အထက်ပါ စာစုလေးတွေ့လိုက်တဲ့အခါ စိတ်ထဲမှာကိန်းအောင်နေတဲ့ အထုအထည်တွေ ပြိုကျပြီး ပေါ့ပေါ့ပါးပါးဖြစ်သွားတော့တာပါပဲ.. စိတ်ပေါ့ပါးလာတော့ အမြင်တွေလည်း ရှင်းလာပါတော့တယ်..
ပုထုဇဉ်ဖြစ်တဲ့ကျွန်တော်လည်း လောဘ ဒေါသ မောဟ မာနတွေနဲ့ပါပဲ.. မများအောင်ဘဲ ကြိုးစားနေရတာပါ.. အခန့်မသင့်တာတွေ နှလုံးသွင်းမိတဲ့အခါ ပူလောင်တတ်တာချည်းပါပဲ..
အဲဒီလိုနဲ့ နောက်တစ်ခုတွေ့မိလိုက်ပါတော့တယ်..
**ယောနိသော မနသိကာရ** သင့်တင့်လျောက်ပတ်စွာနှလုံးသွင်းဆင်ခြင်ခြင်း။
အဲဒီအနက်အဓိပ္ပါယ်ကို သေချာသိသွားပြီးနှလုံးသွင်းတတ်လာတဲ့အခါ တစ်ယောက်တည်းအဖြစ်နဲ့လည်းနေနိုင်လာပါတော့တယ်.. ဘယ်သူအပေါ်ကိုမှ ဘယ်လိုမမြင်တော့..သူလည်းသူ့အကြောင်းနဲ့သူ ဆိုပြီး နှလုံးသွင်းတဲ့အခါ အကောင်းအဆိုးလောကဓံတွေကို အနည်းအကျဉ်းတော့ ခံနိုင်ရည်ရှိလာပါတော့တယ်.. ။
နောက်ဆုံးတစ်ခုက ** ဒိဋ္ဌေဒိဋ္ဌမတ္တံ** ။ ဒါကိုနှလုံးသွင်းဖို့တော့ ကျွန်တော်အများကြီး ကြိုးစားရဦးမှာပါ..
မိတ်ဆွေတို့လည်း ကြိုးစားလေ့ကျင့်ကြည့်ပါလား.. တကယ်လုပ်ရင် တကယ်ရပါတယ်ဗျာ..

August 13 at 5:29pm

No comments:

Post a Comment